Saturday, April 2, 2011

0 ဂျပန်နိုင်ငံနယူကလီးယားဓါတ်ရောင်ခြည်ပျံ့ နှံ့ မှုအခြေအနေ


ဂျပန်နိုင်ငံတွင် ငလျင်ကြီးနဲ့ဆူနမီဒဏ်ကြောင့်သေဆုံးသွားရသောဂျပန်ပြည်သူပြည်သားများအတွက် ဖရောင်းတိုင်ထွန်းညှိပြီး ဆုတောင်းပေးနိုင်ပါတယ်.....

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ အတွင်းနေထိုင်တဲ့သူတွေကို ဘေးလွတ် ရာရှောင်တိမ်းဖို့ ဂျပန်အစိုးရရဲ့ကြေညာထားပေမဲ့ အဲဒီလို ဘေးကင်းဇုံသတ်မှတ်ချက်ကို ထပ်မံတိုးချဲ့ဖို့ စဉ်းစားပါလို့ နိုင်ငံတကာအနုမြူအေဂျင်စီ IAEA က ပြောဆိုလိုက်ပါတယ်။ IAEA ရဲ့ ပြောဆိုချက်ဟာ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၄၀ အကွာမှာရှိတဲ့ အီးအိတာတဲ့ ရွာပတ်ဝန်းကျင်မြေဆီလွှာထဲမှာ ဓာတ်ရောင်ခြည်သင့်တာတွေရှိတယ်ဆိုတာကိုတွေ့ရတဲ့အတွက်ဖြစ်ပါတယ်။
ဂျပန်အစိုးရကတော့ လူ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်နိုင်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ IAEA နဲ့ ဂျပန်အစိုးရတို့ရဲ့ပြောဆိုချက်ကွာဟမှုရှိနေတာက အဖြစ်အပျက်အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေကို မြင့်တက်လာစေပါတယ်။
ပြင်သစ်နဲ့ အမေရိကန်မှ ညူကလီယားဆိုင်ရာကျွမ်းကျင်သူတွေဟာ ဂျပန်ကိုရောက်လာပြီး ဂျပန်မှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်သမတ နီကိုလပ်စ် ဆာကိုဇီ လည်း ရောက်လာခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် နာအို့တိုခန်း နဲ့ အနာဂတ်ညူကလီယားအရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သမတဆာကိုဇီက အဲဒီဓာတ်အားပေးစက်ရုံဟာ ဘေးကင်းစိတ်ချရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ မညီဘူးလို့ ဆိုပါတယ်။ ပြင်သစ်ရဲ့ထဲထဲဝင်ဝင်လုပ်ကိုင်နေမှုတွေက ဖူကူရှီးမားစက်ရုံကနေ ရေဒီယိုဓာတ်သတ္တိကြွဒြပ် တော်တော့ကို ပျံ့နှံ့နေပြီလို့ ဆိုလို့ရနေပါပြီ။
ဒီအတောအတွင်း အကျပ် အတည်းဖြစ်နေတဲ့ဓာတ်အားပေးစက်ရုံရဲ့ အနီးပတ်ဝန်းကျင်မှာ ရေဒီယို ဓာတ်သတ္တိကြွဒြပ်ပျံ့နှံ့မှု မြင့်မား လာနေတယ်လို့ TEPCO က ကြာသပတေးနေ့ (မတ်လ ၃၁ ရက်)မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။
ဓာတ်အားပေးစက်ရုံပတ်ဝန်းကျင်ကနေ ဘေးလွတ်ရာရှောင်တိမ်းခိုလှုံခဲ့ရတဲ့သူတွေဟာ သူတို့တတွေ နေထိုင်ရာ နေအိမ်တွေဆီကိုပြန်ပြီး လိုချင်တဲ့အရာတွေကိုယူတာမျိုးလုပ်နေတဲ့အတွက် ဖူကူရှီးမားခရိုင် အာဏာပိုင်တွေက ဘယ်လိုအကြောင်းကြောင့်နဲ့မှ ပြန်မလာနဲ့ဖို့ ကြေညာချက်တွေကိုကပ်ထားပါတယ်။
ဖူကူရှီးမားခရိုင်တွင်းက နွားသတ်ရုံတခုမှာ ရေဒီယိုဓာတ်ရောင်ခြည်သင့်တယ်ဆိုတာတွေ့ရှိရတဲ့အတွက် အဲဒီအမဲသားတွေကို ဈေးကွက်ထဲလုံးဝမတင်ပို့ရဘူးလို့ အမိန့်ထုတ်ထားပါတယ်။
ကျော်ကျော်စိုး
၁၃း၀၅ နာရီ
ဧပြီ ရက် ၂၀၁၁ ခုနှစ်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.