Saturday, August 21, 2010

0 နအဖပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိသော စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuya ကပြောဆို


လာမဲ့ (၁၁)လပိုင်းအထိ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်နိုင်မှာမဟုတ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့ နအဖရဲ့ လာမဲ့ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိသော စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuya ကမနေ့ကပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuyaက "မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးမလွှတ်ပေးဘဲမစစ်မှန်သောတရားမျှတမှုမရှိသော ရွေးကောက်ပွဲကို တဖတ်သတ်ပြုလုပ်မယ်ဆိုရင်ရွေးကောက်ပွဲရလဒ်ကိုကမ္ဘာ့နိုင်ငံအသီးသီးမှထောက်ခံလိမ့်မှာမဟုတ်ဘူးလို့လည်းပြောဆိုလိုက်ပါတယ်။ "

ဒါ့အပြင်ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်စေပြီး စစ်မှန်တဲ့ပါတီစုံရွေးကောက်ပွဲဖြစ်နိုင်ဖို့ ဂျပန်နိုင်ငံရှိ မြန်မာနအဖသံရုံးမှတဆင့် စာပို့တောင်းဆိုထားတယ်လို့ဆိုပါတယ် ။

မြန်မာပြည်တွင်းမှာရွေးကောက်ပွဲကို ၁၁လပိုင်း (၇)ရက်နေ့ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖရဲ့မတရားအမှုဆင်ထားတဲ့အတွက် အဲဒီရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် တပတ်ကျော်ကျော်လောက်မှလွတ်မြောက်မှာပါ။
သတင်း။ ။ TBS

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.