Monday, March 26, 2012

0 ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ...ဗိုလ်ကြီးဟောင်းနေမျိုးဇင်

0 အနောက်နိုင်ငံအစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်


(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)

"အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" (အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်း)

အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်ကြောင်း အနောက် သံတမန်များက ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မထင်မှတ်သည်များ ဖြစ်ပျက်တတ်မှုနှင့် မသမာမှုများ မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် သံတမန်များနှင့် လေ့လာသူများသည် ကြိုတင်မဲစနစ်ကဲ့သို့သော အကြောင်းအရာများကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ပြောကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံများ ရွေးချယ်၍ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းသည် မည်သူ့ကိုမျှ မဖိတ်ကြားခြင်း ထက်စာလျှင်မူ ပိုကောင်းသည်ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက အချို့အစိုးရများအတွက် ပြောရဆိုရ ခက်သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ယင်းက သတိပေးခဲ့သည်။

အနောက်နိုင်ငံ သံတမန်များအကြားတွင် စိုးရိမ်နေသော ကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မထင်မှတ်သည်များ ထပ်မံဖြစ်ပွားသွားမည်ကို ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် လစ်လပ်အမတ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီသည် စည်းရုံးရေး ဆင်းနေသည်မှာ ရက်သတ္တပတ် အတော်အတန် ကြာခဲ့ပြီ ဖြစ်ပြီး ယင်းတို့က ပုံမှန်မဟုတ်သော ကိစ္စများအတွက် တိုင်ကြားမှုများလည်း ပြုလုပ်ခဲ့သည်။ NLD သည် မဲဆန္ဒရှင် စာရင်း ပြုစုမှုကို မေးခွန်းထုတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မှုနှင့် တားဆီးမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ မကြာသေးမီက NLD စည်းရုံးရေးသမားများကို အမည်မသိသူများက တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့သေးသည်။

အီးယူနှင့် အမေရိကန်တို့က ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုသည် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အရေးပါကြောင်း ပြောကြား ထားသည်။ ယင်းတို့၏ စံများနှင့် ညီညွတ်စေရန် အစိုးရသည် အတိုက်အခံက စိုးရိမ်သည့် ကိစ္စများကို ကြိုးစားကိုင်တွယ်လျက် ရှိရာ အချို့ကိစ္စများတွင် အာဏာပိုင်များအား စည်းကမ်းအရ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခု ဖြစ်သော်လည်း မှန်ကန်သော အဓိပ္ပာယ် ကောက်ယူမှု ရှိသင့်ကြောင်း ဘန်ကောက်အခြေစိုက် အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်းက ပြောသည်။ "အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" ဟု ဆိုသည်။

အီးယူအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို စည်းမျဉ်းစည်းကမ်းအနေဖြင့် ကြည့်ရှုမည် မဟုတ်ကြောင်း အခြား အီးယူသံတမန်တစ်ဦးက ပြောသည်။ မြန်မာ့ရွေးကောက်ပွဲကို စွမ်းအားပြည့် စောင့်ကြည့်လိုပါက ဆန္ဒမဲပြားများ ရိုက်နှိပ် ဖြန့်ဝေခြင်းအပါအဝင် အစမှစ၍ အားလုံးကို ကြည့်ရှုမှ ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ အစိုးရကမူ အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ကိုလည်း ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားကြောင်း ကြာသပတေးနေ့က ဆိုသည်။

အမေရိကန်ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်သည့် အခွင့်အလမ်းကို အရယူမည် ဖြစ်သော်လည်း လုပ်ငန်းစဉ်များ၏ ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ "ပထမဆုံး ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ အရင်ကဆို နိုင်ငံတကာက လေ့လာသူတွေကို မဖိတ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းမှုတွေကိုတော့ စံမမှီသေးပါဘူး" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက ပြောသည်။

transparencymyanmar2010

0 တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း ရဲဝင့်စွာ ရင်ဖွင့်ပြတဲ့ ရေတပ်သား ကိုသူရိန်(အပိုင်း- ၂)


ယခုနောက်ဆုံး ကြားသိရသော သတင်း အရ ထိုရဲဘော်လေး သူရိန်ဝင်း မှာ သန်လျင် သီလ၀ါရေတပ်စခန်း ဌာနချုပ်မှ တပ်ပြောင်းပါသွားသည်ဟုသာ ကြားရပြီး ရခိုင်ဘက်လိုလို အခြားနယ်မြို့ကို ပို့လိုက်သလိုလိုဖြင့် ဆက်သွယ်မှု ပြန်မရတော့ပါ။ တပ်မတော်တွင်းမှ မျိုးချစ်စစ်သားများ အနေဖြင့် တပ်သားသူရိန်ဝင်း အသက်ရှင်လျှက် ရှိမရှိ ၀ိုင်းဝန်းကူညီစုံစမ်းပေးစေလိုပါသည်..

ကိုနေမျိုးဇင်
အပိုင်း(၁)ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်..

