Monday, September 24, 2012

2 လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့

လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။

ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေးစခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။

အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှုခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ်ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။

ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ မြန်မာအင်ဒီပဲဒန့်ဂျာနယ်

0 ~ ငှက်တို့၏တေး...~ * ရေးသူ-မောင်စိန်ဝင်း(ပုတီးကုန်း)

မလိုက်ရဲရင်လည်း...
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။

တစ်နေ့ နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။ ။

ကဆုန်စိုင်းသလိုပေါ့....
မုန်းတိုင်းက ရှေ့မှာမွှေ...
တောမီးတွေက ရှေ့မှာဝိုင်း..။

ခြင်္သေ့က မြက်မစား.....
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...၊
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။ ။

-မောင်စိန်ဝင်း(ပုတီးကုန်း)
Design..Ko myo

0 ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲ အချိန်အပြောင်းအလဲ နှင့် လမ်းညွှန်ထုတ်ပြန်ခြင်း

နေ့စွဲ - ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်


    စက်တင်ဘာလ ၂၉ ရက်နေ့တွင် 2335 Golden Gate Avenue, San Francisco, CA 94118 ရှိ University of San Francisco - War Memorial Gym ၌ ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို အောက်ဖော်ပြပါအတိုင်း အချိန်ပြောင်းလဲထားပါသည်။

အခမ်းအနား ကျင်းပချိန်မှာ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ ဖြစ်ပြီး အခမ်းအနားကျင်းပရာ ခန်းမကို နံနက် ၇း၀၀ နာရီမှ ၈း၄၅ နာရီအထိ ဖွင့်လှစ်၍ ဧည့်ပရိသတ်များ ၀င်ရောက်နိုင်ရန် စီစဉ်ထားမည်ဖြစ်ပါသည်။ ခန်းမတွင်းသို့ ၀င်ရောက်ခွင့်မှာ သတ်မှတ်ထားသည့်အချိန်အတွင်းသာ ဖြစ်ပါသည်။  အချိန်နောက်ကျမှ ရောက်ရှိလာသူများ ၀င်ခွင့်ရရှိမည်မဟုတ်ပါ။

အခမ်းအနားသို့ လာရောက်သူများ အဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် လမ်းညွှန်များကိုလည်း ပူးတွဲ ဖော်ပြထားပါသည်။ ကားရပ်နားရန်နေရာများ အခက်အခဲရှိနိုင်သောကြောင့် ကိုယ်ပိုင်ကားဖြင့် လာရောက်သူများအနေဖြင့် နီးစပ်ရာ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများ စုပေါင်းလာရောက်ကြရန်နှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ် ရထားများကို စီးနင်းလာရောက်ကြပါရန် အကြံပြုလိုပါသည်။

ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို

0 အမေရိကန်နိုင်ငံ နယူးရောက်မြို့ ကွင်းစ်ကောလိပ်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့ တွေ့ဆုံပွဲ(ရုပ်/သံ)အစအဆုံး


Video..dvb livestation
 နယူးရောက်မြို့ မြန်မာမိသားစုများနှင့် တွေ့ ဆုံပွဲ အမှတ်တရ စကားများ....

- ကြမ်းခင်းဈေး ၇ နှစ် နဲ့  ဈေးကွက်ဝင်ခဲ့ တဲ့  NLD -
တနင်္လာနေ့ ရောက်ရင် ဘယ်သူပါသွားပီလဲရယ်လို့ မေးရတဲ့  NLD -

လူတန်းစား ၄ရ ပ်မှာ NLD က တော်တော် အောက်ဆုံးတန်းရောက်ခဲ့ ရပါတယ် - ရထားတဲ့ အခွင့် အရေးကို မှန်ကန်စွာ အသုံးချပါ။ ကိုယ်အခွင့် အရေးဟာ သူတပါးအတွက် စိတ်အနှောက်အရှက် မဖြစ်ဘို့ တော့  လိုပါတယ်။

- ကချင်မှာဖြစ်နေတဲ့  စစ်ပွဲညှိနှိုင်းဆွေးနွေးနေတာမှာ NLD မပါဘာဘူး။ NLDကအစိုးရ အဖွဲ့ အစည်းမဟုတ်တဲ့ အတွက်ပါ။ ပါမှအောင်မြင်မယ်ဆိုပီး လာခိုင်းရင်လဲ လုပ်မှာပါ။

