Monday, August 23, 2010

0 ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ

ရော်နီညိမ်း

တပ်မှူးတပ်သား ပြောစကား (၀၂၂)

မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် "တပ်မှူးတပ်သား ပြောစကား"အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်)ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။

ဦးအောင်လင်းထွဋ်။ ။ 1998 တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးရေတပ်စခန်းမှာ ကျနော်တို့က အခြေချပါတယ်။ ရှေ့တန်းစစ်ဗျူဟာအနေနဲ့ကတော့ ခရစ္စတီးကျွန်းမှာ အခြေချပါတယ်။ ခရစ္စတီးကျွန်းဟာ ထိုင်းနဲ့မြန်မာရဲ့ရေပြင်ပိုင်နက်အစပ်နားမှာ ရှိပါတယ်။ ကျနော်တို့ဆိုတာက ဗိုလ်ချုပ်ကြီးကြည်မင်း(ယခု အငြိမ်းစားဒုဗိုလ်ချုပ်ကြီး)၊ နောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့သူပါ။ အခုတော့ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဒုဥက္ကဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးကြည်မင်းပါ။ နောက်တယောက်က ဗိုလ်ချုပ်မြင့်ဆွေ(လေ) (ယခု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကလည်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့ပြီးတော့မှ အခု retire (အငြိမ်းစား) သွားပါပြီ။ ဦးနေ၀င်းရဲ့မြေးတွေရဲ့ ဖြစ် စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ နောက်တယောက်က ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း) (ယခု ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကတော့ လက်ရှိ စစ်ရေးချုပ်ရာထူးကို ယူထားပါတယ်။

(မှတ်ချက်။ ။ ခရစ္စတီးကျွန်းလူသတ်ပွဲဖြစ်စဉ်တွင် ဤသုံးဦးလုံးမှာ ဗိုလ်မှူးချုပ်အဆင့်သာ ရှိကြပြီး၊ တပ်ထုံးစံအရ ဗိုလ်မှူးချုပ်ကို ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီးကို ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်မှူးကြီးကို ဗိုလ်မှူးကြီးဟုပင် ခေါ်ကြပါသည်။)

သူတို့သုံးယောက်ကို ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးဆိုပြီး တော့၊ ကက(ကြည်း)(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်-ကြည်း)ရုံးကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပေးပြီး တော့မှ ဇာဒက်ကြီးရေတပ်စခန်းကို လွှတ်လိုက်ပါတယ်။ ဇာဒက်ကြီးရေတပ်စခန်းရဲ့စခန်းမှူးက ဒုတိယဗိုလ်မှူးကြီး မောင်မောင်သစ်။ ကော့သောင်းရဲ့အခြေချ စစ်ဗျူဟာမှူးက ဗိုလ်မှူး ကြီးဇော်မင်း(ယခု ၀န်ကြီးဦးဇော်မင်း)။ အခု အမှတ်(၁)လျှပ်စစ်ဝန်ကြီးတာဝန်ရော ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်ရော ယူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ဗျူဟာမှူး အနေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရပါတယ်။ သူ့လက်အောက်မှာ အဲဒီအချိန်မှာ တပ်ရင်းမှူးအဖြစ် ခမရ(၂၆၂) ကော့သောင်းတပ်က ဒုတိယဗိုလ်မှူးကြီးစိုးတင်။ ဒီပုဂ္ဂိုလ်က နောက် ပိုင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ သိရပါတယ်။ နောက်တယောက်က ဘုတ်ပြင်းက တပ်ရင်းမှူးပါ။ ခမရ (၄၀၃) လား (၄၀၄)လား ကျနော် မသိတော့ ဘူး။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ။ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါ့လေ၊ အဲ့ဒီမှာ ဗိုလ်မှူးကြီးဇော်မင်းဦးစီးတဲ့ ဗျူဟာကနေ ခရစ္စတီးကျွန်းကို တက်ပြီး နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာ သစ်ခုတ်ဝါး ခုတ်နဲ့ အရပ်သူအရပ်သား(၅၉)ယောက်တိတိကို သူတို့ ဖမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ သုံးနှစ်သမီးလေးတစ်ယောက် ပါတယ်။ မိန်းမတစ်ယောက်ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ ကလေးငယ်ငယ်လေးကို မွေးခဲ့ပြီး နေနေခဲ့တာပေါ့လေ။ သူတို့ကတော့ သာမန် ဒီနယ်မြေဒီဒေသမှာ သစ်ခုတ်ဝါးခုတ်ပြီးတော့မှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ အရပ်သူအရပ်သားတွေ ဖြစ်ပါတယ်။ အဒီအချိန်က တိုင်းမှူးက ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ထိုစဉ်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး၊ ၂၀၀၁ တွင် ရဟတ်ယာဉ်ပျက်ကျစဉ် အတွင်းရေးမှူး -၂ ဒုဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ကွယ်လွန်သွားသူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)။ သူက ပုဒ်မ(၁၄၄)ထုတ်ထားတယ်တဲ့။ ဒီကျွန်းတွေမှာ အရပ်သားတွေ မနေရဘူးဆိုတာကြောင့် ဖမ်းတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ထင်တာက ဒီ(၅၉)ယောက်ကို ကော့သောင်းမြို့ကို ပြန်ပို့ပြီး အရေးယူချင်လည်း ယူ ပေါ့လေ။ လ၀ကဥပဒေနဲ့ အရေးယူချင်လည်း ယူပေါ့လေ၊ ဒီလိုပဲ လွှတ်လိုက်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ဖမ်းမိတာက ဧပြီလမှာလို့ ကျနော်ထင်တယ်။ မေလလောက် ရောက်တဲ့ အခါကျတော့၊ ညဘက်ကြီးမှာ ကောက်ခါငင်ခါ အမိန့်တစ်ခု ရောက်လာလို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)ဖြစ်တဲ့ ကက(ကြည်း)က ဗိုလ်ချုပ် မြင့်ဆွေ (ယခု ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၅)က ဆက်သွယ်ရေးစက်ပေါ်တက်လာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောကြပြီးတော့မှ ဗိုလ်ချုပ်ကြီးကြည်မင်း ပြန်လာတဲ့အခါကျတော့ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ အခုဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ ဘာကြောင့်လဲ၊ အဲဒါ။

