Saturday, July 9, 2011

0 ရန်ကုန်အိုင်အယ်လ်အိုရုံးသို့တိုင်ကြားသော လယ်သမားကြီးဦးထွန်းအေးအားထောင်ဒဏ်(၃)လမတရားချမှတ်


၈ရက်နေ.လယ်သမားကြီးဦးထွန်းအေး၏ ရုံးထုတ်ဖြစ်သောကြောင့် နံနက်၁၀နာရီမှစ၍ ကန်ကြီးထောင့်သို့ (၁၅မိုင်၎ဖာလုံ)စက်ဘီးနှင့်စီးနင်းကာသွားကြပါသည်..၃ယောက်တွဲစီအားလုံးပေါင်းအယောက်၂၀ခန်.ရှိပါသည်။

ရင်ဘတ်တွင်လယ်သမားတော်လှန်ရေးခေါင်းဆောင်ဆရာစံ၏ရင်ထိုးကို ထိုးကာသွားကြခြင်းဖြစ်ပါသည်၊ ရုံးသို.ရောက်သောအခါကိုထွန်းအေးအား ကန်ကြီးထောင့်မြို့နယ်မှ တရားသူကြီးဒေါ်ဖြူဖြူခိုင်မှ ကိုထွန်းအေးအားထောင်ဒါဏ်၃လကျခံစေရန်အမိန့်ချမှတ်ခဲ့ပါသည်။

ကိုထွန်းအေး၏ဖြစ်စဉ်ကိုကြည့်ပါက ထောင်တရက်ကျကျ ၊တစ်လကျကျထောင်ကျတာပါဘဲ ..ငွေရှင်ရယ်အာဏာပိုင်ရယ်ကို အနိုင်ပေးလိုက်ခြင်းဖြစ်ကြောင်းသိသာလှပါသည်။ လယ်သမားများ၏အကာအကွယ်မဲ့မူ့ကိုမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ အာဏာပိုင်များ၏အစိုးရ ထောက်ပံ့ကြေးသည်လယ်တစ်ဧကလျင်၂၀၀၀၀(တစ်ချို.နေရာတွင်၅၀၀၀)ထုတ်ပေးခြင်းသည် လယ်သမားတစ်ဦးအဖို့လယ်တစ်ဧက၏ကုန်ကျစားရိတ်နှင့်လုံးဝမလောက်ဌပါ..

လယ်တစ်ဧကလျင်ကုန်ကျစားရိတ်သည် ကျပ်ငွေတစ်သိန်းအထက်မှာ ကုန်ကျသောကြောင့် တခြား ဓနရှင်များထံတွင်အတိုးနူန်းကြီးမြင့်စွာဖြင့်ငွေချေးဌါးရသောကြောင့် လယ်သမားအမူ့အခင်းများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်၊ ထိုကိစ္စများသည်ကိုထွန်းအေးတို့တစ်နေရာထဲတွင်ဖြစ်နေခြင်းမဟုတ်ပါ.တနိုင်ငံလုံးတွင်ထိုကိစ္စများဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။ နောက်တစ်ချက်မှာကိုထွန်းအေးသည် လယ်တစ်ဧကလျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ၅၀၀ကောက်ခံခြင်းကို ဧရာဝတီတိုင်းဝန်ကြီးဦးသိန်းအောင်ထံသို့လိပ်မူကာ အိုင်အယ်လ်အိုရုံးသို့ မိတ္တူပို့တိုင်ကြားခြင်းနှင့်လည်းပါတ်သက်နေပါသည်။ အကြောင်းပြချက်မရှိဘဲငွေကောက်ခံခြင်းကြောင့်လည်းဖြစ်ပါသည်။ကန်ကြီးထောင့်အုပ်စုတွင်အုပ်စု၈၀ရှိပါသည်။တစ်အုပ်စုလျင် ဧက၂၀၀၀ကျော်ရှိသောကြောင့် ကန်ကြီးထောင့်မြို့နယ်တစ်အုပ်စုထဲ၌ပင် သိန်းပေါင်း ၈၀၀လောက် အာဏာပိုင်များမှရရှိထားခြင်းကြောင့် ကိုထွန်းအေးထိုကိစ္စကို ထပ်တိုင်လျင်ပြန်လည်၍ လယ်သမားများထံသို့ပေးအပ်ရမည်စိုးသောကြောင့်လည်းဖြစ်နိုင်ပါသည် ။

အားလုံးကိုခြုံကြည့်လျင်အာဏာပိုင်များ၏ လယ်သမားများအပေါ်လောက်ဌအောင် စိုက်ပျိုးစားရိတ်ထုတ်မပေးခြင်း၊ လယ်သမားများအားအဓ္ဓမငွေကောက်ခံခြင်းကြောင့် ဟုကောက်ချက်ချနိုင်ပါသည်။

ထိုကဲ့သို့နောက်နောင်မဖြစ်ပေါ်စေရန်လွှတ်တော်အမတ်မင်းများကလည်းလွှတ်တော်အမတ်ဆိုသည့်နံမည်ကိုဖက်တွယ်မိန်းမောမနေကြဘဲတောင်သူ။လယ်သမားများ၏ရပိုင်ခွင့်အခွင့်အရေးများကိုကာကွယ်သည့်ဥပဒေများပေါ်ပေါက်လာရေးအတွက်ဆွေးနွေးတိုင်ပင်ကြပါလွှတ်တော်တွင်အတည်ပြုနိုင်ရန်ကြိုးစားကြပါ..ထိုကဲ့သို့ပြုလုပ်ခြင်းမရှိပါကကျွန်တော်တို့လူ့အခွင့်အရေးစောင့်ကြည့်သူများကွန်ယက်(HRWDN)အနေဖြင့်လယ်သမားများနှင့်ပူးပေါင်းကာတောင်သူလယ်သမားများ၏ရပိုင်ခွင့်အခွင့်အရေးများကိုလွှတ်တော်တွင်ပေါ်ပေါက်စေရန်တရားသောဥပဘောင်အတွင်းမှတောင်းဆိုတိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်။

လူ့အခွင့်အရေးစောင့်ကြည့်သူများကွန်ယက်(HRWDN)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.