- ABSDF အဖွဲ့ ကလဲ နိုင်ငံရေးအဖွဲ့ ဖြစ်ပါတယ်။ စေတနာမှန်မှန်နဲ့  လုပ်သင့် တာတွေကို လုပ်ဘို့ ဘဲ လိုပါတယ်။ မတူကွဲပြာမှုတွေက နေရာတိုင်းမှာရှိပါတယ်။ - တိုက်ယူမှရမယ်ဆိုတဲ့ စိတ်တွေဟာ စစ်ဝါဒဆန်ပါတယ်။ ရန်လိုတဲ့ အပြုအမူတွေဟာ စိတ်က လာတာဖြစ်လို့ စိတ်တော်လှန်ရေးကိုအရင်လုပ်ကြပါ။

- ကျမက တပ်မတော်ကို မကြိုက်တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကို မကြိုက်တာပါ။

 - အကြမ်းမဖက်တဲ့ နည်းဟာ ပိုကြာရင်ကြာမယ် ဒဏ်ရာဒဏ်ချက်နည်းပါတယ်။ - အကြမ်းဖက်တဲ့ နည်းက မြန်ရင်မြန်မယ် ဒဏ်ရာဒဏ်ချက်များမယ် ကုစားရတာကြာမယ်။ -

တိုင်းရင်သားများစည်းလုံးမှုအခြေအနေသိချင်ရင်ကိုယ့် အချင်းချင်းရောစည်းလုံးမှုရှိမရှိ မေးချင်ပါတယ်။ - ကယားပြည်နယ်ဟာလဲတိုးတက်မှုနည်ပါးနေပေမဲ့ စစ်တမ်းကောက်ယူသွားတာကတော့  အခြေအနေအရ လွိုင်ကော်မှာဘဲကောက်ယူသွားလို့  တိုးတက်မှုနှုန်းများပြာနေသလို ဖြစ်နေတာပါ။ - ဒီမိုကရေစီနိုင်ငံမှာနေပီးတော့  အဖွဲ့ ဝင်တွေက ပါတီခေါင်းဆောင်ကို မကြိုက်တာ မသိကြဘူုးလား။ - လွတ်လပ်စွာရေးသားပြောဆိုခွင့် တွေဟာ ဘယ်နေရာမှာအဆုံးသတ်သလဲဆိုတော့  သူတပါးရဲ့ လွတ်လပ်ခွင့် ကို ထိပါးလာရင်တော့  ဒီမိုကရေစီကို ချိုးဖောက်တာပါဘဲ။ - ရခိုင်အရေးနဲ့ ပတ်သက်ရင် ပါးရိုက်လို့ နားကိုက်မယ်ဆိုတာမျိုးရှိနေသ၍ ဘယ်တော့ မှ ပီးဆုံးမှာမဟုတ်ပါဘူး။ - ကိုယ့် နိုင်ငံကို မကြောက်မရွံ့ ပြန်လာနိုင်ဘို့ ဘယ်သူက လုပ်ပေးနိုင်မလဲတဲ့ ။ ကိုယ့် ကိုယ် ကိုဘဲ အရင်မေးကြည့် ပါ။ - ဒေါ်စုအနှစ်၂၀၀၀ အသက်ရှည်ပါစေတဲ့ ။ မများလွန်းဘူးလာဆိုတော့  လုပ်စရာတွေက အများကြီးရှိသေးတာတဲ့ ။ - ဗမာအချင်းချင်းစည်းလုံးမှုရှိကြဘို့ တယောက်နဲ့ တယောက်ရန်မဖြစ်ကြဘို့ လိုပါတယ်။ တော်ကြာ ကလေးတွေက ဗမာယဉ်ကျေးမှုဆိုတာ ဒါလားဆိုပီးတော့  လန့် သွားလိမ့် မယ်။ - နိုင်ငံခြားသားခံယူထာတဲ့ ဗမာတွေအတွက် နှစ်နိုင်ငံသားခံယူဘို့ ဥပဒေနဲ့ ဆိုင်ပါတယ်။ - တိုင်းရင်သားတွေနဲ့ ဆွေးနွေးပွဲများမှာ ပါဝင်ဘို့ ခိုင်းစေလာရင် ပါဝင်မှာပါ။အဆင်သင့် ပါဘဲ။ - အလုပ်လက်မဲ့ ကျဆင်းပပျောက်ရေးအတွက် ကော့် မှူးမြို့ နယ်မှာစတင်နေပါတယ်။ - မြန်မာ့ ပညာရေးအတွက် ကိစ္စတွေမှာ အစိုးရက လုပ်ပါတယ်။ ကျမတို့ ကတော့  အစိုးရမဟုတ်တဲ့ အတွက် လုပ်လို့ မရသေးပါဘူး။ တတ်နိုင်သလောက်တော့ လုပ်နေပါတယ်။ အခမဲ့ ပညာရေးအတွက် ဆက်သွယ်အကြံပြုစေချင်ပါတယ်။

