Sunday, August 15, 2010

0 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲရရှိရေးအတွက် မသမာတဲ့နည်းတွေနဲ့ စည်းရုံး


လမ်းပြကြယ်ဦးအေးမြင့်၏ပြည်သူလူထုထံအမှာစကား
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအသင်းဝင်ရရှိရေး မဲရရှိရေးအတွက်ကျေးရွာ ရယကအောက်ခြေအာဏာပိုင်အဖွဲ့အစည်းတွေက စွမ်းစွမ်းတမံဆောင်ရွတ်နေတာကိုကြားနေရတယ်။ အခုတော့လက်တွေ့ကျကျမိပြီ။ ဥပဒေကိုဖောက်ဖျက်တာဘယ်သူလဲဆိုတာကိုလည်းပြည်သူလူထုသိစေချင်တယ်။ နအဖလူကြီးတွေလည်းသိစေချင်တယ်။ လွတ်လပ်ပြီးတရားမျှတပါတယ်ဆိုတဲ့ရွေးကောက်ပွဲဖြစ်ပါ့မလားဆိုတာ လူထုသံသဃဖြစ်နေတာကနေ အခုပိုပြီး သံသဃဖြစ်ဖို့များတယ်။ ပြည်သူလူထုကို လမ်းပြကြယ်ကမှာကြားချင်တာကတော့ မိဘပြည်သူများကိုမှာချင်တယ်။ မဲမပေးချင်လည်းဘယ်သူမှမပေးလည်းနေလို့ရတယ်။ ပြည်သူလူထုအတွက်အားမကိုးရတဲ့ ကိုယ်စားလှယ်ကိုတော့ မဲမပေးကြပါနဲ့။ မဲမပေးဘဲနဲ့လည်းနေလို့ရပါတယ်ဆိုတာသိစေချင်တယ်။  

video.. နေ့သစ်မီဒီယာ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.