Tuesday, September 20, 2011

2 ဒို့ပိုင်တဲ့ ဒို့မြေ ဒို့ပြည်ကို ဒို့ပဲ ကာကွယ်ကြရမှာပါ

(အောင်မိုးဝင်း)

Chi Bwe Hydro Power Dam Photo via demowaiyen

မြန်မာပြည်ဟာ အပျက်ဘက်ကို ကုန်းဆင်းအတိုင်း လှိမ့်လာတာ ဆယ်စုနှစ် ၅ စုရှိနေပါပြီ။ အခု ၂၀၁၁ -၂၀၁၂ ဘက်ဂျက်လိုငွေဟာ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ (ကျပ်ဘီလီယံ ၂,၃၀၀ ကျော်) ရှိနေတယ်ဆိုတာ မဇ္ဈိမသတင်းအရ သိရပါတယ်။ ဆိုလိုတာက နိုင်ငံဟာ အရှုံး ကျပ်ဘီလီယံ ၂,၃၀၀ ကျော် နေပါတယ်။ နိုင်ငံကြီးတနိုင်ငံအတွက် ပြဿနာ မရှိနိုင်ပေမယ့် မြန်မာနိုင်ငံလို ရုန်းကန်နေရတဲ့ နိုင်ငံအတွက် အလွန်များလှပါတယ်။ ကျပ်ဘီလီယံ ၂,၃၀၀ အပြင် နိုင်ငံတကာကနေ နှစ်စဉ်နှစ်တိုင်း ချေးယူထားတဲ့ အခြား အကြွေးတွေ ဘယ်လောက် ရှိနေမလဲဆိုတာ လျှို့ဝှက်ထားတာတွေကြောင့် စီးပွားရေးပညာရှင်တွေတောင် တွက်ချက်ခန့်မှန်းရ ခက်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ တရုတ်အစိုးရကို တော်တော်များများ အကြွေးတင်ထားပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ကမ္ဘာနိုင်ငံတွေဟာလည်း သူ့ပြဿနာနဲ့သူ ရုန်းကန်နေရတာပါ။ တရုတ်နိုင်ငံအတွက် ထွက်ပေါက်တခုအနေနဲ့ အသုံးခံနေရတာကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံပါပဲ။ မြန်မာနိုင်ငံကို တရုတ်ပြည်က နောက်ဖေးပေါက်အဖြစ်သုံးဖို့ စီမံကိန်းချ လုပ်ဆောင်လာတာ ကြာပါပြီ။ မြန်မာပြည်ထဲမှာ တရုတ်စကား၊ တရုတ်စာပေ ထွန်းကားအောင်လည်း စနစ်တကျ လုပ်ဆောင်နေဆဲပါ။ မြန်မာအမျိုးသမီးတွေဟာလည်း တရုတ်ပြည်ဖက်ကို ရောင်းကုန်တခုလို တင်ပို့ခံနေရတာလည်း ကြာပါပြီ။ တရုတ်ပြည်အနာဂတ်အတွက် ကြိုတင် ရင်းနှီးထားတာပါ။ လူမျိုးရေးထက် တရုတ်နိုင်ငံရဲ့ပေါ်လစီလို့ ယုံကြည်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို အိုလံပစ်ပွဲမတိုင်ခင် ရောက်ခဲ့တုန်းက မြန်မာပြည်ထဲက သစ်၊ ကျောက်မျက်ရတနာ အဖိုးတန် အရင်းအမြစ်တွေ တရုတ်နိုင်ငံဖက်ကို အလုံးအရင်းနဲ့ သွင်းနေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အခုလဲ မြန်မာပြည်မြစ်တွေမှာ ဆည်တွေ၊ ရေကာတာဆောက်လုပ်ရေး လုပ်ငန်းတွေကို အကြွေးနဲ့နှိမ်ပြီး လာဆောက်လို့ သဘာဝပတ်ဝန်းကျင်တခုလုံး ပျက်ဆီးရတယ့်အပြင် ပတ်ဝန်းကျင်ဒေသတခုလုံးက သစ်ဝါးမကျန် သဘာဝအရင်းအမြစ်တွေကို ကိုယ့်ပစ္စည်းလိုသဘောထား သယ်ထုတ်နေတာတဲ့သတင်းတွေ ထွက်ပေါ်လာပြီး လွှတ်တော်ထဲမှာတောင် တင်ပြတယ်လို့လည်း ကြားပါတယ်။

