Thursday, March 24, 2011

1 မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးပေါင်းကြေညာချက်



0 ဂျပန်နိုင်ငံခတ်ဆုရှီကာ့မြို့နယ်တွင်းရှိ ခါနားမားချိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်း တွေ့ရှိ


ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်း တွေ့ရှိရသော kanamachi ရေသန့်စင်စက်ရုံ
Video..asahi
မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ဟာ တိုကျို ၂၃ မြို့နယ်နဲ့ မြို့ ၅ မြို့က ရေပိုက်လိုင်းတွေကနေလာတဲ့ရေမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းပါဝင်မှုဟာ အစိုးရရဲ့ စံအဖြစ် သတ်မှတ်ထားတဲ့ပမာဏထက်ပါဝင်မှုများပြားနေတဲ့အတွက် အဲဒီရေကို အသက်တနှစ်အောက်ကလေး တွေကို မတိုက်ပါနဲ့ပြောဆိုပါတယ်။ ကလေးတွေကို တိုက်လို့ရှိရင် အိုင်အိုဒင်းဓာတ်ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး ကိုယ်လက်မအီမသာဖြစ်တာတို့ သွေးထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေ ထိခိုက်တာတွေဖြစ် နိုင်ပါတယ်။ ကလေးငယ်တဲ့အတွက် ခံနိုင်ရည်မရှိတဲ့သဘောဖြစ်ပါတယ်။ အ၀တ်လျှော်တာ။ ဆေးကြော တာ။ ရေချိုးတာတွေလုပ်လို့ရပါတယ်။ ဘာမှမဖြစ်ဘူးလို့ မဲဂျီးရိုးဘူတာနားမှာရှိတဲ့ Gakushuen တက္က္ကသိုလ်က ပါမောက္ခ တဦးက ပြောပါတယ်။

ခတ်ဆုရှီကာ့မြို့နယ်တွင်းရှိ ခါနားမားချိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်း တွေ့ရှိရ တယ်လို့ပြောပါတယ်။ အဲဒီစက်ရုံကနေ တိုကျို ၂၃ မြို့နယ်၊ နဲ့ တိုကျိုရဲ့အနောက်ဘက်မှာရှိတဲ့ မူဆာရှီနိုမြို့။ မီတာ့ကာမြို့။ မာချီဒါမြို့။ တာ့မာမြို့။ အိနာဂိမြို့တွေကို ရေပေးနေတာဖြစ်ပါတယ်။

ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကိုလည်း တင်ပို့ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။ ဟိုးရင်းဆို(မုံညင်းစိမ်းအနု) နိုကိုဥ။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ချင်းဂင်းဆိုင်(မုံညင်း)။ နွားနို့စိမ်း။ စတာတွေဖြစ်ပါတယ်။ 

ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်နိုင်တာမျိုးမရှိဘူးလို့ပြောပါ တယ်။ ချက်ချင်းလက်ငင်းထိခိုက်မှုမရှိနိုင်ဘူးဆိုတော့ ရေရှည်မှာထိခိုက်နိုင်တယ်ဆိုတဲ့သဘောမျိုးလား ဆိုတာ စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ ရေရှည်မှာ ထိခိုက်မှုလုံးဝမဖြစ်စေချင်လို့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက ပြည်သူတွေအနေနဲ့ အစိုးရိမ်လွန်တာမျိုးမဖြစ်ကြဖို့ ပြောဆိုကြပါတယ်။

ပိုက်လိုင်းကလာတဲ့ရေသောက်တာနဲ့ပတ်သက်ပြီး တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတဦးက အချိန် ကြာကြာ တောက်လျှောက်သောက်ရတဲ့အခြေအနေမျိုးဖြစ်လာခဲ့ရင် လူ့ကျန်းမာရေးကိုထိခိုက်နိုင်ခြေရှိတဲ့ စံနှုန်းသတ်မှတ်ချက်ကို ရောက်နိုင်တယ်ဆိုလို့ပြောပါတယ်။ ဒါကြောင့် ပိုက်လိုင်းရေကိုပဲ တောက်လျှောက် သောက်တာမျိုးမလုပ်တာကောင်းပါတယ်။ တခြားအစားထိုးအရည်တွေကိုလည်း သောက်သင့်ပါတယ်။

ဒီအတောအတွင်း နံပတ် ၃ ဓာတ်ပေါင်းဖို အပူချိန်လျော့ကျဖို့နဲ့ လျှပ်စစ်ဓာတ်အားပြန်ရပြီး ပုံမှန်အလုပ် တွေကို ပြန်လုပ်နိုင်ဖို့ဝန်ထမ်းတွေကြိုးပမ်းနေတဲ့အချိန်မှာ ညနေ ၄ နာရီ ၂၀ မိနစ်မှာ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အအုံတွင်းကနေ မီးခိုးမဲတွေထွက်လာလို့ စိုးရိမ်ရတဲ့အခြေအနေလို့တွက်ဆပြီး TEPCO ဟာ အလုပ်လုပ်နေတဲ့ သူ့ရဲ့ဝန်ထမ်းတွေကို   ပြန်ကယ်ထုတ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုမီးခိုးထွက်ရတာလဲ ဆိုတာကို မသိရပါဘူး။ ဒီလိုပဲ ရေပက်ဖျန်းမယ့်အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းလိုက်ပါတယ်။

 အီဘားရားကိခရိုင် တိုးကိုင်းမူရာ့ ရွာက ရေပိုက်လိုင်းကနေ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း တွေ့ရှိရ လို့တီဘီအက်စ် ရုပ်မြင်သံကြား ၁၁ နာရီသတင်းမှာကြေညာသွားပါတယ်။

ကျော်ကျော်စိုး

၂၃း၄၃ နာရီ

မတ်လ ၂၃ ရက် ၂၀၁၁ ခုနှစ်

Wednesday, March 23, 2011

0 AAPP ၁၁မြောက်မွေးနေ့နှင့် အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည် စာအုပ်မိတ်ဆက်ပွဲ

စီစဉ်သူတို့စကား
ထောင်ဆိုသည် နေရာကောင်းမဟုတ်၊ လူကောင်းသူကောင်းများကို ကာကွယ်စောင့်ရှောက်ရန် လူဆိုးသူဆိုးတို့ကို ဖမ်းဆီးထိမ်းသိမ်းထားသည့် နေရာဖြစ်သည်၊ မကောင်းသူတို့အားလှောင်ပိတ်ထားသည့် နေရာဟုလည်း ဆိုနိုင်သည်၊ ပြုပြင်ရန်အလို့ငှာဟု ရည်ရွယ်ချက်ကောင်...းထားသော်လည်း ထောင်သည် နှစ်သက်စရာ ဖြစ်မလာခဲ့ပါ၊ သို၌သော်လည်း လူ၌အဖွဲ၌အစည်းတခုကို စနစ်တကျ တည်ထောင်စီမံခန်၌ခွဲရာတွင် ထောင်သည် ဖယ်ထုတ်မရသော အုပ်ချုပ်ရေးယန္တရား၏ အစိတ်အပိုင်းတရပ်ဖြစ်လာခဲ့သည်၊ ထို့အတူ မိမိတို့ကို မော်လို့မှမကြည့်ဝံ့၊ စကားတခွန်းမှ ခွန်းတုန်၌မပြန်ဝံ့စေရန် လူအများအား ဗိုလ်ကျဖိနှိပ်ရာတွင်လည်း မတရားစိုမိုးအုပ်ချုပ်သူတို့အတွက် ထောင်သည် လက်နက်ကောင်းတခုဖြစ်လာခဲ့ပြန်သည်၊ ထောင်ကျရခြင်းသည် မင်္ဂလာရှိသောကိစ္စမဟုတ်ပါ၊ ထောင်တွင်းမှာ နေရထိုင်ရသောဘဝသည်လည်း ကြမ်းတမ်းဆိုးဝါး လွန်းပါသည်၊ ထောင်တွင်းမှာ ဘဝပျက်သွားသူတွေရှိသည်၊ အသက်ပျောက်သွားသူတွေရှိသည်၊ ထောင်ထွက်ဆိုသူတို့ သည်လည်း ရပ်ထဲရွာထဲတွင် ပေါင်းအပ်သင်းအပ်သောသူများမဟုတ်ပါ၊ သို့သော် ယနေ့လို စစ်အာဏာရှင်ကြီးစိုးသည့် ခေတ်ဆိုးကြီးတခုထဲတွင်မူ လူကောင်းသူကောင်းစစ်မစစ် သက်သေခံနိုင်ရန် ထောင်ထွက်လက်မှတ် ထုတ်ပြရမလို ဖြစ်နေသည်ဟုဆိုရပေမည်၊ မတရားမှုတခုခုကို တနည်းနည်းဖြင့် အနည်းနှင့်အများ ဆန့်ကျင်မိသူတိုင်း၏ နောက်ဆုံး ရောက်ရှိစုဝေးရာသည် အကျဉ်းထောင်များ ဖြစ်လို့နေပါသည်၊
မတရားမှုတခုကို ဆန့်ကျင်ခြင်းသည် အနည်းနှင့်အများ အန္တရယ်ရှိပါသည်၊ တော်ရုံသတ္တိဖြင့် မလုပ်နိုင်ပါ၊ ထိုသတ္တိကလည်း မွေးရာပါမလာပါ၊ အမှန်တရားကို ချစ်တတ်သည့်စိတ်ကသာ ထိုသတ္တိကို မွေးဖွားပေးပါသည်၊ မိမိစွဲကိုင်သော ယုံကြည်ချက်ကသာ ထိုသတ္တိကို ခိုင်မာစေပါသည်၊ ထိုသတ္တိမျိုးကို ဘယ်အကြောင်းနှင့်မျှ အကျဉ်းထောင်များက မသတ်ဖြတ်နိုင်ခဲ့ပါ၊ နှင်းပန်းအိမ်၏စာအုပ်ကိုဖတ်ရသည့်အခါ ထိုအချက်ကို ပိုမိုထင်ရှားစွာ မြင်ရပါသည်၊ ထိုသတ္တိမျိုး လူအများတွင် ပြန့်ပွားဖြစ်ထွန်းလာစေလိုခြင်းသည် ဤစာအုပ်ထုတ်ဝေရခြင်ဿး အကြောင်းရင်းတခုဟု ဆိုရပေမည်၊
ယနေ့မြန်မာနိုင်ငံတွင် မတရားမှုများကို ဆန့်ကျင်ရင်းယုံကြည်ချက်အတွက် အကျဉ်းကျနေရသူပေါင်း နှစ်ထောင်ကျော်ရှိသည်၊ ဘဝပေါင်းနှစ်ထောင်ကျော်ဟု မြင်ကြည့်လိုက်ပါ၊ သူတို့နှင့်ဆက်စပ်နေသည့် ဘဝပေါင်းကလည်း မနည်း၊ ထိုဘဝများကို မမေ့မလျော့စေချင်ပါ၊ ထိုဘဝများ ဘာတွေဖြစ်ပျက်နေသည်ကို လူအများ သိစေချင်ပါသည်၊ စာနာနားလည်စေလိုရုံသက်သက်မျှ မဟုတ်ပါ၊ အခြားသော သန်းငါးဆယ်ကျော် ဘဝများ၏ ကောင်းရာကောင်းကျိုးအလို၌ငှာ သူတို့ဘာတွေ ရင်းနှီးပေးဆပ်နေကြရသည်ကို ရှင်းရှင်းလင်းလင်း သိကြစေချင်သည်၊ လူတိုင်း ပေးဆပ်ကြသူချည်းဆိုလျင် လောကကြီးက အင်မတန်ကောင်းသွားပါလိမ့်မည်၊ ဒါမှမဟုတ် ပေးဆပ်တာနှင့် ရယူတာကို မျှမျှတတ ကျင့်သုံးကြလျင်လည်း လောကကြီးက သာယာနိုင်ပါသည်၊ ဒီလိုမဟုတ်ပဲ ရယူလိုသူတိုချည်း နေထိုင်ကြသည့်လောကဆိုလျင်တော့ ဒုက္ခဘုံသာဖြစ်နေပေလိမ့်မည်၊ အနည်းဆုံးတော့ ပေးဆပ်ခြင်း၏ အဓိပ္ပါယ်ကို နားလည် လက်ခံလာတတ်ကြစေချင်သည်၊ ပေးဆပ်ခြင်းကို တန်ဘိုးထားတတ်ကြ စေချင်သည်၊ ထိုမျှော်လင့်ချက်ဖြင့်ပင် ယခုလိုယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတို့နှင့်သက်ဆိုင်သည့် စာအုပ်စာပေများကို ကျနော်တို့ထုတ်ဝေပါသည်၊
လူတိုင်း သူ့နေရာမှန်သူရှိသွားလျင် လောကကြီး တည်ငြိမ်အေးချမ်းလာမည်ဟုယုံကြည်ပါသည်၊ အမှန်တရားကို ချစ်တတ်သူများ အတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊
မတရားမှုများကို ဆန်၌ကျင်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ လောကကြီးအတွက် ကိုယ့်ရှိတာလေးထဲက ဘာပေးရမလဲ စဉ်းစားနေတတ်သူများအတွက် ထောင်သည် နေရာမှန်မဟုတ်ပါ၊ ထောင်သည်ပင်လျင် ဖိနှိပ်အုပ်စိုးနေသူတို့၏ သံပခြုပ်ဖြစ်နေရခြင်းကိုက နေရာမှန်မဟုတ်ပါ၊ ထောင်သည် လောကကြီးဆီက ရနိုင်တာထက် ပိုလိုချင်တတ်ကြသည့် လက်ကုန်နှိုက်သမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ ထောင်သည် လူအချင်းချင်း ဗိုလ်ကျစိုးမိုးလိုသည့် ကြီးနိုင်ငယ်ညှင်းသမားများအတွက်သာ နေရာမှန်ဖြစ်သင့်ပါသည်၊ လောကပါလတရားက လူတိုင်းကို သူ့နေရာမှန်မှာသူ ရှိအောင်လုပ်ပေးပါသည်၊ ထောင်သည် လောကပါလတရားကိုစောင့်ရှောက်အပ်သော နံရံတချပ်သာဖြစ်သင့်သည်၊ ဖြစ်စေချင်သည်၊ ထိုဆန္ဒဖြင့် နေရာမှားနေသောလူများ။ အရာဝတ္ထုများအကြောင်း စာအုပ်စာပေများကို မိမိတို့ထုတ်ဝေပါသည်၊
စစ်အစိုးရက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိပါဟု တလျောက်လုံးဘူးကွယ်နေသည်၊ နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိပါသည်၊ အကျဉ်းထောင်များအတွင်း အခြားသောရာဝဇတ်အကျဉ်းသားများထက် အစီအစဉ်ရှိရှိနှင့် စံနစ်တကျ စိတ်ရောကိုယ်ပါ ညှင်းပမ်းနှိပ်စက်ခံနေရသူများကို နိုင်ငံရေးအကျဉ်းသားဟုဆိုရလျင် လွန်အံ့မထင်၊ ထောင်ထဲကလူကိုပါမဟုတ်၊ ထောင်ပြင်က မိသားစုကိုပါ ဒုက္ခပေးလိုက်သေးသည်၊ စိတ်နာလောက်သည့် သေကွဲရှင်ကွဲအဖြစ်များ သည်အနှစ်နှစ်ဆယ် ကျော်မှာများလှပြီ၊ ဒါတွေကို ရပ်တန့်ဖိုလိုသည်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုသည်၊ သည်အချက်ကို မိမိတို့ အစဉ်တစိုက်တောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုချက်များကို အမှောင်ခေတ်ထဲက သူရဲကောင်းတို့၏ တကယ့်ဘဝများက ပိုမိုကျယ်လောင်စေခဲ့။ လေးနက်စေခဲ့သည်က အမှန်ပင်၊ ထိုကျယ်လောင်လေးနက်သော တောင်းဆိုချက်အား လူတိုင်းလူတိုင်းစီ ရောက်ရှိစေရန် ပြန့်နှံ့စေရန် သည်စာအုပ်ကို မိမိတို့ထုတ်ဝေလိုက်ပါသည်၊
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
email: info@aappb.org

