အဘရဲ့အမွေ၊ အဖရဲ့အမွေ။
အဘ (ဘဘဦးသုခ) . . . ။
(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။
အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။
အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။
“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေြး
“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ်
တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို
ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။
ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။
နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။
နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။
နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင်
ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။
ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်
ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။
ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။
ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သေ
တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့်
ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။
ဟုတ်ပါသည်။
ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့်
ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။
“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့” ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။
ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်
ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။
သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?
ကျော်သူ
__________________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။
__________________________
သား (ကျော်သူ)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်