ဦးအောင်လင်းထွဋ်။ ။ ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ်။ ဒီကလေးလေးတွေ မိန်းမတွေ ယောက်ျားတွေ ဘာမှ လက်နက်မကိုင်ထားတဲ့လူတွေကို သတ်ခိုင်းတာဟာ၊ ကျနော် တို့မှာ အရမ်းကို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ ကျနော်လဲ ဒါဟာ ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခုဘဲ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ကျနော်တို့ အား လုံးကို စုလိုက်တယ်။ ကျနော်တို့ကတော့ staff အနေနဲ့ နားထောင်ရတာပေါ့။ ဗိုလ်ချုပ်ကြီးကြည်မင်း(ရေ)၊ ဗိုလ်ချုပ်မြင့်ဆွေ(လေ)၊ ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း)၊ ဗိုလ်မှူးကြီးမောင် မောင်သစ်(ရေ)၊ ဒါကတော့ လူကြီးပိုင်းတွေပေါ့လေ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့အခါကျတော့၊ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေ တဲ့လူက ဘာထပြောလဲဆိုတော့ "ဒါ အထက်အမိန့်ပဲ၊ အကုန်သတ်ပစ်ရမှာပေါ့" ဆိုပြီး တော့မှ သူက စပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ(လေ)ကတော့ သူက ပုတီးသမား တရားသမား ဆိုတဲ့အခါကျတော့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဘို့နဲ့ "အခြေအနေလေးတော့ ပြန်မေးကြည့်ပါဦး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲပတ်ဝန်းကျင်လောက်ဖြစ်နေတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမောင်အေး အရက်သောက်ပြီး မူးတဲ့အချိန်၊ တော်ကြာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေဦးမယ်" ဆိုပြီးတော့မှ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် (ဗိုလ်မှူးချုပ်သူရမြင့်အောင် နဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေ-လေ) ပြောတဲ့အပေါ်မှာ အဓိကမူတည်ပြီးတော့မှ၊ ဗိုလ်ချုပ်ကြီးကြည်မင်းက ဆုံးဖြတ်ပါတယ်။ "ကောင်းပြီ ဒါဆို ဒို့တွေ နောက်နေ့မနက် စက်ပေါ်တက်ပြီးတော့မှ ကိုမြင့်ဆွေ (ရန်ကုန်စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ဗိုလ်မှူးချုပ်မြင့်ဆွေ)ကို ဒို့ ထပ်မေးကြည့်မယ်၊ ဒီအမိန့်ကိုတော့ အောက်က ဗိုလ်မှူးကြီးဇော်မင်းတို့ကို ချမပေးနဲ့ဦး" ဆိုပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက ထိန်းထားလိုက်တာ ကျနော်တို့ သိရပါတယ်။ မနက် ကိုးနာရီပတ်ဝန်းကျင်လောက်၊ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)ကို စက်ပေါ်တက်ပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက မေးပြီး ပြန်လာတဲ့အခါကျတော့၊ ဘာပြောလဲဆိုတော့ "ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး)အမိန့် မဟုတ်ဘူး၊ အဘကြီး(ဗိုလ် ချုပ်မှူးကြီးသန်းရွှေ)အမိန့်ဆိုပြီး ပြောတယ်" ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ် မှာတော့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူးပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး။ မရခဲ့တဲ့အခါကျတော့၊ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်။ သူက စကခ(၁၃)(စကခ= စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟု အမည်ပေးထားသော ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင် တော့၊ အမိန့်ပေးလိုက်တယ်။ အမိန့်ပေးတဲ့အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုအမိန့်ကို အကောင်အထည်ဖေါ်ခဲ့တာက၊ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် ဗိုလ်မှူးကြီးဇော်မင်းဦးဆောင်တဲ့ဗျူဟာက လုပ်ခဲ့တာပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်း (ယခုအမှတ်(၁)လျှပ်စစ်ဝန်ကြီဌာန ၀န်ကြီး နှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး) နဲ့ သူ့တပ်ရင်းမှူး နှစ်ယောက်ပေါ့လေ။ ဗိုလ်မှူးကြီးဇော်မင်းကလည်း တပ်ရင်းမှူးနှစ်ယောက်ကို ဆက်အမိန့်ပေးပြီးတော့မှ အကုန်လုံးကို လုပ်ပစ်လိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ဓါတ်ပုံတွေ ရှိပါသေး တယ်။ ကျနော့်ရုံး(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး)က ဗီရိုထဲမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်မှာ ဗိုလ်မှူးကြီးဇော်မင်းတို့နဲ့အတူတူ ထောက်လှမ်းရေး(၁၉) တပ်မှူး၊ အခုတော့ ထောင်ထဲရောက်နေပါပြီ (၂၀၀၄တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ ဖြုတ်ထုတ်ရှင်းခံရသူများထဲမှ တစ်ဦး)၊ ဗိုလ်မှူးမြင့်ဦးဆိုတာ အတူတူ ရှိပါ တယ်။ သူက ခိုးပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဒီစစ်ဆင်ရေး အပြန်မှာ ကျနော်တို့ကို ခိုးပြီးတော့ ပြန်ပေးလိုက်တဲ့အခါကျတော့၊ ကျနော်လည်း ရန်ကုန်ကို ပြန်ရောက်တဲ့အခါကျ တော့ ဗိုလ်မှူးချုပ်ကျော်သိမ်းနဲ့ ဗိုလ်မှူးကြီးစန်းပွင့် ကျနော့် G 1 (စစ်ဦးစီးမှူး ပထမတန်း) တို့ကို ပြပြီးတော့မှ ကျနော့်ဗီရိုထဲမှာ သိမ်းခဲ့တယ်။ အခုတော့ ရှိ မရှိတော့ ကျနော် မသိတော့ ဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကြားထဲမှာ တစုံတရာပြန် လည်ဆွေးနွေးတာတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမှားအမှန် ကိစ္စတွေ ပြောခဲ့တာတွေများ ရှိလား ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ ကိုသန်းလွင်ထွန်းရေ၊ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)တစ်ခုမှာ "အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်" ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီအမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၃ ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ် လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိ ဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ "အစိပ်သားတောင် မချန်နဲ့"ဆိုတာ ဘာကို ပြောတာလဲ။

ဦးအောင်လင်းထွဋ်။ ။ "အစိပ်သားတောင် မချန်နဲ့"ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ "အစိပ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါ ဘူး။ ပြောလိုက် တဲ့စကားပါ။

ဦးသန်းလွင်ထွန်း။ ။ ဘယ်နယ်မြေထဲမှာလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ အားလုံးဘဲ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် "ရွာစုသည်"ဟု တရားဝင်ခေါ်ဝေါ် သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါ ကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများ ကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ ဦးအောင်လင်းထွဋ်အနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကတော့၊ ခု မြန်မာပြည်တောင်ပိုင်း ခရစ္စတီးကျွန်း (Cristie Island)မှာ အရပ်သူအရပ်သား (၅၉)ဦးကို သတ် ခဲ့တဲ့ ကိစ္စပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီ့တုန်းက (၅၉)ယောက်တင် မကဘူး ခင်ဗျ။ ဒီ (၅၉)ယောက်ကို ရှင်းပစ်ပြီးတဲ့နောက်ပိုင်း မှာ၊ တရက်နှစ်ရက်လောက် ထင်တယ်။ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယားငါးဖမ်းစက်လှေပေါ့ လေ။ ယိုးဒယား ငါးဖမ်းစက်လှေဆိုတာကလည်း တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းစက်လှေပါ။ အဲ့ဒီ့စက်လှေဟာ ငါးတွေကို ရနောင်းမြို့ကို ပို့ဘို့အလာမှာ၊ လမ်းကြောင်းက ဒီ ခရစ္စတီးကျွန်းနားကို ၀င်လာတဲ့အခါကျတော့၊ ရေတပ်က 305 လား 303 လား (တိုက်ရေယာဉ် နံပါတ်များ)တော့ မသိဘူး။ ကျနော် မှတ်မိတာကတော့ စစ်ရေယာဉ်မှူးက ဗိုလ်မှူးအောင်ကြီး။ သူက ဖမ်းလာပါလေရော။ ဖမ်းလာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းကို သူတို့ သတင်းပို့လိုက်တဲ့အခါကျ တော့၊ ထုံးစံအတိုင်းပဲ ကက(ကြည်း)ကို ဆက်ပြီး သတင်းပို့ကြတယ်။ ဆက်ပို့တော့ ကက(ကြည်း)ကလည်း အရင်လိုပဲ "ရှင်း ပစ်လိုက်"ဆိုပြီး ရှင်းခိုင်းတယ်။ ရှင်းခိုင်းတော့ အားလုံးပေါင်း ဒီစက်လှေပေါ်မှာပါ တဲ့လူ (၂၂)ယောက်ကို၊ ရေတပ်က တာဝန်ယူပြီးတော့ အဲ့ဒီ့ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ်ပြီး မြှုပ်ပစ်ခဲ့ရတယ်။ အဲ့ဒီ့စက်လှေကြီးကိုတော့ ကျနော်တို့က မမြုပ်မချင်း ပင်လယ်ထဲမှာ မြုပ်အောင်ဆိုပြီးတော့မှ စက်လှေကို ကျနော်တို့က ဗိုက်ဖေါက်ပြီးမီးရှို့ပြီးတော့ မြှုပ်တဲ့ဥစ္စာ၊ ကျနော် ထင်တယ်၊ တစ်ပတ်လောက်ကြာမှ အဲ့ဒီ့စက်လှေကြီးဟာ ရေအောက်ထဲကို ရောက်သွား တယ် ထင်တယ်။ ဒါက ဆက်စပ်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတော့ အားလုံး အဲ့ဒီ့အချိန်မှာ ကျနော်တွေ့ခဲ့တာက အရပ်သားတွေချည့်ဘဲ။ ဘာမှ လက်နက်ကိုင်တဲ့လူ တစ် ယောက်မှ မပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အခု ဒုတိယပြောတဲ့အကြောင်းဆိုလိုှိ့ရင် ဒါက ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြဿနာတက် တာ မရှိနိုင်ခဲ့ဘူးလား။

ဦးအောင်လင်းထွဋ်။ ။ မရှိပါဘူး ခင်ဗျ။ မရှိဘူးဆိုတာက ဘယ်သူမှ မသိဘူး။ အဲ့ဒီရေပြင်မှာလည်း တရားဝင်အမိန့် ထုတ်ထားပါတယ်။ အရှင် မလိုချင်ဘူးလို့ ပြောထားတယ်။ ငါးခိုး ဖမ်းစက်လှေပဲဖြစ်ဖြစ်၊ အကုန်လုံးကိုသတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုပ်ပစ်ရပါတယ်။ ပထမပိုင်းတုန်းကတော့၊ လူတွေပဲ စက်လှေကိုဖမ်းပြီး ပစ္စည်းတွေကို ယူတာရှိတယ်။ နောက်ပိုင်း မှာ လူရောပစ္စည်းရော အကုန်လုံး မြှုပ်ခိုင်းတဲ့ဥစ္စာတွေက ၁၉၉၆၊ ၁၉၉၇ လောက်က စပြီး နည်းနည်းလေး ပြင်းထန်လာတဲ့ သဘောရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုကြားခဲ့ရတာကတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲတစ်ခုအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြော ပြခဲ့တာပါ။ "အရိုးတွန်တယ်"ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအရ ဆိုရင်တော့၊ ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုမှန်သမျှဟာ ဒီအတိုင်း ပျောက်ပြယ်သွားလေ့တော့ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းအမျိုးနဲ့ တစ်ခုခုနဲ့ ပြန်ပေါ်လာတတ်ပြီး၊ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရစမြဲဆိုတာကိုတော့၊ အခု ကမ္ဘာ့သတင်းတွေမှာ ကြားသိနေရတဲ့ အီရတ်နိုင်ငံက သမ္မတဟောင်း ဆဒမ်ဟူစိန်ကို ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့မှု၊ ဒါ့အပြင် အီရတ်နိုင်ငံအတွင်း ကုန်သည်(၄၀)ကျော်ကို မတရားဖမ်းဆီးပြီး အမိန့်ပေးသတ်ဖြတ်ခဲ့မှုနဲ့ လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ဒုတိယသမ္မတဟောင်း ထာရစ်အာဇစ်ရဲ့ ကိစ္စ၊ နောက်ပြီး The Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစွဲဆို အပြစ်ပေးခြင်းတွေခံနေရတဲ့ ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း တွေအကြောင်း၊ စတာတွေက သက်သေခံနေပါတယ် ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။

(၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ အစီအစဉ်ကို၊ ဒီတပတ် "တပ်မှူးတပ်သား ပြောစကား" အပတ် စဉ်ကဏ္ဍမှာ ပြန်ပြီးထုတ်လွှင့်ပေးခဲ့တာပါ။)

အသံလွှင့်ခဲ့သော ဤအစီအစဉ်တွင်ပါဝင်နေသည့် စစ်အရာရှိများ၊ ဗိုလ်သင်တန်းဆင်းနှစ်များ နှင့်၊ ထိုစဉ်က အရာရှိအဆင့် နှင့် စစ်ရာထူးများ (စာပိုဒ်အစဉ်လိုက်)

၁။ ဗိုလ်မှူးအောင်လင်းထွဋ် (စစ်ဦးစီးမှူး-ဒုတိယတန်း၊ ကကလှမ်း) (DSA အပတ်စဉ်၂၀၊ ၁၉၇၉)

၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)(OTS အပတ်စဉ် ၉၊ ၁၉၅၃)

၃။ ဗိုလ်မှူးချုပ်ကြည်မင်း (စစ်ဦးစီး ဗိုလ်မှူးချုပ်-ရေ) (DSA အပတ်စဉ် ၆၊ ၁၉၆၄)

၎။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-လေ) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၅။ ဗိုလ်မှူးချုပ်သူရမြင့်အောင် (တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ၁၃၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၁၈၊ ၁၉၇၆)

၆။ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သစ် (စခန်းမှူး၊ အမှတ် ၁၉ ရေတပ်ရှေ့တပ်စခန်း၊ ဇာဒက်ကြီးကျွန်း)(DSA အပတ်စဉ် ၁၀၊ ၁၉၆၈)

၇။ ဗိုလ်မှူးကြီးဇော်မင်း (ကော့သောင်းအခြေချစစ်ဗျူဟာမှူး၊ ကမ်းရိုးတန်းစစ်ဌာနချုပ်) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၈။ ဒုတိယဗိုလ်မှူးကြီးစိုးတင် (ခမရ ၂၆၂ တပ်ရင်းမှူး၊ ကော့သောင်း) (OTS အပတ်စဉ် ၅၁၊ ၁၉၇၆)

၉။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ (ခမရ ၄၀၃ တပ်ရင်းမှူး၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၂၁၊ ၁၉၈၀)

၁၀။ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (DSA အပတ်စဉ် ၁၂၊ ၁၉၇၀)

၁၁။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၁၂။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၊ ၁၉၅၉)

၁၃။ ဗိုလ်မှူးမြင့်ဦး (အမှတ် ၁၉ ထောက်လှမ်းရေးတပ် - မြိတ်၊ တပ်မှူး) (OTS အပတ်စဉ် ၅၈၊ ၁၉၈၀)

၁၄။ ဗိုလ်မှူးချုပ်ကျော်သိမ်း (မူးယစ်ဆေးဝါးနှင့်တိုက်ပွဲထောက်လှမ်းရေးဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာန) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၁၅။ ဒုတိယဗိုလ်မှူးကြီးစန်းပွင့် (စစ်ဦးစီးမှူး-ပထမတန်း၊ ကကလှမ်း) (အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၁၊ ၁၉၇၃)

၁၆။ ဗိုလ်ချုပ်မောင်ဘို (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး) (OTS အပတ်စဉ် ၃၁၊ ၁၉၆၄)

၁၇။ ဗိုလ်မှူးအောင်ကြီး (ရေ) (စစ်ရေယာဉ်မှူး)
http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html

Sunday, August 22, 2010

0 အမေသို့တမ်းချင်း


သီချင်းနားထောင်ရန်ပုံကိုနှိပ်ပါ။

0 ငါး ငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့် မီဒီယာ

ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။

သုစိပုဘာ၊ ဝိလိသိဓာ

အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို

သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့
…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။

ကျုပ်တို့ဗမာလူမျိုးတွေ ဘာသေယျကပ်သင့်နေတာ ကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင်တာ မသိရ၊ ပြောချင်တာမပြောရ၊ မှန်တာမကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြောရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိသင့်သလောက်ရှိခဲ့တယ်။ ပါလီမန် ဒီမိုကရေစီဆိုတဲ့ ဦးနု ပဆဖလ အစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာလူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်းကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သားတွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယို ဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူတွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီး အလေးပေး ထုတ်လွင့်လာသလို DVB တို့ RFA တို့ဆိုတာတွေလည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တဝက် အောင်ပြီလို့တောင်ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများ ကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက် ဖြစ်မိတယ်။

သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမားကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာ ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဖက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက်သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့ အကြောင်းရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့ အဖြစ်က စိတ်ချ ယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရတဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သတင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေး အရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုခြင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တယားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင် သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင် လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့ အားကိုးရာဖြစ်တော့တယ်။

ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကိုလေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်း တွေဟာ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အဓိကအခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့ လွတ်မြောက်ရေး တိုက်ပွဲမှာလည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ် အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန်ခဲ့ကြတယ်။ ဒီလိုသမိုင်းတာဝန် ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလဲ ရှိခဲ့တာပဲ။ ဥပမာ ဗမာပြည်ကို ဝေလမင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ပဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ရေးရတာကိုပဲ ဧရာမဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေ လည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမားတွေ ကျေးဇူး ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့ အတွက်ကြောင့် အလိုတော်ရိ သတင်းသမားတွေ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထု အကျိုး လူထုဆန္ဒကို ဦးထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူ နိုင်ခဲ့ကြတယ်။
သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူလူထုရဲ့ နားမျက်စိလို သတင်းမီဒီယာ တွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာတွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစား ခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမဲ့ အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမဲ့ အဆိပ်အတောက်တွေလည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလိုပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။



ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖေါက်ပြန်ရင်၊ တာဝန်မဲ့လာ ရင်တော့ အဲဒီ့လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂါတ်ဘဝဟာ အန္တရယ်ကျရောက် တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ကြရုံနဲ့ မလုံလောက်ပဲ လောကလူ့ရွာ အတွက်ဆိုးကျိုး အန္တရာယ်ကို ဖြစ်စေမဲ့ အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှား ရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမဲ့ အတွေး အမြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။



ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ဘဲ မညှာမတာ လုပ်ရပ်တွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရတယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲ ပြောရမယ်။ အမှားအမှန် ဝေဘန်သုံးသပ်ချက် မထည့်ရ။ မည်သည့် ရှုထောင့် အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်း လိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။ ဒေါ်စုပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ ကိုယ့်ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကား ကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့်တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝ ပုံမှန်စနစ် ထဲမှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာ ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆတွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချီ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာအမှန်တရားမျက်နှာ တခုသာရှိတယ်။ သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တယားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက် ဘူးဆိုတာဟာ အမှန်တရားနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။



အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အသက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိသတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက် မှ မလိုက်ရဘူးဆိုတဲ့ မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ကောက်ရိုးတမျှင် လဲ ဆုံးရှုံးသွား ရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖေါ်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။



ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲ အသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာဝေဘန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက် တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက်တွေ့ နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံသူတွေနဲ့ မယှဉ်နိုင်တဲ့ အားနဲတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေးတယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှ တပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ်အောင် ဖန်တီးထုတ်လွှင့်ကြတယ်။ ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင်ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲ ကြော်ငြာပွဲ ကြီးလုပ်ကြတယ်။ နောက်ထပ် ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲ ထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။ ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေ ထဲမှာ ဆက်ပြီးထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင်တွေကို ယနေ့ဗမာလူငယ်တို့ရဲ့ အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုအောက်မှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီအစီအစဉ် ထုတ်လွင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုပဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့ အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာ ဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့ အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့်ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာ အကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ပေမဲ့ မအားလပ်တာကြောင့် အချောမသတ်ပဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချီလိုက်တယ်။ အခုနောက်ဆုံးအခြေအနေအရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ် ထုတ်လွင့်ပေးနေတယ်လို့ သိရပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲလို့ သိရပါတယ်။)



လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေ ယောင်ဆောင်ထားတဲ့ ရန်သူဖြစ်တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင် ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ်ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချ မှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကိုလည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။



