Sunday, December 4, 2011

1 လူရွှင်တော် ဦးဇာဂနာ နိုင်ငံခြားခရီးသွားမည်


source: m&c
မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည့် လူရွှင်တော်ဦးဇာဂနာသည် နိုင်ငံကူးလက်မှတ် ရအပြီးတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ အရေိကန်ပြည်ထောင်စုနှင့် ဂျာမဏီနိုင်ငံတို့သို့ ခရီးသွားရန် ရည်ရွယ်နေကြောင်း တနင်္ဂနွေနေ့ မီဒီယာများအရ သိရှိရသည်။ Myanmar Times သတင်းအရ ဦးသူရခေါ် လူရွှင်တော် ဦးဇာဂနာသည် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့အပြီး တစ်လအကြာ၊ နိုဝင်င်္ဘာလကုန်ပိုင်းက နိုင်ငံကူးလက်မှတ် ရခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်အရင်က နိုင်ငံကူးလက်မှတ်အတွက် ခြောက်ကြိမ်လျှောက်ထားခဲ့တာ အားလုံးအပယ်ခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ သုံးပတ်ထဲနဲ့ ထုတ်ပေးခဲ့ပါတယ်"ဟု ဦးဇာဂနာကဆိုသည်။ ဦးဇာဂနာသည် ယခုလကုန်ပိုင်းတွင် ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံများသို့သွားရောက်ပြီး ဒီဇင်္ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ရန်ကုန်တွင်ကျင်းပပြုလုပ်မည့် Art of Freedom ရုပ်ရှင်ပွဲတော်အတွက် ဒါရိုက်တာများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။ "ကျွန်တော် ထိုင်းက ဒါရိုက်တာနှစ်ယောက်နဲ့ တွေ့ဖို့ရှိပါတယ်။ သူတို့က ဒီရုပ်ရှင်ပွဲမှာ အနိုင်ရတဲ့သူကို သင်ကြားပေးကြမယ်လို့ ဆိုပါတယ်"ဟု ဦးဇာဂနာက ဆိုသည်။

ထိုင်းနိုင်ငံတွင် နှစ်ရက်ကြာနေထိုင်ပြီး ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်ရှိ Meta House documentary ရုပ်ရှင်ကျောင်းကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်က The Phnom Penh Post ဆိုတဲ့ ဇာတ်လမ်းကိုဖတ်ပြီး ဒီကျောင်းကို သွားချင်နေခဲ့တာ"ဟု သူကဆိုသည်။ ရန်ကုန်ရုပ်ရှင်ပွဲတော်ပြီးလျှင် အမေရိကသို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဂျာမဏီသို့သွားပြီး သူထောင်တွင်းမှာရှိစဉ်က ရိုက်ကူးထားခဲ့သော The Prison Where I Live အမည်ရှိ documentary ရုပ်ရှင်သရုပ်ဆောင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

1 ငြိမ်းချမ်းစွာ စုဝေးဟောပြော ဆန္ဒဖော်ထုတ်ခွင့်နေ့ရက်၊ အချိန်၊ နေရာ နှင့် လူစာရင်း အပြောင်းအလဲ ပြန်လည်ကြေငြာခြင်း

သို့

မြို့နယ်မှူး

ဒဂုံမြို့နယ်ရဲတပ်ဖွဲ့

ရက်စွဲ ။ ၅ . ၁၂ . ၂၀၁၁

အကြောင်းအရာ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြော ဆန္ဒဖော်ထုတ်ခွင့် တောင်းခံခြင်း

(၁) ရည်ရွယ်ချက် - အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်သတင်းစကားပေးလိုခြင်း

- ဖွံ့ဖြိုးတိုးတက်ရေးအတွက်သတင်းစကားပေးလိုခြင်း

- တရားမျှတမှုအတွက်သတင်းစကားပေးလိုခြင်း

(၂) နေ့ရက် - ၁၀ . ၁၂ . ၂၀၁၁

(၃) အချိန် - နံနက်(၉း၀၀)နာရီ မှ နေ့လည်(၁၂း၀၀)နာရီ ထိ

(၄) နေရာ - မြို့နယ်မှူး ခွင့်ပြုသတ်မှတ်သော နေရာ

(၅) ဦးဆောင်ဟောပြောမည့်ပုဂ္ဂိုလ်များ - ဦးဝင်းချို ၊ ဦးထောင်ကိုထန်း၊ ဦးဝေဠု ၊ ဦးနေမျိုးဝေ

၎င်းတို့၏ကိုယ်ရေးအချက်အလက်များ ပူးတွဲပေးပို့ပါသည် ။

(၆) ပါဝင်ဆောင်ရွက်မည့်သူများ - ဦးစိုးကြည် ၊ ဦးမင်းအောင် ၊ ဦးဝင်းချို၊

ဦးထောင်ကိုထန်း၊ ဦးဝေဠု၊ ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး

(၇) ခန့်မှန်းလူဦးရေ - ၅၀ ဦးရေခန့်

(၈) အစီအစဉ် - စီတန်းလှည့်လည်ခြင်းပြုလုပ်မည်မဟုတ် / စာရွက်ဝေခြင်း နှင့် ဟောပြောခြင်း ပြုလုပ်မည် ။

(၉) ၀န်ခံချက် - ခွင့်ပြုမိန့်ရရှိပါက “ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” နှင့်ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း

လေးနက်ခိုင်ကြည်စွာ ၀န်ခံကတိပြုပါသည်။

(၁၀) ၀န်ခံကတိပြုသူများ၏လက်မှတ်များ -

(က) လက်မှတ် - ……………..………………………………………

အမည် - ……………..………………………………………

နိုင်ငံသားစိစစ်ရေးအမှတ် - ………………………………………………………

ဆက်သွယ်ရန်လိပ်စာ - ………………………………………………………

………………………………………………………

………………………………………………………

ဖုန်းနံပါတ် - ……………………………………………………

(ခ) လက်မှတ် - ……………..………………………………………

အမည် - ……………..………………………………………

နိုင်ငံသားစိစစ်ရေးအမှတ် - ………………………………………………………

ဆက်သွယ်ရန်လိပ်စာ - ………………………………………………………

………………………………………………………

………………………………………………………

ဖုန်းနံပါတ် - ……………………………………………………

(ဂ) လက်မှတ် - ……………..………………………………………

(၁၂) ဟောပြောမည့်သူများ၏ကိုယ်ရေးအချက်အလက်များ ( နောက်ဆက်တွဲ )

ပေးပို့သော ဦးဝင်းချိုအားကျေးဇူးတင်ရှိပါသည်..