စာရေးဆရာမနှင်းပန်အိမ်၏ ဘဝ၊ ယုံကြည်ချက်နှင့် အလုပ်

အဘဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှာ ၁၉၆၆ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ဥက္ကလာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် သမီးအကြီးဆုံးဖြစ်သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်ကို စစ်အာဏာရှင်များက ကိုးကိုးကျွန်းသို့ ပို့ခဲ့သည့် အတွက် စာရေးသူ ၆ လသမီးမှာဖခင်နှင့် ခွဲခွာခဲ့ရပြီး ၇ နှစ်သမီးမှ ဖခင်ကိုမြင်ဘူးခဲ့ပါသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့ပြီး သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၂ တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့် အိမ်ထောင်ကျပြီး ၁၉၉၃ တွင် သားတယောက် ဖွားမြင်ခဲ့သည်။
၁၉၉၈ တွင် ခင်ပွန်းသည် အဖမ်းခံရပြီး ထိုအချိန်က နှစ်အများဆုံးဖြစ်သည့် ထောင် ၁၄ နှစ်နှင့် မတရားဖမ်းဆီးထောင်ချခံရပြီး စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးအကျဉ်းထောင်သို့ အပို့ခံခဲ့ပါရသည်။
အကျဉ်းကျမိသားစုဝင်အဖြစ် စစ်ကိုင်းတိုင်းကလေးမြို့တွင် ငပိရောင်းပြီး ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ခဲ့ရသည်။ စာရေးသူ၏ ဘဝကိုသိနေသည့် အဘွားလူထုဒေါ်အမာက သမီးတို့ဘဝတွေက စာရေးဖို့ကောင်းတယ်ဟု ပြောခဲ့ဘူးသည်။ စာရေးသူကို စာပေမျိုးစေ့ချပေးသူက အဘွားလူထုဒေါ်အမာဖြစ်ပြီး စာပေစင်မြင့်တင်ပေးခဲ့သူများမှာ ဒေးဒရဲဦးမြတ်ဆွေ၊ ဆရာ
နတ်နွယ်၊ ဦးဇင်လင်း (ဦးဌေးအောင်) တို့ဖြစ်သည်။
လက်ရှိလွပ်လပ်သောအာရှအသံ Radio Free Asia (RFA)မှာ အသံလွှင့်ဆောင်းပါအဖြစ် မှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် အစီအစဉ်ကို ရေးသားထုတ်လွှင့်တင်ဆက်လျှက်ရှိပါသည်။

0 ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း

ယီမင်နိုင်ငံမှာ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) အပေါ် ထောက်ခံမှုတွေ သိသိသာသာ ကျဆင်းနေချိန်မှာပဲ အကြီးတန်း စစ်ခေါင်းဆောင် အများစုဟာလည်း သမ္မတ ဆာလေး အာဏာက ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြသူတွေနဲ့အတူ ပူးပေါင်းလိုက်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ ထိပ်တန်း စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ မစ္စတာ ဆာလေးနဲ့ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သူ ဗိုလ်ချုပ် အလီ မိုဆန် အယ်လ်-အာမာ (Ali Mohsen Al-Ahmar) က ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေကို သူ ထောက်ခံကြောင်း တနင်္လာနေ့က ကြေညာခဲ့သလို ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗိုလ်ချုပ် ၂ ဦးအပြင် အကြီးတန်း အစိုးရ အရာရှိ အတော်များများဟာလည်း ဆန္ဒပြသူတွေဘက်ကနေ ရပ်တည်လာခဲ့ကြပါတယ်။

ဗိုလ်ချုပ် အာမာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီးတဲ့နောက် အတိုက်အခံနဲ့ စစ်တပ်သစ္စာခံတို့ရဲ့ အတိုက်အခံ တင့်ကားတွေကို မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ နေရာချထားသလို မစ္စတာ ဆာလေးကို ထောက်ခံတဲ့ ရီပတ်ဘလီကန် (Republican) အစောင့်တပ်ဖွဲ့တွေကလည်း သမ္မတနန်းတော်ကို ကာကွယ် တပ်စွဲထားကြပါတယ်။

အစိုးရ အတိုက်အခံဘက်မှာ ရပ်တည်တဲ့ စစ်တပ်ဖွဲ့က တင့်ကားတွေကို မြို့တော် အ၀င်ဂိတ်တွေမှာလည်း နေရာချထားပါတယ်။ သူ့ရဲ့တပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ် ပေးသွားမယ်လို့ ဗိုလ်ချုပ် အာမာက ပြောပါတယ်။ ဆန္ဒပြသူတွေကို ကာကွယ်ဖို့အတွက် သူ့ရဲ့ တပ်ဖွဲ့အင်အား ထောင်နဲ့ချီကို တနင်္လာနေ့ အစောပိုင်းက နေရာချထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယီမင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် နာဆာ အာမက် (Mohammad Nasser Ahmed) ကတော့ စစ်တပ်ဟာ သမ္မတကို သစ္စာခံဆဲဖြစ်ပြီး သူ့အဆို ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလုပ်ဆောင်ချက်ဖြစ်ဖြစ် စစ်တပ်က ဟန့်တားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပေမဲ့လည်း ပြည်သူအများစုဟာ သူ့ကို ထောက်ခံနေတုန်းပဲလို့ သမ္မတ ဆာလေးကလည်း ဆိုပါတယ်။

နိုင်ငံရဲ့ အရေးပါဆုံး လူမျိုးစုခေါင်းဆောင် တဦးဖြစ်တဲ့ ရှိတ်ခ် ဆာဒက် အယ်လ်-အာမာ (Sheik Sadeq al-Ahmar) ကလည်း ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အကြောင်း တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
(VOA)

Monday, March 21, 2011

0 ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ကိုမင်းကိုနိုင်ရဲ့ "သစ္စာ" ကဗျာ


ကမ္ဘာ့ကဗျာနေ့ မှာ မှတ်မှတ်ရရ DVB- Entertainment ရဲ့  "ကဗျာပြတိုက်" အစီအစဉ်သစ်ကို မင်းကိုနိုင်ရဲ့  "သစ္စာ" ကဗျာနဲ့  စတင် ဖွင့်လိုက်ပါပြီ...