အခုကျွန်တော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည် ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက် မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လို သဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲတွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံ တာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန်က အမှန်တရားဖက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဘူးတဲ့ တော်လှန်ရေးသမားဟောင်း၊ နိုင်ငံရေး သမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက်နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စု မျက်နှာက ပိုကြီးသွားတာလား။



ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “ မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော် ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူးရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူထုဦးလှရဲ့ ကျနော်သတင်းသမားဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းတို့ ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ သူလိုလူဆိုတဲ့ စာအုပ်တွေလောက်တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီးကိုင်ထားပြီး အစွမ်းမ သိ ဆေးလိပ်မီးညှိုလိုက်၊ ရေနွေးကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီး တဲ့မြင်း အထီမှန်းးအမမှန်းမသိရင် ခက်မယ်။

ကာလသားပုံပြင် တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာ အောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံခရီးသည်တယောက် မြင်တစီးနဲ့ ညနေ စောင်းမှာ တောအုပ်တခုထဲ ဖြတ်သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလဲ အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာပေါ့။ အကြောင်း ကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေးပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလဲ တသက်လုံး သူတပါးပြက်ရယ်ပြုခံလာရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံ အောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့်စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက် ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်းပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန်ရောက် လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ်သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက်မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တဖြည်းဖြည်းအောက်ဆင်းစမ်းလာလိုက် တာ ဟိုနေရာလဲရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေသတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်း နဲ့အဲ့ဒီ့ အလုပ်တန်ဘိုးကို သိဖို့ အလွန်ရေးကြီး ပါတယ်။ ကိုယ်စီးတဲ့မြင်း အထီမှန်းးအမမှန်းမသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။



ပြင်ပရေဒီယို သတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအားတက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလဲ ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘောထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမထောင်ဘဲ ငါးစားသလို သတိ တရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဘန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော်နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့ မီဒီယာတွေကို ကာတွန်းကံချွန်ရဲ့ မျက်လှည့် ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။



ပုံပြင်က။ တခါတုန်းက မြွေလပ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေလပ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေး ရောင်းတယ်။ တခါတော့ မြွေလပ္ပာယ်ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက် မကောင်းနဲ့ ရက်ကြလာတော့ စားဝတ်နေရေး မပြေလည်တော့ဘူး။ ဒီတော့ မြွေဆေး ရောင်းသမားက မထူးဘူးဆိုပြီး မြွေပုခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သ လောက်နဲ့ မြွေလပ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သလောက်နဲ့ မြွေလပ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှုးရှုှးရှားရှားဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဘို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော်လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။



မီဒီယာဆိုတာ ကျွန်နော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက်လက်နက် တခုပါ။ ကျွန်နော်တို့ အဖိနှိပ်ခံ ဗမာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ်မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိပါတယ်။

မိုးကြိုးလက်နက် ရှိန်စော်ထက်

မျောက်လက်ရောက်ရှာ ခွင့်မသာ

ရောင်ဝါမှေးလျှက် အကြေးတက်။

သတင်းထက်မြက် လူထုတွက်

မျက်စိနားနှာ ပုံပမာ

သိက္ခာကွယ်ဝှက် တန်ခိုးပျက်။


ရဲဘော်ကျော်သန်း

Kyaw_than2004@yahoo.com
22.8.2010

2 အဆုံးမသတ်နိုင်တဲ့သွေးပန်းချီ


ဒီသီချင်းကိုvideo-သီချင်းစာသားအလိုအလျောက်ရွေ့ရှားမှုနဲ့အတူ နားထောင်ကြည့်လို့ရအောင်နည်းပညာစမ်းသပ်မှုတခုအနေနဲ့ ကြိုးစားပြုလုပ်ထားပါတယ်။ နားထောင်ကြည့်စေလိုပါတယ်။

0 ဘွိုင်းကောက် ၂၀၁၀ စာစောင်

Boycott 2010 Vol.2

1 ပျက်အောင်ဖျက်ကြရမဲ့ ရွေးကောက်ပွဲနဲ့ သတိထားကြရမဲ့ စိတ်ဓါတ်စစ်ဆင်ရေး-
ရေးသူ-မောင်ချင့်ချိန်

“အာရုံဦးမှာဖူးသည့်ကြာ”တဲ့ ၊ အင်တာနက်စာမျက်နှာတွေနဲ့ Group Mail တွေထဲမှာ အပြောများလာပြီး ပါတဲ့သရုပ်ဆောင်တွေကို ဆန္ဒပြရေး မပြရေး ၊ အငြင်းပွား နေကြကထဲက ကျွန်တော်စိတ်ဝင်စားခဲ့တာပါ ။ န၀တ/နအဖ (စစ်အာဏာရှင်) ခေတ် ၂၂ နှစ်သက်တမ်းမှာ“ပါပီမ”ဇတ်လမ်းကစလို့ ခု“အာရုံဦးမှာ ဖူးသည့်ကြာ” ထိ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး ၊ အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီး ပြည်သူကိုစည်းရုံးတဲ့ဇတ်ကားတွေထက် တဘက်(တော်လှန်သူတွေ)ကို မဟုတ်တမ်းတရားပြောအပုတ်ချရိုက်ကူးထားတဲ့ အောက်တန်းကျတဲ့ဇတ်လမ်းတွေပဲ ဖြစ်ခဲ့ပါတယ် ။

၁၉၇၄အလုပ်သမားအရေးတော်ပုံ ၊ ဦးသန့်ဈာပနနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ထိခိုက်စော်ကားထားပြီး ၊ သမိုင်းကိုလိမ်ညာထားတဲ့အဲဒီဇတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေကို ဗီဇာပိတ်ဘို့တောင်းဆိုတာတွေ ၊ နေတိုးနဲ့အဖွဲ့ကို အင်္ဂလန်မှာဆန္ဒပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ ၀ိုင်းစုခိုင်သိန်း ကို ဆန္ဒပြကြတာတွေနဲ့ ကိုယ့်အချင်းချင်း အငြင်းပွားရတာတွေအတွက် ဒီဇတ်ကားအကြောင်းရေရေရာရာသိချင်ပြီး လေ့လာဖြစ်ခဲ့ပါတယ် ။

ရုပ်ရှင်ကိုမကြည့်ရခင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦး(အဲဒိကားရဲ့ဇတ်ညွှန်းနဲ့ဒါရိုက်တာ)တို့ရဲ့အင်တာဗျူးကို အရင်ဖတ်ဖြစ်ခဲ့ပါတယ် ၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က ဒီဇတ်ကားဟာ နအဖပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်ကျလွန်းတဲ့စိတ်ဓာတ်စစ်ဆင်ရေးဖြစ်နေတယ် ၊ သူကိုယ်တိုင်သဘောမကျတာတွေရှိတယ် ဆိုတာမျိုး ၀န်ခံထားတာတွေတွေ့ရတဲ့အတွက် တင်သန်းဦးလို စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာနှစ်၂၀ကျော်လုပ်ခဲ့တဲ့ ဦးစီးအရာရှိပထမတန်း ဒုဗိုလ်မှုးကြီးတယောက် တောင်စိတ်မပါပဲလုပ်ပေးခဲ့ရပါတယ်ဆိုရင် သာမန်အနုပညာရှင်တွေမျှသာဖြစ်တဲ့ ၆၈ယောက်သောလူကြမ်းတွေ၊နိုင်ငံကျော်မင်းသားမင်းသမီးတွေ ၊ မော်ဒယ်တွေ ကရော စိတ်ပါလက်ပါရိုက်ပေးခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့ ဘယ်လောက်တောင် သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျနေမလဲ စဉ်းစားမိပါတယ် ။