1 ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင် [ သွန်းနေစိုး ]


ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင် ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။

ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။

အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန် အနည်းနဲ့အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။

ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။

ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။

နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။

ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။

ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။

အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က

မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့သည့်အမေ။ မြန်မာတည်းဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။

ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့် ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ `ယိုးဒယားပြည်ဆိုလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ပဲ´ ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်များစွာ ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် `ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ´ ဟူသောဆုံးမစကားကို အမှတ်ရမိကာ အသက်ကို သတ်သည်ထက် နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။

ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။

ထို ဂုဏ်ယူမှုသည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား၊ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။

နောက်ပိုင်းပဲခူးခရီးစဉ်မှာကျတော့ကျနော်ကံကောင်းသည်ဟုပြောရမည်။ပဲခူးကသူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီးတစ်ယောက် အော်လိုက်သံကို ကြားရသည်။

`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။

`အရှေ့သွားကြည့်လေ အဘွား´ဆိုတော့ ...

`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´
ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။

`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´

ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်း ထွက်လာသည်။ စကားက နှစ်လုံးတည်း။ အတော်ထိရောက်သော စကားပါပေ။

`ချစ်တယ်´တဲ့။ နောက် ဘာမှဆက်မပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။

မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦး ဖြစ်ပါချေသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါ ဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်ဟု ရေးထွင်းထားသော စာတမ်းများပင်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။

စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။

တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘောမတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ။ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။

ကိုမင်းကိုနိုင်မွေးနေ့အထိမ်းအမှတ်ပွဲသို့ရောက်သွားစဉ်ကရောက်လာသူပရိသတ်များအားဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက် သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။

ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ `လေ´ နဲ့ `တောင်´ ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အစွမ်းထက်တယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။

ထို့အပြင် ...

မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည်အာရှတွင်ထွန်းတောက်ခဲ့ရာမှပြည်တွင်းရေးပြဿနာများကြောင့်နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်။ ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော် တင်စားမိခဲ့ခြင်း ဖြစ်ပါလေ တော့သည်။

သွန်းနေစိုး Thorn Nay Soe

0 ကလေးစစ်သားအောင်မျိုးဦးအား ထောင်(၁)နှစ်မတရားချပြီး စစ်တပ်ထဲကိုပြန်အသွင်းခံရမှာမိဘများစိတ်ပူနေ






ပေပင်လေးကျေးရွာမှာနေထိုင်တဲ့ ကလေးစစ်သားအောင်မျိုးဦး အိုင်အယ်အိုရုံးကိုတိုင်ထားစဉ်မှာဘဲထောင်(၁)နှစ်ကျပြီး ပြန်ထွက်လာပေမဲ့ စစ်တပ်ထဲကို ပြန်အသွင်းခံရမှာဖြစ်လို့သူ.မိဘတွေ စိတ်ပူနေကြပါတယ်.

ကလေးစစ်သားမရှိပါဟု အာဏာပိုင်များငြင်းဆိုကြသော်လည်း အမှန်မှာ မောင်အောင်မျိုးဦးလေးဟာ အသက်မပြည့်ပါဘဲစစ်ထဲသွတ်သွင်းခြင်းခံခဲ့ရကြောင်း အထောက်အထားခိုင်ခိုင်လုံလုံ တင်ပြခဲ့သော်လည်း စစ်ပြေးဟုဆိုကာစစ်ထောင်(လှော်ကား)သို့ထောင်ချမှတ်ခဲ့ခြင်းခံခဲ့ရပါသည်။

ကာကွယ်ရေးကောင်စီ၏ အမိန်.ကြော်ငြာစာအမှတ်၁၃/၇၃အရ အသက်၁၈နှစ်မပြည့်သေးသောကလေးများကို စစ်တပ်ထဲသွတ်သွင်းခြင်းသည်စစ်သားဟုမမည်ပါ။
ထို့ကြောင့်စစ်သားဟု မသတ်မှတ်ခြင်းကြောင့် စစ်ပြေးမဟုတ်ဟု မှတ်ချက်ချနိုင်ပါသည်။ သို့သော်လည်း အောင်မျိုးဦးလေးမှာ ကလေးစစ်သားဟုမှတ်ယူခြင်းမရှိဘဲ စစ်ထောင်သို့ပို့ကာထောင်ချခဲ့ခြင်းသည် ကလေးတယောက်၏ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကို များစွာထိခိုက်စေပါသည်။
စစ်ထောင်ချရုံမျှမပြီးသေးပါ။ စစ်ထောင်ကလွှတ်လျှင်လည်းစစ်တပ်ရှိရာ(ခန္တီးတပ်)သို့ ပြန်လည်ပို့ဆောင်ကာ စစ်ထဲသို့ဝင်ရောက်ပြန်လည်အမှု့ထမ်းရမည်ဖြစ်ပါသည်။

ထို့ကြောင့်ကျွန်တော်တို့အိုင်အယ်လ်အိုကိုလည်း အကူအညီထပ်တောင်းကြည့်ပါဦးမည်။ သို့သော်လည်း ကလေးကတော့ စစ်ထောင်(၁)နှစ်ကတော့ချမှတ်ခံခဲ့ရပြီးဖြစ်ပါသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးကွန်ယက်

1 အနုပညာရှင်များ ပါဝင်လာခြင်းသည် ခွန်အားတစ်ရပ်ဟု ဆိုမည်

ဒီဇင်ဘာ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထင်ရှားသည့် ရုပ်ရှင်အနုပညာရှင်များနှင့်တွေ့ဆုံခဲ့သည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအား ရုပ်ရှင်ရိုက်ရန်ဆွေးနွေးခြင်းဟု ဆိုသော်လည်း NLD ပါတီမဲဆွယ်ပွဲတွေအတွက် အနုပညာရှင်တွေ အားကိုပါ သုံးချင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ NLD လည်း ထိုသို့လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

မြန်မာပြည်သူပြည်သားများ နိုင်ငံရေးနဲ့ မစိမ်းကြ။ အနားကပ်ခွင့်မရအောင် ပိတ်ဆို့ထားလွန်း၍သာ အနားမကပ်ရဲကြခြင်းဖြစ်သည်။

ပြည်သူတချို့သာမဟုတ် အနုပညာရှင်တစ်ချို့သည်ပင် နိုင်ငံရေးနဲ့မကင်း ။ စစ်အစိုးရခေတ်က စစ်အစိုးရအတွက် ဝါဒဖြန့်သီချင်းတွေ ဆိုဖူးကြသူတွေရှိသည်။ ဝါဒဖြန့်ရုပ်ရှင်ကားတွေ ရိုက်ဖူးခဲ့သူတွေရှိသည်။ ဝါဒဖြန့်စာတွေ ရေးခဲ့ကြသူတွေရှိခဲ့သည်။ ထို့ကြောင့် မစိမ်း ဟု ယျေဘူယျ ဆိုချင်သည်။

လက်ရှိ မြင်မိ၊ သုံးသပ်မိတာ တစ်ခုရှိသည်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်ဆွံ့အနေကြသော ၊ ပုန်းကွယ်နေကြသောအနုပညာရှင်များ အခုမှ အမေစု အမေစု ဖြစ်နေသည်ကို တစ်ချို့ မျက်မုန်းကျိုးသည်ဟု ထင်ရသည်။ မနှစ်မြို့ဟု ထင်ရသည်။ သာမှပေါင်းချင်၍ ခေါင်းပြူ ထွက်လာကြသည်ဟု ပြောချင်ကြသည်။ ထိုသို့ ထင်ပိုင်ခွင့်ရှိသည်။ ဒါကအမြင်ပိုင်းဖြစ်သည်။