Sunday, March 25, 2012

0 ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ


By: မန်ကျည်ဒိန်ယိန်း

ကချင်ပြည်နယ်က ဖားကန့် မိုးကောင်း ဗန်းမော် မဲဆန္ဒနယ် ၃ ခုကို လုံခြုံရေးမကောင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗြုံးစား ကြေညာလိုက်တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၅ နေရာသာ ကျန်တော့တယ်။ တနည်းပြောရရင် ပြည်သူ့လွှတ်တော်မှာ ကြားဖြတ်အတွက် နေရာ ၄၀ လစ်လပ်နေရာကနေ ခု ၃၇ နေရာသာ ကျန်တော့တယ်ဆိုတဲ့ သဘောဖြစ်တယ်။

လုံခြုံရေးမကောင်းဘူးလို့ အစိုးရကပြောပေမဲ့ ကေအိုင်အေကတော့ ကချင် မဲဆန္ဒနယ် ၃ နယ်မှာ ဘာမှလုံခြုံရေးပြဿနာမရှိဘူးလို့ပြောတယ်။ ဘယ်သူတွေဘယ်လိုပြောပြော လုံခြုံရေးမကောင်းဘူးဆိုတာကို ကောင်းပါတယ်ပြောဖို့ သက်သေပြဖို့ ကေအိုင်အေလဲ မတတ်နိုင်ပါ။ ကေအိုင်အေက လုံခြုံရေးကောင်းတယ်ဆိုရင် ခုချက်ခြင်း ဦးသိန်းစိန်အစိုးရက ဗုံးပေါက်ပြနိုင်တာမို့ မဟုတ်မှန်းသိသိနဲ့ ခံကြရမှာဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ ဘာကြောင့် အကောက်ကြံသလဲ ဆန်းစစ်ကြည့်သင့်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေကို လေ့လာကြည့်ရင် လစ်လပ်နေရာအားလုံး ပြည်သူ့လွှတ်တော်မှာသာ ဖြစ်ပါတယ်။

နိုင်ငံရေးရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရအတွက် လောလောဆည် ဆူးညောင့်ဖြစ်နေပါတယ်။ ကေအိုင်အေကို အစိုးရလိုချင်သလို ပုံသွင်းကြိုးကိုင်လို့ မရတဲ့အတွက် ဘာလုံခြုံရေးပြဿနာမှ မရှိတဲ့ ကချင်မဲဆန္ဒနယ် ၃ ခုကို ကြားဖြတ်ရွေကောက်ပွဲ ကျင်းပခွင့်ပိတ်ပြီး ကေအိုင်အေကို ဒဏ်ခတ်ဘို့ ဦးသိန်းစိန်အစိုးရက တွက်ချက် ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

ကေအိုင်အေကို ပစ်မှတ်ထားပြီ

ဒေါက်တာတူးဂျာက မိုးကောင်းကနေ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာတူးဂျာဟာ ဘာနာမယ်နဲ့ ပါတီဖွဲ့ဖွဲ့ စင်စစ် ကေအိုင်အေနဲ့ ဆက်စပ်တယ်ဆိုတာ အများအသိဖြစ်တယ်။ ဒါကြောင့် ကေအိုင်အေကို ဒဏ်ခတ်ဘို့ဆိုရင် လွှတ်တော်နိုင်ငံရေးကို အာသာငမ်းငမ်း ၀င်ချင်နေတဲ့ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်မှဖြစ်မယ်။ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်ဘို့အတွက် သူပြိုင်မဲ့ မိုးကောင်းမဲဆန္ဒနယ်ကို ပိတ်နိုင်ဘို့ အစိုးရက အကောက်ကြံရမှာဖြစ်တယ်။

ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်က တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း ၀င်ခွင့်မပေးရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။၂၀၁၀ မတိုင်တုံးက နိုင်ငံရေးအခြေအနေက စစ်အစိုးရစိတ်ကြိုက် လုပ်ချင်သလို လုပ်ခွင့်ရထားတာမို့ တူးဂျာတို့ပါတီကို နယ်ခြားစောင့်တပ်နဲ့ အလဲအလှယ်လုပ်မရတဲ့အဆုံး ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ပါတီထောင်ခွင့် ပိတ်ခဲ့တယ်။ တခါ တသီးပုဂ္ဂလအမတ်လောင်းလျှောက်တော့လဲ အကြောင်းပြချက်မရှိပဲ တူးဂျာကို ပယ်ခဲ့ပြီးဖြစ်တယ်။ အဲဒီတုံးကလဲ အောင်သောင်းဦးစီးပြီး အကောက်ကြံခဲ့တာ ဖြစ်တယ်။

ခုကျတော့ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်က ကချင်အပေါ် အာရုံစိုက်နေချိန်ဖြစ်တယ်။ ဒေါ်စုကြောင့် အစိုးရမှာ လဲဂျီင်္တီမေစီ ရနေချိန်ဖြစ်တယ်။ အာဆီယံဥက္ကဌအတွက် သိက္ခာတက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ ကချင်ပြည်တွင်းစစ် အရေးအခင်းကလဲ နိုင်ငံတကာသိဖြစ်နေတယ်။

ဒါကြောင့် တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း လျှောက်တာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချရင် ပေါ်တင်ဖြစ်နေမယ်။ လက်စားချေတယ်ဆိုတာ သိပ်ကိုထင်ရှားပြီး အများအာရုံစိုက်စရာဖြစ်မယ်။ ဒီမှာတင် မိုးကောင်းမဲဆန္ဒနယ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ကြားဖြတ်မကျင်းပဖြစ်ကြောင်း ကြေငြာရင် တူးဂျာပါ အလိုလို သတ်ပြီးဖြစ်မယ်။ နိုင်ငံရေးထဲ သိပ်ဝင်ချင်နေတဲ့ ကေအိုင်အိုကို နိုင်ငံရေးက ပထုတ်ပြီး မခံချင်အောင်လုပ်တဲ့သဘောပဲ။