တရုတ်အစိုးရနဲ့ စီးပွားရေးသမားတွေဟာ သူတို့တိုင်းပြည်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေရာ ကြာပါပြီ။ ကူမင်းမြို့ကို သုံးကြိမ်တိုင်တိုင်ရောက်ခဲ့စဉ်က လေယာဉ်ပေါ်ကနေ အောက်ကိုကြည့်လိုက်တိုင်း စိတ်မချမ်းသာပါဘူး။ တောင်ကြီးတွေကို စက်အားနဲ့ တအားဖြိုဖျက်ပြီး လမ်းတွေဆောက်၊ စက်ရုံတွေဆောက်ဖို့အတွက် မြေပြင်ညီအောင်လုပ်နေတာဟာ မြင်မကောင်းပါဘူး။ အရေခွံခွာထားတဲ့ သားကောင်တကောင်လို သွေးသံတရဲရဲနဲ့ပါ။ ကူမင်းမြို့တခုလုံးမှာလဲ ရှေးဟောင်းရက်ကွက်တွေကို ဖျက်ပြီး အထပ်မြင့်အိမ်ရာတွေဆောက်ပြစ်နေတာလည်း လူ့ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ပျက်စီးကုန်တာတွေ တွေ့ရတော့တည်း ဝမ်းနည်းမိခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဟာ မဟာအင်အားကြီး နိုင်ငံတခုပါ။ အမေရိကန်အစိုးရရဲ့ အကြွေးရှင်နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်သမ္မတ အမေရိကန်ကိုလာတုန်းက တိဘက်လူမျိုးတွေနဲ့အတူ အိမ်ဖြူတော်ရှေ့မှာ သွားဆန္ဒပြတုန်းက သတိထားမိတာကတော့ ကိုရွှေတရုတ်ကြီး ဆန္ဒပြနေတာတွေကို မမြင်နိုင်အောင်လို့ အိမ်ဖြူတော် မျက်နှက်စာဖက်ကို ပိတ်ကားအဖြူကြီးနဲ့ ကာထားပေးခဲ့ပါတယ်။ မျက်နှတော်မညိုးစေလိုဘူးနဲ့ တူပါတယ်။ကျနော်အခုနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာလည်း တရုတ်လူမျိုး အများအပြားလာပြီး အခြေချနေထိုင် စီးပွားလုပ်နေကြပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ တရုတ်တန်း ၅ ခုဟာလည်း တနေ့တခြား ကြီးထွားလာနေပါတယ်။ တရုတ်နိုင်ငံမှာ တယောက်ပဲမွေးရတာမို့ အမေရိကန်များ အများအပြားမွေးကြပါတယ်။ ရတဲ့အခွင့်အရေး အကုန်ယူကြပါတယ်။ ရှေ့လူ နောက်လူ မကြည့်ပါဘူး။ အတ္တလွန်ကဲကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ နောက်ပြဿနာတခုကတော့ မက္ကဆီကိုနိုင်ငံကနေ တရားမဝင် လာရောက်အခြေချနေထိုင်မှုပါ။ ဆင်းရဲတဲ့ မက္ကဆီကိုကနေ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်ကို လာရောက် ပြောင်းရွှေ့နေထိုင်ကြတာ မဆန်းပါဘူး။ မြန်မာနိုင်ငံသားတွေလဲ ထိုင်းနိုင်ငံထဲကို တရားမဝင် နေထိုင်နေကြသလိုပါပဲ။ ဒါပေမယ့် ဆင်းရတဲ့ မြန်မာနိုင်ငံမှာထဲကို ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်နေထိုင်နေကြတာကတော့ သဘာဝ မကျလှပါဘူး။ စီမံချက်ရှိရှိ လုပ်ဆောင်နေတယ်လို့မြင်တာကို မှားမယ်မထင်ပါဘူး။

ကျနော်တို့ရဲ့ တိုင်းပြည်ဟာ အပျက်ဖက်ကိုပဲ ဦးတည်သွားနေပါတယ်။ ကိုယ့်ဘက်ကနေ အကာအကွယ်ပေးမယ့် မိတ်ဆွေတွေ အထူးလိုအပ်နေပါတယ်။ မဟာမိတ်ကောင်း ဖွဲ့ရမယ့်အချိန်ဖြစ်နေပါပြီ။ အကျနှေးအောင် အကျမနာအောင် စဉ်းစားနေရတဲ့အချိန်ဖြစ်နေပါပြီ။ ဝိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး ကောင်းသောအနာဂက်ဆီသို့ လက်တွဲသွားရင်း ကာကွယ်ကြပါစို့။

ဖြည့်စွက်။ ။ အာဖရိကမှ တရုတ်ခြေလှမ်းများ http://www.youtube.com/watch?v=_G18WUTOTF0

0 လှိုင်သာယာရှိအမေ့အိမ်(အခမဲ့)ပညာဒါနကျောင်းသို့သွားရောက်လှူဒါန်းခဲ့သောအဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့မွန်မြတ်သောအလှူ (ဓာတ်ပုံသတင်း)


Photo/ annegga Facebookမှ

Monday, September 19, 2011

1 မိုးညှင်းမြို့နယ်တွင် ဧရာဝတီ (မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး) အကြောင်းဗဟုသုတဖြန့်ဝေခဲ့သော ဦးဝင်းချိုရဲ့  ဟောပြောပွဲဗီဒီယို


မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆို ထားတဲ့ ဦးဝင်းချို(တစ်သီးပုဂ္ဂလ)ရဲ့ရေးသားချက်တွေကို http://www.dawnmanhon.com/2011/09/blog-post_1765.htmlနဲ့http://www.dawnmanhon.com/2011/09/blog-post_5429.html မှာ ဖတ်ရူနိုင်ပါတယ်..

VIDEOဖိုင်ပေးပို့သော ဆရာဦးဝင်းချိုအားဒေါင်းမာန်ဟုန်မှအထူးကျေးဇူးတင်ရှိပါတယ်..