0 ABMA ဂျာနယ် အတွဲ( ၂ )၊အမှတ်( ၆ )

ABMA Journal Volume 2 No 6
http://allburmamonksalliance.com/
http://allburmamonksalliance.org/

0 လစ်ဗျားအစိုးရရဲ့ အပစ်အခတ်ရပ်ဆဲကြောင်း ဒုတိယအကြိမ်ကြေညာချက်ကို အမေရိကန် အစိုးရက ပယ်ချ


လစ်ဗျားစစ်တပ်က တနင်္ဂနွေည ကိုးနာရီ ကစပြီး လစ်ဗျားနိုင်ငံ တဝှမ်းလုံးမှာ အစိုးရ စစ်တပ်က ချက်ခြင်း အပစ်အခတ် ရပ်ဆဲထားမှာ ဖြစ်ပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆက်ဒ် အီဘရာဟင်က ကြေညာခဲ့ပါတယ်။လစ်ဗျားမှာ အရပ်သားတွေ ထပ်ပြီး သေဆုံးမှုတွေက ကာကွယ်နိုင်အောင်နဲ့ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အရ လစ်ဗျားနိုင်ငံ အပေါ် လေယာဉ် မပျံသန်းရဇုံ သတ်မှတ်ဖို့ အတွက် နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေက ဒုတိယမြောက်နေ့အဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးတဲ့နောက် အခုလို လစ်ဗျားစစ်တပ်ရဲ့ ချက်ခြင်း အပစ်ရပ်မှု ကြေညာချက် ထွက်ပေါ် လာတာပါ။ထရစ်ပိုလီမြို့က အရပ်သားတွေကို အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဘန်ဂါဇီ မြို့ကို ငြိမ်းချမ်းစွာ စုပေါင်းချီတက်ကြဖို့အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆော်သြထားပါတယ်။

ဘန်ဂါဇီမြို့က တိုက်ခိုက်မှုတွေသောကြာနေ့တုန်းကလည်း ဗိုလ်မှူးကြီး ကဒါဖီက အပစ်ရပ်ကြောင်း ကြေညာခဲ့ပေမယ့် မကြာခင်ဘဲ သူ့တပ်ဖွဲ့တွေက အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ခြေကုပ်ယူရာ ဘန်ဂါဇီနဲ့မစ်စရာတာ မြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ လစ်ဗျားအစိုးရရဲ့ အပစ်အခတ်ရပ်ဆဲကြောင်း ကြေညာချက်ကို အမေရိကန် အစိုးရက ပယ်ချလိုက်ပါတယ်။

အရင်တခေါက်တုန်းကလည်း လစ်ဗျားက အပစ်အခတ်ရပ်ဆဲရေးကို ကြေညာခဲ့ပြီး ချက်ချင်း ချိုးဖောက်ခဲ့တာဘဲလို့အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိက ပြောပါတယ်။ဗိုလ်မှူးကြီးကဒါဖီကို သူ့စကားအရ အဆုံးအဖြတ် မပေးဘဲ သူ့လုပ်ရပ်တွေ အရ အတည်ယူမယ်လို့ ဗြိတိသျှ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က လန်ဒန်မြို့မှာ ပြောကြားလိုက်ပါတယ်။

လစ်ဗျားနိုင်ငံမှာ နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးက ပိုမို ကျယ်ပြန့်လာနေပြီလို့ပြောဆိုမှုတွေ ရှိနေတဲ့ကြားမှာ ဗိုလ်မှူးကြီးကဒါဖီရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေက ထူးခြားသိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။ကဒါဖီရဲ့ အဝေးပစ် ဒုံးကျည်တွေ ၊ ရေဒါစခန်းတွေနဲ့ လေတပ်စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့သလို ဘန်ဂါဇီမြို့ကို ထိန်းချုပ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး တပ်တွေကို ဝိုင်းထားတဲ့ ကဒါဖီရဲ့ မြေပြင်က စစ်တပ်တွေကိုလည်း ချေမှုန်း နိုင်ခဲ့တယ်လို့အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ပြောပါတယ်။ထရစ်ပိုလီမြို့တဝိုက်နားမှာ ပေါက်ကွဲသံတွေ အတော်များများ ကြားခဲ့ရပြီး ဗိုလ်မှူးကြီး ကဒါဖီရဲ့ စစ်စခန်းနား တဝိုက်မှာ မီးခိုးလုံးကြီး တက်လာတာ တွေ့ရတယ်လို့မျက်မြင်သက်သေ တယောက်က ပြန်ပြောပြခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်နဲ့ ဗိုလ်ချုပ်ကြီး မိုက် မူလန်အမေရိကန် အနေဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေကို ရှေ့ကနေ ဦးဆောင်မှာ မဟုတ်ဘဲ အခြေခံကျတဲ့ တာဝန်ယူမှုတွေကို တခြားသူတွေဆီ မကြာခင် လွှဲပေးမှာ ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်ပါတယ်။

လစ်ဗျားရဲ့ အနာဂတ်ကို လစ်ဗျားလူထုက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။လစ်ဗျားနိုင်ငံကို နိုင်ငံတကာ တပ်ဖွဲ့တွေက လေကြောင်းက အရေးယူတိုက်ခိုက်နေတာဟာ ဗိုလ်မှူးကြီး ကဒါဖီကို အဓိကထား ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူးလို့ ထိပ်တန်း အမေရိကန် စစ်တပ် အရာရှိကြီး တယောက်က ပြောပါတယ်။အရပ်သားတွေကို လစ်ဗျား စစ်တပ်ရဲ့ ခြိမ်းခြောက်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့၊ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ အတွက် ရည်ရွယ်ပြီး နိုင်ငံတကာ တပ်ဖွဲ့တွေက လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး William Gortney က ဆိုပါတယ်။လွန်ခဲ့တဲ့ နာရီပိုင်းတုန်းကလည်း ထရစ်ပိုလီမြို့တိုက်မှာ ပေါက်ကွဲသံတွေ အတော်များများ ကြားခဲ့ရပြီး ဗိုလ်မှူးကြီးကဒါဖီရဲ့ စစ်စခန်းနားမှာ မီးခိုးလုံးကြီးတက်လာတာ တွေ့ရတယ်လို့သတင်းရရှိပါတယ်။

အနောက်နိုင်ငံတွေဟာ လစ်ဗျားနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို လုံးဝ အထင်အမြင် မှားနေတယ်လို့ အမေရိကန် ရုပ်မြင်သံကြား အေဘီစီ သတင်းဌာနကို ဗိုလ်မှူးကြီးကဒါဖီရဲ့သား ဆာရစ် ကဒါဖီက ပြောကြားလိုက်ပါတယ်။ဘန်ဂါဇီမြို့က အစိုးရ ဆန့်ကျင်ရေး သူပုန်တွေဟာ လက်နက်ကိုင် လူရမ်းကားတွေ ၊ အကြမ်းဖက် သမားတွေ ဖြစ်တယ် ၊ လစ်ဗျား ပြည်သူတွေက အဲဒီလူတွေလက်ထဲကနေ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။အာရပ်ကမ္ဘာရဲ့ မိတ်ဆွေ တယောက်လို့ အရင်တုန်းက လူတွေ ထင်မြင်နေတဲ့ သမ္မတ အိုဘားမားက အခုတော့ လစ်ဗျားနိုင်ငံကို ဗုံးကြဲလိုက်တဲ့အတွက် အကြီးအကျယ် အံ့သြမိ ပါတယ်လို့ ဆာရစ် ကဒါဖီက ဆိုပါတယ်။တနေ့မှာ အမေရိကန်တွေ တရေးနိုးလာပြီး သူတို့ဟာ မှားယွင်းပြီး ဒီလူတွေကို ထောက်ခံနေတယ် ဆိုတာကို နောင်တရလာမယ်လို့လည်း သူက ပြောပါတယ်။လစ်ဗျားနိုင်ငံကို လေကြောင်းကနေ နိုင်ငံတကာ အဖွဲ့အတွေက အရေးယူမှုမှာ ပူးပေါင်းပါဝင်ဖို့ ကာတာနိုင်ငံက စစ်လေယာဉ် လေးစင်း စေလွှတ်လိုက်ပြီး ဒါဟာ နိုင်ငံတကာ တပ်တွေနဲ့ပူးပေါင်းလာတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်ပါတယ်။

အခုလို လစ်ဗျားကို အရေးယူဖို့ထောက်ခံခဲ့တဲ့ အာရပ်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အာမာ မူဆာက အနောက်နိုင်ငံတွေက လစ်ဗျားစစ်တပ်ကို တိုက်ခိုက်မှု တွေဟာ သူ့အဖွဲ့က တောင်းဆိုနေတဲ့ လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ဖို့ ရည်ရွယ် ထားတာထက် ကျော်လွန်ပြီး အင်အားသုံးတာ တွေ့ရတယ်လို့ ဆိုပါတယ်။အာရပ် အဖွဲ့ချုပ် အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးစေလိုပြီး အရပ်သားတွေ အပေါ် ဗုံးကြဲ တိုက်ခိုက်မှုတွေ မဖြစ်စေလိုဘူးလို့ပြောပါတယ်။
(BBC)

