Monday, December 10, 2012

1 ဒဏ်ရာအပြင်းဆုံးကိုယ်တော်ကို ရန်ကုန်မြို့ ပင့်ဆောင်ကုသ

 မန္တလေးဆေးရုံကြီး လက်ပံတန်းတောင်မီးလောင်ဒဏ်ရရ ဆရာတော်အား (၈၈)ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊ ကြို့ပုံးချို ၊ စမ်းချောင်းကိုကိုကြီး ၊ မဝါ ၊ မယုယုလှိုင် တို့ မှ လည်း ကန်တော့စဉ်

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြားလောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။

မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက လမ်းလည်းမလျှောက်နိုင်ပါဘူး။ ထိုင်လည်းမထိုင်နိုင်ပါဘူး။ ဦးဇင်းတို့ ဦးတိက္ခဥာဏကို ပင့်လာတော့ ၀မ်းလျားမှောက်ကြီးနဲ့ ဆေးရုံကားပေါ်မှာပဲ လိုက်လာခဲ့ရတာပါ။ ဒီနေ့မနက် ၆ နာရီမှာ ရန်ကုန်ဆေးရုံကြီးက အရေပြားအထူးကုဆေးရုံကို ရောက်ပါတယ်။ မနေ့ညက ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခဲ့တာပါ” လို့ မိန့်ပါတယ်။

ကျန်းမာရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သီးသန့်အခန်းမှာ ထားတာကြောင့် ဒဏ်ရရကိုယ်တော်ကို မန္တလေးမှာလို အလွယ်တကူတွေ့ဖို့ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။

သက်တော် ၆၆ နှစ်အရွယ်ရှိတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ပြည်ပမှာ ဆေးကုသဖို့ လိုအပ်နေပြီး နိုင်ငံကူးလက်မှတ်ရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းနေတယ်လို့ မိန့်ပါတယ်။

ဦးတိက္ခဥာဏဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့က သပိတ်စခန်းမှာ အရေပြားလောင်ကျွမ်းတဲ့ ဒဏ်ရာရခဲ့သူတွေအနက် အပြင်းထန်ဆုံးခံစားခဲ့ရတာဖြစ်ပြီး ကျန်သံဃာတွေထက် ပိုစောပြီး မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မုံရွာဆေးရုံက သံဃာတွေပါ မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။

မန္တလေးမှာ ကျန်ရစ်တဲ့ အပါး ၇၀ ခန့်ထဲက ဒဏ်ရာပြင်းထန်တဲ့ သံဃာလူနာ ၅ ပါးကိုလည်း ထိုင်းနိုင်ငံမှာ သွားရောက်ကုသဖို့ ပြင်ဆင်နေတယ်လို့ ဦးသုက မိန့်ပါတယ်။

DVB

0 ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီးဆန္ဒထုတ်ဖော်

ဒီကနေ့ လှု့အခွင့်အရေးနေ့ ဆန္ဒပြပွဲကို GW အဖွဲ့က ဦးစီးကျင်းပတာပါ။ မနက်ဆယ်နာရီိတိတိ မှာ တော်ခန်းမရှေ့ ပန်းခြံဖက်အခြမ်းမှာ စတင် စုဝေးကြပါတယ်။ လူငယ်တွေ အများစု။ လူလတ်ပိုင်းက ကျနော်တို့ပဲပါတယ်။ ကျနော့်ကို တီရှပ်အဖြူတထည်ပေးတယ်။ ဝတ်ကြည့်တော့ ကောက်ညှင်းထုပ်လို ကြပ်နေတယ်။ အင်္ကျီပွ ဝတ်ထားတဲ့ကောင်လေးတယောက်ဆီက အင်္ကျီကို ကျနော့်ပေးဖို့ သူတို့အချင်းချင်း ဝိုင်းပြောကြတော့ အဲဒီ တီရှပ်ကို ကျနော်ရတယ်။ ပိုကြပ်သွားတယ်။ ခေါင်းစည်းအနီတခု ဝေလို့ ခေါင်းမှာ စည်းလိုက်တယ်။ ခဏနေတော့ မဟာဗန်ဓုလ ပန်းခြံကို တပတ်ပတ်ကြတယ်။ ပြီးတော့ ဆူးလေဘုရားကို နှစ်ပတ်ပတ်ကြတယ်။ တပတ်ပြည့်လု ပြည့်ခင်မှာ ကိုဌေးကြွယ် ဆူးလေဘုရားထဲက ထွက်လာတာတွေ့လို့ ကျနော်က အသံပြဲကြီးနဲ့ "ကိုဌေးကြွယ်၊ ဝင် Join ပါလို့ ခေါ်လိုက်တယ်။ သူပြုံးနေတယ်။ မီဒီယာတွေ ကိုဌေးကြွယ်နား ဝိုင်းသွားတယ်။ နောက်တပတ်ကျတော့ သူ့ကို မီဒီယာက အင်တာဗျူးဆဲ။ ကျနော့နောက်က မဒမ်ပေါက အော်တယ်။ ကိုဌေးကြွယ်..ဘေးက အားပေးရုံနဲ့ ကျေနပ်မနေပါနဲ့။ လူထုနဲ့ ဝင်ပူးပေါင်းပါတဲ့။ ဆန္ဒပြပွဲပြီးကာနီးမှာ ကိုဌေးကြွယ် တီရှပ်လာတောင်းဝတ်တော့ လူငယ်တယောက်က ဆန္ဒပြပွဲပြီးမှ အင်္ကျီလာတောင်းဝတ်လို့ မရဘူးအစ်ကို... လို့ ပြောသံကြားရတယ်။(Aung Naing Moe)
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ဝန်းကျင်တို့က လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အထိ သက်ဆိုင်ရာရဲစခန်း၏ တရားဝင်ခွင့်ပြုမိန့်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်သူများမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား အင်အားသုံးဖြိုးခွင်းမှု ကန့်ကွက်ကြောင်းနှင့် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

