Saturday, August 21, 2010

0 ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊လူငယ်များအင်အားစုများကရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှု




20.8.2010 ရက်နေ့ တွင်ရန်ကုန်တိုင်းအတွင်းရှိဒီ မိုကရေစီရေးတက်ကြွလှုပ်ရှားသောကျောင်းသား၊ လူငယ်များအင်အားစုများက ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ်စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ပို့စ်ကတ်ဒ်နှင့် ဓါတ်ပုံများကိုရန်ကုန်တိုင်းအတွင်းတွင် ရှိသောဘုန်းတော်ကြီးစာသင်တိုက်များကိုအဓိကထား၍ ဖြန့် ဝေခဲ့ ကြကြောင်းသိရှိရသည်။
၎င်းလှုပ်ရှားမှုကိုအဆိုပါကျောင်းသားအင်အားစုများနှင့်ချိတ်ဆက်ဆောင်ရွက်နေသောသံဃာတော်အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သောကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့ သည်။"ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့ နယ်၊ မင်္ဂလာတောင်ညွန့် မြို့ နယ်၊ဒေါပုံမြို့ နယ်၊သာကေတမြို့ နယ်၊သုံးခွမြို့ နယ်နှင့် သန်လျင်မြို့ နယ်တို့ မှာရှိတဲ့ စာသင်တိုက်တွေကို အဓိကထားပြီးဖြန့် ဝေခဲ့ ပါတယ်။စာသင်တိုက်တွေကိုအဓိကထားဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့  2010 ရွေးကောက်ပွဲဟာပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့ မယ့်ကိစ္စတစ်ခုပါဆိုတဲ့  message ကိုစာသင်သား သံဃာတော်တွေကတစ်ဆင့်သူတို့ ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဖြန့် ဝေတဲ့ ပို့ စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010ရွေးကောက်ပွဲကိုဆန့် ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ရွေးကောက်ပွဲမှာမဲမထည့် ပဲနေတာဟာလဲပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့် အရေးပဲဆိုတဲ့ စာသားတွေရယ်ရေးထားပါတယ်" ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့ သည်။

ရန်ကုန်တိုင်းအတွင်းတက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်များ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.