သို့သော် တိုင်းပြည်၏ ကဏ္ဍအသီသီး၌ လူ့အသက်မွေးဝမ်းကျောင်းအဖြစ် ကဏ္ဍစုံအလိုက် အလုပ်ကိုယ်စီရှိကြသည်။ တာဝန်ဝတ္တရားအသီး သီး ထမ်းဆောင်နေကြသည်ချည်း။ အနုပညာရှင်များသည်လည်း သူ့သဘောအရ နိုင်ငံရေး စိတ်မဝင်စားပိုင်ခွင့်ရှိသည်။ မည်သည့်ကဏ္ဍမှ မဆို စိတ်မဝင်စားခွင့်ရှိသည်။

ဒါအပြစ်မဟုတ်။ နိုင်ငံရေးကိုယ်၌က အားလုံးစိတ်ဝင်စားရမည်ဟု မဟုတ်။ သို့သော် ဘောလုံးစိတ်မဝင်စားသော်လည်း မန်ချက်စတာ၌မွေး သူသည် မန်ချက်စတာအသင်းအား အားပေးပါလိမ့်မည်။ ပြုပြင်ပြောင်းလဲရေး လိုလားသူများသည် ပြုပြင်ပြောင်းလဲရေး လုပ်သည့်သူ သို့မဟုတ် အဖွဲ့အစည်းအား အားပေးခြင်းက သဘာဝကျသည်။ ယခုပွင့်လင်းခွင့် ရလာ သောအခါ ပွင့်လင်းပြလာကြခြင်းသည် လွန်သည်မဟုတ်။ ကြိုဆိုရမည်ဟု ထင်သည်။

အနုပညာရှင်များအတွက်လည်း မိမိချစ်သည့်ပါတီအတွက် အသည်းကြားက မဲတစ်တစ်ပြားစီအတွက် ပြည်သူကျေနပ်အောင် လှုံ့ဆော်ခွင့် ရသည့် အတွက် ဂုဏ်ယူစရာသာဖြစ်သည်။ ထိုအလုပ်သည်လည်း အနုပညာအလုပ်အဖြစ် အခကြေးငွေခံစားရမည်မို့ အားလုံးကောင်းရန်သာဖြစ်သည်ဟု ဆိုချင်သည်။ဒီလောက်တော့ လူတိုင်းရှိကြသည်။ ထိုရှိခြင်းလေးကို ပြတတ်ဖို့လိုမည်။ အနည်းဆုံး ကိုယ့်အတွက်သာသည့် အသင်းအားအားပေးရဲရမည်ဖြစ်သည်။


သို့သော် ယခင် စစ်အစိုးရ၏ ဝါဒဖြန့်ခြင်းနှင့် NLD ၏ မဲဆွယ်ပွဲတို့ အပြတ်အသတ် ကွာပါသည်။ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်မည်။ မဲဆွယ်ခြင်းနည်းသရည်းတို့အား တစ်ချို့ အထူးအဆန်းသဖွယ် အံ့သြကောင်း အံ့သြနိုင်ကြမည် ဖြစ်သော်လည်း အများစုကား အံ့သြ မည်မဟုတ်။ ဒါမျိုးသည် ဒီမိုကရေစီစနစ်၏ လွဲဖယ်ရှောင်သွား၍မရသည့် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ အရေးလည်းပါသည်။ လုပ်ရန်လည်း လိုအပ်သည့်အရာဖြစ်သည်။


စစ်အစိုးရလက်ထက် ကလည်း လုပ်ခဲ့ကြသည်။ သို့သော် ပြိုင်ဘက်မရှိသည့် တစ်ခုတည်းသောအစိုးရအတွက် လုပ်ပေးရသည့် တစ်ဖက် သတ် အလုပ်မျိုးဖြစ်သည်။ လုပ်ပေးရခြင်းဖြစ်သည်။ အခု ထိုသို့မဟုတ်။ လက်ရှိအာဏာရ ကြံ့ခိုင်ရေအဖွဲ့ သို့မဟုတ် ပါတီများထဲမှ ဝင်ပြိုင်မည့်ပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လွတ်လပ်မည်။ ပွင့်လင်းမည်။ အထူးသဖြင့် စစ်အစိုးရ အရေခွံလှဲထားသည့် ကြံ့ခိုင်ရေး ပါတီနှင့် အကြိတ်အနယ်ပြိုင်ခြင်းဖြစ်မည်။ သည့်အတွက် လုပ်ပေးရသည့် အနုပညာရှင်များမှာ တစ်စုံတစ်ရာ အပြစ်ရဖွယ်မရှိပါ။ လူထုမုန်း ခံရဖွယ်လည်း မမြင်ပါ။ လူထုသည် ဒေါ်စုနှင့်တစ်သားတည်းကျသလို အနုပညာရှင်များအားလည်း လုထုကိုသို့ပင် မြင်ပါလိမ့်မည်။ ဒါသေ ချာသည်။

သည်သို့ မဲဆွယ်မှုမျိုးအား အိုဘားမား လုပ်ခဲ့သည်။ ဘုရှ် လုပ်ခဲ့သည်။ ကလင်တန်ဇနီးမောင်နှံ လုပ်ခဲ့သည်။ တိုနီဘလဲ လုပ်ခဲ့သည်။ ဒေးဗစ်ကင်မရွန်း လုပ်ခဲ့သည်။ မဟာသီယာ လုပ်ခဲ့သည်။ ဂျိုးဆက်အက်ဆရာဒါ လုပ်ခဲ့သည်။ နီကိုလာ့ ဆာကိုဇီ လုပ်ခဲ့သည်။ ဘာလူစကိုနီ လုပ်ခဲ့သည်။ အားလုံးလုပ်ခဲ့ကြသည်။ ထပ်မံလုပ်ကြပေဦးမည်။ လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် လုပ်သည်၌ ဘာမှားသနည်း။ မမှားပါ။ လုပ်သင့်လုပ်ထိုက်သကဲ့သို့ လုပ်ရန်လည်းဝန်မလေးသင့် ဟုထင်သည်။

တစ်ခုသတိချပ်ကြစေလိုသည်မှာ ဇာနယ်ဇင်းသမားများနှင့်ဖြစ်စေ ၊ ရုပ်ရှင်နှင့်အနုပညာသမားတွေနှင့်ဖြစ်စေ NLD အနေဖြင့်ဆက်စပ်လုပ် ကိုင်ခြင်းအား အပြစ်တင် မစောရန်ဖြစ်သည်။ ယခုအခင်းအကျင်းသည် လူထုနှင့်တသားတည်းကျရန် အလွန်ကောင်းသည့် သမယဖြစ်သည်။