0 ဗြဟ္မစိုရ်နှလုံးသားနှင့် ခေတ္တရာခရီးသွားသူများ


ဗြဟ္မစိုရ်နှလုံးသားနှင့် ခေတ္တရာခရီးသွားသူများ
      နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများသည် ၁၈.၃.၂၀၁၁ (သောကြာ) နေ့တွင် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ သွားရောက်ပြီး ဒဿမအကြိမ်မြောက် မဟာအလှူ တော်မင်္ဂလာပွဲသို့ သွားရောက်ကာ ရွှေရန်ပြေဘုရားကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော် အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ ဖိုးသူတော်ဝတ်ပွဲ၊ မယ်သီလရှင် ၀တ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပျားကြီးတောင်သခင်မကြီး ၀တ်လဲတော်ကပ်လှူပွဲ၊ ရွှေပေါက်ပင် ဘိုးဘိုးကြီးအား ၀တ်ရုံသစ်ကပ်လှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁၃.၃.၂၀၁၁ မှ ၁၉.၃.၂၀၁၁ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော မဟာအလှူတော်မင်္ဂလာ ပွဲတော်ကြီးသို့သွားရောက် ကုသိုလ် ယူခဲ့ကြသည်။
      နာရေးကူညီမှုအသင်း(ရန်ကုန်)က အသင်းသူ/သားများသည် ၁၈.၃.၂၀၁၁ နေ့လည်ပိုင်းတွင် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့မှ ဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ ကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဖွင့်လှစ်ပြီး အခမဲ့ ကုသပေးမည့် ပြည်မြို့၊ ရွာဘဲနယ်မြေရှိ “ရတနာ မာန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်”ရှိ အဆောက်အဦးအား သွားရောက်ကြည့်ရှု အကြံပေး ခဲ့ကြသည်။ ၂၀၁၀ ခုနှစ်၊ မတ်လတွင် ရာသီဥတု ပူပြင်းသည့်အတွက် ရေရှားပါးမှုပြဿနာအား နာရေးကူညီမှုအသင်း(ရန်ကုန်)က ရေလှူဒါန်းမှု၊ အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန်များ တည်ဆောက်ခြင်းတို့ကို လှူဒါန်းမှုများပြုလုပ်ခဲ့ရာတွင် ပြည်မြို့နယ်တစ်ဝိုက် ပေါက်ခေါင်းမြို့နယ်၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တို့တွင် မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်)သည် လူမှုရေးစိတ်ဓါတ် ပြည့်ဝစွာနှင့် စာရင်းဇယားတိကျစွာတို့ဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီခဲ့သော လူငယ်အဖွဲ့ဖြစ်သည်။ မိုးမေတ္တာ ပရဟိတလူငယ် အဖွဲ့(ပြည်)သည် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ သွေးလှူဒါန်းခြင်း၊ စာပေဟောပြောပွဲများ ကျင်းပပေးခြင်းစသည့် လူမှုရေးလုပ်ငန်းများကို ထမ်းဆောင် ပေးဆပ်လျှက် ရှိသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသော အခမဲ့ ဆေးဝါးကုသ ပေးသည့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ မြန်မာပြည်အထက်ပိုင်းမှ လာရောက်ဆေးဝါးကုသကြသော လူနာများအတွက် နေရေး၊ စားရေး၊ သွားရေး၊ လာရေး၊ ဆေးကုသမှုအရေးတို့ကို အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်ကာ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့(ပြည်) ဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ကဗ္ဗည်းတပ်ကာ အများပြည်သူတို့အတွက် ဆေးဝါးကုသမှုဟူသော ကျန်းမာရေးကဏ္ဍအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပံ့ပိုးပေးမှုကို လူသားချင်း စာနာစိတ်ထားရှိကာ ပြုလုပ် ပေးဆပ်ခဲ့ခြင်းဖြစ်သည်။
      ညပိုင်းတွင် ရွှေပေါက်ပင် ဆရာတော်ကြီး ဦးဆောင်၍ ပန်းပေါင်းတစ်ထောင် နတ်မင်းကြီး၊ ဒေ၀တာနတ်မင်းများမှတဆင့် မြတ်စွာဘုရားရှင်ထံသို့ ရည်စူးကာ ပန်းဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
      ၁၉.၃.၂၀၁၁ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အားကျင်းပပြီးသည့်နောက် အာရုံဆွမ်းကပ်လှူခြင်းကို ပြုလုပ်ခဲ့ကြသည်။ သံဃာတော် (၂၆၆)ပါး၊ သီလရှင် (၂၆၀)ပါး၊ ဖိုးသူတော် (၇)၊ ကိုရင် (၁၄၀) ပါးတို့နှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ် ပေါင်း (၅၀၀၀၀) ငါးသောင်းနီးပါးခန့်ကို သတ်သတ်လွတ် ဆွမ်းကပ်လှူဒါန်း ဒါနပြုခဲ့ကြသည်။ ထို့နောက် သီဟိုရ်ကျွန်းနိုင်ငံမှ ရွှေပေါက်ပင်ဆရာတော်ကြီး ကိုးကွယ်ပူဇော်ရန်အတွက် ဒါနပြုလှူဒါန်း ထားသော ဗုဒ္ဓစွယ်တော်ပွားတစ်ဆူနှင့် နဂါးတို့ပြည်ဌာနမှ ကြွရောက်အပူဇော်ခံ ထားရှိမည့် စွယ်တော် ပွားတစ်ဆူ စုစုပေါင်း စွယ်တော် (၂) ဆူတို့အား လှည့်လည်ပူဇော်ခံပွဲကို ရွှေပေါက်ပင်ကျောင်းဝင်း အတွင်း ဧည့်ပရိတ်သတ်ပေါင်း (၅၀၀၀၀) ခန့်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
      ယင်းနောက် နံနက် (၉း၀၀) နာရီအချိန်တွင် နိဗ္ဗာန်ဈေးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်၍ မိုးပျံပူဖောင်းများလွှတ်တင်ကာ ဖွင့်လှစ်ပေးခဲ့သည်။ နိဗ္ဗာန် ဈေးဆိုင်ခန်းပေါင်း (၂၀၀) ပါရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကျား၊ မ၊ ကလေး အ၀တ်အ ထည် (၇၄၀) တို့အား မဲဖေါက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ “ဗြဟ္မစိုရ် နာရေးကူညီမှုအသင်း (ညောင်စာရေး)” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုယိုတာ ဟိုင်းလတ် နိဗ္ဗာန်ယာဉ်တစ်စီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရှိ “ဆင်မြီးဆွဲ - နာရေးကူညီမှုအသင်း” သို့ ထော်လာဂျီ နိဗ္ဗာန်ယာဉ်တစ်စီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ “ရွာကြီးရေသာဘုရားကျိန်းကျောင်း”တွင် အများပြည်သူအတွက် အများပြည်သူကောင်းမှုအဖြစ် သောက်ရေသုံးရေ၊ ရေစစ်ကန်၊ ရေစင်၊ ရေတိုင်ကီများလှူဒါန်းမှု၊ ပြည်မြို့ ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နိဗ္ဗာန်ဈေးလှူဒါန်းခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်း စသည့်ကောင်းမှုကုသိုလ် အစုစု တို့ကို စုပေါင်းမဟာအလှူတော်မင်္ဂလာ ရေစက်ချပွဲကို ရွှေပေါက်ပင်ဆရာတော်ကြီး ဦးသောမစာရနှင့် အင်းလေးဒေသ “ရွာကြီးရေသာဘုရားကျိန်းကျောင်း” ဆရာတော် ဦးဝေပုလ္လတို့မှ တရားတော်နာ ရေစက်သွန်းချ အခမ်းအနားကို ကျင်းပပေးခဲ့သည်။
      ထိုထိုသော ကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းကြ ကုန်သော ပြည်တွင်း/ပ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ ကောင်းမှုအလှူဒါနများပင် ဖြစ်သည်။ ယင်းအလှူတော်မင်္ဂလာပွဲတော်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဦးတင်မြင့် ဦးစီးသော “အောင်သိဒ္ဓိအောင်” ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့အား ပြည်မြို့၊ ရွှေပေါက်ပင် တောရကျောင်းတိုက်သို့ ခေါ်ဆောင်၍ ကုသိုလ်ပွဲတော်အား သိုက်သိုက်ဝန်းဝန်း စည်ကားမြိုင်ဆိုင်စွာ ပါဝင်ဆင်နွှဲစေခဲ့သည်။ စွယ်တော်လှည့်လည်ပူဇော်ပွဲ အခမ်းအနားပြီးဆုံး၍ စွယ်တော်မြတ် (၂) ဆူ အား သက်ဆိုင်ရာစွယ်တော်တိုက်များသို့ ပြန်လည်ထည့်သွင်းပြီးသည်နှင့် ရွှေပေါက်ပင်ဆရာတော်ကြီး ၏ “အောင်ပြီလားဟေ့” ဟု ကြွေးကြော်လိုက်သည်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပြန်လည်၍ “အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံများနှင့်အတူ ရှမ်းအိုးစည်ဝိုင်း၊ ဒိုးပါတ်ဝိုင်း၊ မြန်မာ့ဆိုင်းဝိုင်း များမှ အောင်စည်အောင်မောင်း တီးခတ်သံတို့သည် အာကာတခွင် လွှမ်းခြုံပဲ့တင်ထပ် သွားပါ တော့သည်။
ယော ဘိက္ခဝေ မဥပဌဟေယျ
သောဂိလာနံ ဥပဌဟေယျ
ငါဘုရားကို လုပ်ကျွေးလိုက လူအို၊ လူနာ၊ လူသေတို့ကို လုပ်ကျွေး သင်္ဂြိုလ်ရာ၏။

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

Sunday, March 20, 2011

0 အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မူ့ပုံသဏ္ဍန် ( မောင်မောင်ဝမ်း )

ကျနော့်ဆီကို အီးမေးလ်များပို့လာပြီး မေးခွန်းမေးထားသူများအတွက် ဒီမေးခွန်းကိုဖြေပေးလိုက်ပါတယ်၊ မေးခွန်းများကို ခြုံငုံသုံးသပ်ရမည်ဆိုလျှင် တိုးတက်သောနိုင်ငံများ၏ လူထုအပေါ်ကျန်းမာရေးစောင့်ရှောက်မူ့ပုံသဏ္ဍန်ကို သိခြင်ပါသည်တဲ့ ၊ ကျနော် အောက်မှဖြေကြားပေးထားပါသည်။ မပြည့်စုံသော်လည်း အကြမ်းဖျင်းအားဖြင့် သဘောပေါက်နိုင်ပါသည်။( မောင်မောင်ဝမ်း )

အမေရိကန်မှာ အစိုးရပိုင် ဆေးရုံ ၊ ဆေးခန်းဆိုတာမရှိပါ ၊ အားလုံးသည် ပုဂ္ဂိလိကပိုင်များပဲဖြစ်သည်။ ဆေးကုသစရိတ် အလကားမရပါ ၊ သို့သော် အခြေခံလူတန်းစားများအတွက် ဆေးကုသစရိတ်ကို အစိုးရမှတာဝန်ယူဖြေရှင်းပေးပါသည်။ ယင်းကို ( Medicaid ) လို့ခေါ်ပါတယ်။ အဲဒီ Medicaid ကို မိသားစုဝင်ငွေ အပေါ်တည်မှီပြီး သတ်မှတ်ပေးပါသည်။ အစိုးရမှ ဥပဒေဖြင့်သတ်မှတ်ထားသော အခြေခံဝင်ငွေထက်နည်းသော မိသားစုများအတွက် အခမဲ့ ဆေးကုသခွင့်ကို အပြည့်အ၀ရရှိပါသည်။ ကုန်ကုန်ပြောရလျှင် ဒေါ်လာ သန်းချီပြီး ကုန်ကျမည့် ခွဲစိတ်ကုသမူ့များကိုတောင်မှ အစိုးရမှ အကုန်ထဲ့ဝင်ပေးပါသည်။ ဥပမာ မိသားစုတစ်စု၏ အခြေခံဝင်ငွေကို သတ်မှတ်ရာတွင် တပြည်နယ်နဲ့ တပြည်နယ် မတူပါ ၊ ကျနော်တို့နေထိုင်ရာ နယူးရောက်ပြည်နယ်တွင် တလ ၀င်ငွေ ၁၅၀၀ ထက်နည်းသောမိသားစုများအတွက် တမိသားစုလုံး အခမဲ့ ဆေးကုသခွင့်ရရှိပါသည်။

လူလတ်တန်းစားများနဲ့ လူချမ်းသားများအတွက် ကျန်းမာရေး အာမခံ ကုမဏ္ဍီများရှိပါသည်။ ယင်းကုမဏ္ဍီများမှ ( Medical insurance ) များကို ရောင်းချပေးသည်။ ယင်းသို့ရောင်းချပေးရာတွင် တစ်မိသားစုနဲ့ တမိသားစု မတူညီနိုင်ပါ ၊ လူဦးရေ အနည်းအများအပေါ်တွင်တည်မှီပါသည်။ သို့သော်ပေးရမည့်တလ အတွက် အာမခံကြေးမှာ သိပ်များများမရှိပါ ၊ ဥပမာ လူလတ်တန်းစား အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်ရှင် ကုမဏ္ဍီများမှ ( Medical insurance ) များကို စီစဉ်ဆောင်ရွက်ပေးပြီး အပတ်စဉ်ပေးသည့် လုပ်ခလစာများမှ ဖြတ်တောက်ယူပါသည်၊ ဥပမာ တပတ် ၁၀ ဒေါ်လာ ( တယောက်ချင်းအတွက် ) ၊ မိသားစုနှင့်ဆိုလျှင် ၃၀ ၀န်းကျင်ခန့်ပေးရသည်။ ယင်းအာမခံ ကြေးများဖြင့် ကျန်းမာရေးချို့တဲ့လာသည့် အခါဆေးဝါးကုသရပါသည်။ ယင်းကုန်ကျငွေများကို မိမိအာမခံကြေးဝယ်ယူထားသည့် ကုမဏ္ဍီများမှ အကုန်ကျခံရပါသည်။ အကယ်လို့ အာမခံကုမဏ္ဍီများမှ မတတ်နိုင်လောက်အောင် ကုန်ကျစရိတ်များပြားလျှင် အစိုးရထံလျှောက်ရပါသည်။ အစိုးရမှတာဝန်ယူပေးပါသည်။
                                                               အမေရိကံပြည်ထောင်စုတွင် နေထိုင်သူ မည်သူမဆို အရေးပေါ်အခြေနေအတွက် ကျန်းမာရေးချို့ယွင်းမူ့များဖြစ်ပေါ်လာပါက အစိုးရမှ ပေးထားသော ( Medicaid ) ၊ ကျန်းမာရေးအာမခံ ကုမဏ္ဍီများမှ ရောင်းချပေးထားသော ( Medical insurance ) ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ဆေးဝါးကုသမူ့အတွက် သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများမှ ငြင်းဆန်မူ့ တစုံတရာမှမရှိပါ၊ အချိန်တန်လျှင် မိမိထံသို့ ဆေးဝါးကုသမူ့အတွက် ကုန်ကျစရိတ်များကို ဆေးရုံဆေးခန်းများမှ ပေးပို့လိုက်ပါသည်။ တကယ်လို့ပေးနိုင်သော ကုန်ကျစရိတ်ဖြစ်လျှင် အရစ်ကျပြန်ပေးရပါသည်။ မပေးနိုင်သော ကုန်ကျစရိတ်ဖြစ်လျှင် အစိုးရထံသို့လျှောက်ရပါသည်။ အစိုးရမှပဲ ယင်းအကြွေးများကိုတာဝန်ယူဖြေရှင်းပေးပါသည်။
                                                 ကျန်းမာရေးအရ၀ယ်ယူရန်လိုအပ်သော ဆေးဝါးများအတွက်ဝယ်ယူရာတွင်လွတ်လပ်စွာဝယ်ယူနိုင်သောဆေးဝါးများနှင့် သက်ဆိုင်ရာ ဆရာဝန်များ၏ထောက်ခံချက်ဖြင့်သာဝယ်ယူနိုင်သောဆေးဝါးဆိုပြီးရှိပါသည်။ ယင်းဆေးဝါးများကိုလည်း အစိုးရမှပေးထားသော ( Medicaid ) ။ ကျန်းမာရေး ကုမဏ္ဍီများမှ ရောင်းချပေးထားသော ( Medical insurance ) များဖြင့်ဝယ်ယူရပါသည်။ ယင်းကုန်ကျစရိတ်များကိုလည်း အထက်ဖော်ပြပါအတိုင်း အစိုးရနှင့် သက်ဆိုင်ရာ ကျန်းမာရေးအာမခံ ကုမဏ္ဍီများမှ ကျခံပေးပါသည်။