အန်အယ်ဒီပါ ဒဏ်ခတ်ပြီ

မိုးကောင်းတခုထဲကွက်ပီး ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရင် အမြင်မလှတဲ့အတွက် ဖားကန့်နဲ့ ဗန်းမော်ပါထဲ့မှ ကချင်ကေအိုင်အေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သလိုလို အပြစ်တင်ဖို့ အကွက်ရမယ်။ င်္ဒီမှာတင် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို လုံခြုံရေးမကောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဖျက်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ ကြံ့ဖွံ့ပါတီက အမတ်လောင်း ၃ ဦးပါ ပါနေတဲ့အတွက် ကိုယ့်ဘက်က ဘယ်လောက်အထိနာမလဲပါ ဦးသိန်းစိန်အစိုးရကတွက်မှာဖြစ်တယ်။ တကယ်တော့ လစ်လပ်နေရာ ၄၈ နေရာလုံးမပြိုင်လဲ ကြံ့ဖွံက လွှတ်တော်မှာ အသာစီးရနေမှာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းအတွက် ရည်စူးလို့သာ နိုင်ထားတဲ့ မဲဆန္ဒနယ်တွေ လက်မလွတ်အောင် ခုလို သူ့အမတ်လောင်းတွေ ပြိုင်ခိုင်းတာဖြစ်တယ်။

တူးဂျာနဲ့ ကေအိုင်အေကို ပညာပေးဖို့အတွက် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံး မကျင်းပတဲ့အတွက် ဆွမ်းခံရင်း ငှက်သင့်တာ အန်အယ်ဒီဖြစ်တယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ အန်အယ်ဒီက ၀င်ပြိုင်တဲ့အတွက် အမတ်လောင်း ၃ ဦး မပြိုင်ရပဲ ဆုံးရှုံးသွားတယ်။ အမေရိကန်မှာ သွားပီးအာချောင်တဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာကိုပါ အစိုးရက ကြိုက်ပုံမရတဲ့အတွက် သူ့ကိုပါ အလိုလို နိုင်ငံရေးသတ်ပြီးသားဖြစ်သွားမယ်။ ဒါကြောင့် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို ရွေးကောက်ပွဲမကျင်းပတဲ့အတွက် အစိုးရဖြစ်စေချင်တာတွေ တချက်ခုတ် ၃ ချက်ပြတ် ကိစ္စပြီင်္းသွားတယ်လို့ ဆိုနိုင်တယ်။

အန်အယ်ဒီဘက်တွက်ရင် ကချင် ၃ နေရာ လက်လွှတ်ရတဲ့ပြင် စစ်ကိုင်း (၇) က ဦးစောလှိုင်ကိုပါ ကော်မရှင်က ထုတ်ထားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ၄ နာရီ လွတ်သွားတယ်။ တနည်းပြောရရင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရဲ့ ၈% ကို မပြိုင်ရဘဲ လက်လွတ်ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ အမတ်ဖြစ်ပြီးသား မြတ်ဥာဏစိုးကို အချောင်ရတဲ့အတွက် ၃နေရာသာ ဆုံးရှုံးတယ်လို့ ကြံဖန်ပြောရင်လဲရတယ်။

ကျန်ပါတီတွေပိုအထိနာ

လစ်လပ်နေရာ ၄၈ နေရာလုံး ၀င်ပြိုင်နိုင်တာ ကြံ့ဖွံနဲ့အန်အယ်ဒီသာရှိတာမို့ ရာခိုင်နှုန်းနဲ့တွက်ရင် အမတ်နေရာနည်းနည်းသာပြိုင်နိုင်တဲ့ပါတီတွေ ဥပမာ NDF တို့ NUP တစညတို့လို ပါတီတွေအဘို့ ကချင်မှာ ဆုံးရှုံးမှု ပိုကြီးမားတာ သေချာနေတယ်။

ဒါကြံ့ဖွံပါတီဘက်က ညစ်ကွက်တခုသာဖြစ်တယ်။ နောက်ထပ်လာစရာတွေ အများကြီး မှန်းထားသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ကချင်ပြည်နယ်မှာ ၈၉ အုပ်စုရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စုစာရင်းကိုတော့ ကော်မရှင်က ခုထိ မထုတ်ပြန်သေးပါ။

ကြားဖြတ်မကျင်းပနိုင်တဲ့ တခြားနယ်မြေတွေ

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ ရှိတယ်လို့ ကြေငြာရတာကိုက အစိုးရအဖို့ နိုင်ငံရေး တပန်းရှုံးတယ်။ ငြိမ်းချမ်းရေးစကား ဘယ်လောက်ကြီးပြောနေနေ ပြည်တွင်းစစ်ရှိနေတယ်ဆိုတာ ၀န်ခံရာရောက်တယ်။ တကဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့-

