Saturday, October 24, 2009

0 ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံ ကာလ၁၄နှစ်ပြည့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရတဲ့ကာလတွေကို စုစုပေါင်းရင် ဒီနေ့ဟာ ၁၄နှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားကြတဲ့ ထောက်ခံကြသူတွေဟာ၊ ကမ္ဘာ့အရပ်ရပ်မှာ အထိမ်းအမှတ်အခမ်းအနားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒိမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အနစ်နာခံစွန့်လွှတ်မှုတွေကို ဂုဏ်ပြုဖို့စီစဉ်နေကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ပြန်လွှတ်ပေးအောင် ထပ်မံကြိုးစားကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂတို့ကို တိုက်တွန်းလိုက်ပါတယ်။

ဒီလို ကြိုးစားရာမှာ ရာဇ၀တ်မှု၊ လူမဆန်တဲ့ ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းတာမျိုး တရားဥပဒေဆိုင်ရာ ဖိအားပေးတာမျိုးနဲ့ လက်တွေ့ထိရောက်အောင်လုပ်ကြဖို့ လိုတယ်လို့ဆိုပါတယ်။

အမေရိကန်အခြေခိုက်ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံကာလ ၁၄နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုတခုလုံးက ပြည်နယ်၃၃ခုမှာ အထိမ်းအမှတ်အခမ်းအနား ၁၃၀ခန့်ကို ဒီကနေ့ကစပြီး နိုဝင်ဘာလ ၁ရက်နေ့အထိ ကျင်းပဖို့စီစဉ်ထားပါတယ် ။( BBC)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.