အထူးပြောလိုသည်မှာ အမေရိကံပြည်ထောင်စုတွင် မည်သူမဆို ကျန်းမာရေးပြသနာရပ်များအတွက် ဆေးဝါးကုသခွင့်ကို မည်သည့်ဆေးရုံ ၊ ဆေးခန်းများကမှ- ပိုက်ဆံမပေးနိုင်လို့ဆိုသော အကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းမရှိပါ ၊ ယင်းအတွက် ကုန်ကျစရိတ်များကို နောက်မှ အဆင့်ဆင့်လျှောက်ထားခြင်းဖြင့်ဖြေရှင်းရပါသည်။အစိုးရမှလည်းဖြေရှင်းမပေးနိုင်သော ကျန်းမာရေးနဲ့ပတ်သက်သောကုန်ကျစရိတ်ပြသနာဆိုတာမရှိပါ နည်းလမ်းပေါင်းစုံဖြင့်ဖြေရှင်း
ပေးပါသည်၊ ( နည်းလမ်းပေါင်းစုံဆိုရာ- ကုန်ကျစရိတ် သိပ်များပြားလွန်းလျှင် ငွေကြေးချမ်းသာသော ကုမဏ္ဍီများ ၊ လူပုဂ္ဂိုများထံ အလှုခံပေးခြင်း စသည်တို့ဖြစ်ပါသည် )

               လူတစ်ဦးတစ်ယောက်၏ အသက် ကို ကျန်သောကိစ္စများထက် အထူးတန်ဘိုးထားသည်ဆိုတာကိုတော့ လေးလေးနက်နက်တင်ပြလိုပါသည်။


                 မေးခွန်း- အစိုးရက ကုန်ကျစရိတ်များအတွက် ငွေကြေးတတ်နိုင်သော ကုမဏ္ဍီများ လူပုဂ္ဂိုများထံ အလှုခံရာတွင် သူတို့ကရော လှိုက်လှိုက်လှဲလှဲ လှုဒါန်းပါ့မလား
                    ဖြေ-------- လှိုက်လှိုက်လှဲလှဲကို လှုဒါန်းကြပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကုန်ကျစရိတ်လှုဒါန်းငွေများအတွက် အခွန်သက်သာခွင့်ကို အစိုးရက ဥပဒေဖြင့်ပြဌာန်းထားသောကြောင့်ဖြစ်သည်။

0 ရာဇာမဏိစူဋာ( ကောင်းမှုတော် ) စေတီတော်ကြိး နင့် စူဏာမိ (ဒေါက်တာလှိုင်မြင့်)


ကနေ့ ရေးဖို့ လိုလာပြီလို့  သုံးသတ်မိလို့ ကော...တခြားလူတွေလဲ..မမြင်နိုင်တဲ့ကံတရားကို..သတိထားမိ ဆင်ခြင်မိကြဖို့ ..ဒီဆောင်းပါးလေးကို..ပဏာမအနေန့ဲ့ရေးလိုက်ပါတယ် ။ န.အ.ဖ ကို ( အကုသိုလ်တွေလုပ်တာကို.) ...ကူညီမိလို့ ဒုက္ခ လှလှကြိးရောက်ကြရတဲ့ နိင်ငံတွေ.. နိုင်ငံ့ခေါင်းဆောင်တွေအကြောင်းတွေ ကို နောက်ထပ်အသေးစိတ် ထပ်ရေးပါအုံးမယ် ။

ကနေ့  သန်းရွှေဟာ...သူ့ ကိုယ်သူ....မတန်မရာ..ရာရာစစ..မြန်မာနိုင်ငံသမိုင်းမှာ....တိုင်းသူပြည်သားတွေက ကျေးဇူးတော်တင် ကြိုက်ကြလွန်းလို့ ....ရာဇ၀င် မှာမင်းအပေါင်းအားလုံး ထက်သာလွန်အောင် ကောင်းမွန်လို့ ..( သာလွန်မင်းတရားကြိး ) လို့  ကျေးဇူးတော်တုန် ပြန်ခေါ်ဆိုခံထားရသူ..ဘုရင်ကြိးနဲ့ မှ နိုင်းပြိး...သာလွန်မင်းတရားကြိးပြန်လည်ဝင်စားသူ လို့ ....သူဖြူဆိုဖြူရသူ မဲဆိုမဲကြရသူတွေကို..ဖြိးထားပါတယ် ။

အဲဒီတော့ ဒီဆောင်းပါးမှာ..နစ်ပိုင်းဆွေးနွေးရေးသားချင်ပါတယ် ။ တပိုင်းက သူက သာလွန်မင်းတရားကြိးရဲ့ ကုသိုလ်တော်..တံခိုးကြိးလှတဲ့စေတီတော်ကြိး မှာ မဖွယ်မရာ..မလုပ်ကောင်းတဲ့ ယတြာတွေ သွားလုပ်လိုက်ရင်....ကမ္ဘာသူ/သားတွေ..စူဏာမီ ရေလှိုင်းကြိးတွေ ဒါဏ် ခံကြရတာ တင်ပြဖို့ ရယ် နင့် ဒုတိယ..တပိုင်းကတော့ သူဟာ သာလွန်မင်းတရားကြိးနဲ့ ..ဘယ်လောက် ဆန့် ကျင်ဘက် ကျကျကွဲလွှဲနေတယ်( ဟိုဘက်နဲ့ ဒီဘက်ကမ်းလိုကွဲလွှဲနေတယ်ဆိုတာ ) ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် မြင်လာအောင် အချက်အလက် နဲ့ တကွတင်ပြဖို့ ပါ ။

ပထမ ဥိးဆုံး...၂၀၀၄ ခုနစ်..အင်ဒိုနိးရှားဆူဏားမိ အကြောင်းတင်ပြပါမယ် ။ ၂၀၀၄- ခုနစ်မှာ..မောင်ခင်ညွှန့်  အကြံပေးမှုနဲ့ ....ကမ္ဘာကို လှည့်စားဖို့  ..သူတို့ ကိုသူတို့ သာသနာတော်ကို ချီးမြောက်နေတဲ့..အစိုးရလို့ မြင်လာအောင်..( အတုအယောင် ) ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံလုပ်ခဲ့ပါတယ် ။ ကမ္ဘာ့နိုင်ငံအတော်များများကို ဖိတ်လိုက်ပါတယ် ။ ဂျပန်လဲ လာမယ်အကြောင်းပြန်ထားပြိး...ညီလာခံမလုပ်မှီကလေးမှာတင်...ခင်ညွှန့် တို့ ကို..ဖမ်းထဲ့လိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်ပြိး ဂျပန်က လာမတက်တော့ပါဘူး ။

ညီလာခံကလဲ..ဘယ်လိုသဘောနဲ့ လုပ်လေသလဲတော့မသိ...ကျနော်သိမှီသမျှတော့..ဘုရားရှင်လက်ထက်ကထဲက အားလုံးသောအခန်းအနားတွေဟာ( အများစု ) ဟာ..လပြည့်နေ့ တွေမှာ...အောင်ပွဲခံပြိးမြောက်တာများပါတယ် ။ သူတို့ ကျမှ..( နတ်တော်လ ) လကွယ်နေ့ ကြိးမှာ..ညီလာခံကြိး..ပြီးရတယ်လို့  ။ ယတြာလို့ ဘဲထင်ပါတယ် ။ အခါတော်ပေးတွေ ပေးတာ..ဖြစ်ဖို့ များပါတယ် ။

အဲညီလာခံ အပြိး နစ်ပတ်အကြာမှာ....ဒီဇင်ဘာလ..၂၅ -ရက်နေ့ ညနေ ( ၃.၂၀ ) အချိန်မှာ..ဒီဘုရင်ရူးကြိး( ခိုးကြောင်ခိုးဝှက်ဘုရင် ) ဟာ..စေတီတော်ကြိးဘွဲ့ တော်ကိုက..( ကောင်းမှုတော် ) လို့  အရပ်အခေါ် သတ်မှတ်ထားတဲ့စေတီတော်ကြိးမှာ....အတ္တလောဘ အခြေံနဲ့ ..တဥိးတယောက်ကို( ဘယ်သူဆိုတာ ..အားလုံးသိပါတယ် ) ..နမ်နိမ်ဖို့ ရည်ရွယ်ချက်နဲ့  ..ကောင်းမှုကုသိုလ်ရဲ့ ဆန့် ကျင်ဖက်..မကောင်းမှု ကိုလာပြိးယတြာလာခြေပါတယ် ။

ညနေ..( ၃.၂၀ ) မှာ....ဇိးကွက် ( ၂-ကောင် ) ( အင်္ဂါနံ သတ္တ၀ါ ) နစ်ကောင်ကို..ကို..သူကတကောင်...ကြွိုင်ကြွိုင်ကတကောင်..ပြိုင်တူ..လွှတ်ကြပါတယ် ။ လူတဥိးကိုတော့မတရားဖမ်းထားပြီ...သူ့ ကိုလွှတ်ပေ့းရမှာကိုတော့ လွှတ်မပေးဘဲ....ဆက်ဖမ်းထားနိုင်ဖို့ .. ယတြာကျေအောင် သတ္တ၀ါ နစ်ကောင်ခမျှာ..တပတ်လောက်မက ..အချောင်အဖမ်းခံလိုက်ရရှာပါတယ် ။ ပြိးမှပြန်လွတ်ရရှာတာပါ ။ ဒီဇိးကွက် နစ်ကောင် ကံကြမ္မာကိုသာ..ကွက်ကွက်လေး..ပြန်စဉ်းစားကြည့်လိုက်ရင်...ကုသိုလ်လား..အကုသိုလ်လားသာ တွက်ကြည့်ကြပါ ။