အမြင်မျိုးစုံ ဖြစ်နိုင်သည်။ သို့သော် ဦးတည်ချက်တစ်ခုသာ အာရုံထားသင့်သည်။ ဘေးထွက်ဆိုးကျိုးအား ပြောဆိုပုတ်ခတ်ခြင်းထက် ထိုဆိုးကျိုးအား ဖာထေးပြုပြင်ရန်ပို၍ လိုအပ်ပါမည်။

အနုပညာရှင်များသာမက အသိပညာရှင်၊အတတ်ပညာရှင်များ နှင့် ကျွမ်းကျင်ရာဆိုင်ရာပညာရှင်များပါပါဝင်နိုင်ခဲ့လျှင် လူထုကိုယ်စားပြု မည့် တိုင်းပြုပြည်ပြု လုပ်ဆောင်ချက်များ ပို၍မြန်ဆန်လာမည်။ ပွင့်လင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပေါင်းစုလျှက် လှပသည့် အနာဂတ်အား အုတ်တစ်ချပ်သဲတစ်ပွင့်စီဖြင့် တည်ဆောက်ကြရမည်ဖြစ်သည်။ အတွေးရှင်းလျှင် အလုပ်ရှင်းမည်ဖြစ်သည်။

ဓာတ်ပုံ -ဒီမိုဖက်တီး။
Melven Than Facebook

1 ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် တွေ့ဆုံနေစဉ်။(ရုပ်/သံ)



ကင်မရာမင်းတင့်ဆန်း။နေမင်း။ပန်းသီး၊ဝေဠုကျော်၊ဖိုးချစ်။ဖိုးသောကြာ၊ဇင်ဝိုင်းတို့နဲ့အမှတ်တရ
အကယ်ဒမီပွဲတောင် ဒီလောက်လူမစုံဖူး


ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ ရုပ်ရှင်ကားကြီးတစ်ကားကို ရိုက်ကူးဖန်တီးနိုင်ရန် နိုင်ငံကျော် သရုပ်ဆောင်များ၊ ဒါရိုက်တာများအပါအ၀င် အနုပညာရှင် ၁၀၀ ကျော်နှင့်ယနေ့ ညနေ ၃ နာရီတွင် သူမ၏နေအိမ်တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အထ္ထုပ္ပတိ ရိုက်ကူးရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၈ နှစ်မှ ၃၂ နှစ်အတွင်း ဘ၀ဖြတ်သန်းမှုများနှင့် လွတ်လပ်ရေး အတွက်ကြိုးပမ်းမှုများကို ရိုက်ကူးစေလိုကြောင်း ပြောကြားခဲ့ကာ အနုပညာရှင်များကို ဗိုလ်ချုပ်နေရာတွင် မည်သူ့ကို သရုပ်ဆောင် စေလျှင်ကောင်းမည်လည်းဟု မေးမြန်းအကြံတောင်းခဲ့ကြောင်း သိရသည်။ မြန်မာပြည်လွတ်လပ်ရေးရသည့် အလံတင်အခမ်းအနားမြင်ကွင်းဖြင့် ရုပ်ရှင်ကို စတင်စေလိုကြောင်း လည်း ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သော ဒါရိုက်တာရီဇော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅ ဖေဖော်ဝါရီအမီ ရုံတင်ပြသနိုင်လျှင် ကောင်းမည်ဟု ပြောကြားခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကိုပါ ပြသရန် စိတ်ကူးရှိကြောင်း ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲသို့ အနုပညာရှင်များထဲမှ နေတိုး၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ ဒါရိုက်တာဝိုင်း၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဇင်ဝိုင်း၊လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ မိုးဟေကို စသည့်နာမည်ကျော်သရုပ်ဆောင်များလာရောက်ခဲ့ကြောင်းသိရသည်။(7Day News Journal)
Photo..Maung thu ya facebook.myitmakha

Saturday, December 3, 2011

1 ပြုပြင်ပြောင်းလဲမှုအတွက် မြန်မာကို ဟီလာရီ ပထမဆုံးဆုချီးမြှင့်

(Reuters News မှ 2 Dec 2011 ရက်စွဲပါ “Cliton offers Myanmar First reward for reform” သတင်းကို yangonchronicle 2011ဘာသာ ပြန်ဆိုသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို အကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ပြီး ဆယ်စု ၂ စု လစ်လပ်နေခဲ့သော သံအမတ်ကြီးနေရာကို ပြန်လည်ထားရှိရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားကာ မြန်မာတို့၏ ပြောင်းလဲမှုအတွက် ကနဦး ချီးမြှောက်မှုများ ပြုလုပ်လိုက်သည်။

ကလင်တန်က သူမသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း အခြား မြန်မာအစိုးရဝန်ကြီးများနှင့်လည်းကောင်း ပွင့်လင်း၍ အပြုသဘော ဆောင် သော ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆက်လက်ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရန် ဝါရှင်တန်က အဆင့်သင့်ရှိကြောင်း၊ အရေးယူ ချမှတ်ထားသော Sanctions များ ရုတ်သိမ်း ပေးရန် အလားအလာရှိကြောင်း အသိပေးခဲ့သည်ပာု ပြောကြားသည်။

သို့သော်လည်း နှစ်ပေါင်း ၅၀ အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်မှ ရုန်းထွက်ရန် ကြိုးစားနေသော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသားပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ပိုမို အားထည့်၍ ဆက်လက်ဆောင်ရွက်ရေးကို သူမက မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။

ထို့အပြင် ရန်လိုသော နျူကလီးယားအစီအစဉ်များဖြင့် အာရှတစ်လွှား သတိပေးခေါင်းလောင်း မြည်စေခဲ့သော မြောက်ကိုရီးယားနှင့် ဆက်ဆံနေမှု များ ကို မြန်မာအစိုးရက ရပ်ဆိုင်းခြင်းမပြုပါက ဝါရှင်တန်နှင့် ဆက်ဆံရေး ကောင်းမွန်လာဖို့ မဖြစ်နိုင်ပာုလည်း ကလင်တန်က ပြောကြားသည်။

“ဒီအဆင့်တွေကို အခြေခံပြီး တည်ဆောက်သွားဖို့ သူမျှော်လင့်ထားတယ်” လို့ သမ္မတကြီးက ပြောပါတယ်။ ကျွန်မကလည်း ဒီပြုပြင်ပြောင်းလဲမှုတွေ မှာ ဝါရှင်တန်ရဲ့ ထောက်ခံအားပေးမှုရရှိဖို့ သူ့ကို အာမခံခဲ့ပါတယ်” ပာု အဝေးလွင်တီးခေါင်မြို့တော် နေပြည်တော်မှ ဆွေးနွေးပွဲများအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကလင်တန်က ပြောကြားသည်။

မကြာမီက လုပ်ဆောင်ပြသခဲ့တဲ့ ကိစ္စရပ်တွေပာာ အရင်ကမရှိခဲ့ဘူးတဲ့ ကြိုဆိုစရာကိစ္စတွေ ဖြစ်တယ်ဆိုပေမယ့် ဒါပာာ အစပဲရှိသေးတယ် ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ် ပာု ကလင်တန်က ဆိုသည်။

