ဂရိရေပိုင်နက်ထဲကို လှေနဲ့ ခိုးဝင်လာကြတဲ့ အာဖဂန်နစ်စတန်များကို ဂရိ လူဝင်မှုကြီးကြပ်ရေးမှ မေးမြန်းနေပုံ။
တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ၊လူ့အခွင့်အရေးတွေအကြောင်း ပြောတာပဲဖြစ်စေ၊ လူမျိုးရေးအကြောင်းတွေ ပြောတာပဲဖြစ်စေ၊ စီးပွားရေး ဆက်စပ်မှုအရပဲဖြစ်စေ၊ တိုင်းတပါးသားတွေက နိုင်ငံတွင်းကို တရားမဝင်လာရောက် ကျူးကျော်နေထိုင်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။
ဒီလိုဖြစ်ပျက်နေတာတွေကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုအပြင် ဘာသာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း ရှုပ်ထွေးပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ရှိလာနိုင်ပါတယ်။ သွေးနှောပြီး လူမျိုးပျောက်စေတဲ့ကိစ္စွအထိ အဆုံးစွန် ဖြစ်သွားနိုင်တာကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
တကယ်တော့ ကနေ့ မြန်မာအစိုးရ အပါအဝင် နိုင်ငံသားတိုင်းဟာ နောင်လာနောက်သား မျိုးဆက်သစ်တွေ အပေါ်မှာ ပိုမိုကြီးမားလေးလံတဲ့ ပြဿနာတွေကို တတ်နိုင်သမျှ မထားရစ်ခဲ့ဖို့ တာဝန်ရှိနေပါတယ်။
ပြည်ပကနေ တရားမဝင် လာရောက် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားနိုင်မယ့် အဓိက နည်းလမ်း (၄) မျိုးကို အကြမ်းအားဖြင့် အကြံပြုလိုက်ပါတယ်။
(၁) ပြည်ပကနေ ကျူးကျော်နေထိုင်သူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ တားဆီး အရေးယူပိုင်ခွင့် ရှိသလို အခြေအနေအရ လိုအပ်လာတဲ့အခါမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေကို ထပ်ဆင့်ပြဌာန်းခွင့်လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီလို တားဆီးရုံနဲ့တော့ မလုံလောက်ပါဘူး။
(၂) လူ့အခွင့်အရေးနဲ့ လူမျိုးရေးကို ဗန်းပြပြီး တိုင်းတပါးသားတွေ ပြည်ပကနေ ကျူးကျော်လာနိုင်အောင် ကြားကနေ ကူညီ ဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှကိုလည်း တင်းကျပ်တဲ့ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဖို့ လိုအပ်ပါမယ်။ ကြားလူ မကူညီရင် ကျူးကျော်ဖို့ အခွင့်အလမ်းက သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
အဲဒီလို ကြားခံ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံပြည်တွင်းမှာရှိရင်မြန်မာနိုင်ငံသားဟုတ်သည်ဖြစ် စေ၊ မဟုတ် သည်ဖြစ်စေ ကျောသားရင်သား မခွဲခြားဘဲ မြန်မာနိုင်ငံ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီး ပြည်ပမှာရှိရင် ဘယ်နိုင်ငံသားဖြစ်စေ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူ သင့်ပါတယ်။
(၃) အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစရှိတာတွေကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံနဲ့ တိုက်ဖျက်ကြသလိုပဲ ပြည်ပကနေ တရားမဝင် ကျူးကျော်နေထိုင်တာတွေကိုလည်း နိုင်ငံတကာပုံစံနဲ့ တားဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုမိုဂုဏ်ရှိစွာနဲ့ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အဖြစ်ချင်းတူ ကြုံတွေ့နေရတဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် အမေရိကန်၊ ဂျပန်၊ သြစတြေလျ အစရှိတဲ့ နိုင်ငံတွေနဲ့ အတူတကွ ပူးပေါင်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။