-ကချင်ပြည်နယ်မှာ အင်ဂျန်းယန် ၂ နဲ့ ဆွမ်ပရာဘွမ် ၂ တို့ဖြစ်တယ်။

-ရှမ်းပြည်နယ်မှာ မိုင်းလား၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်း ၅ မြို့နယ်ဖြစ်တယ်။ ထူးခြားချက်က မိုင်းလားမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူမရှိဘူးလို့ သိရတယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကတော့

-ရှမ်းပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လုံခြုံရေးအခြေအနေ

၂၀၁၀ ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ ကျင်းပဘို့ အခြေအနေမရှိတဲ့ ပြည်နယ်တွေက ကချင် ကယား ရှမ်း မွန်နဲ့ ကရင်ပြည်နယ်တွေ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေက ရှမ်းပြည် ၀နယ်မှာ လေးမြို့နယ်ရှိပါတယ်။ ပန်ဆန်း နားဖန်း ပန်ဝိုင် မိုင်းမော လေးမြိုနယ်ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက မဲဆန္ဒနယ်တခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်တာဆိုလို့ ၀ လေးမြို့နယ်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်းက ကချင်ပြည်နယ်မှာ ၆၈၊ ကယားမှာ ၉ အုပ်စု ရှမ်းပြည်နယ်မှာ ၅၉ အုပ်စု မွန်ပြည်နယ်မှာ ၉ အုပ်စုနဲ့ ကရင်ပြည်နယ်မှာ ၁၅၅ အုပ်စုရှိပါတယ် စုစုပေါင်း ပြည်နယ် ၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၃၀၀ ရှိပါတယ်။

ကချင်ပြည်နယ်ကိုလေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိပါတယ် ၀ိုင်းမော် အင်ဂျန်းယန် ဆော့လော် ချဖွေ တနိုင်း ဆွမ်ပရာဘွမ် မန်စီ မိုးမောက်နဲ့ ရွှေကူ ၉ မြို့နယ်ထဲက ကျေးရွာအုပ်စုတွေပါ ပါဝင်တယ်။

ဒီ ၉ မြို့နယ်ဟာ အထူုးသဖြင့် ကချင်အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အို အုပ်ချုပ်နေတဲ့ဒေသတွေဖြစ်တာမို့ ခုလို ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ယူဆတဲ့အကြောင်း ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ယူဆတယ်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားတဲ့ ကျေးရွာအုပ်စုတွေဟာ ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေလို့ ဦးဇခုန်တိန့်ယိန်းပြောတဲ့အတွက် စစ်အစိုးရ ရွေးကောက်ပွဲတွေကို ကေအိုင်အိုနယ်မြေတွေမှာ လက်မခံဘူးဆိုတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကေအိုင်အိုကတော့ ကချင်ပြည်သူတွေကို ရွေးကောက်ပွဲအတွက် မဲပေးပါလို့ တိုက်တွန်းတာမရှိသလို ကန့်ကွက်ပါလို့လဲ တိုက်တွန်းမထားပါဘုးလို့ ကေအိုင် ဒု နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးလွန်းဒေါင်းက ထောက်ပြခဲ့တယ်။

ကရင်ပြည်နယ်ကိုကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ ခုရှိပါတယ်။

အဓိကမြို့နယ်တွေက ဖားအံ လှိုင်းဘွဲ့ သံတောင်ကြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၆ မြိုနယ်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေက ကျေးရွာအုပ်စုတွေဟာ ကေအန်ယူ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ဘို့ ရှောင်သလား မသိရပေမဲ့ ကေအန်ယူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောတယ်။

၁၉၉၀ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေ

၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရှမ်းပြည်နယ် ၆ မြို့နယ်ဖြစ်တဲ့ ကုန်းကြမ်း။ နားဖန် ပန်ဝိုင် ပန်ယန်း မိုင်းမောနဲ့ မန့်ဖန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး- သဘောကတော့ ၀ထိန်းချုပ်တဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ပြန်ကြည့်ရင် ၁၉၈၉ မှာ ဗပက ပြိဲုကွဲပီး ၀နဲ့ကိုးကန့်စတဲ့ လက်နက်ကိုင်တွေ ခွဲထွက်ပီး တစင်ထောင်တဲ့အချိန်ဖြစ်ပါတယ်။ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲပီး အနှစ် ၂၀ကျော်တဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ၀နယ်က လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖြစ်ပြန်ပါတယ်။ ဒီထဲမှာ နားဖန်း ပန်ဝိုင် မိုင်းမော် ၃ မြို့နယ်ဟာ ၉၀ ခုနှစ် ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အစိုးရမျက်နှာပျက်ရပြီ

ချုပ်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ ဆိုတာ နည်းတဲ့ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲနောက်ကွယ်မှာ စစ်အစိုးရဘက်က နိုင်ငံရေးပြေလည်အောင် မကိုင်နိုင်တာကို မီးမောင်းထိုးပြနေသလို ဖြစ်နေတယ်။ တနည်းပြောရရင် ၉၀ ခုနှစ် ရွေးကောက်လုပ်ပီး အနှစ် ၂၀ကျော်ကြာတဲ့ အချိန် နောက်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ တိုးလာတဲ့သဘော ဖြစ်နေပါတယ်။