ပြိးတော့..ဇာမဏီ ၄က်တော် ၄က်တော်လို့ တီဗွီမှာကြေငြာသွားပါတယ်..နစ်ကောင်ကို ထပ်လွှတ်ပါတယ် ။ ပြိးစေတီတော်ကြိးကို အများနည်းတူ..လက်ဝဲရစ်မဟုတ်ဘဲ..လက်ယာရစ် ကိုပင် ခြေကို စောင့်ပေါက်တဲ့ ပုံစံနဲ့  ပတ်ပါတယ် ။ ဒါကို တီဗွီဖန်သားပေါ်မှာ..ညဘက်တကြိမ်..နံနက်ဘက်တကြိမ် နစ်ကြိမ်တိုင်တိုင်ပြသသွားပါတယ် ။ ပြိး တပတ်အတွင်းသတင်းမှာ ထပ်မံပြသသွားပါတယ် ။ ( အားလုံး - ၃ကြိမ် ) ပြသွားပါတယ် ။

အဲဒီ..ယတြာခြေအပြိး...၁၆- နာရီအကြာမှာ...အင်ဒိုနိးရှား..ဗန်ဒါအာချေးငလျှင်ကြိး.( ရစ်ချက်တာစကေး..၉.၀ ) ရှိငလျှင်ကြိးလှုပ်ပြိး..စူဏာမိ လှိုင်းကြိးတွေ ခံရပြိး...လူပေါင်း.( ၂၄၀၀၀၀- နစ်သိန်းလေးသောင်း ) သေကြေရပါတယ် ။ အဲဒီကိစ္စကို ကျနော်မီဒယာကြိးတွေကို ဖုံ့းဆက်လို့ တမျိုး..အိးမေးပို့ ပြိး အကြိမ်ကြိမ်ပို့ ခဲ့ပါတယ် ။ သတင်းသမားတဥိးကဆိုရင်..ခင်ဗျားက..တော်တော်မကောင်းမြင်စိတ်ကြိးမား( PESSIMISM ) လှပါလားတောင် ပြန်ပြောပါတယ် ။ ထားပါတော့ ။

အဲဒီမှာ ပိုထူးခြားတာက...သူလုပ်တဲ့ အလိမ်အညာ ( အင် ) ကမ္ဘာ့ဗုဒဘာသာညီလာခံကို..၀န်ကြိးတွေ..ဒု-၀န်ကြိးတွေလွှတ်ခဲ့တဲ့...အင်ဒိုနိးရှားနဲ့ ..သီရိင်္လကာ နိုင်ငံတွေက အတုံးအရုံး..သေကြရ..အခံရဆုံးဖြစ်ခဲ့ပါတယ် ။ လာပြိးဝိုင်းညာပေးကြတဲ့နိုင်ငံတွေ အများဆုံးခံလိုက်ကြရပါတယ် ။ တခြားမလာတဲ့နိုင်ငံတွေက ခံရတာတောင်..သဘောလောက်ပါ ။

ဒါတွေဟာ မမြင်နိုင်တဲ့ကံတရား ရဲ့  ဒါဏ်ခတ်မှုတွေပါ ။ နောက်တခုက..အဓိကထားစဉ်းစားဖို့ လိုလာပါပြီ ။ ကံတရားကို လက်မခံနိုင်တဲ့ ဘာသာတွေကတော့..လက်ခံဖို့ ခက်ပါမယ် ။ ဖန်ဆင်းရှင်အလိုတော်လို့  လက်ခံကြသူတွေအတွက် ကျနော် မဆွေးနွေးလိုပါ ။ ကန့် လန့် ကာသာချထားပေးပါဘဲတောင်းပန်လိုပါတယ် ။

အဲဒီမှာ..ပိုထူးခြားတာက..စူဏာမိ နဲ့ ..စူဋာမဏိ အမည်နာမ..သံတူလေးဖြစ်နေတာလေးပါ ။ စေတီတော်ကြိးမှာရေးထိုးထားတဲ့ဘွဲ့ တော်က..( ရာဇာမဏိစူဋာ )..စစ်ကိုင်းသူစစ်ကိုင်းသားတွေက..စူဋာမဏိ စေတီတော်ကြိး ( ကောင်းမှုတော် ) လို့ ဘဲ ခေါ်ဝေါ်သုံးနုံးကြပါတယ် ။ နံမည်ကိုက..စူဏာမိ နင့်..စူဋာမဏိ ..သံတူလေးဖြစ်နေပါတယ် ။

သန်းရွှေလုပ်တဲ့ယတြာက..သူတပါးကိုမကောင်းတာဖြစ်အောင်..ဒုက္ခရောက်အောင် အကြံ..ရည်ရွယ်ချက်နဲ့...ဗမာပြည်မှာ ရှားရှားပါးပါး..ရှိလှတဲ့ဘွဲ့ တော်..( ကောင်းမှုတော်စေတီကြိး ) ကောင်းမှုလုပ်ဖို့ နဲ့ ..ကောင်းမှုကုသိုလ်ယူရန်တည်ဆောက်ခဲ့တဲ့ ..ကောင်းမှုတော်ကြိးမှာ....သူမို့ ဗျာ..မကောင်းမှုလာလုပ်ရတယ်လို့  ။

တခါ ဒီစေတီတော်ကြိးက..၁၉၅၇ မှာ..ရစ်ချက်စကေး...( ၇.၈ )လောက်ရှိတဲ့ ငလျှင်ကြိး..ဗဟိုချက်မတဲ့တဲ့ ကျပြိးလှုပ်ခဲ့တဲ့..စစ်ကိုင်းငလျှင်ကြိးမှာ...တခြားစေတီတွေ..ခေါင်းလောင်းမှောက်ကနေ ပြိုကျခဲ့တာကို..စေတီတော်ကြိးက ဘာမှမဖြစ်ခဲ့ပါဘူး ။

ဒီနေရာမှာ....သမိုင်းစာအုပ်ပါတာတွေကို....စေတီတော်ကြိးကိုအကြောင်း အောက်ဘက်မှာ ထပ်ဆွေးနွေးပါမယ် ။

အဲဒီတော့ ခင်ဗျားတို့ ကပြောလာကြမယ် ။ ဟာ ဒို့ အိမ်ရှင်လုပ်တဲ့..နိုင်ငံမှာတော့ ဘာမှသိပ်မဖြစ်ပါ့လားပေါ့ ။ မင်းဟာကြိးကလဲ လို့..မေးလို့ ကောင်း..ထောက်ပြလို့ ကောင်းပါမယ် ...မေးချင်ကြပါမယ် ။ ဟုတ်ပါတယ်ခင်ဗျာ ။ ပြောလာရင် ဟုတ်ပါတယ် ။ သိပ်မှန်ပါတယ်လို့ ဘဲ ၀န်ခံရမှာပါ ။ မမြင်ရတဲ့ ကံတရားကိုက...စစ်ကိုင်းတောင်ရိုး...မြစင်္ကြာဆရာတော်ဘုရားကြိးဥိးလက္ခဏ ဟောကြားတော်မူလေ့ရှိတဲ့ မိဘကျေးဇူးဖေါ်ညွှန်းထားတဲ့ တရာတော်အခွေထဲကလို...အရင်ဘ၀က ကုသိုလ်အကျိုးပေးကောင်းပြိး...ဒီဘ၀ မှာဘုရင်ဖြစ်နေပြိး အခုဘ၀မှာ အကုသိုလ်တွေချည်းလုပ်နေတဲ့သူနဲ့ ..ကားအတူစိး..ကားကိုမတရားမောင်းကြတော့...ကားမှောက်တော့အတူတူ မှောက်ကြတာဘဲ ။ ဟိုလူက အရင်ဘ၀ကုသိုလ်အဟုန်က ခံပေး..ကျန်သေးတော့..လက်ကျိုးရုံလောက်ဘဲဖြစ်ပြိး..အဖေါ်လုပ်သူတွေ ခေါင်းပြားတယ်ဆိုတာ..ဒါမျိုးပေါ့ ။ မမြင်သာတဲ့ကုသိုလ်ကံတရားတွေပါ ။

ကံကောင်းတော့ ဂျပန်က မလာဘူး ။ ကျနော်တွေးတွေးကြည့်တယ် ။ တကယ်လို့ သာ ဂျပန်ပါလာတက်ပြိး..ငလျှင်သာ..နစ်နေရာပြိုင်တူလှုပ်လိုက်ရင်တော့....

အဲဒါကို..အခုနက..ကျနော့်ကို မကောင်းမြင်စိတ်ကြိးမားနေသူ ပြောလိုက်သူ..အတွက်..ပထမ တကြိမ်နဲ့ လက်မခံနိုင်သေးရင်....

ဟာအခု....၂၀၁၁ မှာ...ဒီဘုရင်ရူးကြိးက..ဒီတကြိမ်မှာတော့..( ကျနော်ကြားမိတဲ့..စကားနော်..အတွင်းမိသားစုနဲ့ ပတ်သက်သူဆီကသိရတာ )..စူဋာမဏိ..ဆိုတာ မှာ..မဏိ ( အမျိုးသမိး ) လို့ ပါဋိတော်မှာ အဓိပါယ်ရှိတော့....ဒီမဏိစေတီတော်ကို..တနည်း..ဒီအမျိုးသမိးကို..( ရွှေ ) နဲ့ ခွစိးတယ်.အုပ်စိုးတယ်..ဖြစ်အောင်...( အုပ် တယ် ) ပေါ့..ယတြာတွေက ခိုင်းတာလေ ။ တော်တော် အောက်တန်းကျလှတဲ့ ယတြာတွေဘဲ ။ သန်းရွှေကလဲ...အဲဒီအမျိုးသမိးကိုဘယ်လောက် တစိမ့်စိမ့်ကြောက်နေရသလဲဆိုရင်..သူလုပ်သမျှယတြာတွေမှာ...ဒေါ်စုကိုရည်စူးတာတွေချည်းဖြစ်နေရှာပါတယ် ။

လူကို သတ်ဖို့  အကြိမ်ကြိမ်ကြံတယ် ။ မအောင်မြင်ဘူး ။ ယတြာကတော့..ကျနော်တို့ မသိနိုင်တာတွေက တပုံတပင်ကြိးရှိအုံ့းမယ် ..သူခမြာ..ဒေါ်စုကို စိမ့်ကြောက်ပြိးလုပ်နေရရှာတာ ။ ကြောက်တတ်ရင်..အခါတရာမကသေနေရတယ်ဆိုတာ..ဒါမျိုးကိုပြောတာပါ ။

အခုတခေါက်..ရွှေသင်္ကန်း ကပ်တယ်ပြောကြသူတွေ..ထောက်ခံကြသူတွေကိုပြောလိုတာကတော့...ရွှေအရောင် သင်္ဘောဆေး ကိုရွှေပါလို့ လိမ်နေကြတာဘဲ ။ ဒါဆို မြတ်စွာဘုရားရှင်ကိုယ်တော်ကြိးကိုရည်စူးပြိး..ဆရာတော်ကြိးတွေကို....ရွှေရောင်သင်္ဘောဆေးသုတ်ထားတဲ့ ဆင်းတုတော်( ခပ်ကြိးကြိး ) နဲ့  ဆရာတော်ကြိးတွေ..ဆီမှာရှိနေတဲ့..တကယ့်ရွှေစစ်စစ်ဆင်းတုတော်( ခင်သေးသေးလေး ) ကို သွားပြိးလဲယူလို့ ရမလားဘဲမေးချင်ပါတယ် ။