(၄) အဓိကကျတဲ့ နောက်ဆုံးတချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ထောက်ခံအားပေးမှု ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို လိမ္မာပါးနပ်စွာ စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်ပါမယ်။
လွင်အောင်စိုး
မေလ ၇ ရက် ၂ဝ၁၂ ခုနှစ်
Tuesday, May 8, 2012
0 တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ
Monday, May 7, 2012
1 လှိုင်မြို့နယ်က စွန့်ပစ်ဓာတုရေဆိုးပြဿနာ
လှိုင်မြို့နယ် ၊၁၃-ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၁၃)ရပ်ကွက်၊မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတုဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါ ရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေး ကိုဆိုးရွားစွာထိခိုက်ပြီး၊ ယင်းဓာတုစွန့်ပစ် ရေ ၏အငွေ့ကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊အီလက်ထရွန်းနစ်ပစ္စည်းများ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။
ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ ၂၄နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊ သီရိမြိုင်လမ်းမကြီးနှင့်အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ရေသန့်စက်ရုံ မှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှု မရှိခြင်း ၊ရပ်ကွက်အတွင်းစနစ်ကျသောရေထုတ်ရေနှုတ်မြောင်းများမရှိခြင်း၊ကွန်ကရစ်လမ်းများခင်းထားသောကြောင့်ရေထွက်ပေါက်များ ပိတ်ဆို့ သွားခြင်း၊စသည် အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ ၀င်ရောက်ပြီး ဆယ်နှစ်ရာသီရေ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက် ရှိနေပါသည်။
ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်နေရသောကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ရေဆိုးများစိမ့်ဝင်နေသော အ၀ီစိရေကို သောက်သုံးနေရခြင်း၊နေအိမ်အမိုးအကာ သွပ်များ၊ဒန်အိုးဒန်ခွက်များ၊ပေါက်လွယ်ခြင်း၊ အီလက်ထရွန်းနစ် စက်ပစ္စည်းများမကြာခဏပျက်စီးခြင်း စသည် ဒုက္ခများကို ကြုံတွေ့နေရကြရသည်မှာ နှစ်အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤဖြစ်ရပ်မှန်များကို မြို့နယ်စည်ပင်သို့၎င်း၊ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများထံသို့၎င်း၊ လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သို့၎င်း၊တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် မြို့တော်ဝန်ထံသို့၎င်း၊အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိပဲ အထက်ပါဒုက္ခများကို ခံစားနေရဆဲဖြစ်ကြောင်း ရပ်ကွက်ပြည်သူများမှ ရင်ဖွင့်ကြပါသည်။
Ko Win Naing
0 ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံးရပ်တန့်ရေး၊စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက် ဦးရဲလွင် ဦးဆောင်တဲ့ "လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း
ကချင်ပြည်နယ်စစ်ဘေးသင့်ပြည်သူများသို့အလှူ ကိုရဲလွင် ၊ကိုသားထွေး ဦးဆောင်သောအဖွဲ့ မောနင်းစတားလက်ဘက်ရည်ဆိုင်(တိရိစ္ဆာန်ဥယျာဉ်) ၆.၅.၂၀၁၂
6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ "... လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံးရပ်
တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ လက်ဘက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေပြီး ရံပုံငွေရှာဖွေပေးရာ စုစုပေါင်း ကျပ်