0 မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်တန့်ရန် ရန်ကုန်ရှိတရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်

မြန်မာအစိုးရနှင့်တရုတ်ကုမ္မဏီဖြစ်သည့် CPI တို့ သဘောတူလက်မှတ်ရေးထိုးထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတစ်ရပ် ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ အမှတ်(၁) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် Save the Irrawaddy စာသားပါ တီရှပ်များ ဝတ်၍ ငြိမ်သက်စွာ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို စီစဉ်သူများဆီမှ သတင်းစကား ရရှိထားသူတစ်ဦးက ပြောသည်။

“၁၁ နာရီ တရုတ်သံရုံးရှေ့ကို အကျီင်္ဝတ်ပြီး လာဖို့ ပြောထားတယ်။ ကျွန်တော်လို လာမယ့်လူတွေ များတယ်ဆိုတာလည်း ကြားတယ်။ ဒီမြစ်ဆုံ ကိစ္စကတော့ သဘောမတူကြောင်း ပညာရှင်တွေပြောသလို ကျွန်တော်တို့ လူငယ်တွေကလည်း သဘောမတူကြောင်း တစ်ခုခုလုပ်ပြသင့်တယ် ထင်တယ်”ဟု အသက် ၂၂ အရွယ်လူငယ်တစ်ဦးက ဆိုသည်။

နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်ဘက်ရှိ မြစ်ဆုံဒေသတွင် ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရာပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာသည် စင်ကာပူနိုင်ငံခန့် အရွယ်အစားရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကာ၂၀၀၉ ခုနှစ် မှ စတင်ဆောက်လုပ်နေသည်။ ရှစ်နှစ် ကြာမည့် ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေး စသည်များ ထိခိုက်ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် မြန်မာ (BANCA) ကျွမ်းကျင်ပညာရှင် ၉၀နှင့် တရုတ်ပညာရှင် ၁၀ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့ကလည်း စာမျက်နှာ ၉၀၀ ကျော် ပါရှိသည့် အစီရင်ခံစာတစ်ရပ်အား သက်ဆိုင်ရာသို့ ပေးပို့ထားသည်။

လာမည့် စက်တင်ဘာ ၂၆ ရက်တွင်လည်း လန်ဒန်ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံကိစ္စအား လုပ်ဆောင်နေခြင်းကို ဆန္ဒပြရန် လန်ဒန်ရောက် မြန်မာအသိုင်းအဝိုင်းအား နှိုးဆော်ထားကြောင်း သိရသည်။

YC(KS)yangonchronicle 2011

0 ‎"ဖြတ်သာသွားတယ် မနားတယ်" (သီချင်းရေးသူ-ဆရာစိုင်းခမ်းလိတ်)


ဒီသီချင်းက လောပိတ ကထွက်တဲ့ ငွေရောင်လျှပ်စစ်ဓါတ်အားလိုင်း ကြေးနန်းကြိုးကြီးတွေဟာ
မြို့တွေရွာတွေကိုဖြတ်သွားပေမယ့် မီးမရတဲ့အတွက် အမှောင်ထဲမှာနေသားကျနေကြသလို
ဖြစ်နေကြရတဲ့ ပြည်သူတွေ ကိုယ်စား ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တာပါ၊

"ဖြတ်သာသွားတယ် မနားတယ်"
တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့
...
ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

အိမ်မှာခဏလေးဖြစ်ဖြစ် နားပါကွယ်

ဖြူစင်စေတနာရှေ့ထား ဖိတ်မိတယ်

တွင်တွင်သာ သူ့ခေါင်းကို ခါရှာတယ်

ဖြတ်သာသွားတယ် မနားတယ်....

အရှေ့ဘက်ကထွက်တဲ့ ကုန်တွေပါရင် ဝယ်ဦးမယ်

မလောင်ပေမယ့် လင်းတဲ့ မီးစာရယ်..

ရောင်းခွင့် မရသေးရင်လည်း နေပါစေတော့ကွယ်

အမှောင်မှာနေတာကျင့်သားရပြီပဲ...

တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့

ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ဖြတ်သာသွားတယ် မနားတယ်.....

Chocho Myaing Facebookမှ

1 “မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ”ဆိုတဲ့ သူတွေသိဘို့ 

ကျနော်ဝင်းချိုပါ။မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆို ထားတဲ့ ဦးဝင်းချို(တစ်သီးပုဂ္ဂလ)ပါ။

ဒီရက်ထဲမှာကျနော်စာမရေးဖြစ်ဘဲတခြားသူတွေရေးတဲ့ စာတွေ။ စကားတွေကိုဘဲဖတ်နေ၊ နားထောင်နေခဲ့ပါ တယ်။ ခုတော့ ပြောချင်လာတာနဲ့ ဝင်ပြောဖြစ်ပါပြီ။လျှာရှည်တတ်တော့ စာရှည်သွားရင်လည်း သည်းခံပြီးဆုံးအောင်ဖတ်ပြီးတော့ မှပြတ်ပြတ်သားသားဝေဘန်ကြပါအုံး။

“မြစ်ဆုံဆည်”ကိစ္စကိုပြောဆိုကန့် ကွက်ကြတဲ့ သူတွေထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ။ စာပေပညာရှင်တွေ။ဆည်တည်ဆောက်ရေးပညာရှင်တွေ။----ပညာရှင်တွေအစရှိသဖြင့် ပါသလိုကန့် ကွက်သူတွေမှားတယ်(သို့ )လက်ခံသင့် တယ်လို့ ပြောဆိုနေကြတဲ့ သူတွေကတော့ အုပ်ချုပ်သူ။သူတို့ နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းပေါ့ ဗျာ။ဒါဆိုရင်ပြောလို့ ရတဲ့ အချက်က အုပ်သူနဲ့ အုပ်ချုပ်ခံပညာရှင်တွေဟာ အယူအဆ မတူကြဘူး (ရပ်တည်တဲ့ ဘက်မှမတူကြဘဲကိုးဗျ)