ဒါဆို..ရွှေတီဂုံစေတီတော်ကြိးက..ရွှေပြားတွေကို...ငွေအလိုက်အများကြိးပေးပြိး...ရွှေရောင်သင်္ဘောဆေး သုတ်ပေ့းရင် လက်ခံကြမလားမေးကြရပါမယ် ။ ရွှေရောင်သဘော်ဆေးကို..ရွှေသင်္ကန်း ပါပြောတာကတော့..ဘုရားကိုလဲလိမ်..လူတွေနဲ့ ကမ္ဘာကိုပါလိမ်တာပါဘဲ ။ သုတ်ပါ..ကိုယ်တတ်နိုင်တာသုတ်ချင်သုတ်ပါ ။ အာဏာရှိထားတယ် ။ လုပ်ပါ ။ သင်္ဘောဆေးကို..ရွှေပါလို့ လိမ်တာကတော့..မလုပ်သင့်တာလဲ တက်လုပ်သေးတယ် ။ ဘုရားရှင်နဲ့ နတ်ဒေ၀ါတွေကိုပါ...ထပ်လိမ်သေးတာကတော့ မကောင်းမှု အထပ်ထပ် အဆင့်ဆင့်ဖြစ်နေပါပြီ ။

လုပ်တဲ့ယတြာ အဓိပါယ်ကလဲ...အောက်လမ်းနည်းတွက်ချက်ထားမှု ။ စေတီတော်ကို..မိန်းမလို့ မြင်ထားပြိး..( ရွှေ ) က ခွအုပ်စိးထားတယ်ဖြစ်အောင် ယုတ်ယုတ်မာမာ ယတြာနော် ။ အဲဒီမှာ...န.အ.ဖ ကို တသက်လုံး လိမ္မာ လိမ္မာ လေး ထောက်ခံနေတဲ့...ဂျပန် အခုတခေါက် အသေ..စုတ်ပြတ်သွားအောင်...ကွဲတော့တာဘဲ ။ ကျနော် အပိုင်တွက်မိပါတယ် ။ အပိုင်တွက်ထားပါတယ်ဘဲ..ပြောပါရစေ ။ အဲဒီသင်္ဘောဆေးကို..ဂျပန်ကုမ္မဏိက...အလိုတူအလိုပါ ကူထားတာဖြစ်ပါမယ် ။ ဖြစ်ဖို့ သိပ်များနေပါတယ် ။

အဲဒီလိုဖြစ်ရတာ..ဂျပန်က အတ္တကြိးမားပြိး...ကောင်းမှုတော်လို့ အမည်ရှိထားတော်မူတဲ့ စေတီတော်ကြိးကို..မလုပ်ကောင်းတာကို ဂျပန်ကုမ္မဏိတခုခုက ၀င်ကူထားတာကြောင့်အခုလိုဖြစ်ရတာပါဆိုတာကို..စုံစမ်းပေးနိုင်ကြမယ် ။ ကျနော်ထင်ထားသလို မှန်နေရင် ဂျပန်ပြည်သူတွေသိအောင်ရယ်..ဂျပန်အတိုက်အခံနိုင်ငံရေးတွေကို သိအောင် ဂျပန်လိုဘာသာပြန်ပေးကြစေလိုပါတယ် ။

အဲဒီတော့ ပထမ တကြိမ်ဖြစ်တယ် ။ ကောင်းမှုတော်မှာ..မကောင်းတဲ့ရည်ရွာ်ချက်နဲ့ ယုတ်ယုတ်မာမာလာလုပ်ခဲ့တယ် ။ စူဋာမဏိမှာ ယတြာလုပ်အပြိး..စူဏာမိ ဖြစ်တယ် ။ ကျနော်ကို မကောင်းမြင်ဝါဒစိတ်ကြိးမားနေတယ် ပြောလာသူကို..အခုထပ်ပြိး..စူဋာမဏိစေတီတော်ကြိးမှာ..ယုတ်ယုတ်မာမာ ယတြာထပ်လုပ်တယ် ။ ထပ်ဖြစ် ။ ကျနော်ကမကောင်းမြင်တာဘဲလား...မမြင်သာတဲ့ကံတရားတွေ..ကြောင့်လား...ထပ်ဝေဖန်ပါအုံး မေးချင်ပါတယ် ။

နောက်တပိုင်းမှာ...သာလွန်မင်းတရားကြိး နဲ့သန်းရွှေ ဘယ်လောက်...ပြောင်းပြန်ဖြစ်နေသလဲ ဆက်လက်တင်ပြပါမယ် ။ မတူရုံမကဘူး..လု့းဝဆန့် ကျင်ဘက်ဖြစ်နေတာပါ ။

ပိုထူးခြားနေတာက..အိန္ဒိယက...ရှာဂျဟန်ဘုရင်ကြိးနဲ့..သာလွန်မင်းတရားကြိးဟာ ခေတ်ပြိုင်တာမှ..နန်းတက်နစ်..ကကိုးလလောက်ကွာပြိး..ဘုရင်နစ်ပါးလုံးဘယ်လိုတိုက်ဆိုင်နေတာတွေဆက်လက်တင်ပြပါမယ် ။

လှိုင်မြင့်

0 ဂျပန်နိုင်ငံ၏ ဖူကူရှီးမားကနျူကလီးယား ဓာတ်ပေါင်းဖိုနောက်ဆုံးအခြေအနေ (၁၉.၃.၂၀၁၁)


အားလုံးစိုးရိမ်နေကြတဲ့ ဖူကူရှီးမား နြူကလိယား ဓါတ်အားပေးစက်ရုံက အခြေအနေတွေက အတော်လေး ထိမ်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ယူဆရတာပါဘဲ.. ကြာသပတေးနေ့ကတည်းက စီစဉ်ပြီး သောကြာနေ့မှာ အပြင်းအထန် ရေဖျန်းကြတဲ့အတွက် အခုဆိုရင် လေထုထဲမှာ ပြန့်နှံ့နေတဲ့ ရေဒီရေးရှင်း လယ်ဗယ်က တဖြည်းဖြည်း ကျဆင်းလာနေပါပြီ.. ဂျပန် တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဟာ ပင်လယ်ထဲကရေတွေကို ခပ်ယူပြီး သက်စွန့်ဆံဖျား ဓါတ်အားပေးစက်ရုံရဲ့ အပေါ်ကနေ ရေတွေဖျန်းချနေတာ ရုပ်မြင်သံကြားသတင်းတွေကတစ်ဆင့် အားလုံးသိပြီးဖြစ်ကြမယ် ထင်ပါတယ်ခင်ဗျာ..

ှုဂျပန်တပ်မတော်ပိုင် ရဟတ်ယာဉ်နှစ်စီးအပါအဝင် မြေပြင်က ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က မီးသတ်ကား တွေကလည်း ဓါတ်အားပေးစက်ရုံအနီးကို စနစ်တကျ ချဉ်းကပ်ပြီး ရေဖြန်းနေပါသေးတယ်.. တစ်ချိန်တည်းမှာဘဲ စက်ရုံပိုင်ရှင်ဖြစ်တဲ့ တိုကျိုလျှပ်စစ် ကုမ္ပဏီကလည်း ပျက်စီးနေတဲ့ စက်ရုံရဲ့ ဓါတ်အားပေးစနစ်ကို အစားထိုးနိုင်ဖို့ တခြားနေရာက ဓါတ်အားကို အသုံးပြုနိုင်မယ့် ဓါတ်အားလိုင်းသွယ်တန်းနေတာ အတော်လေးခရီးရောက်နေပြီလို့ ဆိုပါတယ်.. အဲဒီဓါတ်အားကို အသုံးပြုပြီး ပျက်စီးသွားတဲ့ ဓါတ်ပေါင်းဖို အအေးပေးစနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားကြမယ်တဲ့.. ၁၉ ရက်နေ့ညပိုင်းမှာ ပြင်ပကနေ လျှပ်စစ်ဓာတ်အားကြိုးလိုင်းကို ဖူကူရှီးမားအမှတ် ၁ ၊အမှတ်(၂) ဓာတ်အားပေးစက်ရုံ နားအထိ သွယ်တန်းလို့ပြီးပြီလို့ TEPCO က ပြောပါတယ်။

ဒီနေ့နဲ့ မနေ့က တော့ ဂျပန်နိုင်ငံတစ်ဝှမ်း မြို့ကြီးအတော်များများက မီးသတ်တပ်ဖွဲ့အင်အားတွေကို ဖူကူရှီးမားဆီ အာင်အားဖြည့်တင်းဖို့ အသီးသီးစေလွှတ်လိုက်ပါပြီ.. မီးသတ်တပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ မီးသတ်ကားတွေအနက်..တစ်မိနစ်မှာ ရေတန်ချိန် ၃.၈ တန်ကို ၂၂ မီတာအမြင့်ကနေပြီး အဝေးထိန်းစနစ်နဲ့ ပက်ဖြန်းနိုင်တဲ့ မီးသတ်ကား တွေ.. မီးသတ်ပိုက်ပေါက်ပေါင်း ၇၂ ပေါက်ပါဝင်ပြီး ၂ ကီလိုမီတာအကွာအဝေးက ပင်လယ်.. ဒါမှမဟုတ် မြစ်တစ်ခုအတွင်းက ရေကို စုပ်ယူပြီး မီးသတ်ကားတွေဆီကို ရေအဆက်မပြတ်ပေးပို့နိုင်တဲ့ super pumper လို့ခေါ်တဲ့ အထူးရေသယ် ထရပ်ကားတွေလည်းပါဝင်ပါသတဲ့.. ဒါပေမယ့် ဒီလို ရေဖြန်းပြီးဖြေရှင်းဖို့ ဖြစ်လာရတာကတော့ အထူးသဖြင့် အမေရိကန်က အပြင်းအထန်ဖိအားပေးပြီး သူ့ရဲ့ ရေတပ်အခြေစိုက်စခန်းက ရဟတ်ယာဉ်တွေ ပို့မယ်တကဲကဲလုပ်နေလို့ ဒီအစီအစဉ်ပေါ်လာရတယ်လို့လည်း သတင်းတစ်ချို့က ဆိုပါတယ်..

ရေပက်ဖျန်းပြီး ဓါတ်ပေါင်းဖိုတွေရဲ့ အပူချိန်ကို လျှော့ချနိုင်တဲ့ တစ်ချိန်ထည်းမှာဘဲ လေထုအတွင်း ပြန့်နှံ့နေတဲ့ ရေဒီရေးရှင်း လယ်ဗယ်ကျဆင်းလာတာကို အတည်ပြုနိုင်ခဲ့တာပါ... ဒီလို ရေပက်ဖြန်းတာရဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာ ဘယ်လောက်အထိ ရှိမယ်ဆိုတာ မသေချာ မရေရာသေးပေမယ့်.. မနေ့ကရော ဒီနေ့ပါ အင်အားအပြည့်သုံးပြီး လုပ်ဆောင်နေတဲ့ အကျိုးသက်ရောက်မှုကတော့ မကြာခင်သိနိုင်မယ်လို့ထင်ပါတယ်.. သေချာတာတစ်ခုကတော့ လတ်တလောမှာ အားလုံးစိတ်ပူနေကြပေမယ့် ပတ်ဝန်းကျင်က လူသားတွေကို အကြီးအကျယ် ထိခိုက်စေမယ့် အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ပြီဆိုတာကတော့ သေချာပါတယ်...