784300 - တိတိ ရရှိခဲ့ပါတယ် ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်မယ့် ယခုအစီအစဉ်မှာ အဆိုတော်တွေ ထပ်မံပူးပေါင်းပါဝင်လာဦးမှာဖြစ်ပါတယ် ။ ယနေ့ ရံပုံငွေရှာခဲတဲ့ဆိုင်တွေကတော့ တိ၇စ္ဆာန်ရုံအနီးက Morning Star ၊ အလုံက I T cafe နဲ့ ကီလီလမ်းထိပ်က စံပြဒေါ်ကြည် မုန့်ဟင်းခါးဆိုင် တို့ဖြစ်ပါတယ် ။ နောက်အပတ်တွေမှာလဲ 3 ဆိုင်နှုန်းနဲ့ ရံပုံငွေဆက်ရှာပေးသွားမှာဖြစ်ပါတယ် ။ အလှူငွေများကို ကချင်ပြည်နယ်သို့ ချက်ခြင်းပို့ဆောင်လှူဒါန်းမှာဖြစ်ပါတယ် ။
By: Lay Pyay Aung,Thiri Su
Sunday, May 6, 2012
0 ဦးခင်ရွှေရဲ့ဇေကမ္ဘာကုမ္ပဏီက လယ်ကန်သင်းကိုဘူဒိုဇာ အထိုးမပျက် ရှိနေဆဲ
ဇေကမ္ဘာကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းကလည်း တာဝန်အရ ဗွီဒီယို ဓာတ်ပုံမှတ်တမ်း ရယူနေခြင်းပါ။ လက်နက်ကိရိယာ တံဆာပလာအစုံနဲ့ တွေ့မြင်ရပါလိမ့်မယ်
ယနေ့ ရွှေနံ့သာကျေးရွာမှာ လယ်သမားတွေ လယ်ပြန်စိုက်တော့မယ့်အကြောင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်မှာ ပြဌာန်းချက်တွေကို ထောက်ပြီး ဦးနေမျိုးဝေက ဦးခင်ရွှေရဲ့ လယ်ကွင်းထဲက ဇေကမ္ဘာရုံးလေး ရှေ့မှာ လုံခြုံရေး ၀န်ထမ်းများသာရှိတဲ့ တဲလေး ရှေ့မှာ ရှင်းချက် ထုတ်ခဲ့ပါတယ်။ ဇေကမ္ဘာကတော့ ဘူဒိုဇာ အထိုးမပျက် ရှိနေဆဲပါခင်ဗျာ ။ ကျွန်တော် ပြောချင်တာတော့ နိုင်ငံတော်အစိုးရ ကြီးများပေါ့ဗျာ ... ဖြစ်နေတာ တွေကို သိရင် ရှင်းချင်သလို ရှင်း ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တော့ ဆောင်ရွက်သင့်ကြောင်းပါ(ဟောဒီမှာ ဇေကမ္ဘာနဲ့ ရွှေနံ့သာ ) မီဒီယာသမားတွေလည်း ယနေ့လာသွားကြောင်း ဤဓာတ်ပုံနဲ့ ပြဆိုပါတယ်။ လယ်သမားတွေက ရဲနဲ့ လာပြီး ဇေကမ္ဘာကပြောတာကို ထောက်ပြီး ဦးနေမျိုးဝေကို သွားအကြောင်းကြားပါတယ်။ ရဲစခန်းကို ၀င်မေးကြည့်တဲ့အခါမှာတော့ ရဲက တားပိုင်ခွင့် မရှိ...ပါဘူး လို့ ပြောပါတယ်။ ပဋိပက္ခမဖြစ်ရေးလောက်ပဲ ၀င်ထိန်းပေးနိုင်ပါတယ်လို့ ၀င်ရောက်တွေ့ဆုံခဲ့သူ ဦးနေမျိုးဝေ ကပြန်ပြောပါတယ်။ လယ်သမားတွေနဲ့ မြို့နယ်ရုံးကို ၀င်ကြည့်ပေမယ့် ရုံးမဖွင့်တဲ့အတွက် လယ်ကွင်းထဲကို ပဲ ဆက်ချီတက်ခဲ့ကြပါတယ်။ ဥပဒေဟောင်း ဥပဒေသစ် ကိုင်ပြီး အိုးအိမ်ဌာနမှ အကြောင်းပြန်ထားတဲ့ ဇေကမ္ဘာကို စက်မှုဇုံလုပ်ကိုင်ခွင့်ပေးမထားဘူး ဆိုတဲ့ အကြောင်းလည်း လယ်သမားတွေ သိပြီးသားပါ။ ဇေကမ္ဘာရုံးရှေ့မှာ သွားပြီး ရှင်းချက်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ မရှိပါဘူး။ လုံခြုံရေးတွေက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းကို လက်ကိုင် ဖုန်းလေးနဲ့ မှတ်တမ်းတင်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုံအတွက် ခွင့်ပြုထားခြင်းမရှိကြောင်း အိုးအိမ်ဌာနမှ ဒေါ်ခင်မေအေး ပြောဆိုချက်ကို လယ်သမားတွေကို ရှင်းပြပြီး လယ်ပြန်စိုက်ကြဖို့ ဥပဒေအဟောင်းမှာ တန်းစီဇယားချပြီး လယ်မြေတွေချထားပေးရမည့်အကြောင်း ဆင်းရဲသားတွေကို ဦးစားပေးရမည့်အကြောင်းနှင့် ဥပဒေသစ်မှာ လယ်ယာမြေတွေကို သွားရောက် မှတ်ပုံတင်ရမည့်အကြောင်း သတင်းစာကိုင်ပြီး ရှင်းလင်းနေခြင်းပါ
သာသနာ့အလံက တံဆာခံပါ။ ဆိုင်းဘုတ်ထုတ်ထားတာတော့ ကြာပါပြီ အကွက်ဆင်ထားတာပါ အဲဒီလူ ဘယ်နေရာ ဘယ်ဌာနမှာလဲဆိုတာတောင် ဒေသခံလယ်သမားတွေ မသိပါဘူး။ အဲသလို ဆိုင်းဘုတ်တွေ အများကြီးပါ ...