ကျနော်အတွက်တော့မြစ်ဆုံဆည်နဲ့ပတ်သက်ပြီးစပြောကတည်းကနိုင်ငံသားအခွင့်အရေးကိုပြောတာ တခြား အကြောင်းအရာကစပ်မိစပ်ရာပြောရင်းပါလာတာ။ကျနော်ကပညာရှင်မှမဟုတ်တာ။ နိုင်ငံရေးသမားက နိုင်ငံရေးစကားဘဲပြောရမှာပေါ့ ။ နိုင်ငံတော်အရေးနဲ့ ချီတဲ့ အကြောင်းအရာတွေမှာ “ဆိုးကျိုးကိုအဓိကခံစားရမဲ့ ပြည်သူတွေ”ကိုပါဝင်ပတ်သက်ခွင့် မရှိစေဘဲ ပေးတာယူ။ ကျွေးတာစား။ ခိုင်းတာ လုပ်။ ခံမပြောနဲ့ ဆိုတဲ့ အဆင့် မှာဘဲထားဘို့ ကြိုးစားနေတာလား။အဲဒါဆိုရင်စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့ စကားလုံးမသုံးနဲ့ ။ဒီမိုကရေစီဘက်တော်သားလို့ လည်းမသုံးနဲ့ ။ဖွဲ့ စည်းပုံအခြေခံဥပဒေကိုမြောင်းထဲလွှင့် ပစ်နေကြပြီဘဲ။
လွှတ်တော်ကိုယ်စားလည်တွေ။ဝန်ကြီးတွေအပါအ၀င်အုပ်ချုပ်ရေးယန္တရားထဲမှာပါဝင်သူတွေကိုယ်တိုင်လက်နက်ကိုင်ပြီးပြည်သူကိုအုပ်ချုပ်ကြတော့ ။ကျနော်တို့ ကလည်းသည်းခံနိုင်ရင်ခံမယ်။မခံနိုင်ရင် အသက်စွန့် ပြီးတော်လှန်မယ်။ ဒီလမ်းကိုရွေးချယ်နေတာတော့ မဟုတ်လောက်ဘူးထင်လို့ ပြည်သူ့ အသံ။ပြည်သူ့ ဆန္ဒကိုဥပဒေနဲ့ အညီ တင်ပြနေတာပါ။
ကျနော်ဘယ်သူ့ ကိုမှ ပုဂ္ဂလဓိဌာန်ပုတ်ခတ်အပြစ်ပြောလေ့ မရှိတာကိုကျနော့် စာတွေမှာတွေ့ နိုင် ပါတယ်။ကျနော်တို့ ယဉ်ကျေးမှုမှာလည်းကြီးသူကိုရိုသေ။ဆိုတာနဲ့ အစချီထားတာကိုးဗျာ။ နောက်ပြီး ကျနော်တို့  နိုင်ငံရေးကလည်း(၁၉၆၂)ခုနှစ်ကျနော်လေးနှစ်သားကတည်းကအာဏာနဲ့ အမိန့် နဲ့ အုပ်ချုပ်ခဲ့ ရတာကိုအထိုင်ကျနေပြီဆိုတော့ သူတို့ ဟာဥပဒေကိုလေးစားလိုက်နာဘို့ ထက်အမိန့် နာခံတတ်ဘို့ ကိုဘဲ လေ့ ကျင့် ခဲ့ ရတာ။အဲဒီသူတွေကခေါင်းဆောင်လုပ်အုပ်ချုပ်တာကလည်းနှစ်ပေါင်း(၅၀)ဆိုတော့ “ရေဘူး ပေါက်တာ မလိုချင်ဘူး။ရေပါတာဘဲလိုချင်တယ်”ဆိုတဲ့ စကားမျိုးကဆိုရိုးတောင်ဖြစ်သွားပြီ။

ပြည်သူတွေကလည်းမှားမှားမှန်မှန်ပြန်ပြောချင်စိတ်မရှိတော့ ဘူး။ဒါပေမဲ့ “နေသေးသပ။ ချုံထဲကချိုသွေးတမြမြ”ဆိုရင်တော့ ဘယ်သူ့ အတွက်မှကောင်းတဲ့ အလားအလာမဟုတ်တာအမှန်ပါဘဲ။ အဲဒီတော့ ပြည်သူတွေပြောရဲဘို့ ။ပြောချင်စိတ်ရှိလာဘို့ ။ ချက်ကျလက်ကျပြောတတ်အောင်။ နောက်ပြီးတာဝန်ရှိသူ၊ အာဏာပိုင်တွေကလည်းဥပဒေကိုလေးစား၊လိုက်နာသူတွေဖြစ်လာအောင်တတ် နိုင်သလောက်ကြိုးစားနေတာဘဲဖြစ်ပါတယ်။

ဝေဘန်ခွင့် မပေးဘဲကျနော်တို့ ပြည်သူတွေကိုနှစ်ပေါင်း(၂၀)ကျော်စက်ရုပ်လိုထား၊အုပ်ချုပ်ခဲ့ ပြီးပြီဘဲ။ကျေနပ်ပါတော့ ။ကျနော်တို့ နိုင်ငံတကယ်တိုးတက်စေချင်တယ်ဆိုရင် ပြည်သူတွေရဲ့ အမြင်ကိုမတားဆီးနဲ့ ။အလေ့ အကျင့် မရှိလို့ အပြောမှားပြီးအမှားပြောရင်တောင်မှခွင့် လွှတ်ပေးသင့် ပါတယ်။“သူတို့ ခမျာများပြောခွင့် မှမရခဲ့ ကြတာ”