ဒီနေရာမှာ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုကို ကြားဖြတ်ပြောချင်ပါတယ် ၊ အနုပညာသည်ဆိုတာလဲ အာဏာရှင်ခိုင်းရာလုပ်ရတဲ့ ဖိနှိပ်ခံတွေပါပဲဆိုပေမဲ့ အကန့်အသတ်တော့ရှိရပါမယ် ၊ အနုပညာသည်ဆိုတာကိုက ပြည်သူလူထုကကျွေးတာစားပြီး ပြည်သူကို အလုပ်အကြွေးပြုဘို့ပါ ၊ ပြည်သူကိုအဆိပ်ဆေးတိုက်ဘို့မဟုတ်ပါဘူး ၊ ဇတ်ကားတစ်ကားရိုက်ဘို့ ထုတ်ဝေသူတွေ ၊ ဒါရိုက်တာတွေကကမ်းလှမ်းလာရင် ဇတ်လမ်းကိုအရင်ဖတ်ပြီးမှာလက်ခံကြရတာပါ ၊ ဇတ်ဝင်ခန်းမှာပြောရမဲ့ ဒိုင်ယာလော့(စကားလုံး)တွေကိုလဲ ကြိုပြီးကျက်မှတ်ထားရတာပါ ၊ ဒီတော့“မသိလို့ပါ”ဆို တာမျိုးဆင်ခြေက ယုတ်တိမတန်သလို ၊ “မလွန်ဆန်နိုင်လို့ပါ”ဆိုရင်လဲ ဘာအတွက်မလွန်ဆန်နိုင်တာလဲ ထပ်မေးရမှာပါ ၊ ပြည်သူကို အသိမှားအယူအဆမှားတွေ ဖြစ်စေတာ အနုပညာကိုသစ္စာဖေါက်တာဖြစ်သလို ပြည်သူကိုစော်ကားတာလဲဖြစ်ပါတယ် ၊ အဲဒီတော့ သူတို့လဲဖိနှိပ်ခံတွေပါပဲလေဆိုပြီးငြိမ်နေလိုက်ရင် ပြည်သူကို ခံစားမှုတွေပေးနိုင်စွမ်းရှိတဲ့ အနုပညာသည်တွေ လမ်းမှားဆက်လျှောက်မိနေနိုင်ပါတယ် ၊ ဘယ်သူမှဘာမှတတ်နိုင်တာမှမဟုတ်ပဲ ၊ အာဏာပိုင်တွေအလိုလိုက် တာ ဘေးကင်းတာပဲဆိုတဲ့သူတွေကိုလဲ၊ဘယ်လိုအခြေအနေမှာမှ ပြည်သူကိုစော်ကားလို့မရဘူးဆိုတာပြရပါမယ်၊ဒီတော့ သရုပ်ဆောင်တွေကိုဆန္ဒပြသင့်ပါတယ်၊ ပြကိုပြကြရပါမယ် ၊ ကန့်ကွက်ရှုတ်ချကြရပါမယ် ၊ တခုတော့ရှိပါတယ် ၊ သရုပ်ဆောင်တွေအနေနဲ့ မလွန်ဆန်နိုင်လို့ပါဝင်မိခဲ့တာပါဆိုတာနဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းမဟုတ်ပဲ အာဏာပိုင်တွေဖန်တီးထားတဲ့ဇတ်လမ်းသာဖြစ်တယ်ဆိုတာ မီဒီယာတွေကနေ ပြည်သူသိအောင်ဝန်ချတောင်းပန်ရင်ခွင့်လွှတ်ပေးရပါမယ် ၊ သဘောထားကြီးရမယ် ၊ မြင့်မြတ်ရမယ် ၊ အမြင်ကျယ်ရမယ်ဆိုပြီး ၀ါရင့်နိုင်ငံရေးသမားကြိးတွေလိုလေသံနဲ့ အနုပညာသည်လောက်ကိုဆန္ဒပြဘို့မလိုဘူးယူဆသူ တွေအနေနဲ့ လွတ်လပ်စွာကွဲလွဲခွင့်ရှိပေမဲ့ ၊ ပြည်သူကိုစော်ကားရင် ၊ ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းသွေးနဲ့ရေးခဲ့တဲ့ သမိုင်းတွေကိုဖျက်ဆီးရင် ၊ ဘယ်သူ့ကိုဖြစ်ဖြစ်ဆန့်ကျင်ရမှာပဲယူဆတဲ့ စစ်အာဏာရှင်တွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကို ခါးခါးသီးသီးနာကျည်းခံပြင်းနေသူတွေရဲ့ သဘောထားကိုတော့ ကန့်လန့်မလုပ်သင့်ပါဘူး ၊ ခုလိုအချိန် ၀န်ချတောင်းပန်ဖြေရှင်းမှုမလုပ်ရသေးတဲ့ အနုပညာသည်တွေကို ဖက်လှဲတကင်းဆက်ဆံခြင်းဟာ လူမိုက်အားပေးလုပ်နေ သလို ၊ ရန်သူ(စစ်အာဏာရှင်တွေ)ရဲ့ ၀ါဒဖြန့်စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုပေးနေသလိုဖြစ်စေမယ်ဆိုတာ သတိထားသင့်ပါတယ်။

ဇတ်ကားအကြောင်းပြန်ဆက်ရရင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦးအင်တာဗျူးမှာတင် စိတ်ဝင်စားစရာအချက်တွေတွေ့ပါတယ် ၊ တင်သန်းဦးကိုယ်တိုင်ရဲ့အပြော တွေထဲက “ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက်တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲပေးရမှာ ၊ ခုဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို ”ဆိုတာမျိုးနဲ့ “စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူးပေါ့နော်။ စာရေးရင်တမျိုး ၊ အသံလွှင့်နေရင်လည်း ဘယ်ကလွှင့်နေမှန်းမသိဘူး ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေးစနစ်ပေါ့ ။ နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့စစ်ဆင်ရေး။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင်လုပ်တာ။ စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒတခုရှိပါတယ်။ သီအိုရီ ပါပဲ ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။” ဆိုတာတွေက စိတ်ဝင်စားစရာအချက်တွေပါ။

တင်သန်းဦးလို ကိုယ်တိုင်ပေါ်လစီဇတ်လမ်းတွေရေး ၊ ဒါရိုက်တာလုပ်ဇတ်လမ်းတွေရိုက် ၊ ဖော်လံဖားဆောင်းပါးတွေတောက်လျှောက်ရေးပြီး ၂၀၀၇ခုနှစ်ကမှ ကျန်းမာရေးမကောင်းလို့ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှုးကြီးရာထူးကနေ (ခံစားခွင့်တွေအများကြီးရပြီးမှ)အနားယူလိုက်တဲ့သူက ဒီဇတ်လမ်းကျမှ စိတ်မပါပဲလုပ်ပေး ခဲ့ရတာလို့ ဘာလို့ပြောတာလဲ ၊ ဒီဇတ်ကားအတွက် သမိုင်းဆိုင်ရာအချက်အလက်တွေစီစစ်တဲ့ ချစ်နိုင်စိတ်ပညာက ဗိုလ်မှုးဟောင်း ၊ တက္ကသိုလ်မြတ်သူဆိုတာက (စစ်ဗိုလ်မှန်းဘာမှန်းသာမသိတာ) သတင်းစာတွေမှာ စစ်အုပ်စုအလိုကျဝါဒဖြန့်ချီရေး ပင်တိုင်ဆောင်းပါးရှင် ၊ တင်သန်းဦးနဲ့ကပုလင်းတူဗူးဆို့ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့အရေးပါအရာရောက်သူတွေ ၊ ပရိသတ်ရဲ့အကြိုက်ကိုဆန့်ကျင်တယ်ဆိုတာလဲသိသိနဲ့ဆိုတော့ ဦးတည်ချက်ကဘာလဲ ၊ ဟိုဦးတည်ရမလို ဒီဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊ စိတ်ဓါတ်စစ်ဆင်ရေးကျတော့ ဒဲ့ဒိုးဆန်တယ်လဲပြောသေးတယ် ၊ တင်သန်းဦးအဖြေတွေမှာတင် မရိုးသားမှုတွေလဲရှိနေပါတယ်။

ဇတ်လမ်းကပထမပိုင်း ၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး တပိုင်းမှာနှစ်ချပ်နဲ့စီဒီခြောက်ချပ် ။ န၀ရတ်ရွှေစင်ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချီတာပါ ၊ လက် တွေ့ဘ၀နဲ့ကင်းကွာနေတဲ့ ဘာဦးတည်ချက်ဘယ်နှစ်ရပ်ဆိုတာတွေနဲ့ ကြေငြာတွေအပြီး ပထမဆုံးစာတမ်းထိုးတဲ့ကျေးဇူးတင်လွှာထဲက ၀ိုင်းဝန်းပါဝင်ထားရသူ တွေဖြစ်တဲ့ တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊ စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင် ဘယ်လောက်ထိ ၀ါဒဖြန့်ချီရေးရည်မှန်းချက် ကြီးကြီး ထားတဲ့ဇတ်ကားလဲ သိနိုင်ပါတယ် ၊ သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ပါဝင်တဲ့ မင်းသားမင်းသမီး ၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီး ပထမဆုံးဇတ်ဝင်ခန်းမှာတင် ဒီဇတ်ကားရဲ့ ပြောင်ကျတာရော ၊ မသိမသာရော ၊ အောက်တန်းကျတာရော စိတ်ဓါတ်စစ်ဆင်ရေးဆိုတာတွေ စတွေ့တာပါပဲ ။