Eleven media group

1 ဆောင်းဦးလှိုင် - ၄၁

နိုင်ငံကျော်စတူဒီယို တေးသံရှင် ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်ပြည့် မွေးနေ့အခမ်းအနားအား ၉.၁၂.၂ဝ၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မိသားစုနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဆောင်းဦးလှိုင်သည် မွေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏အမျိုးသားနေ့တွင် မွေးဖွား ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးရုံတွင် ယင်းနေ့မှစတင်၍ မျက်စိလူနာများ အား မျက်စိခွဲစိတ်မှုပေးသည့်ဖြစ်ပေသည်။ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ လုပ်အားပေးများ၊အလှူငွေလာရောက်လှူဒါန်းကြသောအလှူရှင်များ၊သုခကုသိုလ်ဖြစ် ဆေးခန်းသို့လာရောက်၍ ဆေးဝါးကုသကြသော လူနာများနှင့် လူနာရှင်များတို့ “သုခအာဟာရ” စား သောက်ဆိုင်၌ နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေး၍ မွေးနေ့အလှူဒါန ပြုအပ်ခဲ့သည့်အပြင် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုံးထပ်အဆောက်အဦး ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များတို့အား တွေ့ဆုံ၍ ကိုဆောင်းဦးလှိုင်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုချို (ရွှေငါးမောင်မောင်)မှ ရေခဲမုန့်ဖြင့် ဧည့်ခံကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဂါရဝပြု ကန်တော့ခဲ့သည်။

ဦးကျော်သူမှ “လူမှုရေး ဂီတသူရဲကောင်းတစ်ဦးအဖြစ် အသက်ထက်ဆုံး ပေးဆပ်သွားနိုင်သူတစ်ဦးအဖြစ် ဆောင်ရွက်ရန်” တိုက် တွန်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်ချီးမြှင့်ခဲ့ကြသော ဧည့်သည်များအား အမှတ်တရစကား များအဖြစ် “ယခုလို မွေးနေ့အခမ်းအနားမျိုး လုပ်ကိုင်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒီနေ့ (၄၁) နှစ်ပြည့် မွေးနေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေးနေကြတဲ့ လူမှုရေး ညီအစ်ကိုမောင်နှမများတွေဟာ နေ့စဉ် နေ့တိုင်း အပူသောကများဖြင့်သာ မွှန်းကြပ်နေသည့်အတွက် တဒင်္ဂလေး ကိုယ်စိတ်နှလုံး ချမ်းမြေ့ စေချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” အမှတ်တရပြောကြားခဲ့ပြီး လူမှုရေး သံစဉ်သီချင်း များအား ကိုဆောင်းဦးလှိုင်နှင့်အတူ မွေးနေ့ပွဲသို့တက်ရောက် ချီးမြှင့်ကြသော တေးသံရှင် ပိုပို၊ မီးနို၊ ခိုင်ဇာသွေး တို့ဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေခဲ့သည်။