ဒါပေမဲ့  ဒီမိုကရေစီတောင်မှစည်းကမ်းပြည့် ဝသော ဒီမိုကရေစီစံနစ်ကိုပြည်သူတွေအတွက်ရျေ့ ဆောင်ရမယ့် အုပ်ချုပ်သူအာဏာပိုင်တွေကတော့ လက်လွတ်စပါယ်ပြောပြီးပြည်သူကိုစော်ကားခွင့် မရှိဘူးလို့ ကျနော်ကတော့ ပြောချင်တယ်။ဘာကြောင့် လည်းဆိုရင် သူကသန်း(၆၀)ထဲက တယောက်ဆိုတာထက်ပိုသွားပြီ။ကျနော်တို့ အတုယူရမယ့် လက်တဆုပ်စာ ခေါင်းဆောင်ထဲက တယောက်ဖြစ်သွားပြီ။အဲဒီတော့ အပြောအဆိုဆင်ခြင်ပါဗျာ။

လုပ်ပိုင်ခွင့် တွေယူထားပြီးတာဝန်မယူတတ်တဲ့ သူတွေကြောင့် ကျနော်တို့ နိုင်ငံ ဒီဘ၀ ရောက်တာ။ စကားမစပ်ပြောပါရစေအုံး။

ဦးဌေးဦးပြောသွားတဲ့ စကားထဲမှာ““အရင်က ကျွန်တော်လယ်/ဆည်ဝန်ကြီးဟောင်းလုပ်ခဲ့ ပါတယ်။ မျိုးစုံပြောပါတယ်။ကျွန်တော်ဆည်တခုဆောက်ပြီးတိုင်း။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပျက်စီးမယ်တို့ ဘာတို့ ပြောကြတာပေါ့ ။အကျိုးရှိတာလည်းရှိပါတယ်။တဖက်ကလည်းရေမြုပ်သွားတာလည်းရှိပါတယ်”တဲ့ ဗျ။သတ္တိကိုလည်းချီးကျူးပါတယ်။

မှားတာတွေရှိခဲ့ တယ်ဆိုတာကိုဝန်ခံတာဘဲဗျာ။ဒါပေမဲ့ ရေမြုပ်ခဲ့ တာတွေအတွက်တာဝန်ယူစရာမလိုခဲ့ ဘူးဆိုတာကိုလည်းတွေ့ ရမှာပါ။ကျနော်တို့ ပြည်သူသန်း(၆၀)ထဲမှာလည်းတာဝန်ယူဘို့ မလိုရင်လုပ်ပိုင်ခွင့် လိုချင်တဲ့ သူတွေရှိမှာပါဘဲ။

ကဲကျနော်တို့ ပြည်သူတွေဖြေကြည့် ကြပါအုံး။ “““အမှားတွေအတွက်တာဝန်ယူစရာမလိုဘူးဆိုရင်ဝန်ကြီးမလုပ်ချင်ဘူးလား။””ဗျာတို့ 
သည်းခံဖတ်ရှုသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။“အပြောကတော့ ဟုတ်ပါရဲ့ ။ဘာများလုပ်ခဲ့ ဘူးလို့ လဲ”ဆိုတဲ့  comment မျိုးတွေရေးပြီးအားပေးသူတွေကိုလည်းကျေးဇူးတင်တာပါဘဲဗျာ။

ကျနော်ခါတော်မီတော့ မဟုတ်ပါဘူးဗျာ။ နော။ ဘယ်ပါတီနဲ့မှမပတ်သက်။ ဘယ်သမဂ္ဂမှမ၀င်ဘူးပါဘူး။(၁၉၈၈)ခုနှစ်အရေးတော်ပုံ ကာလမှာ ပင်လယ်ထဲရောက်နေတဲ့  သင်္ဘောသား ဆိုတော့ ပြည်ပမှာပထမဆုံးမြန်မာနိုင်ငံသံရုံးကိုဆန္ဒပြတဲ့ အဖွဲ့ မှာပါခဲ့ ပါတယ်။၁၈/၉/၈၈မှာ န-၀-တ အာဏာသိမ်းတယ်။ကျနော်တို့ မြို့ မရွာသင်္ဘောက၁၉-၈-၈၈ မှာမြန်မာနိုင်ငံပြန်ရောက်တယ်။

အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ ( L /S )ကို ဥက္ကဌေိုလ်ကြီးဇော်ညွန် ။အတွင်းရေးမှုးဦးဝင်းချိုနဲ့ ရန်ကုန်မြို့ (၃၅)လမ်းကအခန်းကျဉ်းလေ့းမှာစတင်ဖွဲ့ စည်းခဲ့ ပါတယ်။ကျနော်(၂၁)ဦးကော်မီတီဝင်ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်းစိန်ရောက်တုန်းကလက္ခဏာဆရာနံမယ်ကြီးဆရာစံဇာဏီဘိုနဲ့ လည်းကြိုးတိုက်(၂)မှာတူတူဘဲပေါ့ ဗျာ။အလုပ်သမားသွေးစည်းညီညွတ်ရေး ( L/S )ကိုလည်းနောက်လူတွေ ဆက်လက်တာဝန်ယူကြတယ်ပေါ့ ။အဲဒီတုန်းကပြောဖြစ်တာက လူ့ အခွင့် အရေး။အလုပ်သမားအခွင့် အရေး။အခုကနိုင်ငံသားတို့ ၏မူလရပိုင်ခွင့် များနှင့် တာဝန်များ။ဒီလောက်ဘဲကွာသွားတာပါ။