မဲပေးကြရတော့မယ်ဆိုတာပါတယ် ၊ ဆူဆူပူပူတွေမလုပ်ပြီးရောဆိုပြီး ၁၉၉၀ရွေးကောက်ပွဲမှာNLDကိုမဲပေးခဲ့ကြတယ်ဆိုတာပါတယ် ၊ ၁၉၇၄ မှာတပါတီစနစ်ကို ရာနှုန်းပြည့်ထောက်ခံ အခြေခံဥပဒေအတည်ပြုခဲ့ပြီး ကိုယ်အာဏာမရသူတွေထလုပ်တဲ့ အလုပ်သမားအရေးအခင်းဖြစ်ခဲ့တယ်ပါတယ် ၊ အရေးအခင်းဖြစ်ရင် ကျောင်းသားတွေနစ်နာတယ် ၊ ကျောင်းတွေအကြာကြီးပိတ်တယ် ဆိုတာပါတယ် ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးသက်တမ်းသုံးကြိမ်ဖြစ်ဘူးတဲ့ဦးသန့်က အမေရိကားမှာ ပါမောက္ခလား ကထိကလားလုပ်နေပြီး အစိုးရက နိုင်ငံခြားရေးဝန်ကြီးပေးပါမယ်ခေါ်တာတောင်ပြန်မလာတဲ့သူ ၊ ဟိုမှာသင်္ကြိုလ်လိုက်လဲ ရရဲ့သားနဲ့ အစိုးရက ကြံတောမှာဂူလုပ်ပေးရအောင်ပြန်သယ်လာတာ ၊ လုပြီးတက္ကသိုလ်ထဲမှာလာလုပ်တာလေ ၊ ကျောင်းသားက၂၀၀လောက်ထဲ အရပ်သားက ၆၀၀၀လောက်နဲ့ ၊ ဗကပယူဂျီတွေနဲ့ပြည်ပြေးတွေရဲ့လက်ချက်ပါ ၊ အဲဒီမှာလဲ ကျောင်း ၆ လပိတ်တာပဲလေ ဆိုတာမျိုးလဲပါတယ်၊နေပြည်တော်ဆိုတဲ့နေရာက လူတွေအပျော်အပါးသွားလာလို့ရတဲ့နေရာတွေပါတယ် ၊ အဲဒီကနေ လွတ်လပ်ရေးရပြီးခေတ်၁၉၄၉ကိုရောက်သွားလိုက်တာ နေ၀င်းအာဏာသိမ်းတဲ့၁၉၆၂ထိ အလယ်သားစီဒီိလေးချပ်စာလုံးကို ဘုရားမရှိတရားမရှိ ၆၄ ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဖအေကိုသားကပြန်သတ် အချင်းချင်းတွေသတ်လုပ်တဲ့ဗကပ ၊ ရထားလမ်း မိုင်းထောင် ၊ ရွာတွေဝင်ဆက်ကြေးကောက်လူသစ်စုမိန်းကလေးတွေဆွဲလုပ်တဲ့ KNU ၊ပျူစောထီးလိုခါးပိုက်ဆောင်တပ်တွေမွေးပြီး ကိုယ်အာဏာရဘို့ သူငယ်ချင်း အချင်းချင်းတောင်ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့သန့်ရှင်းဖဆပလ ၊ နိုင်ငံရေးဆိုတာ အာဏာမက်မောသူတွေလုပ်တာ ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲဆိုပြိးသေ နတ်ပြ ၊ တပ်မတော်ကတော့အမြဲတမ်းကယ်တင်ရှင်ဆိုတာတွေပြသွားပြီး နောက်ဆုံးချပ်မှာ ကျောင်းသားတွေအသတ်မခံရပဲအသတ်ခံရတယ် ၊ ကျောင်းသူတွေ မုဒိန်းအကျင့်မခံရပဲခံရတယ်လိမ်ညာမြှောက်ပေးရာက ရှစ်လေးလုံးဖြစ်လာပြီးခေါင်းတွေဖြတ် အလံကိုင်နှဘူးစီးနဲ့လူတွေကနေ့ခင်းကြောင်တောင်လမ်းပေါ်ဓါးပြ တိုက်လုပ်တာတွေပါတယ် ၊ ရှစ်လေးလုံမှာဦးဆောင်တာက ပျူစောထီးခေတ်ဖဆပလခေတ်မှာအာဏာလုခဲ့ကြသူတွေရဲ့သားသမိးတွေဆိုတာလဲ ပါသေးတယ်၊ တောခိုကျောင်းသားတွေက မြို့ပေါ်ဖေါက်ခွဲရေးလုပ်ရအောင်ပြန်လာပြီး ကိုယ့်လက်ထဲတင်ပေါက်ကွဲတာပါတယ် ။

ကဲ..ဘယ်မှာလဲအမှန်တရား..အာဏာလက်ဝယ်ရှိသူက သမိုင်းရေးစတမ်းလို့ ဇတ်အိမ်မခိုင်မာတဲ့ဆီသည်မလက်သုတ်ဆိုပေမဲ့ ဒီတစ်ခါတော့သမိုင်းတွေလိမ်ယုံ မဟုတ်တာတော့သေချာတယ် ၊ ဦးတည်ချက်တွေက နိုင်ငံရေးဆိုတာ အနိဌာရုံတွေ ၊ စိတ်ဝင်စားအပ်တာမဟုတ် ဆိုတာမျိုး နိုင်ငံရေးကို လူတွေစိတ်မ၀င်စားစေ ချင်တဲ့သဘောပါတယ် ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အချင်းချင်းနေရာလု ပြန်သတ် စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲအပေါ်စိတ်မ၀င်စားကြစေချင် တဲ့သဘောတွေပါတယ် ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲလို့ သေနတ်ပြခြိမ်းခြောက်တဲ့သဘောတွေပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲလဲစိတ်မ၀င်စားကြနဲ့ ၊ နိုင်ငံရေးလဲမပတ်သက်နဲ့ဆိုတာမျိုး ပြောင်ရော မသိမသာရော စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပါပဲ ။

ဒီနေရာမှာအငြင်းပွားနိုင်ပါတယ် ၊ “ဟ စစ်အုပ်စုက ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်းဝါဒဖြန့်နေတာ ၊ လူတွေကိုရွေးကောက်ပွဲကိုစိတ်မ၀င် စားအောင်လုပ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ”ငြင်းနိုင်ပါတယ် ၊ သတိပြုကြရမှာက စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ဆန္ဒအတွက် ရွေးကောက်ပွဲလုပ်တာမဟုတ် ဘူးဆိုတာပါ ၊ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သားအစိုးရတစ်ရပ်ပြောင်းပါပြီဆိုပြီး ကမ္ဘာကိုလိမ်ဘို့ ၊ အပစ်ရပ်ထားတဲ့ငြိမ်းချမ်းရေးအဖွဲ့တွေကိုဆက်ထိမ်းနိုင်အောင် လို့ ၊ သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှမဟုတ် စစ်တပ်သြဇာခံ ကြံ့ဖွတ်၇၅%နဲ့စစ်ယူနီဖေါင်းဝတ်၂၅%လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာဘို့ ပြည်သူတွေ ရွေးကောက်ပွဲကိုစိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊ ဒါ့ကြောင့်တဘက်ကရွေးကောက်ပွဲဆိုပြီးဟန်ပြနေသလောက် တကယ်တမ်းမှာ ပြည်သူတွေရွေးကောက်ပွဲ ကိုစိတ်မ၀င်စားကြအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်နေတယ်ဆိုတာ သတိထားကြသင့်ပါတယ် ။

ဒီနေ့ပြည်သူတွေကြားမှာ စစ်အုပ်စုလိုချင်တဲ့ပုံစံအတိုင်း ရွေးကောက်ပွဲကို စိတ်မ၀င်စားကြပါဘူး ၊ စစ်အုပ်စုကလဲ လူတွေစိတ်ဝင်စားစားမစားစား ၊ မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာရွေးကောက်ပွဲလုပ်ပြီး သူ့စိတ်တိုင်းကျဖွဲ့မဲ့ အစိုးရတစ်ရပ်ကြေငြာမှာပါ ၊ ရွေးကောက်ပွဲလုပ်ဖြစ်ပြိဆိုတာနဲ့ လက်ရှိအာဏာပိုင်တွေအားလုံး ပြောင်ပြောင်တင်းတင်း ကျောထောက်နောက်ခံပြုပေးနေတဲ့ လက်ရှိယူနိဖေါင်းဝတ်ရော ယူနီဖေါင်းချွတ်ရောဦးစီးတဲ့ ကြံ့ဖွတ်အဖွဲ့ကအလိုလိုအနိုင်ရသွားမှာပါ ၊ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြဆိုယုံတင်ကတော့ စစ်အုပ်စုအကြိုက်ပဲဖြစ်ပါလိမ့်မယ် ၊ စစ်အုပ်စုဖန်တိးထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေးအဆင့်အတိုင်းပဲဖြစ်သွား မှာပါ၊ကျွန်တော်ဆိုလိုတာက လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကိုသပိတ်မှောက်တယ်ဆိုယုံနဲ့ စစ်အုပ်စုလုပ်ရပ်တွေကိုတားနိုင်မှာမဟုတ်ဘူး ၊ ရွေးကောက်ပွဲ ကို ပျက်အောင်ကိုဖျက်မှ စစ်အုပ်စုခြေလှမ်းကိုချိုးနိုင်မှာပါ ၊ ဒါဟာ စစ်အာဏာရှင်လက်အောက်မှာ နောင်ဘယ်လောက်ကြာဦးမလဲဆိုတဲ့အဖြေလဲ ဖြစ်ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲကိုစိတ်ဝင်စားအောင်ကိုလုပ်ရပါမယ် ၊ ဒါဟာ မဲသွားပေးဘို့မဟုတ်ပါဘူး ၊ ပျက်အောင်ဖျက်ဘို့စိတ်ဝင်စားစေရမှာပါ ၊ ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ ပြီးသွားရင်ဆိုတဲ့အခြေအနေတွေကို ပြည်သူတွေသေချာသိစေပြီး ပျက်အောင်ဖျက်မှရမယ်ဆိုတဲ့စိတ်ဝင်စားမှုကို ဖြစ်စေသင့်ပါတယ် ၊ စစ်အုပ်စု ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက်မတိုင်မှီမှာ လူထုအုံကြွမှုတွေ ၊ ရရာလက်နက်နဲ့ အခြေအနေပေးသလိုပြန်ခံချတာတွေလုပ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပျက်အောင်ကိုဖျက်ကြရအောင်ပါ ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်။