အနောက်အုပ်စုနှင့် နှစ်ပေါင်း ၅၀ ကျော်(အချို့ကလည်း နှစ်ပေါင်း ၂၀ ကျော်ပာုဆိုသည်) ခပ်စိမ်းစိမ်းနေခဲ့သော မြန်မာနိုင်ငံနှင့် ဆက်ဆံရေး သိသာစွာ နွေးထွေးလာခြင်းကို ယခုကလင်တန်၏ အထင်ကရ ခရီးစဉ်က ထင်ပာပ် ပြသနေသည်။

ထို့နောက်တွင် သူမသည် ကုန်သွယ်ရေးမြို့တော် ရန်ကုန်သို့ ထွက်ခွာကာ ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓဘာသာရိုးရာခြေဗလာဖြင့် လှည့်ပတ် လေ့လာပြီးနောက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။

ကလင်တန်နှင့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် အမေရိကန်သံတမန် အိမ်ရာတွင် တွေ့ဆုံခဲ့ကြပြီး အင်းလျားကန်ကို လှမ်း၍ မြင်ရ သော ဝရံတာတွင် တည်ခင်းသွားသော မြန်မာ့ရိုးရာ အစားအစာများကို မသုံးဆောင်မီ ဓါတ်ပုံတွဲ၍ အရိုက်ခံခဲ့ကြသည်။

နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန် ကြေညာထားသော ဒေါ်အောင်ဆန်းစုကြည်က ကလင်တန်၏ သမ္မတလောင်း၊ လွှတ်တော်အမတ်၊ အမေရိကန် သမ္မတရွေးပွဲ အတွေ့အကြုံများကို မေးမြန်းစူးစမ်းခဲ့သည်ပာု သိရှိရသည်။

“သူမက နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို မေးမြန်းနေပါတယ်” ပာု အမေရိကန်အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

တာထွက်စခြေလှမ်းများ


သမ္မတဦးသိန်းစိန်အပါအဝင် အခြားတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးမှုများ အပြီးတွင် ကလင်တန်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမည့် ကနဦး ဆောင်ရွက်စရာကိစ္စများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် သံအမတ်ကြီး ပြန်လည်ထားရှိရန် ဝါရှင်တန်က စဉ်းစားမည်ပာု ပြောကြားလိုက် သည်။

ယခင် တပ်မတော်အစိုးရက ၁၉၉၈ တွင် ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြပြည်သူများကို သတ်ဖြတ်နှိမ်နင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရသော ၁၉၉၀ ရွေးကောက်ပွဲရလာဒ်များကို ပယ်ဖျက်ခြင်း တို့ ပြုလုပ်ခဲ့ပြီးနောက်တွင် ဝါရှင်တန်က ရန်ကုန်တွင် ယာယီသံရုံးတာဝန်ခံ အဆင့်သို့ လျှော့ချပစ်ခဲ့သည်။

‘ကလင်တန်က ဆက်လက်၍ “အခု အစီအစဉ်တွေပာာ စိုးရိမ်စရာကိစ္စတွေကို ဖော်ထုတ်ဖို့၊ လေ့လာစောင့်ကြည့်ဖို့၊ တိုးတက်မှုတွေကို အားပေးဖို့ အတွက် အရေးကြီးတဲ့လမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပာာ ကနဦးခြေလှမ်းတွေပါပဲ၊ တကယ်လို့ ပြုပြင်ပြောင်းလဲမှုအရှိန်ကို ဆက်ထိန်းထားမယ်ဆိုရင် ရှေ့ကို ဆက်သွားကြဖို့ ကျွန်မတို့ ပြင်ဆင်ထားပါတယ်” ပာု ပြောဆိုသည်။

အကယ်၍ ထင်ရှားခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို မြင်တွေ့ရပါက Sanctions များဖြေလျှော့ပေးရန် အမေရိကန်ပြည်ထောင်စုက စဉ်းစား မည် ပာုလည်း သူမက ဖြေကြားသည်။

ကျွန်မတို့ ဒီလုပ်ငန်းစဉ် အတိုင်း ရှေ့ကို အတူတကွဆက်ပြီး သွားနိုင်မယ်ဆိုရင် အရေးယူချမှတ်ထားတဲ့ Sanctions တွေ ဖြေလျှော့ဖို့နဲ့ ရုတ်သိမ်းဖို့ ကျွန်မတို့ သေသေချာချာ စဉ်းစားကြမယ်လို့ မြန်မာခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို အပေါ်ယံ လူကြားကောင်းအောင် ပုံကြီးချဲ့ တာမျိုးမဖြစ်ရဘူး။ တကယ့်ကို မရေရာတဲ့ အစစ်ဖြစ်ရမယ်။ လက်တွေ့ မျက်မြင် အကဲဖြတ်ခံနိုင်ရမယ် ပာု ပီာလာရီကလင်တန်က ရှင်းလင်းပြောဆို သည်။

မြန်မာ့စီးပွားရေးမူဝါဒ ပြင်ဆင်ပြောင်းလဲမှုကို ကူညီမည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့၏ အကဲဖြတ်မစ်ရှင်များကို ဝါရှင်တန်က ထောက်ခံအားပေးမည်ဖြစ်သည့်အပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်မှုနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း ထောက်ခံအားပေးမည်ပာု ပီာလာရီကလင်တန်က ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံကို ထိတ်လန့်မှုကြောင့် ပိုမိုစည်းလုံးလာကြသော ဒေသတွင်းသို့ မြန်မာတို့ ပို၍ ရင်းနှီးကျွမ်းဝင်လာအောင် ဆွဲခေါ်သည့် အနေ ဖြင့် အရှေ့တောင်အာရှ အဓိကရေလမ်းကြောင်းကို ဆွေးနွေး ဦးတည်နေသော (အမေရိကန်တို့ ပံ့ပိုးသည့်) မဲခေါင်အောက်ပိုင်း လှုပ်ရှားမှု Lower Mekong Initiative အဖွဲ့သို့ လေ့လာသူအဖြစ် ဝင်ရောက်ရန် ကလင်တန်က မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားသည်။

သို့သော်လည်း မြန်မာတို့နှင့် ဆက်ဆံတွေ့ထိရန် အကြောင်းရင်းများကို တရုတ်နှင့် ယှဉ်ပြိုင်ပွဲက မောင်းနှင်ခဲ့သည် ဆိုသော အချက်ကို ကလင်တန် က ငြင်းဆို ကန့်ကွက်သည်။ “တစ်ခြားနိုင်ငံတွေကို ကျွန်မတို့ ဆန့်ကျင်နေစရာ အကြောင်းမရှိပါဘူး၊ ဒီနိုင်ငံကို အားပေးကူညီဖို့ လုပ်နေတာပါ။ အာရှဒေသနဲ့ ဆက်ဆံမှုတွေကို အမေရိကန်က တရုတ်နဲ့ ပုံမှန်တိုင်ပင်လေ့ရှိပါတယ်” ပာု သူမက ပြောကြားသည်။