အခု“ဧရာဝတီ”အကြောင်းပြောနေရတာပြည်သူတွေကိုဘာမှပြောစရာမလိုဘူး။ပေးတာယူ။ကျွေးတာစား။ခိုင်းတာလုပ်။ဆိုတဲ့ အမူအကျင့် တွေ။အပြောအဆိုတွေပါလာလို့ ဒီလောက်ရှုတ်ထွေးကုန်တာ။ဘယ့် နှယ်ဗျာကမ္ဘာတည်သရွေ့ ရှိသင့် တဲ့ အမျိုးသားရေးလက္ခဏာမို့ ပါ။စဉ်းစဉ်းစားစားလုပ်စေချင်ပါတယ်လို့ ပညာရှင်တွေဒီလောက်ပြောနေတာကို ဘယ်သူတားတားဆက်လုပ်မယ်ဆိုရင်။ဟုတ်ကဲ့ ကျနော်တို့ ကလည်းဖမ်းချင်ဖမ်း။သတ်ချင်သတ်။ကန့် ကွက်မယ်လို့ ပြောရမှာပါ။

ဘာဘဲပြောပြောအခုအများနဲ့ တိုင်ပင်ဆွေးနွေးမယ်ဆိုတဲ့ သဘောထား။ အသံရလာတယ်။ အင်မတန်ဝမ်းသာဘို့ ကောင်းပါတယ်။ကျနော့် အတွက်တော့ ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောတယ်။ ပြည်သူရဲ့အသံကိုနားထောင်တယ်။နိုင်ငံတော်အာဏာဟာ ပြည်သူထံကဆင်းသက်တယ်ဆိုတာကို ယုံကြည် လက်ခံတဲ့  အစိုးရဘဲရှိသင့် တယ်လို့ (ဖွဲ့ စည်းပုံအခြေခံဥပဒေရှီပြီးပြီဆိုတော့ )သဘောထားတယ်။ဒါပေမဲ့  on line ပေါ်ကမိတ်ဆွေများကတော့ လွှတ်တော်မှာ တင်ပြပြီးကိုယ်စားလှယ်တွေမဲခွဲရင်ပြည်-ခိုင်ဖြိုးပါတီကမဲအသာစီးနဲ့ အနိုင်ယူသွားမှာစိုးရိမ်နေတာကိုလည်းသတိထားမိတယ်။“ဧရာဝတီ”ကိုဖျက်ဆီးမဲ့ ဒီစီမံကိန်းဆက်လုပ်ခွင့် ရသွားနိုင်တယ်ပေါ့ ဗျာ။ကျနော့် အမြင်ကတော့ ပြည်သူတွေညီညွတ်ရင် လွှတ်တော် မှာ ဒီအဆိုတင်ရင်လည်းရှုံးရမယ်။အဲသလိုယုံတယ်။
“လွှတ်တော်ကိုယ်စားလှယ်”ဆိုတာကိုယ်စားပြုတဲ့ပြည်သူတွေရဲအသံကိုနားထောင်ရမှာ။မြို့နယ်တွေမှာပြည်သူတွေသိအောင်ရှင်းလင်းပြောပြ။ပြီးရင်ဆန္ဒမေးမြန်း။လွှတ်တော်မှာတင်ပြ။ဒီလိုဘဲဖြစ်ရမှာလေ။ငါတကော ၊ကောလို့ မရဘူး။အဲသလိုမဟုတ်ဘဲ“ဧရာဝတီ”အရေးကိုပြည်သူကိုမတင်ပြဘဲ ငါအတော်ဆုံး။ ငါအတတ်ဆုံး။ပြည်သူ့သဘောမလိုဘူး။ငါ့ သဘောနဲ့ငါဆုံးဖြတ်မယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိမှာမို့ လာ။

ဒါဆိုရင်လည်း“ဧရာဝတီ”ကိုသစ္စာဖေါက်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို၁ုံးမဘို့ “ဖွဲ့ စည်းပုံအခြေခံဥပဒေ”မှာ ပုဒ်မ(၃၆၉)နဲ့ ပုဒ်မ(၃၉၆)ရှိပါသေးတယ်။ မှတ်ထားဗျာ။ လွယ်လွယ်လေး။ သုံးလုံးနံပါတ် ပေးတာတော့ မဟုတ်ဘူး။(၃၆၉)နဲ့ (၃၉၆)ဟုတ်ပြီနော်။

ပုဒ်မ(၃၆၉)(ခ)သက်ဆီုင်ရာမဲဆန္ဒရှင်များသည်လွှတ်တော်တရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။ လို့ ဆိုပါတယ်။

ပုဒ်မ(၃၉၆)(က)လွှတ်တော်ကိုယ်စားလှယ်တဦးကိုအောက်ပါအကြောင်းတရပ်ရပ်ကြောင့် တာဝန်မှရုပ်သိမ်းခွင့် ရှိသည်။

(၁)နိုင်ငံတော်၏ကျေဒဇူးသစ္စာကိုဖေါက်ဖျက်ခြင်း။

(၂)ဤဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကိုဖေါက်ဖျက်ကျူးလွန်ခြင်း

(၃)အကျင့် သိက္ခာပျက်ပြားခြင်း

(၄)ဤဖွဲ့ စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏အရည်အချင်းပျက်ယွင်းခြင်း။

