Saturday, July 16, 2011

0 ပြောချင်ရာပြော လုပ်ချင်ရာလုပ် ရက်ပေါင်းတစ်ရာ မောင်သိန်းစိန်

ပြည်သူတွေအပေါ် အစိုးရတရပ်ဆိုတာပြောရင် တည်စေ၊ မြဲစေရှိရပါ့မယ်၊ ပြည်သူတွေကို အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြနေရင် လူထုအယုံကြည်ခံအစိုးရဖြစ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်၊ လူထုယုံကြည်တဲ့အစိုးရတရပ်ဖြစ်ဖို့ဟာ လူထုရဲ့ အခြေခံကျတဲ့ ဘဝရဲ့လိုအပ်ချက်တွေကို တတ်စွမ်းသလောက် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရပါ့မယ်။

မြန်မာနိုင်ငံမှာ အဓိကအခြေခံကျတဲ့ တောင်သူလယ်သမားကိစ္စကို ဦးစားပေးဖြေရှင်းမယ်ပြောဆိုပြီး၊ လယ်ယာမြေတွေသိမ်းပိုက်နေတာဟာ အပြောနဲ့အလုပ် တခြားဆီဖြစ်နေပါတယ်။ နောက်- အဂတိလိုက်စားမှုတိုက်ဖျက်ပြီး၊ သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဆီ ဦးတည်သွားမယ်လို့ဆိုပြန်တယ်၊ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုရင် မိမိအစိုးရတစ်ရပ်လုံး ခြစားမှုမရှိအောင်အရင်စံနမူနာအဖြစ် ရပ်တည်ပြရပါ့မယ်။ လစာမလုံမလောက်ပေးထားပြီး၊ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်မထိန်းသိမ်းနိုင်ပဲ ဝန်ထမ်းတွေကို ခြစားမှုနဲ့အပြစ်ပေး အရေးယူဆောင်ရွက်လို့ သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဘယ်လိုမှမဖြစ်နိုင်။

မိမိအစိုးရအဖွဲ့က ပြည်သူ့လစာကို မဟားတရားရယူထားကြပြီး၊ အစိုးရဝန်ထမ်းများနဲ့ ပြည်သူတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလို့ကတော့ ဘယ်တော့အခါမှ ကောင်းတဲ့အစိုးရတစ်ရပ် မဖြစ်ပေါ်လာနိုင်။ အခုပဲကြည့်ပါ

ဆရာထက်တပြည့် လက်ဇောင်းထက်တဲ့ပုံစံမျိုးနဲ့ နယ်စပ်ဒေကို လေယျာဉ်နဲ့တစ်မျိုး၊ လက်နက်ကြီးနဲ့တစ်ဖုံ အင်အားအလုံးစုံအသုံးပြုပြီး၊ ထိုးစစ်ဆင်နေပြန်တယ်။ တိုင်းပြည်တည်ငြိမ်အောင် မထိမ်းသိမ်းပဲ သိန်းစိန်နဲ့ မင်းအောင်လှိုင်ဟာ ပြည်တွင်းစစ်မီးကိုမွှေးနေပြန်တယ်။ အဓိပ္ပါယ်မဲ့တဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်စေ့စေ့ညက်ကြေမွပျက်စီးနေတာကို သိလျှက်နဲ့ မသိကျိုး ကျွန်ပြု နေတာဟာ ပြည်သူလူထုအပေါ် အရမ်းရက်စက်ရာရောက်ပါတယ်။

ကိုယ့်အပေါ် ဘာရန်ငြိုးရန်စမှမရှိတဲ့ပြည်သူတွေအပေါ် ဒီလုပ်ရပ်တွေက ဒုက္ခဝဝကြီး ပေးထားသလို မျိုးဖြစ်မနေဘူးလား၊

ကျနော်လက်ရှိ- ဦးသိန်းစိန်မဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးသတိပေးလိုတာက မိမိဟာ ကြိုးဆွဲတိုင်းကနေရအောင် ရုပ်သေးရုပ်မဟုတ်ဘူး၊ ဇတ်ဆရာအလိုကျ 'က' ရအောင်လည်း ဇတ်မင်းသားတွေမဟုတ်ကြဘူး။

မိမိကိုယ်ကိုမိမိ စစ်သားကောင်းတစ်ယောက်အဖြစ်ခံယူထားရင် လုပ်ရဲ- ကိုင်ရဲတဲ့စိတ်တွေမွေးမြူပြီး၊ ပြည်သူဘက်ကပြတ်ပြတ်သားသား ရပ်တည်ရဲရမယ်။ သန်းရွှေရဲ့ဆိုးမွေတွေကို ဆက်လက်ထိမ်းသိမ်းနေရင်... အပ္ပါယ်တခါးကိုတွန်းဖွင့်ရာလည်းရောက်တဲ့အပြင်- မိမိလုပ်ခဲ့တဲ့ ဆိုးမွေတွေကို မိမိရဲ့ မျိုးဆက်တွေ တနေ့တချိန် ပြန်လည်ခံစားရမှာကျိန်းသေတယ်။

ဒါကြောင့်- အပ္ပါယ်တခါးကို ပြိုင်တူမခေါက်မိကြဖို့ - အပ္ပါယ်တံခါးပိတ်တဲ့ ပြည့်အကျိုးကိုသယ်ပိုးရင်း နိဗာန်တခါးကိုပြိုင်တူခေါက်ကြပါစို့လို့ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အထူးသတိပေး ပြောကြားလိုပါတယ်။

ဒါမှမဟုတ် ပြည်သူတွေအပေါ် ပြောချင်ရာပြော၊ လုပ်ချင်ရာဆက်လုပ်နေရင်တော့ ရက်ပေါင်းတစ်ရာမပြောနဲ့ အစိုးရသက်တမ်းသာကုန်ဆုံးသွားမည်၊မောင်သိန်းစိန်အစိုးရဟာ ပြည်သူတွေကို လိမ်ညာလှည့်ဖြားနေတဲ့ လူလိမ်အစိုးရတစ်ရပ်သာ မြန်မာနဲ့ ကမ္ဘာ့အလယ်တွင် အမည်ဆိုးနဲ့ တွင်ကျန်နေမည်ကို အထူးသတိချပ်သင့်ကြောင်း အကြံပြုရေးသားလိုပါသည်။


ဦးသိန်းစိန်ရက်တရာ​ပြည့်သော်လဲဘာတွေလုပ်ပြီးပြီလဲ​ နားထောင်ကြည့်ကျရအောင်ပါ။ရှေ့နေဦးမင်းလွင်ဦး၊ Burma Democratic Concern (BDC) မှဦးမျိုးသိန်း၊မြန်မာသတင်း​သမ္မဂ္ဂမှ ဦးမောင်မောင်မြင့်တို့(Rfa)မှာဆွေးနွေးထားပါတယ်




Ko Baloi ၊ ohnMar Oo Facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.