ကိုဆောင်းဦးလှိုင်၏ (၄၁) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် မွန်မြတ်လှသော လူမှုရေး ပရဟိတလုပ်ငန်းများအား အများပြည်သူအကျိုးအတွက် ဆက်လက်၍ ထမ်းရွက်နိုင်ပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများတို့မှ မေတ္တာပို့သ ဆုမွန်ကောင်း တောင်းပေးလိုက် ပါသည်။

FFSS

Sunday, December 9, 2012

2 လက်ပန်းတောင်အရေး သပိတ်စခန်းအား ၀င်ရောက်ဖြိုခွဲနေစဉ်ရိုက်ယူထားသော ဓါတ်ပုံထွက်ပေါ်

မီးလောင်ဗုံး မသုံးခဲ့ပါဘူးဆိုတဲ့ လူတွေကို ဘယ်လိုယုံကြည်ရမလဲ?

ဝမ်ပေါင် သပိတ်စခန်းဖြိုခွင်းစဉ် ထိုင်သံဃာသုံးပါး —
သိပ်ပြီးစဉ်းစားဖို့တော့ မလိုပါဘူး။
သိသာနေတာပဲလေ။
ဒါပေမယ့်ကော်မရှင်အတွက်တော့ မှတ်တမ်းလိုမှာပဲ။

ကော်မရှင်နာ ဦးကျော်တင့်ဆွေနဲ့ အဖွဲ့က မန္တလေးဆေးရုံကြီးကိုလာတော့ဒဏ်ရာတွေတော့ မြင်နေရပါပြီ။

မှတ်တမ်းဓါတ်ပုံတော့ မယူတော့ပါဘူးလို့ ပြောသွားတယ်တဲ့။
ကဲဗျာ. . . ။
ကော်မရှင်က သက်သေ အထောက်အထား မလိုဘူးလား။ Photo..Naythit NT
RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှ သမ္မတ ဦးသိန်းစိန်က ဒီလိုပြောသွားခဲ့တာပါ..

3 အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

မချင့်မရဲ

ခုတလော သမ္မတကြီး လုပ်ပုံတွေက ကျုပ်စိတ်ကို တော်တော် ကသိကအောက် ဖြစ်စေပါ တယ်။ ကြည့်ဦးလေ၊ အရာရာမှာ အကောင်းမြင်တတ်အောင် လေ့ကျင့်ထားတဲ့ ကျုပ်က သမ္မတကြီးအနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌရာထူးပါ ဆက်ယူ ထားမယ်ဆိုတော့ ၀မ်းသာမိပါတယ်။ သြော်၊ ငါတို့ သမ္မတကြီးက တိုင်းပြည်တာဝန်တွေ များပြားလို့ မအားမလပ်တဲ့ ကြားထဲက တစ်ဖက်တစ်လမ်းကနေ ပါတီ တာဝန်ပါ ထမ်း ဆောင်မယ်ဆိုရင် ကောင်းတာပေါ့လို့ ၀မ်းသာမလို့ ရှိတုန်းမှာ ပါတီတာဝန်ကို ထမ်းဆောင်မှာ မဟုတ်ဘူးလို့ ဆိုလာပြန်ပါတယ်။ အခြေခံ ဥပဒေ ပုဒ်မ ၆၄ မှာ နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ဆိုထားလို့ပါတဲ့။ ဥက္ကဋ္ဌ မလုပ်ရလို့တော့ ပုဒ်မ ၆၄ မှာ မပါသည့်အတွက် ဥက္ကဋ္ဌ ရာထူးကိုတော့ ယူမယ်ဆိုပါတယ်။ ဒါဆိုရင် ဘယ်လို အကျိုးကို မျှော်ကိုးပြီးတော့ အမည်ခံ ဥက္ကဋ္ဌ လုပ်ရ တာပါလဲ ကျုပ်အပါအ၀င် ပြည်သူတွေက သိချင်လာပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက ဘာပါလဲပေါ့။

