Friday, September 25, 2009

0 ငါးထောင်ကျပ်တန် ငွေစက္ကူများထွက်ရှိလာတော့မည့် သတင်းကြေညာ အပြီး ကုန်ဈေးနှုန်းများ စတင်တက်




ကိုမိုးသီး။ ။
အောက်တိုဘာ ၁ရက်နေ့ ကစပြီး ငါးထောင်တန် ငွေစက္ကူသစ်တမျိုးကို ပုံနိပ်ထုတ်ဝေသုံးစွဲသွားမယ်လို နအဖ ကသတင်းကြေညာသွားပါတယ်။ အချိုးအဆ မကျတဲ့ ဆင်တကောင်ပုံနှင့် ကြပ်ပြေးနေပြည်တော်ပုံ ကို ငွေစက္ကူ တွင်ထည့် သွင်းပုံနိပ်ထားတယ်။
အရောင်တွေကတော့ ပန်းချီသဘောအရ မတွဲဖက်သင့် တဲ့ ရန်ဖက်အရောင်တွေ ဖြစ်တဲ့ အနီသွေး( Red Family ) နဲ့ အစိမ်းလွမ်း ( Green Family ) အရောင်ကိုသုံးထားခြင်းက မျက်စိထဲမှာထော်လော်ကန့် လန့် ဖြစ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ( Psychologically) အရလူအများယုံကြည်လက်ခံနိင်မှု ကင်းမဲ့စေနိင်ပါတယ်။
စီးပွားရေးသဘောအရ ကြည့် ရင်တော့ ငွေကြေးဈေးကွက် ( Finicial Market) ထဲမှာ ငွေစက္ကူတွေကိုထပ်မံ ဖြန့် ဝေသုံးစွဲခြင်းဟာ ငွေကြေးဖေါင်းပွမှု ( Inflaction ) ဆိုးကျိုးကိုရင်ဆိုင်ရစေနိင်ပါတယ်။ အဓိပါယ်ကတော့ နဂိုက တက်နေတဲ့ ကုန်ဈေးနှုန်းတွေ တလဟော တက်သွားစေနိင်ပါတယ်။
နအဖ သတင်းရပ်ကွက်ကလာတဲ့ သတင်းများအရ သန်းရွှေမင်းဆက်ကို နစ် ၅ ထောင် တိုင်တည် တန့် အောင် ရည်ရွယ်ချက်နဲ့ ထုတ်ဝေတာလို့ သိရပါတယ်။ သန်းရွှေ မိသားစု လက်စွဲ အဘထွန်းဆိုတဲ့ ဘိုးတော် ငကြောင်ကြီး တကောင် က အကြံပေးလိုက်တာလို့ သိရပါတယ်။ သန်းရွှေ ကကျောက်ဆည်သား၊ ကျောက်ဆည်မြို့ ရဲ့ အထိမ်းအမှတ်က ဆင် တကောင်ပုံဖြစ်တဲ့အတွက် ငွေစက္ကူမှာဆင်တကောင်ပုံကို ဘိုးတော် က ထည့် ခိုင်းတာလို့ သိရပါတယ်။
ဆင်ဦးခေါင်းပေါ်ကနကင်း ဆင်ကိုယ်မှာ ပုံမှာလွှမ်းထားတဲ့ ခြုံလွှာ တွေက အနီရောင် တွေဖြစ်နေတဲ့အတွက် ပြည်သူလူထုတွေက ကျောင်းသား ခွပ်ဒေါင်းအလံ နဲ့ ရွှေဝါရောင်သံဃာတွေက သန်းရွှေ ခေတ်ကို မကြာခင်အဆုံးသတ်စေတော့မယ်လို့ ဆွေးနွေးနေကြကြောင်းပါခင်ဗျား။

မြန်မာ စစ်အစိုးရ၏ အမှတ်မထင် ထုတ်ပြန်သော ငါးထောင်ကျပ်တန် ငွေစက္ကူသတင်းကြောင့် ရန်ကုန် လူထု ကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည် ။မြန်မာ့ရုပ်မြင်သံကြား မှ သတင်း ကြေညာအပြီး မှာ ပင် ရန် ကုန် မြို့ တရုတ်တန်း ရှိကုန်သည် များ အကြားတွင် ကုန်/ငွေ အလွှဲအပြောင်းများရပ်ဆိုင်း သွားပြီး ဆန်ဈေးနှုန်း နှင့် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ အနည်းငယ် တက်သွားသည် ဟု သတင်းရရှိသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.