Wednesday, April 6, 2011

0 ဂျပန်ရှိနျူကလီးယားနှင့်ပါတ်သက်သည့် ရှင်းလင်း ဟောပြောပွဲ(ရုပ်/သံ)

ဟောပြောပေးခဲ့တဲ့သူ..အိုခမိုတို တိုမိုဟီရိ


၂.၄.၂၀၁၁ ( စနေနေ့ )က ညနေ ၆ နာရီမှ ၈ နာရီအထိ ဂျပန်နိုင်ငံ၊ တိုကျို၊ရှိဘုရရှိ ရှိဘုရကွန်ဖရင့်ဟောတွင် နျူကလီယာနှင့်ပါတ်သက်သော ရှင်းလင်းဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ထိုပွဲကို မြန်မာနိုင်ငံသားအပါအဝင် အခြားနိုင်ငံမှလူမျိုးများ အားလုံးပေါင်းအယောက် ၈၀ ခန့် တက်ရောက် နားထောင်ခဲ့ကြပါတယ်။ မြန်မာလူမျိုးများမှလည်း မိမိတို့ သိလိုသည့်အချက်များကို ပြန်လှန် မေးမြန်းခဲ့ကြ
ပါတယ်။

ဟောပြောပေးခဲ့တဲ့သူကတော့ အိုခမိုတို တိုမိုဟီရိ ဖြစ်ပြီး အနုမြူဓါတ်ပေါင်းဖိုနဲ့ပါတ်သက်လို့ ကျွမ်းကျင်မှုရှိသည့်အပြင် အတွေ့အကြုံလည်းရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်အကယ်ဒမီဘွဲ့ရတစ်ဦးဖြစ်ပြီး လေတပ်မှ စစ်ဗိုလ်ချုပ်
တစ်ဦးဖြစ်သလို ၁၉၈၆ ခုနှစ်က ဆိုဗီယက်နိုင်ငံ မော်စကိုတွင် ဂျပန်စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းမှ ဂျပန်ဘာသာစကားဖြင့် ရှင်းလင်းပြောကြားပြီး တနဘဲ ဟိစအို ( ဦးရွှေဘ ) မှတိုက်ရိုက် မြန်မာလို စကားပြန်ပေးခဲ့ပါတယ်။ အခြား စပိန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ဗီယက်နန်၊ တရုတ်၊ ဖီလစ်ပိုင် လူမျိုးများအတွက်လည်း သက်ဆိုင်ရာတာဝန်ယူထားသူ ဂျပန်လူမျိုးများမှ အသီးသီး စကားပြန် ဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနားကို ည ၈ နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါတယ်။

MMCPမှ ကိုကိုကျိုက်အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.