Saturday, August 21, 2010

0 Web Address တွေကို ခေါင်းရှုပ်ခံပြီး စာအုပ်ထဲမှာ မှတ်နေစရာမလိုတော့ပါဘူး (Online Bookmarking)

အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။

အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။

Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။


ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။

အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။

ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။
Htet Zaw
htetzaw551990@gmail.com

0 နအဖပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိသော စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuya ကပြောဆို


လာမဲ့ (၁၁)လပိုင်းအထိ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်နိုင်မှာမဟုတ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့ နအဖရဲ့ လာမဲ့ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိသော စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuya ကမနေ့ကပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuyaက "မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးမလွှတ်ပေးဘဲမစစ်မှန်သောတရားမျှတမှုမရှိသော ရွေးကောက်ပွဲကို တဖတ်သတ်ပြုလုပ်မယ်ဆိုရင်ရွေးကောက်ပွဲရလဒ်ကိုကမ္ဘာ့နိုင်ငံအသီးသီးမှထောက်ခံလိမ့်မှာမဟုတ်ဘူးလို့လည်းပြောဆိုလိုက်ပါတယ်။ "

ဒါ့အပြင်ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်စေပြီး စစ်မှန်တဲ့ပါတီစုံရွေးကောက်ပွဲဖြစ်နိုင်ဖို့ ဂျပန်နိုင်ငံရှိ မြန်မာနအဖသံရုံးမှတဆင့် စာပို့တောင်းဆိုထားတယ်လို့ဆိုပါတယ် ။

မြန်မာပြည်တွင်းမှာရွေးကောက်ပွဲကို ၁၁လပိုင်း (၇)ရက်နေ့ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖရဲ့မတရားအမှုဆင်ထားတဲ့အတွက် အဲဒီရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် တပတ်ကျော်ကျော်လောက်မှလွတ်မြောက်မှာပါ။
သတင်း။ ။ TBS

0 နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

သတင်းထုတ်ပြန်ကြေငြာချက်။

ရက်စွဲ။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသော ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ အပြင်းထန်ခံစားနေရသော်လည်း ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) မှ ကြားသိရပါသည်။

ကိုမျိုးမင်းဝေသည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူမှုရေးကူညီဆောင်ရွက်မှုများပြုလုပ်နေစဉ် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် အပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၀၉ ခုနှစ် မတ်လက အတွင်းလိပ်ခေါင်းရောဂါဖြစ်နေ၍ ခွဲစိတ်ရန် လိုအပ်သည့်ကြားမှ နယ်ဝေးထောင်သို့ ပြောင်းရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ယခုလ ၁၀ ရက်နေ့က ခန္တီးထောင်တွင် ကိုမျိုးမင်းဝေ ကို ထောင်ဝင်စာတွေ့ပြီးပြန်လာသူ ဖခင်ဖြစ်သူ ဦးတင်လှက ကိုမျိုးဝင်းဝေသည် အတွင်းလိပ်ခေါင်းရောဂါ ခံစားနေရသဖြင့် ထမင်းမစားနိုင်ဘဲ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း၊ လိပ်ခေါင်းဝေဒနာကြောင့် ၅ ရက်ကျော်ကြာ အစာမစားနိုင် ၀မ်းမသွားနိုင်ဖြစ်နေပြီး ရေသာသောက်နေရကြောင်း သတင်းဌာနများသို့ပြောကြားခဲ့သည်။

ခန္တီးထောင်ဆရာဝန်က ကိုမျိုးဝင်းဝေကို အရေးပေါ်ခွဲစိတ်ရန် လိုအပ်ကြောင်း ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ထောင်အာဏာပိုင်များက အထက်ကိုတင်ပြထားသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ ယခုလ ၁၂ ရက်နေ့က သားဖြစ်သူအား အမြန်ဆုံး ဆေးကုသပေးရန် သက်ဆိုင်ရာ အက်စ်ဘီနှင့် စရဖအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း အထက်ကိုတင်ပြပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု ဦးတင်လှမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ခန္တီးထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးညီပုသည်လည်း အောက်ပိုင်းသေသည့်ဝေဒနာခံစားနေရပြီး ထိရောက်သောဆေးကုသခံယူမှုမရရှိကြောင်း၊ ခရမ်းမြို့နယ်မှ ပဲပြုတ်(ခေါ်) ကိုဝင်းမြင့်မောင် မှာလည်း ငှက်ဖျားရောဂါဖြစ်နေပြီး အိပ်ယာထဲလဲနေကြောင်း၊ ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်လည်း ပုဒ်မ ၁၃(၁)၊ ၁၇(၁) တို့ဖြင့် ပြစ်ဒဏ် ၁၃ နှစ် ကျခံနေရသူ မဥမ္မာမြင့် သည်လည်း အစာအိမ်ရောဂါဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသ ခံယူရကြောင်း သိရှိရပါသည်။ မဥမ္မာမြင့်အား ဆေးရုံတင်ထားရသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဝေဒနာသက်သာလာခြင်း မရှိသေးကြောင်း သိရှိရပါသည်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်မှ “နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးဆိုးပြီဆိုရင် ထုံးစံအားဖြင့်တော့ အာဏာပိုင်တွေက လျစ်လျူရှုနေတာများပါတယ်။ ထောင်အာဏာပိုင်က လုံလောက်တဲ့ဆေးကုသမှုမပေးဘူး၊ မိသားစုတွေက သူတို့တာဝန်ယူကုပါရစေ လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးပါရစေဆိုရင်လည်း ခွင့်မပြုဘူး၊ အပြင်ဆေးရုံထုတ်ကုဖို့လိုအပ်လာရင်လည်း ထောင်ဆရာဝန်၊ ထောင်အာဏာပိုင်တွေရဲ့ ထောက်ခံချက်ရရင်တောင်မှ ထောက်လှမ်းရေး၊ ညွှန်မှူး ညွှန်ချုပ် အဆင့်ဆင့်ရဲ့ခွင့်ပြုချက်ရမှ ပြင်ပဆေးရုံတင်လို့ရပါတယ်။ ဒီလိုခွင့်ပြုချက်ရဖို့ကိုလဲ အချိန်တော်တော်ကြာအောင်စောင့်ရတယ်။ အဲဒီလို နှောင့်နှေးမှုကြောင့် ၁၉၈၈ ကစပြီး ခုချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၄၄ ယောက် အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရပြီးပြီ။ အဲဒီလို မဖြစ်သင့်တဲ့ကိစ္စတွေကို ရပ်တန်းကရပ်ပြီး လူကိုလူလိုသဘောထားပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးဖို့ လိုအပ်နေပြီ” ဟု ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသား ၁၄၀ ယောက်ရှိနေသော်လည်း သင့်တော်သည့် ဆေးဝါးကုသခွင့် မရကြသည့်အပြင် မိသားစုနှင့်ဝေးကွာလှသော ထောင်များသို့ ပို့ဆောင်ခံထားရပါသည်။ အေအေပီပီမှ ကျန်းမာရေးဆိုးဝါးသော နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်နီးသော ထောင်များသို့ပြောင်းရွှေ့ကာ သင့်တော် လုံလောက်သော ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးပါရန် နိင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား တိုက်တွန်းတောင်းဆို လိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်သိလိုပါက ဆက်သွယ်ရန် -

ကိုတိတ်နိုင်။ ။ အတွင်းရေးမှူး ၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည်။ ။ တွဲဖက်အတွင်းရေးမှူး ၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

Thanks N Regards,

Aung Myo Thein

Assistant Association for Political Prisoners (Burma)
info@aappb.org
Ph: 055 545 495
Web: http://www.aappb.org, http://www.fbppn.net, http://www.nd-burma.org

ပေးပို့သောကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊လူငယ်များအင်အားစုများကရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှု




20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိဒီ မိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊ လူငယ်များအင်အားစုများက ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ်စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကိုရန်ကုန်တိုင်းအတွင်းတွင် ရှိသောဘုန်းတော်ကြီးစာသင်တိုက်များကိုအဓိကထား၍ ဖြန့် ဝေခဲ့ ကြကြောင်းသိရှိရသည်။
၎င်းလှုပ်ရှားမှုကိုအဆိုပါကျောင်းသားအင်အားစုများနှင့်ချိတ်ဆက်ဆောင်ရွက်နေသောသံဃာတော်အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သောကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့ သည်။"ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ဒေါပုံမြို့ နယ်၊သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီးဖြန့် ဝေခဲ့ ပါတယ်။စာသင်တိုက်တွေကိုအဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့ မယ့်ကိစ္စတစ်ခုပါဆိုတဲ့  message ကိုစာသင်သား သံဃာတော်တွေကတစ်ဆင့်သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ရွေးကောက်ပွဲမှာမဲမထည့် ပဲနေတာဟာလဲပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့ သည်။

