Tuesday, September 22, 2009

0 တဖတ်သတ်ရေးဆွဲတဲ့ လူထုလက်မခံတဲ့ နအဖရဲ့၂၀၀၈ အခြေခံဥပဒေ(final version)

အန်အယ်ဒီရဲ့ပထမရပ်တည်ချက်ကတော့ ရွေးကောက်ပွဲဝင်ဖို့မဝင်ဖို့ကိစ္စက ရွေးကောက်ပွဲဥပဒေတွေထွက်လာမှ စဉ်းစားမယ်လို့ပြောထားပါတယ်။ သင့်တော်တဲ့ဗျူဟာတခုပါ။ တောင်းဆိုနေတာက တကဏ္ဍ၊ ရွေးကောက်ပွဲဝင်မဝင်ဆိုတာ နောက်ကဏ္ဍပေါ့၊ ဒါပေမယ့် ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာရေးထားပါတယ်၊ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပေးဘူးဆိုရင်၊ တွေ့ဆုံဆွေးနွေးရေးမလုပ်ဘူးဆိုရင် ရွေးကောက်ပွဲမဝင်ဘူး၊ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဆိုတာလဲ အတုအယောင်ဖြစ်မှာဘဲတဲ့။ စစ်အစိုးရကို အကျပ်ကိုင်လိုက်တာပါ။ ဒါပေမယ့် ဒီလိုအကျပ်ကိုင်တာက အန်အယ်ဒီအတွက် make or break ဖြစ်နေတယ်။ သူတို့မှာလဲ တခြားရည်ရွယ်ချက်တွေရှိနေနိုင်ပါတယ်။

နအဖရဲ့ ၂၀ဝ၈အခြေခံဥပဒေကို လက်မခံရတဲ့အကြောင်းရင်းတွေထဲမှာ

၁။ စစ်တပ်က ကြိုက်တဲ့ချိန်မှာ အာဏာသိမ်းခွင့်ပြုထားတယ်
၂။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှာ စစ်တပ်ကကြီးစိုးနေတယ်၊
၃။ နိုင်ငံတော်သမတရာထူးကို အရပ်သားတွေရပိုင်ခွင့်မရှိဘဲ စစ်ဗိုလ်တွေအတွက် တမင်ဖန်တီးထားတယ်။
၎။ ဒေါ်အောင်ဆန်းစုကြည်ကို တမင်ရည်ရွယ်ပြီး သမ္မတ မဖြစ်လာအောင်ဖန်တီးထားတယ်
၅။ လွှတ်တော်မှာ စစ်တပ်က ၂၅%ယူထားတယ်၊
၆။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေကို စစ်တပ်ကယူထားတယ်။
၇။ ကာကွယ်ရေးဦးစီးချုပ်က သမတထက် သြဇာပိုရှိနေတယ်။

ဘာတွေမဟုတ်တာတွေ တဖတ်သတ်ရေးထားတာတွေ downloadလုပ် ဖတ်ကြည့်ချင်ရင်



0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.