(၅)ဥပဒေအရပေးအပ်သောတာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း။

ကဲ ချောင်းးဆိုးရင်ကွမ်းရွက်နဲ့ သောက်။ဗိုက်နာရင်ဆီလေးနဲ့ လူး။ထိခိုက်မိရင်သူ့ ချည်းဘဲအုံ။ ပြည်သူထံက အာဏာသက်ဆင်းဘို့ စီစဉ်ထားတာပါလို့ ကျနော်ကတော့ ဒီလိုဘဲမြင်ပါတယ်။

အော် ပုဒ်မ(၃၉၆)(ခ)ကိုမေ့ တော့ မလို့ ။

သက်ဆိုင်ရာမဲဆန္ဒရှင်၏မူလမဲဆန္ဒရှင်များအနက်အနည်းဆုံးတစ်ရာခိုင်နှုံးတိုကတာဝန်မှပြန်လည်ရုတ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင် ထံတင်ပြရမည်။
ဆိုလိုတာကတော့  မဲဆန္ဒရှင်တစ်သိန်းရှိတဲ့ မြို့ နယ်က မဲဆန္ဒရှင်ပြည်သူတစ်ထောင်ဘဲကန့် ကွက်ဘို့ လိုတယ်။အဲဒါ “ဖွဲ့ စည်းပုံအခြေခံဥပဒေ”ကပေးထားတဲ့ နိုင်ငံသားအခွင့် အရေး။ ကဲ“ဧရာဝတီ”ကို သစ္စာဖေါက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုပြည်သူ့ ကိုယ်စားလှယ်အဖြစ် လက်မခံနိုင်ဘူး။ ဥပဒေအရခုခံကာကွယ်ချင်တယ်ဆိုရင်။

ဦးဝင်းချိုဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄
၀၉-၈၀၃၃၅၅၄ ကိုခေါ်လိုက်နိုင်ပါတယ်။လာရောက်ဟောပြောဘို့ ဖိတ်ခေါ်ရင်လည်းလာပါတယ်။

0 ကားထဲကိုဝင်ပြေးတဲ့ မီဒီယာကိုမီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ဦးကျော်ဆန်း


ဗွီအိုအေကို ဒီတစ်ခါတော့ တကယ်ကို ချီးကျူးမိသွားတယ်ဗျာ

ပထမအချက်က ဒီလို နေရာမျိုးမှာ အမျိုးသားသတင်းထောက်အစား အမျိုးသမီးသတင်းထောက် ကို သုံးလို.နောက်တစ်ချက်က အဲ့ဒီသတင်းထောက်ရဲ. အရည်အချင်း ကြည့်လိုက်ရတာကတော့ မိနစ်ပိုင်းလေး အဲ့ဒီထဲမှာကိုပဲ ကြည့်တတ်ရင် ထင်သာမြင်သာရှိတဲ့ မြန်မာပြည်ပြောင်းလဲပုံကို ဖော်ကျူးသွားတာ သတင်းတင်ပြပုံနဲ. မေးခွန်းတွေအားလုံးက အပြုသဘောဆောင်တာတွေကြီးပါပဲ လှပပါပေတယ် သူ.အရည်အချင်းကို အကောင်းဆုံး တွေ.လိုက်ရတာကတော့ ပိုင်ပြီဟေ့ ဆိုပြီး ပစ်ပြေးပြေးတဲ့ ဦးကျော်ဆန်း ခမျာ ပြေးမလွတ်ပဲ ကားထဲ ကို ကားကနဲဖြစ်ပြီး ဝင်သွားရအောင် ပြန်ပစ်လိုက်နိုင်တဲ့ အချက်ပါပဲ

မြင်တာတွေကတော့ ဦးရွှေမန်းကြီးလဲ ခေါင်းပေါင်းကြီးဖားယားဖားယားနဲ.ဟောလိဝုဒ်အက်တင် တွေအတင်းလုပ်ယူနေရတာတွေ ရခိုင်အမတ်က ပြောချင်ပေမယ့် သူ.ခမျာ မျက်တောင် တစ်ဖျက်ဖျက်ခတ်ပြီး စဉ်းစားနေရရှာပုံတွေ ၊ ဟို တစ်မတ်သား အုပ်စု ဖြေရခက်ပြီး ဆင်ဝေ.ရန်ရှောင်ဖြေနေရရှာပုံတွေ နောက်ဆုံးမှာတော့ သူပြောဖူးတဲ့ မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုပြီး ဒီတစ်ခါတော့ ပိုင်ပြီဟေ့ ဆိုပြီး သူတို.ထဲမယ် သူ.ကိုယ်သူ သမ္ဘာ အရင့်ဆုံးဆိုပြီး ဘလိုင်းကြီးလှမ်းပစ်တဲ့ ဦးကျော်ဆန်းရဲ. ပုံစံတွေ အားလုံးပေါင်းကြည့်တော့ အခု မြန်မာနိုင်ငံရဲ. ပြုပြင်ပြောင်းလဲရေး ဇာတ်ကားကြီးကို ယုံရခက်ကြီးလို.ပဲ လောလောဆယ်နံမည်တပ်ချင်ပါတယ်
မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုတဲ့ အတိုင်း ဦးကျော်ဆန်းကြီးက ရအောင်တွတ်ပြီး ကားထဲ ဝင်ပြေးတယ် ဒါပေမယ့်လဲ ဗွီအိုအေက မမကြီးကလဲ ဦးကျော်ဆန်းကြီးကားထဲမရောက်ခင် ထိအောင် လှမ်းပစ်လိုက် နိုင်တယ်..တကယ်ကို ချီးကျူးပါတယ်ဗျာ