ဝအုပ်ချုပ်တဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်လျော့သွားရုံမက တိုင်းဒေသကြီးမဲဆန္ဒနယ် အရေအတွက်ပါ လျော့သွားတာမို့ စစ်အစိုးရအဘို့ မျက်နှာပျက်စရာ ဖြစ်သွားတာ မငြင်းနိုင်တဲ့အချက်ပါ။

ပိုဆိုးတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်ထဲက လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရုံမက ကျန် ၂ မြို့နယ်မှာလဲ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေရှိပါတယ်လို့ ထပ်မံကြေငြာရတဲ့အတွက် အစိုးရအဘို့ မျက်နှာပျက်စရာဖြစ်ခဲ့တယ်။



Swe Swe kyi Facebook

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့်မကွေးတိုင်းခရီးစဉ်ကိုဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်သို့ စတင်ထွက်ခွာသည့် နံနက်ပိုင်းကပင် သွေးပေါင်များကျဆင်းနေပြီး ဆေးသွင်းစဉ်ခဏသာ ပေါင်ပြန်တက်ပြီး ခရီးထွက်စဉ် ပြန်ပြန်ကျနေသည်ဟု သိရသည်။ သွေးပေါင်ကျသည့်အပြင် အဖျားလည်း ရှိနေသောကြောင့် သူမ၏ဆရာဝန်နှင့် NLD တာဝန်ရှိသူများက ခရီးဆက်လက်မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်ခရီးစဉ်အတွင်း မကြာခဏ အန်နေသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (7days news journal)

0 ဗဟန်းရဲစခန်းမှ ရဲအရှိများတာဝန်မဲ့မှု


၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်းသို့အကြောင်းကြားခဲ့...သည်။ ဗဟန်းရဲစခန်းတာဝန်ကျအရာရှိမှ အဆိုပါကိစ္စကို မိမိတို့ရဲစခန်းမှ တာဝန်မယူနိုင်ကြောင်း၊ မကူညီနိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ်လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိ ပြည်သူတယောက် အနေဖြင့် သတင်းသွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေ သောကလေးထံပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်လုပ်သားများ မှ တတ်နိုင်သမျှငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့မိဘများကိုဆက်သွယ်မှုရရန်ကြိုးစား ဆောင်ရွက်နေသည်။
ထိုသို့ တာဝန်ကျရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှု အသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ် အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေဆိုင်များ၊ဘောလုံးပွဲပြသောဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေးရယူပြီး ဗဟိုစီမံချက်ရှိလျင်အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့် မှတ်တမ်း ယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်းသံဃာကျောင်းတိုက်များကို စောင့်ကြည့်သော အလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။
သတ္တိခဲ ( Myanmar Police Force )
New MyanmarFoundation

0 MRTVက ပြသသွားသော မြန်မာ့တပ်မတော်ရဲ့စစ်ရေးလေ့ကျင့်မှုက ဘာအတွက်လဲ?(ရုပ်/သံ)


မြန်မာ့တပ်မတော်ရဲ့အံ့မခန်းစစ်းရေးလေးကျင့်မှုကိုပါ။ သူတို့ရဲ့လေ့ကျင့်ခန်းမှာလေတပ်မတွေ့ရပါဘူး မပါတာလားမပြတာလားတော့မသိပါ။ ကြည့်ရသလောက်ကတော့ နယ်စပ်ကတိုင်းရင်းသားလက်နက် ကိုင်တွေကို တိုက်ရင်တော့ အသာလေးနိုင်မဲ့သဘောမှာရှိတယ်။ ခက်တာကအခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်များအပေါင်းကလည်း အခိုင်အမာစခန်းကြီးတွေနဲ့နေပြီး ခံတိုက်တာမျိုးမရှိတော့ပါဘူး အင်အားတစ်ရာလောက်ရှိတဲ့စစ်ကြောင်းကို လမ်းဘေးတောထဲကနေ လေးငါးခြောက်ယောက်လောက်က ဝိုင်းပစ် ချီတက်လာတဲ့ဘက်ကသုံးလေးယောက်လောက်ကျသွားရင်တောထဲပြန် ဝင်းပြေးတာအစတောင် ရှာမရတော့ဘူး။ အဲ့ဒီလိုမျိုးတိုက်ပွဲပုံစံနဲ့ စိတ်ဓာတ်ကျအောင်လုပ်တာပါ။

အခုလိုမျိုးတင့်ကားကြီးတွေနဲ့ တက်ပစ်ရလောက်အောင်ကိုမရှိဘူးလို့ထင်ပါတယ်။ ရှိလည်းသူတို့နေရာတွေက တင့်ကားသုံးလို့ မရလောက်ပါဘူး အကုန်လုံးကတောတွေတောင်တွေထဲမှာဆိုတော့ အဲ့ဒါဆိုပြည်တွင်းရန် အတွက် အဓိကမဟုတ်ပြည်ပရန်ကိုကာကွယ်ဖို့ဆိုရင်တော့ တော်တော်ဝေးသေးတယ်ထင်ပါတယ်။
အမေရိကန်လိုနိုင်ငံမျိုးနဲ့ကိုခံတိုက်မယ်ဆိုလို့ကတော့  အင်း......ဟိုကလေယာဉ်တင်သင်္ဘောကြီးနဲ့ရေတပ် Fleetတစ်ခုလောက်လွှတ်လိုက်ရင် ပွဲသိမ်းသွားနိုင်ပါတယ်။ အီရတ်ကိုတိုက်တုန်းကလိုပေါ့ ဆက်ဒမ်ကြီးကကန္တာရထဲမှာသူ့ခြေလျင်တပ်တွေကိုအသေအချာပြင်ထားတာ။ တင့်ကားတွေရော အမြှောက်တွေရော တကယ်လည်းဖြစ်ရောယူအက်စ်က လေယာဉ်နဲ့အနောက်ကအမြှောက်စခန်းတွေ မဟာဗျူဟာကျတဲ့နေရာတွေကိုစိစိညက်ညက်နေအောင် ဗုံးကြဲ။ ရေတပ်သင်္ဘောတွေပေါ်ကနေ ဒုံးကျည်နဲ့ထုနေတာများ သီးတင်းကျွတ်မီးပန်းဖောက်နေသလားအောက်မေ့ရတယ်။