ကလင်တန်က ဆက်လက်၍ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသော အမေရိကန်စစ်သားတို့၏ ရုပ်ကြွင်း များ ကို ပူးတွဲရှာဖွေမှုပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ ဆွေးနွေးကြမည်ပာု ပြောကြားသည်။ ဝါရှင်တန်နှင့် ပာနွိုင်း သည် အတိတ်က ကွဲလွဲမှုများ ကို ချန်ထားပစ်ခဲ့ကြရန် ကြိုးစားသည့်အနေဖြင့် ဗီယက်နမ်တွင် ထိုကိစ္စများကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

မြန်မာခေါင်းဆောင်သစ်များကို အားပေးသည့် ဝါရှင်တန်၏ ခြေလှမ်းများ မြန်လွန်းသွားမည်ကို လူ့အခွင့်အရေး အုပ်စုများနှင့် အမေရိကန် လွှတ်တော်အမတ်အချို့က ပူပန်လျက်ရှိသည်။ ထို့အတွက် ယခုထက်ပိုမိုပြင်ဆင် ပြောင်းလဲ သည်ကို မြင်တွေ့ရဖို့လိုအပ်ကြောင်း ရှင်းလင်းစွာအသိပေးထား သည် ပာု ကလင်တန်က ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာပာာ အားတက်စရာပါပဲ။ ဒါပေမယ့် ၁၀၀၀ ကျော် ကျန်နေပါသေးတယ်။ ဒီကနေ့ အစောပိုင်းတုန်းက ကျွန်မပြောခဲ့တဲ့ စကားကို အခု လူသိရှင်ကြားပြောပါရစေ။ စကြာဝဋာနဲ့ ဆိုင်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်၊ ယုံကြည်ခွင့်တွေကို ကျင့်သုံးမိလို့ အဖမ်းခံ ရ တယ် ဆိုတဲ့ ကိစ္စပာာ ဘယ်နိုင်ငံမှာမှ မရှိသင့်ပါဘူး။” ပာု ကလင်တန်က ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က အားလုံးပါဝင်နိုင်ခွင့်ရှိသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်လာအောင် ကြိုးပမ်းမှုအဖြစ် ယင်းကဲ့သို့သော အကျဉ်းသားများကို လွှတ် ပေးရန် အစိုးရက စဉ်းစားနေပြီး ထပ်မံလွှတ်ပေးနိုင်မည့် အလားအလာကို သုံးသပ်နေကြသည်ပာု ပြောကြားခဲ့ကြောင်းကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော အမေရိကန် အရာရှိတစ်ဦးက ပြန်လည်ပြောဆိုခဲ့သည်။

အမေရိကန်တာဝန်ရှိသူများ တင်ပြထားကြသော ဒုံးကျည်နည်းပညာ လျှို့ဝှက်ရောင်းဝယ်မှု အပါအဝင် မြောက်ကိုရီးယားနှင့် တရားမဝင်ဆက်ဆံမှု များကို ရပ်ဆိုင်းရန်နှင့် ပြုံးယမ်း၏ နျူးကလီးယား အစီအစဉ်ကြောင့် ကုလသမဂ္ဂက ချမှတ်ထားသော အရေးယူဒဏ်ခတ်မှုများကို လေးစားလိုက်နာရန် မြန်မာ အာဏာပိုင်များကို ကလင်တန်က ဖိအားပေးခဲ့သည်ပာုလည်း သိရှိရသည်။

မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန် မြန်မာနိုင်ငံက တာဝန်ခံထားမှုနှင့် သက်ဆိုင်သော အာမခံချက်များကို သူမလက်ခံရရှိထားသည်ပာု ကလင်တန်က ပြောကြားသည်။ မြန်မာအစိုးရ၏ မြောက်ကိုရီးယားနှင့် လျို့ဝှက်ဆက်သွယ်မှုသည် နျူကလီးယားအစီအစဉ်အထိ ပါဝင်ပတ်သက် ကျယ်ပြန့်လာခြင်းကို အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

အမေရိကန် တွေ့ထိဆက်ဆံလာမှုကိုဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

မနှစ်က ရွေးကောက်ပွဲများအပြီး တပ်မတော်အစိုးရက အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲမှုများကို အကဲဖြတ်မည့် ဝါရှင်တန်၏ ကြိုးပမ်းမှုကို ထောက်ခံသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေပာာ တကယ်လား၊ နောက်ထပ် လှည့်စားဖန်တီးမှုတစ်ခုလားလို့ လူတိုင်းက မေးနေကြပါတယ်” ပာု ဗြိတိန် Chathan House ဉာဏ်ကျယ်အုပ်စုသို့ ပေးပို့သော နှုတ်ခွန်းဆက် ဗီဒီယိုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဘူးသည်။ “အစိုးရအဖွဲ့ထဲမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲလုပ်ချင်သူတွေ တကယ်ရှိနေတယ်လို့ ကျွန်မယုံကြည်ပါတယ်၊ ဒါပာာ ပွင့်လင်းမယ့်အလားအလာလို့ လက်ခံကြည့်ဖို့ စွန့်စား ကြည့် ဖို့ ထိုက်တန်တဲ့ အကြောင်းရင်းပါပဲ” ပာု သူမကဆိုခဲ့သည်။

သို့သော်လည်း ဗုဒ္ဓပာူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က “တပ်မတော် အားပြုအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန်ဆုတ်ခြင်း၊ ရပ်သွားခြင်း မရှိရအောင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်၍စောင့်ကြည့်ရမည်ဖြစ်ပြီး အကယ်၍ နိုင်ငံရေး လုပ်သူများကို ထပ်မံဖမ်းဆီးပါက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအော်ပာစ်ကြဖို့ လိုကြောင်း” ပြောကြားလိုက်သည်။

လက်ရှိကာလတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးစနစ်အား သပိတ်မှောက်ထားခြင်းကို အဆုံးသတ်ကာ လာမည့်ကြားဖြတ် ရွေးကောက်ပွဲဝင်တော့မည်ပာု အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာလအတွင်း သမ္မတအိုဘားမားက မြန်မာနိုင်ငံပြောင်းလဲမှု အရိပ်အယောင်မြင်ရပြီပာု ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကလင်တန်၏ ခရီးစဉ် ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ဘာဖြစ်မလဲဆိုသည်မှာ မြန်မာခေါင်းဆောင်များအပေါ်တွင် မူတည်သည်ပာု ကလင်တန်က ဆိုသည်။ “ဒီလို ပြုပြင် ပြောင်းလဲမှု မီးတောက်ပာာ ငြိမ်းသွားနိုင်တယ်လို့ သမိုင်းရာဇဝင်မှာ ကျွန်မတို့ လေ့လာသိရှိထားပါတယ်။ ငြိမ်းအောင် တမင်အဆုံးသတ်ခံရတာမျိုး ရှိလာနိုင် ပါ တယ်။” ပာု ပီာလာရီကလင်တန်က မှတ်ချက်ပေးပြောကြားသည်။