သတင်းတင်ပြသူ..နောင်တော်လေး
0 နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင်
ဧပြီ၁ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွှန်ချုပ်အဆင့်ရာထူးများ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် သတင်းဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိရသည်။
ကြားဖြတ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုတွင် ၀န်ထမ်းများအား မစည်းရုံးနိုင်ခြင်းကြောင့် ရှုံးနိမ့်ရခြင်း ဖြစ်သည်ဟု ယူဆ၍ ၀န်ထမ်းများကို စည်းရုံးနိုင်ခြင်းမရှိသော ညွန်ချုပ်အဆင့် လည်ပယ်တူများကို ဖြုတ်ချသည်အထိပင် ဆောင်ရွက်လိမ့်မည်ဟု သုံးသပ်ပြောဆိုနေကြပြီး စဉ်းစားသုံးသပ်နေသည့် သဘောရှိကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။
hotnewsweekly.com
0 ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လှုပ်ရှားမှုများ
၈၈မျိုးဆက်ကျောင်းသားများက ကဗျာဆရာကြီး ဆရာ ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုခဲ့ကြစဉ် (မေလ၊ ၅ရက်၊ ညနေ ၆ နာရီ)
၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင် အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ ဆွေးနွေးဖြေကြားခဲ့ကြ
၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) နံနက် ၁၀း၀၀ နာရီ တွင် ဟဲဟိုးမြို့သို့ ရောက်ရှိခဲ့ကြပြီး မြို့ခံပြည်သူနှင့် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ဆွေးနွေးမေးမြန်းချက်များမှ အမျိုးသမီးရေး ကိစ္စများကို မမီးမီးမှ ပြန်လည် ဖြေကြားဆွေးနွေးစဉ်။
ညောင်ရွှေမြို့၊ ကဆုန်ဆွမ်းတော်ကြီးလှည့်ပွဲကို မေလ ၄ရက် ညနေ ၅ နာရီက ညောင်ရွှေမြို့အတွင်း လှည့်လည်ကျင်းပရာ ဧည့်သည်အဖြစ် ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများကလည်း ပါဝင်ဆင်နွှဲ
အင်းလေး၊ ဖောင်တော်ဦးဘုရားတွင် ၈၈မျိုးဆက်ကျောင်းသားများေ၇ွှသင်္ဃန်း ကပ်လှူကြစဉ်။
အင်းလေးကန်မှာ ၈၈မျိုးဆက်တို့ရဲ့ အလံ (မေလ ၄ရက်၊ နံနက် ၁၀း၃၀)
ညောင်ရွှေမြို့ရောက် ၈၈မျိုးဆက်ကျောင်းသားများ (မေလ ၊ ၄ရက်၊ နံနက်)
မေလ ၄ရက် နံနက်၊ ရွှေညောင်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်.
၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ တောင်ကြီးမြို့ ဆွေးနွေးပွဲတွင် ဌေးကြွယ်မှ ပြောကြားစဉ်။
တောင်ကြီးမြို့ရောက် ၈၈မျိုးဆက်ကျောင်းသားများ။ (၂၀၁၂ ခုနှစ်၊ မေလ၊ ၃ရက်၊ ညနေ ၆ နာရီ ၂၀ မိနစ်)
88Generations
1 နေပြည်တော်နှင့်ရန်ကုန်ကမြို့နယ်အနည်းငယ်ကလွဲ၍ ပြည်နယ်နှင့်တိုင်း အများစုမှာ တစ်ရက် (၆) နာရီ ဘဲမီးရ
နေပြည်တော်နှင့်ရန်ကုန်ကမြို့နယ်အနည်းငယ်ကလွဲပြီးမန္တလေးတိုင်းအပါအ၀င် မြန်မာနိုင်ငံတ၀န်းလုံးက ပြည်နယ်နှင့်တိုင်း အများစုမှာ တစ်ရက် (၆) နာရီ ပဲ မီးလာတော့တယ်လို့သိရပါတယ်..။ အခုလို မီးပျက်နေ တာဟာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ ဆက်သွယ်ရေး အစစ အရာရာကို ဆိုးဝါးစုတ်ပြတ် စေပါတယ်.။ တချို့က ရန်ကုန်ကို မီးအပြည့်ပေးနေရလို့ တခြားနေရာတွေ မီးတွေပျက်နေတာဆိုပြီး ပြောကြပါတယ်..။
ရန်ကုန် Downtown ဧရိယာနဲ့ VIP နေရာအချို့ကို ၂၄ နာရီ မီးရဖို့အတွက် လတ်တလောစီစဉ်လိုက်တဲ့ အစီအစဉ်ဟာ နိုင်ငံရဲ့ အခြားဒေသတွေက ကဏ္ဍပေါင်းစုံကို ဆိုးရွာစွာ ထိခိုက်လာနေပါတယ်..။ လျှပ်စစ်ဝန်ထမ်းများရဲ့ အဂတိလိုက်စားမှုများကိုလည်း ပိုမိုအားပေးသလိုဖြစ်လာနေသလို ၆နာရီ မီးလာချိန်မှာ လုပ်ငန်းများကအလုအယက်သုံးကြတဲ့အတွက် ထရန်စဖော်မာများ ပေါက်ကွဲလောင်ကျွမ်းမှု များ ဖြစ်လာနေ ပါတယ်။ လျှပ်စစ်နဲ့ မီးအန္တရာယ်များလည်း ပိုမိုဖြစ်ပွားလာနေပါတယ်.။ (ပုစွန်တောင်တွင် ၂-၅-၂၀၁၂ ညတွင် ထရန်စဖော်မာမှ မီးလောင်မှု ဖြစ်ပွားခဲ့သလို မန္တလးတွင်လည်း ထရန်စဖော်မာပေါက်မှုများဖြစ်ခဲ့ကြောင်း သိရပါသည်။)
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ၀ယ်ယူမည်ဆိုသော လျှပ်စစ်ဓာတ်အားသတင်းနှင့် ပြည်တွင်းမှ မလည်ပတ် နိုင် သေးသော သဘာဝဓာတ်ငွေ့စက်ပစ္စည်းသတင်းများလည်း မကြားရတော့ပါ.။ မိမိနိုင်ငံရှိ ရပ်ထားရသော သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ငယ်များအတွက် ခွဲတမ်းမကျန်အောင်ပင် အကုန်ရောင်းချထားသော နိုင်ငံတော် သဘာဝဓာတ်ငွေစီမံကိန်းများကို လက်မှတ်ထိုးချုပ်ဆိုခဲ့သည့် လက်မှတ်ပိုင်ရှင်များကိုလည်း အင်္ဂလိပ်စာကို သသေချာချာမဖတ်ကြဖူးလားလို့ မေးချင်သလို လျှပ်စစ်ဓာတ်အားကို ကိုယ့်နိုင်ငံအတွက် မကျန်အောင်ရောင်းချထားသည့် ရေအားလျှပ်စစ် စီမံကိန်းများကို တာဝန်ယူလက်မှတ်ထိုးထားသည့် ဇော်မင်းနှင့် ဇော်မင်းအထက်မှ ငတိကြီးများကိုလည်း စာချုပ်ပါ စာသားတွေကို ကော်မရှင်ဒေါ်လာတွေအဖြစ် မြင်နေလို့ လက်မှတ်ထိုးလိုက်တာလားဟု မေးချင် ပါတယ်..။
GE က ရောက်လာမည့် GAS ဓာတ်အားပေးစက်ငယ်များကိုကော ဘယ်GAS နှင့် လည်ပတ်မည်နည်း..။
ဘာပဲပြောပြော နေပြည်တော်တွင်းနှင့် နေပြည်တော်ဝန်းကျင် လူအနည်းငယ်သာရှိသော သူရဲခြောက်သော မြို့သစ်ကွက်သစ်များတွင်တော့ .. မြန်မာနိုင်ငံမြို့နယ်အချို့တွင် ရာဂဏန်းပြည့်အောင်ပင်မရှိသည့် ..မီးသုံးစွဲအားကောင်းသော ဆိုဒီယမ်လမ်းမီးလုံးများကို သိန်းနဲ့ချီကာ နှစ်ဆယ့်လေးနာရီ(မနက်တွင်ပင် မပိတ်ကြပါ) ထွန်းထားပါကြောင်း..။
