Sunday, May 29, 2011

0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ မိခင်ကြီး၏နာရေးသတင်း

လားရှိုးအကျဉ်းထောင် ၆၅နှစ် ၆လ ပြစ်ဒဏ်စီရင်ခြင်းခံထားရသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုမင်းဇေယျ ၏ မိခင်ကြီးဖြစ်သူဒေါ်(မိ)ချစ်ဖွား(၇၆)နှစ်သည် မွန်ပြည်နယ်၊မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာ နေအိမ်တွင်လူကြီးရောဂါဖြင့် ၂၇.၅.၂၀၁၁ခုနှစ် ညး ၁၁နာရီ၂၀မိနစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း-နိုင်ဘရင်နှင့်သားသမီး(၈)ဦး ကျန်ရစ်ခဲ့ပါသည်။

အသုဘဈာပနအစီအစဉ်မှာ...

၂၉.၅.၂၀၁၁ ခုနှစ်နေ့ လည်(၁)နာရီ မွန်ပြည်နယ်၊မုဒုံမြို့ နယ်၊ကမာဝက်ကျေးရွာသုဿန်တွင်ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်ပါသည်။

၃.၆.၂၀၁၁ ခုနှစ် တွင်ရက်လည်ဆွေးကျွေးပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.