0 နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ၀န်ကြီးကလင်တန်သတင်းစာရှင်းလင်းပွဲမှ ပစ္စည်းပျောက်မှာကြောက်နေတဲ့ မြန်မာသတင်းထောက်များ


State Secretary ရဲ့ လုံခြုံရေးအတွက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှာနေတာပါ။ဒီပစ္စည်းတွေအားလုံး ထက် State Secretary ရဲ့ လုံခြုံရေးက ပိုတန်ဖိုးရှိပါတယ်... ခင်ဗျားတို့ ပစ္စည်းတွေ မပျောက်စေရဘူး၊ အာမခံတယ်။

American Special Agent က မြန်မာလူမျိုး ဂျာနယ်လစ်တစ်ယောက်ကို ပြောတဲ့စကားပါ.နေပြည်တော်မှ ဒေါ်ဟီလာရီ သတင်းစာရှင်းလင်းပွဲ လုပ်မယ့် အခန်းထဲမှာ သတင်းထောက်တွေရဲ့ ကင်မရာတွေ၊ အသံဖမ်းစက် တွေ တပ်ပီးသွားတဲ့အချိန်...၊ သတင်းထောက်တွေစုံတဲ့အချိန်မှာအကုန်လုံးကိုအခန်းထဲကနေ ထွက်ခိုင်းပီး မိုင်းရှာတဲ့ Expert နှစ်ယောက်နဲ့ ခွေးက ၀င်ပီး ရှာနေတဲ့အချိန်မှာပစ္စည်းပျောက်မှာကိုစိုးရိမ်တဲ့ သတင်းထောက်တစ်ယောက်ကို Special Agent ခေါင်းဆောင်က ပြောတဲ့စကားပါ။ နိုင်ငံတကာက သတင်းထောက်တွေမှန်သမျှ စည်းကမ်းရှိရှိနဲ့ ထွက်ပေးရချိန်မှာ ပစ္စည်းပျောက်မှာ စိုးလို့ အထွန့်တက်တဲ့ မြန်မာလူမျိုး သတင်းထောက်ကို ပြောတာပါ။ အဲ့ဒိထက် အထွန့်တက်လာချိန်မှာ Special Agent ကကုဒ်အင်္ကျံကိုလှန်ပြလိုက်တော့မှ ပါးစပ်ပိတ်ပီး နောက်ဆုပ်သွားတာ တွေ့လိုက်ပါသေးတယ်.....

အဲ့ဒိတော့ VOA ကပြောတဲ့ အမေရိကန်တွေ လုံခြုံရေး တင်းကျပ်တာ ပုံမှန်ပါပဲဆိုတာ ဒီလိုမျိုးလို့ ယူဆလိုက်ပါတယ်.... အဲ့ဒါနဲ့စာရင် မြန်မာတွေ လုံခြုံရေး တင်းကြပ်တယ်ဆိုတာ ဟိုမေးဒီမေး သာသာပဲ ရှိပါတယ်... အောက်ကလင့်က ဓါတ်ပုံကို သွားကြည့်ရင် သိနိုင်ပါတယ်။ အခန်းအပြင်ကို ထွက်လိုက်ရလို့ ပစ္စည်းပျောက်မှာ မကျေမလည် ဖြစ်နေတဲ့ မြန်မာသတင်းထောက်တွေ အထွန့်တက်နေကြတဲ့ပုံပါ။ ဆက်ပီး လိုက်ကြည့်ရင်တော့ သူ့နေရာမှာ သူ အေးအေးဆေးဆေးနဲ့ သတင်းပို့နေတဲ့နိုင်ငံခြားသတင်းထောက်တွေ ကို တွေ့မှာပါ။ တစ်ချို့ဆို သူတို့ သက်သာသလို၊ စားပွဲပေါ်ခြေတင်နေတဲ့သတင်းထောက်အမျိုးသမီးတောင် တွေ့မှာပါ.... ကျွန်တော်တို့ မြန်မာပြည် စတ္တုတ္ထမဏ္ဍိုင်က တစ်ချို့ တစ်ချို့သော (တစ်ချို့လို့ ပြောတယ်နော်... အထ အန ကောက်မှာစိုးလို့ တစ်ချို့ကို နှစ်ခါတောင် ထပ်ပြောတယ်....) သူများ ရင့်ကျက်မှုနဲ့ စာနယ်ဇင်း အတတ်ပညာ အများကြီးလိုသေးတယ် ဆိုတာကို ပြလိုက်တဲ့ပွဲတစ်ခု ဆိုလည်း မမှားပါဘူး....
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည့် အခန်းတွင်း ကင်မရာများ ထားရှိပြီး မိုင်းရှာနေသည့်အတွင်း မည်သူမျှ ၀င်ခွင့်မပေးပဲ ပိတ်ထားသည့် တံခါးတစ်ချပ်ရှိ စက်ရုပ်လူသား Agent.....
မိုင်းရှာတဲ့ ဆရာသမား..... ရာထူးတော်တော်ကြီးပုံရပါတယ်၊ သူ့အတွက် ခွေးထိန်း သီးသန့်ကို ထားရပါတယ်၊ ရှိသမျှ အားလုံး စစ်ဆေးပြီးမှ သူက Final စစ်ဆေးပါတယ်.... သူ စစ်ဆေးမပြီးသေးသရွေ့ ဘာမှ မလုပ်ကြပါဘူး....ရေသန့်ကိုမှ သောက်ပါတယ်၊ ခွေးထိန်းက ရေကို သူ့အရပ် ခြောက်ပေကျော်လောက်က ဗူးကိုဖွင့်ပီး မြှောက်ပီး လောင်းချလိုက်ရင် ဆရာသမားက ပတပ်ရပ်ပီး ကျလာတဲ့ ရေကို ဘေးကို ဖိတ်မကျအောင် သောက်ပြပါတယ်...
James Mmttအားကျေးဇူးတင်ရှိပါသည်..