Yan aung
0 ၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန် ထပ်မံမယှဉ်ပြိုင်ဘဲ ရာထူးမှ ဖယ်ပေးလျှင်လည်း ဖယ်ပေးဖွယ်ရှိကြောင်း သမ္မတအကြံပေး ဦးကိုကိုလှိုင်ပြောကြား
၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်အနေနှင့် ထပ်မံဝင်ရောက်ချင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဆက်လက်မယှဉ်ပြိုင်ဘဲ ရာထူးမှဖယ်ပေးလျှင်လည်း ဖယ်ပေး ဖွယ်ရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ဘလွန်းဘာ့ဂ်ျ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားသည်။
''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံတော်သမ္မတကြီးအနေနဲ့အခြေခံအုတ်မြစ်ကောင်းတွေ ချပေးနိုင်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုခရီး စဉ်မှာ နိုင်ငံတော်သမ္မတကြီး ဟာ ဦးဆောင်ဦးရွက်မှုကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်၊သမ္မတရဲ့လက်ရှိသမ္မတသက်တမ်းမှာ ပြုပြင်ပြောင်းလဲရေးတွေအားရလောက်အောင် အောင် မြင်မှုရှိတာကိုသမ္မတအနေနဲ့ မြင်ရမယ်ဆိုရင်သူလည်း ကျေနပ်အားရမယ်လို့ ယူဆနိုင်ပါတယ်၊ ဒီမိုကရေစီလမ်းစဉ် လျှောက်လှမ်းတဲ့နောက်တစ်ဆင့်ဟာ နောက်ခေါင်းဆောင်တွေရဲ့ လက်ထဲကိုလွှဲပြောင်းပေးဖို့ရာလည်း ဖြစ်နိုင်ပါတယ်''ဟုဦးကိုကိုလှိုင်က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသွားသည်။
သမ္မတ ဦးသိန်းစိန်သည် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ရာထူး လက်ခံပြီး ၁၄လအတွင်းမှာပင် မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြန်လည်ချိတ်ဆက်နိုင်အောင် ကြိုး ပမ်းနိုင်ခဲ့သူဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သောဦးသိန်းစိန်သည်အရပ်သားအစိုးရအဖွဲ့ကိုဦးဆောင်ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအများအပြားကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို၊အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လက်ရှိ နိုင်ငံရေးလမ်းကြောင်းတွင် ပူးပေါင်းပါဝင်လာအောင် ညှိနှိုင်းစည်း ရုံးနိုင်ခဲ့ကြောင်း တွေ့ရသည်။
လူဦးရေ၆၄သန်းရှိသော မြန်မာနိုင်ငံအတွက်ကမ္ဘာ့စီးပွားရေးတံခါးများကို ပြန်ဖွင့်ပေးနိုင်ခဲ့သလို၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်လာနိုင်အောင်လည်း တံခါးများ ဖွင့်လှစ်ပေးနိုင်အောင်ဦးဆောင်ကြိုးပမ်း လျက် ရှိကြောင်း တွေ့ရသည်။ အခြေခံဥပဒေအရ ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲထပ်မံကျင်းပမည်ဖြစ်ရာ တပ်မတော်နှင့် ပတ်သက်မှုမရှိသော အရပ်သားကိုယ်စားလှယ်များ နေရာပိုမိုရရှိလာ မည့်အရေးကို ဦးသိန်းစိန်အနေနှင့် လက်ခံပေးနိုင်မည်ဖြစ်သော်လည်း တပ်မတော်၏တုံ့ပြန်မှု မည်သို့ရှိမည် ကိုမူ ကျိန်းသေပေါက်ပြော၍မရ သေးကြောင်းလည်း ဦးကိုကိုလှိုင်က ပြောကြားသွားသည်။
''လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာတပ်မတော်နဲ့ပတ်သက်မှုမရှိတဲ့အရပ်သားကိုယ်စားလှယ်တွေ နေရာများများရလာပြီး နိုင်ငံရေးပါဝါ အလွှဲအပြောင်းကာလ ဖြစ်လာချိန်မှာ တပ်မတော်ဘက်က တုံ့ပြန်မှုဘယ်လို ရှိမယ်ဆိုတာ လက်ရှိ နိုင်ငံရေးပါတီ တွေနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်မှုပုံစံပေါ်မှာ မူတည်နေပါတယ်'' ဟု ဦးကိုကို လှိုင်က ထပ်လောင်းပြောကြားသွားသည်။
၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ''မြန်မာနိုင်ငံဟာ အ ခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်နေပါပြီ၊ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေရဲ့သဘောထားဆန္ဒဟာအဓိကကျပါတယ်၊ပြည်သူတွေရဲ့သဘောထားဆန္ဒ ပေါ်မူတည်ပြီး အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်၊၂ဝ၁၅ မှာ ဖြစ်လာနိုင်တဲ့အခြေအနေကို ကြို ခန့်မှန်းပြီး ပြောဖို့ရာတော့ခက်ပါ တယ်'' ဟု ¤၎င်းကပြောကြားသွားသည်။
Source: Bloomberg.messenger journal
0 ဦးရဲလွင် (မဇ္ဈီမလှိုင်း) ဦးစီးသော ပန်းရဲ့လမ်းလူမှုကွန်ယက်အသင်း မှ ကချင်ပြည်နယ်စစ်ပွဲရပ်စဲရေးနှင့် စစ်ဘေးဒဏ်ခံလူထု အတွက် အလှူငွေ ရှာဖွေ
ကချင်ပြည်နယ်စစ်ပွဲရပ်စဲရေးနှင့် စစ်ဘေးဒဏ်ခံလူထု အတွက် အလှူငွေ ရှာဖွေရေးအတွက်
ကိုရဲလွင် ၊ သားထွေး ၊စံလင်း တို့ဦးဆောင်သောအနုပညာရှင်များက တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့ပေါ်ရှိ လဘက်ရည်ဆိုင်များ တွင်လှည့်လည်ဖျော်ဖြေမည်။ ကုသိုလ်ပါဝင်လိုသူ စေတနာရှင် ဂီတမြတ်နိုးသူများအား အသိပေးသတင်းကောင်းပါးလိုက်ပါသည်။
(မေ ၆ ရက် တနင်္ဂနွေနေ့)
နံနက် ၈ နာရီ ... မောနင်းစတား (တိရိစ္ဆာန်ဥယျာဉ်)
နံနက် ၉ နာရီ ... IT (အလုံ)
နံနက် ၁၀ နာရီ.. စံပြဒေါ်ကြည် (ကီလီ)
ဦးရဲလွင် (မဇ္ဈီမလှိုင်း) ဦးစီးသော ပန်းရဲ့ လမ်းလူမှု ကွန်ယက်အသင်းသည်မနက်ဖြန် ၆.၅.၂၀၁၂ ခုနှစ်မှ စ၍စစ်ဆန့် ကျင်ရေး နှင့်  စစ် ဘေးသင့် ဒုက္ခသည် စခန်းများအားကူညီလှူဒါန်းနိုင်ရန် နံနက် ၈နာရီမှစရ်ျ MORNING STAR (ရန်ကုန်) လက်ဖက်ရည်ဆိုင် နှင့်  အခြား လူစည်ကားရာ လက်ဖက်ရည်ဆိုင်များတွင် စစ်ဆန့်  ကျင်ရေးသီချင်းများဖြင့်  တီးခတ်ဖျော်ဖြေ ပါမည်။ သီးခြားလှူဒါန်းချင်သူများအနေဖြင့်  အောက် ပါ ဖုန်းနံပါတ်များတွင် ဆက်သွယ်လုဒါန်း နိုင်ပါသည်။ ဦးရဲလွင် (မဇ္ဈီမလှိုင်း) - ၀၉ ၄၃၁၈၄၄၉၈၊ ကိုသားထွေး (မဇ္ဈီမလှိုင်း) - ၀၉ ၄၃၁၁၁၆၅၃ ကိုတင်အုန်း - ၀၉ ၇၃၀၃၂၈၇၁ ကိုပီတာအောင်( HAIR PEACE AND FLOWER POWER) အထည်ချုပ်လုပ်ငန်း - ၀၉ ၄၃၀၆၅၄၄၅၊ ကို E CHO ( မဇ္ဈီမလှိုင်း) -၀၉ ၅၁၄၉၃၀၀ ၊ဦးလွန်းဇော် - ၀၉ ၅၀၆၈၀၉၉၊ ဦးအောင်သန်း- ၀၉ ၅၀၂၀၈၂၃ ၊ ဦးမျိုးဦး- ၀၁ ၂၂၁ ၄၇၅ တို့  တွင် ဆက်သွယ်လှူဒါန်းနိင် ပါသည်၊
Maung Win