Saturday, April 24, 2010

0 ပိစပ်ရွက်၊ စူလာနဖာရွက်တို့၏ ဆေးဖက်ဝင်ပုံအကြောင်းတို့ကို သုတေသနပြုစုသူ စာရေးဆရာကြီး သာဂဒိုး (ခ) ဦးတင်စိုး အသက် (၈၅)နှစ် ကွယ်လွန်ပြီ


စာရေးဆရာကြီး ဦးသာဂဒိုး အသက် (၈၅)နှစ်သည် ယနေ့နံနက် (၆း၀၀) နာရီအချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ မကွယ်လွန်မီ ဆရာ သာဂဒိုးအား ကျန်းမာရေး စစ်ဆေးချက် ပြုလုပ်ရန်အတွက် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။ ဆရာကြီး၏ ရောဂါအခြေအနေမှာ ထွေထွေထူးထူးမရှိ၍ ဆရာဝန်ကြီးများမှ ပြန်လည်ဆင်းခိုင်းခါနီးတွင် ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။ ဆရာကြီး သာဂဒိုးကို ဖေဖော်ဝါရီ (၁၃) ရက်နေ့ ၁၉၂၆ ခုနှစ်တွင် အဖ ဦးဆိုင်၊ အမိ ဒေါ်မေညွှန့်တို့မှ ဖျာတန်းရွာ၊ ဒါးကမြို့နယ်၊ ပုသိမ်မြို့၌ မွေးဖွားခဲ့ပါသည်။ ဆရာကြီး ကွယ်လွန်သွားချိန်တွင် အမှတ် (၇၃)၊ ၅၁ လမ်း (အလယ်)၊ (၁) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။ သာဂဒိုးဂေဟာ၌ သားများဖြစ်ကြသော ဦးသိဒ္ဓိ + ဒေါ်စန်းစန်းမြင့်၊ ဦးစံလူလူ + ဒေါ်သန်းသန်းတင့်၊ ဦးအေးမင်း + ဒေါ်အေးအေးခိုင်နှင့် မြေး (၆) ယောက်၊ မြစ် (၂) ယောက်တို့ ကျန်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ခုနှစ်ရက်သားသမီးတို့၏ နာရေးကိစ္စများ၊ ဆေးကုသမှုများ၊ လေးဘေး၊ မီးဘေး၊ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်) မှလည်း ဆရာကြီး ဦးသာဂဒိုး၏ ရုပ်ကလပ်အတွက် မှန်ခေါင်းကူညီမည်ဖြစ်ပြီး ၂၆.၄.၂၀၁၀ တနင်္လာနေ့ မနက် (၁၀)နာရီ ရေဝေးမှာ သဂြို င်္ဟ်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေးစားဦးညွတ်လျှက်

Burma Paparazi

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.