0 Burma Aung San Suu Kyi Cover of Asian,South Pacific edition of TIME 2011 Dec 12


Burma Aung San Suu Kyi Cover of Asian,South Pacific edition of TIME 2011 Dec 12 Asian Vol. 178, No. 23 ,South Pacific No. 23 edition of TIME 2011 Dec 12 source-Time website

0 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့



Photo..http://govne.ws/
ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် လူမှုအဖွဲ့စည်းကဏ္ဍအစုံကပုဂ္ဂိုလ်တွေ အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရွှေညဝါ ဆရာတော်၊ဆရာ မောင်ဝံသ ၊ ဒေါက်တာ နေဝင်းမောင် ၊ ကိုဇာဂနာ ၊ ကိုဇေယျာသော် ၊ ကိုမျိုးရန်နောင်သိန်း ၊ မရွှေဇီးကွက် ၊ မဖြူဖြူသင်း ၊ မဇင်မာအောင် ၊ မလှလှမိုး တို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဖြူဖြုသင်း ( HIV/ ADIS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံ)ကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - အမတို့ ဒီကနေ့နေ့လည် ၁၂ နာရီခွဲအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကဏ္ဍအစုံက လူတွေ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါဝင်လဲဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံး ၁၀ ဦးပေါ့။ကိုဇာဂနာ၊ကရင်အမျိုးသမီးအဖွဲ့က မလှလှမိုး၊ နေဝင်းမောင်၊ ကိုမျိုးရန်နောင်သိန်း၊ မရွှေဇီးကွက်၊ ဆရာ မောင်ဝံသ၊ မဇင်မာအောင်၊ ကိုဇေယျာသော် ၊ ရွှေညဝါ ဆရာတော် ၊ ကျမရယ် ၁၀ယောက်ပေါ့ အားလုံး။

မေး - ဘာတွေဆွေးနွေးဖြစ်တယ်ဆိုတာ ပြောပြပေးပါ။

ဖြေ - အားလုံးကတော့ ကဏ္ဍအလိုက်ပေါ့။ ဒေါက်တာ နေဝင်းမောင် ဆို ပညာရေး၊ ကိုဇာဂနာ ဆို political အကျဉ်းသားကိစ္စတွေ အဲလိုသူ့ကဏ္ဍအလိုက် ဆွေးနွေးဖြစ်ကြတယ်။ သူမသိတာတွေ၊ သူ မရှင်းတာတွေ ပြန်မေးတယ်။ အဲလိုပုံစံမျိုးပါပဲ ။

မေး - အမ အနေနဲ့ကော ဘယ်လိုမျိုး ဝင်ဆွေးနွေးလဲ ။
ဖြေ - ကျမကတော့ အခုလုပ်ကိုင်နေတဲ့ HIV ကိစ္စတွေကို ပြောဖြစ်တယ်။

မေး - အဲ့အပေါ်ကော ဟီလာရီ ကလင်တန်က ဘယ်လိုမျိုး ပြန်လည်ပြောကြားပေးလဲခင်ဗျ။
ဖြေ - အဓိကတော့ သူပြောကြားတာတွေကို မှတ်သားထားတယ်။ နောက်ပြီး သူ မရှင်းတာတွေကို ပြန်မေးတယ်။ အဓိကကတော့ ဒီအဖမ်းဆီးခံနေရတဲ့လူတွေထဲမှာElectronicအက်ဥပဒေနဲ့ နှစ်(၆၀)လောက်ကျထားတဲ့ကိစ္စမျိုးတွေ။နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆရာ မောင်ဝံသ က ပြောတယ်။မီဒီယာသမားတွေ အဖမ်းဆီးခံထားတာတွေကို လွှတ်ပေးဖို့ ကိစ္စတွေကို ပြောတော့ အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ သူတို့ မျှော်လင့်တယ်။ သူတို့ကြိုးစားတယ်။ နောက်ပြီးတော့ အားလုံးကတော့ သူတို့ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတာပါ။ တချို့ထောင်တွေထဲမှာ ဘယ်လိုမျိုး အရေးယူသလဲ။ ဘယ်လိုနေရသလဲ အဲလိုမျိုးတွေကို သူသိချင်တာလေးတွေ မေးပါတယ်။

မေး - အခုဆွေးနွေးတဲ့အထဲမှာကော ထူးခြားတာမျိုးရှိလား။

ဖြေ - ထူးခြားတာတော့ အဓိကကတော့ ကဏ္ဍပေါင်းစုံ အမြင်ပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့အတွက် တော်တော်လေးကို ကောင်းပါတယ်။

မေး - အခုလိုတွေ့ဆုံဖြစ်တဲ့အပေါ် အမရဲ့  သဘောထားအမြင်လေးပြောပေးပါ။

ဖြေ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးလာတယ် ။ လာတယ်ဆိုတော့ ဘာပဲပြောပြော ကျမတို့နိုင်ငံက ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအစစ်ကို မရသေးဘူး။ ဒီအမေရိကန်နိုင်ငံကနေပြီးတော့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတစ်နိုင်ငံက လာတယ်။ ပြီးတော့ ကျမတို့ မြန်မာပြည်ရေးအတွက် ရှေ့ဆက်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးလိမ့်မယ်လို့လဲ မျှော်လင့်တယ်။ နောက်ရှေ့ဆက်အလားအလာတွေလဲ ပိုပြီးကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

By ဇာဏီ (Burma VJ Media Network)

0 ဒီမိုကရေစီလမ်းပေါ်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး”(ဒေါ်အောင်ဆန်းစုကြည်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို “ ခိုင်မာပြီး အလွန်ရှင်းလင်းပြတ်သားသော ခေါင်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း” ပြောကြားပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်း အခြေအနေများ တိုးတက်ကောင်းမွန်ရေးနှင့် အစိုးရနှင့်ရော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဒီမိုကရေစီရေး လှုပ်ရှားသူနှင့်ပါ ပူးတွဲအလုပ်လုပ်လိုကြောင်း ပြောကြားလိုက်သည်။

ယနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် နှစ်နာရီနီးပါးတွေ့ဆုံမှုအပြီး နှစ်ဦးစလုံးကခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာသို့၇ မိနစ်ကြာ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်ပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အတူတကွ ရှေ့ဆက်တိုးတက်နိုင်မယ်ဆိုရင် ဒီမိုကရေစီစနစ်ဆီ သွားမယ့်လမ်းကနေ နောက်ပြန်ဆုတ်စရာအကြောင်းမရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုထက်ထိ အဲဒီလမ်းပေါ် ကျွန်မတို့ မရောက်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး မြန်မာအစိုးရနှင့် အမေရိကန် ထိတွေ့ဆက်ဆံမှုကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားလူမျိုးစုပြဿနာများရပ်တန့်ရေးကိုလည်း တောင်းဆိုခဲ့သည်။

ဟီလာရီခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရာတွင် ဟီလာရီးခရီစဉ်သည်သမိုင်းဝင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်အစိုးရကိုကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိကန်အစိုးရ၏စေ့စပ်မှုသည် စစ်မှန်သောစေ့စပ်ဆွေးနွေးမှုတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် တရားဥပဒေစိုးမိုးရေးသည်အရေးကြီးကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သော ဦးဝင်းတင်က ဟီလာရီနှင့်တွေ့ဆုံဆွေး နွေးမှုနှင့်ပတ်သက်ပြီး “ဟီလာရီရဲ့တုံ့ပြန်မှုတွေကိုအားရကျေနပ်ပါတယ်။ သူပြောတဲ့စကားတွေက ကတိက၀တ် သဘောဆောင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးတို့၊ တိုင်းရင်းသားကိစ္စဖြေရှင်းရေးတို့မှာ ကတိက၀တ်ပြုပြောဆိုသွားတာတွေကို အားရကျေနပ်ပါတယ်” ဟု တွေ့ဆုံမှုအပြီးသတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားသည်။

7Day News Journal

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.