ရန်ကုန်တိုင်းအတွင်းတက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်များ

0 မော်ဒယ်ဂဲ(လ်) ရဲ့ ရန်ကုန် သမိုင်းဝင်ညတစ်ည

နိုင်ငံတစ်ခုမှာတိုးတက်ပြောင်းလဲလာခြင်းအတူ ဆုတ်ယုတ်ပျက်စီးသွားခြင်းများလည်း ပါလာတတ်တာ ဓမ္မတာပါ။အလွယ်တူ မြင်လွယ်အောင် ပြောရရင်တော့ ထိုင်းနိုင်ငံလိုပေါ့။စီးပွားရေးဖွင့်ဖြိုးတိုးတက်တယ်။ အကျင့်စာရိတ္တတွေ ပျက်စီးရသည်ပေါ့။တရားသဘောနှင့်ကြည့်ရင်တော့ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်း တရားနှစ်မျိုးလုံးကိုလက်ခံရမှာပါ။ လှပတဲ့ နှင်းဆီကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ "ဆူး" စူးခြင်းကိုလည်ခံယူရမှာပါ။

မြန်မာနိုင်ငံမှာနိုင်ငံတစ်ကာနဲ့ စီးပွားရေး ကူးလူးဆက်ဆံလာတာနှင့်အမျှ နိုင်ငံတကာရဲ့ ကောင်း/မကောင်းအကျင်းစရိတ်တွေလည်းပါလာမြဲပါ။

စာရေးသူတို့ငယ်စဉ်က"နိုက်ကလပ်တို့ ၊ အနှိပ်ခမ်းတို့ မကြားဘူးပါ။ ခုတော့ ရန်ကုန်မြို့ကြီးမှာ မှိုလိုပေါက်ပါပြီးတဲ့။ ဒါတွေမရှိရဟုမဆိုလိုပါ။

ခုတင်ပြမှာကတော့ မြန်မာနိုင်ငံ သူဋ္ဌေးအမည်ခံများရဲ့အလွဲသုံးစားလုပ်မှုကို သင်ခန်းစာယူဖို့ပါ။


မဟာရန်ကုန်ရဲ့ သမိုင်းတစ်နေရာမှာ နာမည်ကြီးနိုက်ကလာပ်တစ်ခုရှိပါတယ်။ အဲမှာတော့ ငွေကို ရေလိုသုံးသူများသာ သွားတတ်ပါတယ်။

တစ်ညမှာတော့အဲဒီနိုက်ကလပ်မ်မှာ ရန်ကုန်ဘောပွဲသူဋ္ဌေးတစ်ယောက်နဲ့ ( ဘောလုံးအလောင်းအစားဖြင့် ချမ်းသာနေသူ) နယ်မှ ကျောက် သူဋ္ဌေးတစ်ယောက်တို့ ရောက်လာကြပါသည်။ ( နယ်မှကျောက်သူဋ္ဌေးတစ်ယောက်ဆိုခြင်းမှာထိုသူကို ရန်ကုန်မှာ မမြင်ဘူး၍ ဆိုပါသည်) ။

မယ်ဒယ်တစ်ယောက်လမ်းလျှောက်လာတော့ ပရိတ်သတ်ထဲမှ သူဋ္ဌေးများ မိမိသဘောကျသော မော်ဒယ် (လ်) များကို အပြိုင်အဆိုင် ပန်းကုန်းစွပ်ကြပါသည်။

ရန်ကုန်ဘောပွဲ သူဋ္ဌေများပန်းကုန်းစွပ်သော မော်ဒယ်(လ်) ကို နယ်သူဋ္ဌေးမှ အပြိုင် ပန်းကုန်းစွပ်ပါသည်။ဒီလိုနဲ့ မော်ဒယ်(လ်) တစ်ယောက် အလုအယက် ပန်းကုန်းစွပ်ရင်း နိုက်ကလပ်မှ ပန်းကုန်းများ ပန်းစည်းများဈေးအလိုလို သူဋ္ဌေးသတ်မှတ် ချင်သလောက် သတ်မှတ်နိုင်သည့်အထိး ပန်းစည်းများပန်းကုန်းမျာ ဈေးတက်သွားပါသည်။

ဘယ်လောက်ထိဈေးတတ်သွားသလဲဆိုတော ပန်းတစ်ကုံး သိန်း( ၅၀) ပန်းတစ်စီး သိန်း (၅၀) ထိကို ဈေးတတ်သွားပါသည်။ ဤဈေးများ သူဋ္ဌေးများ ပါစပ်မှာ ဈေးသတ်မှတ်ခိုင်းခြင်းပါ။ မော်ဒယ်(လ်) မှာ သူ့ကို အကြောင်းပြုပြီး ငွေးများ သိန်းပေါင်းများ စွာပုံအောလာခြင်းအတွက် ရှေ့ထွက် လမ်းမလျှောက်ရဲဘဲ ဒူးများတောင် တုန်းလာပါသည်။ ဆိုင်ရှင်မှ တိုက်တိုက်တွန်တွန်း အားပေးလို့ ရှေ့ထွက်လမ်းလျှောက်လာသည်မှာကြောက်စိတ်များဝင်ကာ မျက်ရည်ကျမတတ်ပါ။

သူဋ္ဌေး (၂)ယောက်ပြိုင်လို့ သိန်း (၂၀၀)လောက်ရောက်တော့ ဆိုင်ရှင်က ငွေးများရှင်းခိုင်ပါသည်။ သူဋ္ဌေးနှစ်ယောက် တပည့်များ အိမ်ပြန်၍ ငွေများ ဆာလာအိတ်ဖြင့် ထမ်းလာကာ သိန်း (၂၀၀) တစ်ကြိမ်ပေးချေပါသည်။

ပွဲကား မပြီးသေးပါ။

ရန်ကုန်သူဋ္ဌေးမှာစိန်ခေါ်ကာ ဆိုင်ရှိ ပန်ကုန်းများအားလုံး သိန်း ( ၃၀၀) ပေး၍ မော်ဒယ်အား ပန်းကုန်းစွပ်းပြန်သည်။ နယ်သူဋ္ဌေးမှ အားကျမခံ ဆိုင်ရှိ ပန်းကုံးများအားလုံး သိန်း ( ၄၀၀)ပေး၍ မော်ဒယ်အား ပန်းကုန်းစွပ်ပြန်ပါသည်။

နောက်တစ်ကြိပ်ရန်ကုန်ဘောသူဋ္ဌေးမှဆိုင်ရှိ ပန်းးကုံး ၊ ပန်းစည်းများအားလုံး သိန်း (၅၀၀) ပေး၍မော်ဒယ်ကို ပေးပြန်ပါသည်။

နယ်သူဋ္ဌေးမှလည်းအားကျမခံ ဆိုင်ရှိ ပန်းကုံး၊ပန်းစည်းများအားလုံး သိန်း ( ၆၀၀) ပေး၍မော်ဒယ်အား ပေးပြန်ပါသည်။

မော်ဒယ်မှာကြောက်ဒူးများတုန်းနေပါပြီး ဆိုင်ရှင်ရဲ့ တိုက်တွန်းမှုကြောင့် သာရှေ့သို့ထွက်ရာရပါသည်။ ငိုချင်သလိုလိုဖြစ်နေပါသည်။

နောက်ဆုံးမှာတော့ရန်ကုန်မှ ဘောသူဋ္ဌေး အရှုံးပေးလိုက်ရပါသည်။ နယ်သူဋ္ဌေးက စိန်ခေါ်ပြန်သည်။ ငွေးစက္ကူတွေ မရှိတော့ရင် ဒေါ်လာချင်း ချအောင်ဟု စိတ်ခေါ်သည်။ ရန်ကုန်ဘောသူဋ္ဌေးမယှဉ်ပြိုင်နိုင်တော့ပါ။

ဤဖြစ်ရပ်မှာ မရောင်ရာဆီလူးခြင်းသာဖြစ်ပါသည်။ မြန်မာနိုင်ငံမှသူဋ္ဌေးများ ပိုင်ဆိုင်မှုများကိုပြည်သူ့အကျိုးပြုမလုပ်ဘဲ၊ ဖြုန်းခြင်းသာဖြစ်ပါသည်။ သူဋ္ဌေးပေါက်စများ ငွေကိုသုံးတတ်ဖို့တင်ပြခြင်းဖြစ်ပါသည်။

တစ်လောက Elevenဂျာနယ်မှ မော်ဒယ် တစ်ယောက် ဈေးဝယ် စရိတ်ဒေါ်လာ ကိုးသောင်းမှ တစ်သိန်းထိရှိသည် ဆိုသော ဆောင်းပါးကို ဖတ်ရ၍ ဤဆောင်းပါးကိုတင်ပြပါသည်။

Ashin Ghosaka

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.