ကျုပ်တို့ ကာလသား အရွယ်တုန်းက နောင်တော် တစ်ယောက်က တစ်နေ့တော့ မင်္ဂလာဆောင်တယ်ဗျ။ ကာလသားတွေ ၀ိုင်းမေးတော့ မင်္ဂလာဆောင်တာတဲ့၊ ကတိက၀တ် ထားလို့ လက်ဖျားနဲ့တောင် မတို့ဘူးတဲ့၊ တစ်ရက်လာလည်း လက်ဖျားနဲ့မတို့၊ နောက်တစ်ရက် လာလည်း လက်ဖျားနဲ့ မတို့ဘူးဘဲ ပြောနေတော့ ကြားရသူအပေါင်း မချင့်မရဲကြီး ဖြစ်ကြ ရတာပေါ့ဗျာ။

ပြည်သူ့အသံ

ပြည်သူ့အသံကို ကြားချင်လှပါတယ် ဆိုတိုင်းလည်း ၀မ်းမြောက်ဝမ်းသာ မဖြစ်ကြစေချင်ဘူး။ တကယ်လည်း

1 တရုတ်ပြည်က မြေဈေး( လျှော်ကြေး )

တရုတ်တွေက  မြန်မာပြည်မှာ  စစ်တပ်အားကိုးနဲ့  လာကျယ်နေတယ် ။  စစ်တပ်က  တရုတ်မျက်နာ ရလိုမှုနဲ့  ကိုယ့်ပြည်သူကို ကိုယ်ပြန်ချတယ် ။  သူတို့ နိုင်ငံမှာ  ကန်ထရိုက် တိုက်ဆောက်တာမှာ  လူတဦးက  သူ့ မိဘ အုတ်ဂူကို ရွှေ့ မပေးလို့   မြင်တဲ့အတိုင်း ကွေ့ ဝိုက်ဆောက်ရပါတယ် ။  အဲဒီမြေအတွက် ဒေါ်လာ ( ၁၅၀၀၀၀-  တစ်သိန်းခွဲ ) ပေးတာကို လက်မခံတာပါ ။ ဆယ်ပေပတ်လည်ကို ၁၅၀၀၀၀- ဆိုတော့  တစ်ဧက ဆိုရင် ဒေါ်လာ ၁၀-သန်းမက ပါ ။

 မြန်မာပြည်မှာ လယ်တစ်ဧကကို ၃-သိန်းလောက်တာပေးတော့  မြန်မာမြေက အဲ ဒီလေယက်ဘဲ တန်ရင်  တနိုင်ငံလုံးကို  ကမ္ဘာာသူဌေးကြိး ဘီလ်ဂိတ် ၀ယ်လို့ ရနေပါပြီ ။


နောက်အဖြစ်အပျက်တခုကတော့ ၂၀၀၇ခုနှစ်တုန်းက Chongqing city ရဲ့အဝေးပြေးလမ်းမပေါ်ဖောက်လုပ်ဖို့ဆိုပြီး ငွေပေးဖယ်ရှားခိုင်းတာကို လက်မခံခဲ့တဲ့ အိမ်တအိမ်ပါ..

ပေးပို့သူ..Billy Mackenzie

3 လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထား သလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း

0 မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်များ

"ကျွန်မအဖေက နတ်မောက်သားဆိုတော့ နတ်မောက်မြို့သူမြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ပြောလို့ရပါ တယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ပတ်သက်လို့ ကျွန်မအများကြီးဂုဏ်ယူပါတယ်။

ဂုဏ်လဲ ယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အလာကိုထိန်းသိမ်းသွားမယ့်ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ဇာတိမာန်ရှိဖို့လိုပါတယ်။

... နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ်ရှိတယ်လို့လဲ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်"

"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။ အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့သွားနိုင်မှာဖြစ်ပါတယ်"