Chitpa(MMCP)

Sunday, September 18, 2011

0 တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ The ladyရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးMichelle Yeohရဲ့ပြောပြချက်


Video..Euronews

0 မြန်မာနိုင်ငံသားလက်လုပ်လက်စားအခြေခံလူတန်းစားများ၏ စားဝတ်နေရေးအကြပ်အတည်းဖြေရှင်းပေးရန်တိုင်ကြားစာ

lanbay
ဗမာ့ကျောင်းသားလူငယ်

0 ကမ္ဘာ့ဒီမိုကရေစီနေ့တွင်ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆက်သွယ်ရေးလူငယ် ကိုနေလင်းဦးအဖမ်းခံရ

0 အလွမ်းများနှင့် ဧရာဝတီ


ဝေးကွာနေတဲ့ နေရာကနေ အမိမြန်မာပြည်ရဲ့ နာကြီးချက်တွေ ကို အတတ်နိုင်ဆုံး ၀ိုင်းဝန်းပံ့ပိုးကြတဲ့တနည်း အားဖြင့် ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက် လာတဲ့ဧရာဝတီ လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာဘဲ။မှန်ပါတယ် ဧရာဝတီ ဆိုတာ အမိမြန်မာပြည်ရဲ့ ပင်မ အသက်သွေးကြောမြစ်ကြီးလို့ ဆိုရပါမယ်။
ဧရာဝတီ မှာ အလွမ်းတွေ ၊ ဒဏ်ရာတွေ ၊ အံကြိတ်တောက်ခေါက်သံတွေ ၊အညတြတွေရဲ့  သောက အမောတွေနောက်က ညည်းတွားသံတွေပြည်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ ဧရာဝတီလိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်းတောက်ပနေတယ်ဆိုတာ သက်သေခံပြီးဖြစ်ပါတယ်၊၊

တကယ်တော့ ဒီလို တေးသံ ၊ အလွမ်း ၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့ တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲကတစိပ်တပိုင်းလို့လဲဆိုနိုင်ပါတယ်။ကျွန်တော်ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု ၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေဆဲဖြစ်မယ်ဆိုတာ နေရာတိုင်း မြန်မာတွေရှိတဲ့နိုင် ငံတိုင်းမှာ တွေ့ မြင်နေရအုံးမှာပါဘဲ။
အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြ ပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကိုမြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင်ဇာတ်သွင်းနေတဲ့ အတွက်မြန်မာပြည်သူတွေဘယ်တော့မှလက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိချည်းနှင့် အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာဖြစ်ပါတယ်။ ဒါကို မှတ်တမ်းတခု ရာဇ၀င် အဖြစ် ရေးဖွဲ့ ချင်ကြတဲ့ အနုပညာရှင်၊ စာပေတော်လှန်ရေးသမားများရဲ့ ကြိုးစားအားထုတ်မှုကို လက်ကမ်းကြိုဆိုရင်း ဒီကဗျာ လေးနှင့် ကျွန်တော် အသက်သွင်း ပြီးတင်ပြလိုပါတယ်၊၊နောက်တစ်ခုကတော့ ဧရာဝတီကို ဘယ်သူမှ မပိုင်ပေမယ့် မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ဧရာဝတီ ရဲ့ အတိတ်လှိုင်း

နွေခေါင်ခေါင် နေပူထဲမှာ

စစ်တုရင် မကစားဖူးတဲ့ တရုပ်စုတ်တွေရဲ့ ဒဏ်

ပွဲပြီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ ငါ့ကံကြမ္မာက
မင်းလက်ထဲကမှောက်ဖဲတစ်ချပ်တဲ့လား ။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့ စွာ စီးဆင်းနေတဲ့

မိခင်ဧရာ မြစ်ကြီး ကို ချစားခံရတော့မတဲ့
တရုတ်ကြီးရဲ့ အပြုံးက

သိန်းစိန်အမုန်းထက် ကြောက်ဖို့ကောင်းတယ် ။



ပြည်သူတွေ အားကိုး ကျေးဇူးတရားကြီးမား
အတိတ်တွေ စီးဆင်းနေတဲ့
အမေဧရာဝတီရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်

ဗိုလ်ချုပ်ကြီးများရဲ့ အိမ်မက်ဟာ
တရုပ်သိုင်းကားကြည့်ပြီဲး့ ခြောက်လှန့်ခံနေရဆဲပဲ ။



ဘုရားသခင်ဖန်ဆင်းထားသလို ဘဲ

ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
အလွမ်းရဲ့ ကြယ်တွေငိုတော့မယ်
မိုးတွေ တေးဆိုတဲ့အခါ
ဧရာဝတီ ရဲ့ အတိတ်လှိုင်းဟာ မေခနဲ့ မလိခမြစ်ပုရပိုဒ်မှာ
ကြေကွဲခြင်း ဆိုင်းသံကို မကြာခင်တီးခတ်လိမ့်မယ် ။



တိမ်ပြာတွေ မီးတောက်ခဲ့တဲ့

ဧရာဝတီ ရဲ့ အတိတ်လှိုင်း
မြို့ရိုးမှာ
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ

အလွမ်းမျာနှင့် ဧရာဝတီ ရေ။

ထွန်းဝေ တိုကျို ။9.17.2011

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.