Sunday, April 17, 2011

0 သင်္ကြန်နှစ်ကူးမှာမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုကိုနှုတ်ဆက်




မနေ့က မဟာသင်္ကြန်အတတ်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန်ရေကစားသူတွေကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးသူတွေ ၀န်းရံပြီး နေအိမ်ခြံဝန်းထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလို ကိုယ်တိုင် ခြံပြင်ထွက်ပြီး၊ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။

လမ်းသွား လမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်လို့ ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန်စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ် ။
(VOA)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.