Saturday, April 10, 2010

0 သန်လျင်မြို့မှထူးခြားဖြစ်စဉ် သတင်းအမျိုးမျိုးထွက်

အောက်ပါသတင်းမှအဆက်..
စီစီတီဗီ နှင့် စောင့်ကြည့်စစ်ဆေးချက် အရ တရားခံမှာ အဘွားအို တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်..
ထို အဖွားအိုသည် ယင်းဆေးရုံမှ ဝန်ထမ်း ဖြစ်ကာ ယခင် လင်မယားနှစ်ယောက် အတူတူ လုပ်ကိုင်
နေကြပြီး ယောက်ကျား သေဆုံးသွားသော အခါ စားဝတ်နေရေးကြပ်တည်းသောကြောင့် ယခုကဲ့သို့
လတ်ဆတ်သော လူသေများကိုသာ ဓါးနှင့် လှီးဖြတ်ကာ စားသုံးနေသည်ဟု သိရှိရပါသည်..
ရောဂါနှင့် သေသော လူသေများကို မစားသောက်ပဲ..လတ်လတ်ဆတ်ဆတ်သေသော လူသေများကိုသာ
ရွေးချယ် လှီးဖြတ်စားသောက်ပါသည်...
ယခုပေါ်ပေါက် လာရခြင်းမှာ ဓါးထိုးခံသေသွားရသော လူငယ်တစ်ယောက်ကို အသားကိုလှီးဖြတ် ထားပြီး..နောက်နေ့လူသေအလောင်းပြင်ဆင်သောအခါ..သေသေချာချာ...ဓါးဖြင့်လှီးဖြတ်ထားသည်ကိုတွေ့ရှိရာမှ အလောင်းရှင်မှ တရားစွဲဆို ခြင်းကြောင့် အမှုပေါ်လာရခြင်းဖြစ်ပါသည်..

ထိုအပြင် အဖွားအိုကို ဖမ်းဆီးလိုက်ပြီးချိန်တွင် ကုလားမတစ်ဦးလိုဝိဥာဉ် တစ်ခု ဝင်ရောက်ပူးဝင်ပြီး
ထိုကိစ္စ သည်..ထို ဝိဥာဉ်မှ အဖွားအိုကို ဝင်ရောက် ပူးဝင်ပြီး စားသောက်နေရပါသည်ဟု..ဘုန်းကြီးတပါးရှေ့မှာ ဝန်ခံဖြောင့်ချက်ပေးပါသည်...
သို့ပါသော်လည်း....ဥပဒေ တွင် မည်သို့မျှ လက်ခံနိုင်စရာ အကြောင်းမရှိသောကြောင့် အဖွားအို အား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားပါသည်...

နောက်ဆက်တွဲသတင်း

ထိုအလောင်းများပျက်စီးခြင်းနှင့်ပတ်သက်ပြီး လူအများထိတ်လန့်မှု ဖြစ်လာသည့်အတွက် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့က ဆေးရုံဝင်း နှင့် ရင်ခွဲရုံကို အစောင့်ချထားပြီး ကင်မရာများနှင့် ရိုက်ယူကြောင်း၊ ထိုသို့ စောင့်ကျပ် ရိုက်ယူခဲ့ရာ ရင်ခွဲရုံအောက်တွင် ကျင်းဖြင့် အိမ်ဖွဲ့နေသော မြွေပါကဲ့သို့ တိရစ္ဆာန်က ညဘက် တက်စားခြင်းဖြစ်ကြောင်း တွေ့ရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြော သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ သန်လျင်မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

သန်လျင်ဆေးရုံနှင့် နီးစပ်သူတဦးကလည်း“ဒီသတင်းက တော်တော်လေးပျံ့နေတယ်၊ တကယ်တော့ မြွေပါလို အကောင်ကြောင့် ဆိုတာ သိရပါပြီ၊ ဒါပေမယ့် လူတွေကတော့ ကောလာဟလ ပုံစံနဲ့ အမျိုးမျိုး ချဲ့ထွင်ပြီး ပြောနေကြတုန်းပဲ”ဟု ဆိုသည်။

သန်လျင်ဈေးအနီး နေထိုင်သည့် ကျောင်းဆရာတဦးကမူ“သန်လျင်ဆေးရုံမှာ ရေခဲတိုက်မရှိဘူးလေ၊ အလောင်းတွေကို ရေခဲနဲ့ ဒီအတိုင်း ထားရတာကြောင့် ကြွက်ကိုက်တာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်၊ ဒါမှမဟုတ်ရင် တယောက်ယောက်ရဲ့ နောက်ပြောင်မှုလည်း ဖြစ်နိုင်တယ်ပေါ့၊ ကျနော်ကတော့ သိပ်မယုံပါဘူး”ဟု ပြောဆိုသည်။
(ဧရာဝတီ)မှ
................................................................................................................................................
သန်လျင်မြို့မှာထူးခြားဖြစ်စဉ်တစ်ခုကြောင့်လူတော်တော်များများစိတ်လှုပ်ရှားနေပါသည်..။ဖြစ်ပွားပုံမှာ..သန်လျင်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲထောင်တွင်ထားသော ရုပ်အလောင်းများမှာ ထူးခြားဆန်းကြယ်စွာဖြင့် လက်များ၊ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်မှာ ယခုသတင်းရရှိသော အချိန်အထိ အလောင်း (၁၈)လောင်းခန့်ထိုသို့ဖြစ်ပွားလျက်ရှိပါသည်။
တာဝန်ရှိသူများကလည်းအထူးစောင့်ကြပ်လျက်ဂရုစိုက်စောင့်ရှောက်နေသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်..။

၎.၄.၂၀၁၀ နေ့ညတွင်လည်း အလောင်းနှစ်လောင်းကိုထားရှိရာ၊တစ်လောင်းမှာ နားရွက် တစ်ဖက် ပျက်စီးလျှက်ရှိပြီး.၊နောက်တစ်လောင်းမှာပေါင်သားများပျက်စီးလျှက်ရှိနေပါသည်။ထိုသို့ပျက်စီးသွားသောရုပ်အလောင်းများထဲမှ အချို့သော ပိုင်ရှင်များမှ ဆေးရုံအုပ်ချုပ်သူများအား တရားစွဲဆိုထားကြောင်းကိုလည်း ကြားသိရပါသည်။
ထို့ကြောင့် ၅.၄.၂၀၁၀ နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိ သူများမှသန်လျင်ဆေးရုံကြီးသို့ရောက်ရှိလာပြီး မြို့နယ် တာဝန်ခံများကို ယခုအမှုအားအမြန်ဖော်ထုတ်ပေးရန် ဆူပူကျိန်းမောင်းလျက်ရှိသည်ကို တွေ့ရှိရသည်ဟု မျက်မြင် တစ်ဦးကပြောပြပါသည်။

ထိုညတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင်အထူးဂရုစိုက်စောင့်ကြပ်နေပါသော်လည်း ၅.၄.၂၀၁၀ ညတွင်လည်း အလားတူအဖြစ်အပျက် ထပ်မံကြုံတွေ့ရပြန်ကြောင်း မြို့ခံများမှ တဆင့် သိရပါသည်။

ထိုသို့သောဖြစ်ရပ်များအတွက် မြို့ခံများအနေဖြင့် သို့လောသို့လော ထင်မြင်ချက်မျိုးစုံဖြင့် လူများအကြား ထိတ်လန့်ဖွယ်ရာ တစ်ခုအဖြစ် လူပြောများလျက်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.