အဲ့ဒီလိုအီရတ်ရဲ့ခံစစ်ရောစိတ်ဓာတ်ရောကိုရိုက်ချိုးပြီးမှ ခြေလျင်ကဝင်တာပါ။ လူကိုတော်တော်တန်ဖိုးထားပြီး အထောက်အကူပစ္စည်းတွေနဲ့နည်းပညာကိုလှိုင်လှိုင်သုံးတဲ့ခေတ်ရောက်နေပါပြီ။ တကယ်လုပ်ချင်ရင် ထိုင်းနဲ့ယူအက်စ်လုပ်တဲ့ Cobra လေ့ကျင်ခန်းလိုဟာမျိုးကပိုထိရောက်မယ်ထင်ပါတယ်။

ပြည်သူကိုခြောက်ရုံသက်သက် တိုင်းရင်းသားလက်နက်ကိုင်များကိုခြောက်ယုံသက်သက်ဆိုရ င်တော့။ အောင်းမလေးကြောက်ပါတယ်ဗျာလို့ပဲအော်ချင်ပါတယ်

MMCPမှ thawzinအားကျေးဇူးတင်ရှိပါတယ်..

0 နောက်ပြန်ဆွဲဝါဒီများနှင့် ၂၀၁၂ ဧပြီ


ပြောင်းဖူးမရောင်းတော့ဘဲ ပန်းရောင်းတော့မည့် ဦးအောင်သိန်းလင်း

မွန်မွန်မြတ်ရေးသားသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရန် ရက်ပိုင်းသာလိုတော့သည်။

မတ်လနေပူကျဲကျဲအောက်တွင် ရဲရဲတောက် NLD ခွပ်ဒေါင်းအလံတွေ၊ တီရှပ် ခေါင်းစည်း အနီရောင်များ၊ ဆိုင်းဘုတ်အနီရောင်များကို တလွှားလွှားတွေ့နေရ၍ ပင်နီရောင်လွှမ်းခဲ့ဖူးသည့် ၁၉၉၀ ရွေးကောက်ပွဲကိုပြန်မြင်ယောင်မိသည်။

နှစ်ပေါင်း ၂၀ကျော်အတွင်းထပ်မံပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်တော့ အစိမ်းရောင်များသာ လွှမ်းနေခဲ့၏။

ရွေးကောက်ပွဲနီးလာတိုင်း လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ဖို့လိုသည်ဆိုသည့် ဆော်သြသံတွေကြားလာရပြန်ပါပြီ။

မလွတ်မလပ် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်ခဲ့လျှင်ရော ဘာလုပ်ကြမှာပါလိမ့်။ နိုင်ငံတကာမီဒီယာတွေမှာ ကြိုက်သလောက်တစာစာအော်ရုံနှင့်ရော ဘာများထူးခြားခဲ့လို့ပါလိမ့်။

၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိခဲ့သော်လည်း သန့်ရှင်းလွတ်လပ်စွာ ကျင်းပနိုင်ခဲ့ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းကပြောကြားခဲ့သည်။

သို့သော်လည်း ကြိုတင်မဲကိစ္စကြောင့် အရပ်ရပ်နေပြည်တော် ကြားလို့မတော်သည့် အငြင်းပွါးဖွယ်ကိစ္စများ ဖြစ်ခဲ့သည့် သက်သေသာဓကများစွာရှိခဲ့ပေသည်။

သည်တစ်ကြိမ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ စသည့်နိုင်ငံများမှ စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်များလာရောက်အကဲဖြတ်နိုင်ရန် အာဏာပိုင်များက ဖိတ်ခေါ်နေဆဲမှာပင် ဦးအောင်သိန်းလင်းက “ဒါဟာကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံတွင်းအရေးကိစ္စ ဖြစ်တယ်” ဟု အာဆီယံလေချဉ်တက်သံဖြင့် ပြောဆိုခဲ့သည်ကိုတွေ့ရ၏။

အင်တာနက်စာမျက်နှာများတွင်ပြန့်နှံ့နေခဲ့သည့် ဦးအောင်သိန်းလင်း နှင့် “မ” ပြောင်းဖူး (“မ” စာလုံး ရေးထားသည့်ပြောင်းဖူး) ကို ဇောက်ထိုးကိုင်ထားသည့် တပည့်ကျော်တို့၏ မဲဆွယ်ပွဲမှာကမ္ဘာကျော်မကျော် မသေချာသော်လည်း မြန်မာအင်တာနက်သုံးစွဲသူများနှင့် ဖေ့(စ)ဘွတ်(ခ)အသုံးပြုသူများအကြား ရေပန်းစားခဲ့သည်ကတော့ အမှန်ပင်။