"ကျွန်မတို့ အာဏာရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ

7 days news journal

0 ကမ္ဘာတဝန်းအပြန်အလှန်တရားဝင်ငွေလွှဲနိုင်မည်

Photo..မြန်မာအင်ဒီပဲဒန့်စ်ဂျာနယ်

မြန်မာနိုင်ငံရှိ မြန်မာအရှေ့တိုင်းဘဏ် MOB နှင့်အမေရိကန်နိုင်ငံတွင်အခြေစိုက်ပြီးနိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေ သော Western Union Company တို့ပူပေါင်း၍ မြန်မာနိုင်ငံမှနေပြီး ကမ္ဘာနိုင်ငံပေါင်း နှစ်ရာကျော်နှင့် နိုဝင်ဘာလ၂၉ ရက်နေ့မှစတင်ကာအပြန်အလှန် ငွေလွှဲပို့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ငွေလွှဲသူကသာ ဝန်ဆောင်ခပေးရန်လိုအပ်ပြီ ငွေထုတ်သူအနေဖြင့် ဝန်ဆောင်ခပေးရန်မလိုကြောင်း၊ ငွေလွှဲ ထုတ်ယူမည့် သူကိုယ်တိုင်မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး ငွေပို့သူ၏အမည် ပေးပို့သည့်နိုင်ငံလွှဲငွေပမာဏနှင့် ငွေလွှဲသူ၏လျှိုဝှက်နံပါတ်တို့ကို သိရှိလျှင်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း လွှဲငွေထုတ်ယူရာတွင်လည်းဗဟိုဘဏ်ရဲ့သက်မှတ် ပေါက်ဈေးအတိုင်း ထုတ်ပေးလျှက်ရှိကြောင်း MOB ဘဏ်လက်ထောက် အထွေထွေ မန်နေဂျာဒေါ်ဖြိုးသူထွေး၏ ပြောကြားချက် များအရသိရသည်။

ငွေလွှဲခြင်းလုပ်ငန်းများကိုမြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲ ၁၉ခုမှလုပ်ဆောင်မည်ဖြစ်ပြီး Western Union Company အနေဖြင့်နည်းပညာပိုင်း၊ စည်းမျဉ်းစည်းကမ်းများ အခက်အခဲနှင့် ပြဿနာများအပေါ်တွင်သာ ကိုင်တွယ်ဖြေရှင်ပေး မည် ဖြစ်ကြောင်းသိရသည်။

ကျူးဘား၊ မြောက်ကိုရီးသားနှင့် အီရန်နိုင်ငံများမှလွဲ၍ ကျန်နိုင်ငံများနှင့် ငွေပို့ငွေလွှဲနိုင်ပြီးဖြစ်ကြောင်း၊ ယခုအချိန် တွင်အမေရိကန်၊ သြစတြေးလျနှင့်နော်ဝေနိုင်ငံတို့မှလွှဲသူပိုများနေပြီး ထိုင်း၊ မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေး၊ ကမ္ဘောဒီးယား စသောနိုင်ငံတို့နှင့်လည်း အပြန်အလှန်ငွေလည်းလှယ်မှုများရှိကြောင်းသိရသည်။

ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများသည်ယခင်က ငွေလွှဲရာတွင် ယုံကြည်စိတ်ချရမှုနည်းသော ဟွန်ဒီလုပ်ငန်းများကို အားကိုလာခဲ့ရာမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ယခုအခါတွင်ပုဂ္ဂလိကဘဏ် ၁၄ ခုကိုခွင့်ပြုခဲ့ပြီး ဖြစ်သည်။ အဆိုပါဘဏ်များထဲမှ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ် တို့သည် ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံများနှင့်သာအပြန်အလှန်ငွေလွှဲပို့နိုင်ပြီးယခုအခါတွင် မြန်မာအရှေ့တိုင်းဘဏ် MOB မှတစ်ဆင့်တစ်ကမ္ဘာလုံးသို့ အပြန်အလှန်ငွေလွှဲပို့နိုင်ပြီး ဖြစ်ကြောင်းသိရသည်။

Yangon chronicle

0 မုံရွာမြို့ သံဃာတော်များ အပါး ၅၀၀ ကျော်ခန့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့်သံဃာတော်များ အား အကြမ်းဖက်နှိမ်နင်းသောတရားခံကို ဖော်ထုတ်ပေးရန်တောင်းဆို

Photo..Aung nay myo

0 အမျိုးသားနေ့၌ လက်ပံတောင်းတောင် အရေးအတွက် သံဃာတော်အချို့ ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် အရေးအတွက် ရန်ကုန်မြို့ရှိ သံဃာတော်အချို့ရွှေတိဂုံဘုရား၊အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားမှ ဆူးလေဘုရားသို့ ယနေ့ ၉၂ နှစ်ပြည့်မြောက် အမျိုးသားနေ့ မွန်းလွဲ ၂ နာရီခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ရန်ကုန်မြို့ ဆန္ဒဖော်ထုတ်မှုတွင် သံဃာတော် အပါး ၄၀ ခန့်နှင့် လက်ပံတောင်း တောင် အရေးအတွက် လှုပ်ရှားနေသော ပြည်သူ ၄၀ ခန့် ပါဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။

“သူတို့က ဒဏ်ရာရ ကိုယ်တော်တွေကိုလည်း လုံလောက်တဲ့ ထောက်ပံ့မှု

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.