တစ်ချိန်ထည်းမှာဘဲ အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင် ၄၅၀ ပါဝင်တဲ့ နြူကလီယား စွမ်းအင်သုံး အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့ကို ဂျပန်နိုင်ငံဆီကို စေလွှတ်ဖို့ အသင့်ပြင်ထားပါတယ်.. ဒါပေမယ့်.. အမေရိကန် ပြည်ထောင်စုရဲ့ နည်းပညာဆိုင်ရာ အကူအညီပေးရန် ကမ်းလှမ်းမှုကို ဂျပန်အစိုးရနဲ့ တိုကျိုလျှပ်စစ် ဓါတ်အား ပေးရေး ကုမ္ပဏီတို့က ငြင်းဆန်ထားပါတယ်.. ဒီလိုငြင်းပယ်မှုအတွက် ပြည်တွင်းမှာ ဆန့်ကျင်ဝေဖန်သူတွေ ရှိနေပေမယ့် အစိုးရနဲ့ တိုကျိုလျှပ်စစ်တို့ဟာ အခုပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်မယ် လို့ ယုံကြည်နေပုံရပါတယ်..

တစ်ချိန်ထည်းမှာဘဲ ကမ္ဘာမှာ နြူကလိယ စွမ်းအင်သုံး ဓါတ်အားထုတ်နိုင်ငံတွေထဲက ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံကတော့ ရေဒီရေးရှင်း ယိုစိမ့်မှုကို ထိန်းရာမှာသုံးတဲ့ ဘိုရစ်အက်ဆစ် တန်ချိန်၁၀ဝ အဏုမြူ အကာအကွယ်ဝတ်စုံတွေ လက်အိပ်တွေနဲ့ မျက်နှာဖုံးတွေကို ပေးပို့ခဲ့ပါတယ်.. တစ်ချိန်ထည်းမှာဘဲ ဂျပန်မှာရှိနေတဲ့ သူ့နိုင်ငံသား ၂၀ဝ ကျော်ကို သယ်ထုတ်သွားခဲ့ပါတယ်.. ဒါ့အပြင် သူ့နိုင်ငံမှာ လောလောဆယ် ဂျပန်ကို ခရီး မသွားကြဖို့ အပြင်းအထန် တားမြစ်ထားပါတယ်တဲ့..

ယခု ၂၀၁၁ ခုနှစ် တိုဟိုကု ပစိဖိတ်ငလျင်ကြီးကြောင့် သေဆုံးရသူဦးရေဟာ ၁၉၉၅ ခုနှစ်က ကမ္ဘာမှာ ကိုဘေးငလျင်လို့ လူသိများတဲ့ (ဟန်ရှင်းငလျင်ကြီး) ကြောင့် သေဆုံးရသူဦးရေ ၆၄၃၄ ဦးထက် ကျော်လွန်သွားပြီဖြစ်ပါတယ်.. ယခုအခါမှာ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေပါ အပါအဝင်ဖြစ်တဲ့ ကယ်ဆယ်ရေးလုပ်သားပေါင်း ၉၀ဝ၀ဝ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ စုစုပေါင်း လူဦးရေ ၂၆၀ဝ၀ ကို အသက်ဘေးကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်.. တစ်ချိန်ထည်းမှာဘဲ ပျက်စီးသွားတဲ့ ရထားလမ်းတွေ အဝေးပြေးလမ်းမကြီးတွေကိုလည်း အပူတပြင်းပြင်ဆင်နေခဲ့တာ အခုအချိန်မှာ အကြမ်းဖျဉ်း ပြင်ဆင်လို့ပြီးသွားတဲ့အတွက် ငလျင်ဒဏ်ခံဒေသမှာ အဓိကလမ်းမကြီးဖြစ်တဲ့ တိုဟိုကု အဝေးပြေးလမ်းမကြီးကို အရေးပေါ်ယာဉ်တွေအတွက် ဖွင့်လှစ်ပေးထားပြီဖြစ်ပါတယ်.. ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ]စန်းဒိုင်} လေယာဉ်ကွင်းကိုလည်း အကူအညီပေးရေး လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဆင်းသက်နိုင်ဖို့ ပြင်ဆင်ပေးပြီးသွားပါပြီ..

ငလျင်ဘေးဒဏ်နဲ့ ဆူနာမီဒဏ်ကို ခံစားခဲ့ကြရတဲ့ ဂျပန်ပြည်သူများအနက် တစ်ချို့ဒေသတွေမှာ အတော်လေး ဒုက္ခရောက်ကြရရှာပါတယ်.. ဒီရက်ပိုင်းအတွင်း အပူချိန်က ရုတ်တရက်ကျဆင်းသွားပြီး အအေးဓါတ် လွန်ကဲခဲ့တာကြောင့် ဒုက္ခသည်ခိုလှုံရေးစခန်းတွေက ဒုက္ခသည်တွေ အတော်လေးခံစားကြရပါတယ်တဲ့.. ဒီကြားထဲမှာ အဆိုးဆုံးကလောင်စာဆီအခက်အခဲကြောင့် ဒုက္ခသည်စခန်းတွေမှာ ယာယီအနွေးပေးစံနစ်တစ်ချို့ ရပ်ဆိုင်းထားခဲ့ရတာပါဘဲ.. ဒါ့အပြင် လောင်စာဆီအခက်အခဲနဲ့ ရေဒီရေးရှင်းအန္တရာယ်ကြောင့် ဘေးဒုက္ခခံစားရတဲ့ ဒေသတွေဆီကို အစားအသောက်နဲ့ တခြားထောက်ပံ့ရေးအကူအညီပေးပို့ရေးတွေဟာလည်း အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါသတဲ့.. ဒါ့အပြင် ငလျင်ဒဏ်ခံဒေသတစ်ချို့က ဆေးရုံတွေမှာ အခက်အခဲများစွာရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်.. ဆေးရုံတစ်ချို့မှာ တက်ရောက်ကုသနေတဲ့ သက်ကြီးရွယ်အို လူမမာတွေခမြာ ကြမ်းပြင်ပေါ်မှာ အစီအရီလဲလျောင်းကာ မစို့မပို့ ဆေးဝါး အာဟာရနဲ့ အသက်ဆက်ပြီး အကူအညီတွေကို စောင့်မျှော်နေရတဲ့ အခြေအနေတွေလည်း ရှိနေသေးတယ်လို့ဆိုပါတယ်... ဖူကူရှီးမားဒေသက ဆေးရုံတစ်ချို့မှာတော့ လျှပ်စစ်ဓါတ်အား၊ ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း ချို့တဲ့အားနည်းမှုကြောင့် ဖြစ်ပွားရတဲ့ အသေအပျောက်တွေတောင်ရှိနေတယ်လို့ကြားသိရပါတယ်..

လာမယ့် တနင်္လာနေ့မနက်ဟာ ဂျပန်နိုင်ငံရဲ့ နွေဦးရာသီအထိမ်းအမှတ် ရုံးပိတ်ရက်ဖြစ်တာမို့ ဒီနေ့ စနေနေ့မနက်မှာ ဂျပန်နိုင်ငံတစ်ဝှမ်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဦးဆောင်တဲ့ ဗော်လန်တီယာစင်တာတွေက ဗော်လံတီယာတွေရဲ့ အကူအညီ ပေးရေး အစီအစဉ်ကြီး ဒီရက်ပိုင်း ရုံးပိတ်ရက် သုံးရက်မှာ စတင်နေပါပြီ.. တစ်ချို့နေရာတွေမှာ အပျက်အစီးတွေကို ရှင်းလင်းဆဲ တစ်ချို့နေရာတွေမှာတော့ အဆောက်အဦတွေကို ပြန်လည်ပြီး စတင်ဆောက်လုပ်နေပါပြီ..

ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပေါ်ပေါက်ခဲ့တဲ့ ဘဏ်ရဲ့ ကွန်ပြူတာစနစ် ချို့ယွင်းမှုကြောင့် ပြီးခဲ့တဲ့ သောကြာနေ့အထိ ဂျပန်ရဲ့ထိပ်တန်းပုဂ္ဂလိက ဘဏ်ကြီး မီဇူဟိုရဲ့ အေတီအမ်စက်တွေမှာ ငွေထုတ်မရတဲ့ ပြဿနာပေါ်ခဲ့ပါတယ်၊ လေးရက်တာအတွင်း ဘဏ်မှာ စာရင်းဖွင့်ထားတဲ့ လစာပေးစာရင်းပေါင်း ၆၂၀ဝ၀ဝ မှာ ငွေထုတ်မရနိုင်တဲ့ ပြဿနာတက်ခဲ့တာမို့ လေးရက်တာအတွင်း ငွေလည်ပတ်မှုပမာဏစုစုပေါင်း ယန်းငွေ ၇၇၅ ဘီလျံခန့် မလည်ပတ်နိုင်ဘဲ ပိတ်ဆို့နေခဲ့ပါသတဲ့.. ဒါပေမယ့် ယခုကျရောက်တဲ့ ပိတ်ရက် သုံးရက်အတွင်း အဲဒီကွန်ပြူတာ စနစ်ချို့ယွင်းမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ရပြီး ရုံးဖွင့်ရက်ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ရပါတယ်.. အဲဒီကိစ္စအတွက် မီဇူဟိုဘဏ်ဥက္ကဌ ဆာတိုရု နီရှီဘိုလိ ကိုယ်တိုင် မနေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး အများပြည်သူကို ဦးညွှတ်ဝန်ချတောင်းပန်တာ တီဗီကနေတစ်ဆင့် မြင်တွေ့လိုက်ရပါတယ်.. ဘဏ်အနေနဲ့ လာမယ့် အင်္ဂါနေ့အထိမှ အဲဒီကွန်ပြူတာ ချို့ယွင်းချက်ကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိရင် ဘဏ်စာရင်းပိုင်ရှင်တွေကို တစ်ဦးလျှင် ယန်းတစ်သိန်းအထိ လျော်ကြေးပေးဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်.. ကောင်းလိုက်လေခြင်းဗျာ.. တစ်ပတ်လောက် ငွေထုတ်မပေးနိုင်တာနဲ့လျော်ကြေးရမယ်ဆိုလို့ပါ..

ဒီရက်ပိုင်း တဟုန်ထိုးကျဆင်းနေတဲ့ ဂျပန်စတော့ရှယ်ယာဈေးကွက်ရဲ့ အညွှန်းကိန်းတွေဟာလည်း သောကြာနေ့မှာ ပြန်လည်ဦးမော့လာပါတယ်..ဒီလိုကြီးမားတဲ့ သဘာဝဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရပေမယ် ဂျပန်နိုင်ငံတွင်းကရော ပြည်ပကပါ့  ဂျပန်ရဲ့စီးပွားရေးဟာ ခိုင်မာဆဲဘဲလို့ ငလျင်ဘေးကြီးဖြစ်ပြီးစကတည်းက စီးပွားရေးအသိုင်းအဝိုင်းကရော ပညာရှင်အားလုံးကပါ ယုံကြည်ထားကြတာပါ.. တစ်ကယ်လည်းဘဲ အခုလို ကသောင်းကနင်း အခြေအနေတွေ ကုန်လွန်သွားတာနဲ့ တစ်ပြိုင်နက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ပြည်တွင်းဈေးကွက်ကြီးရဲ့ ဝယ်လိုအား က ကြောက်ခမန်းလိလိဖြစ်လာဖို့အလားအလာအများကြီးရှိပါတယ်ခင်ဗျား..

MMCPမှ koshwemung အားကျေးဇူးတင်ရှိပါသည်...

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.