အနှီကဲ့သို့သောမဲဆွယ်ပွဲမျိုးသည် လျှပ်တပြက်ဂျာနယ်နှင့်အင်တာဗျူးတွင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းပြောဆိုခဲ့သည့် “တစ်အိမ်ဆင်း တစ်အိမ်တက်” (သို့မဟုတ်) တစ်ဈေးဝင် တစ်ဈေးထွက်မဲဆွယ်နည်း သေင်္နဂဗျူဟာများထဲမှ တစ်နည်းမဟုတ်တစ်နည်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သို့တည်းမဟုတ် အခါတော်ပေးများက အိုဘားမား၏ “Change” ကို ကက်ကင်းရိုက်သည့်သဘောဖြင့် ပြောင်းဖူးတစ်ဖူးဖြင့်ဓါတ်ဆင်ဓါတ်ရိုက်လုပ်လိုက်သည်များလား....။

ဟုတ်သော်ရှိ မဟုတ်သော်သည်ရှိ၊ လောလောဆယ်တော့ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို လစ်လပ်နေရာ ၄၈နေရာထဲမှ ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်သုံးနယ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးရန်တစ်ပါတ်အလိုကျမှ လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိရွှေ့ပြောင်း လိုက်ပြန်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “လုံခြုံရေးအရရွှေ့ဆိုင်းလိုက်တယ်ဆိုတာ ဘယ်သူ့ကိုပြောချင်တာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။ KIO ကိုပဲ အဖျက်သမားဆိုပြီး မီးမောင်းထိုးပြချင်တာလားဆိုတာ စဉ်းစားစရာပဲ” ဟု YPI နှင့်ပြုလုပ်သည့်အင်တာဗျူးထဲတွင်ပြောဆိုခဲ့သည်။

လုံခြုံရေးအရရွှေ့ဆိုင်းလိုက်သည့် မဲဆန္ဒနယ်မြေများတွင်တိုက်ပွဲများဖြစ်ပွါးနေခြင်းမရှိကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း KIO အနေဖြင့်အနှောင့်အယှက်မပေးခဲ့သလို၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကိုလည်း တရားမျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်းလည်းပြောဆိုခဲ့၏။

အမှန်တစ်ကယ်တော့ လက်ကျန်နေရာ ၄၀ ကျော်သည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ် ပေါင်း၏ ၁၀ ရာခိုင်နှုန်းပြည့်အောင်ပင်မရှိခြေ။



နေရာအနည်းငယ်မျှဖြင့် လွှတ်တော်ထဲသို့ချီတက်သွားမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွှတ်တော်အကျယ်ချုပ်သို့ပြောင်းလဲကျခံသွားရသကဲ့သို့သာရှိလိမ့်မည်ဟု ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးကပြောဆိုခဲ့ဖူးသည်ကိုလည်း သတိချပ်ဖွယ်ပင်။

“အခြေခံဥပဒေပြင်ဆင်ရန်”ဆိုသည့် အချက်သည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုင်စွဲထားသည့် ရွေးကောက်ပွဲဝင်ရခြင်းရည်ရွယ်ချက်များထဲမှ တစ်ချက်ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ယခုနှစ်တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါးထဲတွင် “တပ်မတော်ရဲ့တာဝန်” ထဲတွင် နိုင်ငံတော်ကာကွယ်ရေးသက်သက်သာမကပဲ“နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရေး လည်းပါဝင်သည်”ဟူသောအချက်ကိုထည့်သွင်းရေးသားလာသည်ကိုတွေ့ရပြန်ရာ၊ “ဆားသည် ယင်မောင်း”များဖြစ်နေသလားဟုတွေးချင့်စရာပင်။

ရွေးကောက်ပွဲနီးကပ်လာချိန်မို့ နိုင်ငံရေးပါတီများအပြိုင်အဆိုင်မဲဆွယ်လာကြသလို၊ ပါတီအခြင်းခြင်း ပုတ်ခတ် ပြောဆိုမှု များရှိလာတတ်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တစ်နှစ်ပြည့်မိန့်ခွန်းတွင် နိုင်ငံတကာသတင်းမီဒီယာများက မြန်မာပြည်အသွင်ကူးပြောင်းမှုကို “Burma Spring” “Myanmar Spring” ဟုကင်ပွန်းတပ်ခံ နေရသည့်အပေါ်အသိအမှတ်ပြုပြောဆိုခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းကမူ ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲများတွင် လူထုကအုန်းအုန်းကြွက်ကြွက်ပါဝင်ကြပုံကို အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်ဖမ်းနေသည်ဟု လျှပ်တပြက် ဂျာနယ်နှင့်အင်တာဗျူးထဲတွင် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲနီးလာလေလေ၊ နိုင်ငံရေးထူးခြားဖြစ်စဉ်တွေ ရှေ့နောက်မညီမှုတွေ များလာလေလေ၊

