Thursday, October 29, 2009

0 ပြည်ပ ငွေလွှဲလုပ်ငန်းများအား စတင်စီစစ်

စင်္ကာပူ ရှိ သင်္ဘောကျင်းလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ

စင်္ကာပူ ရှိ သင်္ဘောကျင်းလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ

Freedom News Group

ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများအနေ ဖြင့် မြန်မာနိုင်ငံရှိ မိသားစု ထဲသို့ ပြန်လည်ပို့ ပေးသည့် ဟွန်ဒီ ဟု ခေါ်သည့် တရားမ၀င်ငွေလွှဲလုပ်ငန်းများအား စတင်စစ်ဆေးမှု ပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် စက်တင်ဘာလဆန်းမှ စတင်ခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပူးပေါင်းအဖွဲ့ များက လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ တရားမ၀င် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေ သူများအားစတင် ၍ ခေါ်ယူစစ်ဆေးမှု ပြုနေပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ ရှိ ငွေလွှဲလုပ်ငန်း လုပ်နေသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

မြန်မာ နိုင်ငံတွင်း အလုပ်အကိုင် ရှားပါးမှု နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်းများရှိနေခြင်း တို့ ကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ရသည့် မြန်မာအလုပ်သမားများ

သည် ဟွန်ဒီ ဟု ခေါ်သည့် ငွေကြေးလွှဲပြောင်းမှု စနစ်တစ်မျိုးဖြင့် မြန်မာ နိုင်ငံတွင်းရှိ မိသား စုများသို့ မိမိ တို့ ရှာဖွေ စုဆောင်းထားသည့် ငွေကြေးများ အား ပြန်လည် ပို့ ဆောင်ကြသည်။

အသစ်ဖွဲ့ စည်းလိုက်သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက အမေရိကန် ဒေါ်လာ ၄၀၀ အထက်လုပ်ခ လစာရသူများအနေဖြင့် ပြည်တွင်းမိသားစုသို့ ဝင်ငွေ၏ ငါးဆယ်ရာ ခိုင်နှုန်း ကို နိုင်ငံတွင်းရှိ မိသားစုများသို့  ပြည်လည် ပေးပို့ ရမည်ဟု ညွှန်ကြားထားသည်။

ပုဇွန်တောင် မြို့ နယ်တွင်းရှိ ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင် သူ သုံးဦး နှင့် ပန်းဘဲတန်း
နှင့် လမ်းမတော် မြို့ နယ်များမှာ ဟွန်ဒီ လုပ်ကိုင်နေသူ လေးဦးခန့် ကို စသုံးလုံး က စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ထားသည် ။

မြန်မာ နိုင်ငံတွင်းရှိ ဟွန်ဒီ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများမှာ အမေရိကန် ဒေါ်လာငွေမှောင်ခို ရောင်းဝယ်ခြင်းလုပ်ငန်း နှင့် လည်း တစ်နည်း တစ်ဖုံပတ်သက် သောကြောင့် ခေါ်ယူစစ်ဆေးခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပေးသည်။

ဟွန်ဒီ ငွေလွှဲလုပ်ငန်းလုပ်ကိုင် နေသူများ အား စီစစ်အရေး ယူမည့် ကိစ္စ နှင့် ပတ်သက်၍စင်္ကာပူရှိ အိုင်တီ ကုမ္မဏီ တစ်ခု တွင် အလုပ်ကိုင်နေသော ကိုစည်သူက “သံရုံးမှာလည်းဝင်ငွေ ခွန်ဆောင်ရတယ် ၊မိသားစု ဆီ တရားဝင်ပြန် ပို့ ရင်လည်း အဲဒီထဲက ဖြတ်အုံးမှာ ဆိုတော့ နှစ်ခါ ဖြတ်ဖြစ်နေတယ် ဟွန်ဒီ နဲ့ ကျတော့ ပို့ ခပဲကုန်တာလေ ”ဟု ပြောသည်။

၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပိုက် ပြီးချိန်မှ စ၍ နိုင်ငံခြားငွေလွှဲ လုပ်ငန်း တစ်မျိုးဖြစ်သည့် ဟွန်ဒီလုပ်ငန်း တစ်ရပ် ပေါ်ပေါက်လာပြီး ထိုငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများမှာ ထောက်လှမ်းရေး (သို့ မဟုတ်) စသုံးလုံးစသည့် အဖွဲ့ အစည်းများအား ဘော်ဒါကြေးသိန်းချီပေး ပြီးမှ လုပ်ငန်းလုပ်ကိုင်၍ ရကြောင်းသိရသည်။

နိုင်ငံရပ်ခြားရောက် မြန်မာ များ၏ နိုင်ငံတွင်းသို့  ငွေကြေးလွှဲပြောင်းပေးပို့ ငွေမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သိန်းခြောက်ထောင် နီးပါးရှိမည် ဖြစ်ကြောင်းသိရသည်။

ဟွန်ဒီလုပ်ငန်းရှင်များအား ဖမ်းဆီးစစ်ဆေးနေသေကြောင့် ပြည်ပမှ ပြည်တွင်းငွေပို့ သူများမှာ အနည်းငယ် ကြန့် ကြာလျှက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.