ခုတလော စာပေစီစစ်ရေးကလည်း လက်သံပြောင်လာပြန်သည် ဆိုသည့်ညည်းညူသံများ ကိုကြားလာရပြန် ၏။ ခေါင်းစဉ်ပါမကျန်ဖြုတ်လိုက်ရတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲမိန့်ခွန်းများထဲက စာသားတွေဖြုတ်ရတာတွေအပြင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏မိန့်ခွန်းကိုပါမကျန်စီစစ်နေဆဲဖြစ်ရာ “မီဒီယာလွတ်လပ်ခွင့်”ဆိုသည့်စကားလုံးက ဂျပန်တွေပေးသည့်ရွှေရည်စိမ်လွတ်လပ်ရေး ကဲ့သို့များ ဖြစ်နေမည်လားမသိ။

လတ်တလောမြန်မာ့အလင်းအယ်ဒီတာ့အာဘော်တွင်စကားဦးသမ်းထားသကဲ့သို့ “အနာဂါတ်တွင် မြန်မာ့မီဒီယာ လောက သည် ပိုမိုလွတ်လပ်ပွင့်လင်းလာတော့မည်”ဆိုသည်မှာ သံသယပွါးဖွယ်ပင်။

မြန်မာ့မီဒီယာလောကဘယ်၍ဘယ်မျှလွတ်လပ်ပွင့်လင်းလာသည်ဆိုသည်ကို မြန်မာ့အလင်းသတင်းစာ ကိုနေ့စဉ်စောင့်ဖတ်ခြင်းဖြင့်ပင်သိသာနိုင်သည်။

ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်သုံးနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ခြင်းနှင့်ပါတ်သက်၍လည်း KIO ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးလနန်က သံသယဖြင့်ဤသို့ပြောဆိုခဲ့၏။

“လူထုကိုကြောက်လန့်အောင်ရည်ရွယ်ချက်နဲ့ခြိမ်းခြောက်တဲ့သဘောဆိုရင်တော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ အလားအလာကောင်းမယ်မထင်ဘူး”။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများ လာမည့်ဧပြီလ တစ်ရက်နေ့တွင် ဧပြီအရူး (April Fools) အလုပ်မခံရဖို့ကိုတော့ အသေအချာစောင့်ကြည့်ကြရအုန်းမည်ဖြစ်သည်။

ပြီး။ (ဤ ဆောင်းပါးသည် ရေးသူ့အမြင်သက်သက်သာဖြစ်ပါသည်။ YPI ၏ သဘောထားအမြင်ကိုကိုယ်စားပြုခြင်းမရှိပါ။

0 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ခရီးစဉ်မြင်ကွင်း






Photo..Su Per ,Aung Koe Faebook

0 ABC Radio Australia မှရိုက်ကူးတင်ဆက်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်၏လှည်းကူးစည်းရုံးရေးခရီးစဉ်နှင့် မြန်မာပြည်ရဲ့နိုင်ငံရေးမြင်ကွင်း(documentary Video)


ABC Radio Australia မှရိုက်ကူးတင်ဆက်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်၏လှည်းကူးစည်းရုံးရေးခရီးစဉ်နှင့် မြန်မာပြည်ရဲ့နိုင်ငံရေးမြင်ကွင်း(မိနစ် ၃၀ documentary Video)

0 ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် ပဏာမရွေးချယ်


ယနေ့ ၂၀၁၂ ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ ၆နာရီ တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း ၌ ၁၀/၂၀၁၂ အစည်းအဝေးကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေး တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၀င်များ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသည့် သရုပ်ဆောင်များ ရွေးချယ်ရန် ကိစ္စ နှင့် အခြား ကိစ္စရပ်များကို ဆွေးနွေးခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ရန် လှေ...ျာက်ထားသူ ၁၅၇ ယောက် အနက်မှ အောက်ဖော်ပြပါ သရုပ်ဆောင် (၁၄ ) ဦးကို ပဏာမ ရွေးချယ်လိုက်ပါသည် ။
အမည် စာရင်းပါ ပုဂ္ဂိုလ်များ အားလုံး ကို လူတွေ့ စစ်ဆေးမည် ဖြစ်ပါသဖြင့်
၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက် နံနက် ၉နာရီ တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းသို့ မပျက်မကွက် လာရောက်ပါရန် အကြောင်းကြားအပ်ပါသည် ။

၁။ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)
၂။ အောင်မိုးမင်း (ဆွာမြို့)
၃။ သိန်းဇော် (လှိုင်သာယာမြို့နယ်)
၎။ အောင်မင်းထွေး (တောင်ဒဂုံမြို့နယ်)
၅။ နေဦး (ခ) နန္ဒမိုး (မြင်းခြံမြို့နယ်)
၆။ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)
၇။ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)
၈။ အောင်ဘိုဘိုဇင် (မြောင်းမြမြို့နယ်)
၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး (ချောင်းဆုံမြို့နယ်)
၁၀။ ဘုန်းမြင့်ဌေးမော် (ကမာရွတ်မြို့နယ်)
၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)
၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း (ဒေါပုံမြို့နယ်)
၁၃။ အောင်ချမ်း (လားရှိုး)
၁၄။ သက်ဇော်ဝင်း (ဒဂုံမြို့သစ်-အရှေ့ပိုင်း)

http://www.bogyokeaungsanmovie facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.