- နှစ်နိုင်ငံနိုင်ငံသားခံယူဘို့ ကိစ္စကလွှတ်တော်ကဆုံးဖြတ်ရမှာပါ။ နှစ်နိုင်ငံသားဖြစ်ခွင့်  မပေးတဲ့ နိုင်ငံတွေလဲ အများကြီးရှိနေပါတယ်။ - ဗမာတွေ ဗမာစကား တိုင်းရင်းသားတွေ တိုင်းရင်းသားဘာသာစကားကို မမေ့ ကြပါနဲ့ ။
- ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဘို့ ဆိုတာက လွှတ်တော်ထဲမှာ မဲ၇၅ % ကျော်မှရမယ်။ တပ်မတော်က ၂၅%ပါဝင်နေတော့  အနည်းဆုံး တယောက်ပါဝင်လာဘို့  လိုပါတယ်။ တပ်မတော်သားတွေအနေနဲ့ ကလဲ ဘယ်အပိုင်းတွေဟာပြင်ဘို့ လိုမယ်ဆိုတာမြင်လာဘို့  မြန်မြန်မြင်လာရင်တော့  ပါကောင်းမှာပေါ့ ။

- ဒေါ်စု သမ္မတဖြစ်နိုင်ပါမလားဆိုတော့  ဖွဲ့ စည်းပုံအရတော့  မဖြစ်ပါဘူး။ ဒါပေမဲ့  ပြည်သူ လူထုရဲ့ အပေါ်မူတည်ပါတယ်။သမ္မတလုပ်ဘို့ ကမ်းလှမ်းလာ၇င်ပြည်သူက တောင်းဆိုလာရင် နိုင်ငံရေးလုပ်နေတဲ့ လူဘဲ လုပ်ရဲရမှာပေါ့ ။ -ပြည်တော်ပြန်နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်တဲ့ နေရာမှာ နိုင်ငံရေးဆိုတာလုပ်စားဘို့  မဟုတ်ပါဘူးဆိုတာ ပြောခြင်ပါတယ်။(
(Chit Aung Hla Patrick)

0 အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။

 ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင်ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက် အီဂျစ်လူမျိုး အ သက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoulaအားသတ်ဖြတ်နိုင်သူအားဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟုသတင်းစာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။

Bilourမှအယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်အမျိုးဘာသာအတွက်ဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။
 မြင့်မြတ်သည့်ပရော့ဖိတ်ကို စော်ကားသူအားသတ်ဖြတ်နိုင်သူကို ပေးအပ်မည့်ဆုငွေဒေါ်လာတသိန်းသည်မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။
မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည်သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီးပါကစ္စတန်အစိုးရရဲ့သဘောထားမဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ  Raja Pervez Ashrafမှ အေအက်ပီသတင်းဌာနသို့ တရားဝင် ကြားခဲ့သည်။

ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က " ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ ဘာသာရေးလှုပ်ရှားရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး"လို့မီးရထားဝန်ကြီးBilourအား မေးခွန်းထုတ်လိုက်ပြီး Bilour ၏ကြေညာချက်မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း အယ်ဂျာဇီးယား သတင်း ဌာနရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊ ပရောဖိတ်အားစော်ကားသူကိုအပစ်ပေးကြဖို့ပြည်သူတွေအစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက်အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော်တိုက်တွန်းလိုက်သည်။

aung pan

Sunday, September 23, 2012

5 ဒေါ်အောင်ဆန်းစုကြည်နှင့်နယူးယောက် မြန်မာများတွေ့ဆုံပွဲတွင်တွေ့ရသော ဒီပဲယင်း အရေးအခင်းမှ သူရဲကောင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်တွင် တွေ့ဆုံပွဲကို လက်သီးဆုတ်ပြီး ဝင်လာသူက ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။

ဒီပဲယင်းမှာအရိုက်ခံရပြီး ပျောက်နေလို့မိသားစုကဆွမ်းတောင်သွတ်လိုက်ပါတယ်။ နောက်မှ ထောင်ထဲကနေ ပြန်လွတ်လာတယ်။ အခု ဆန်ဖရန်စစ်စကို ရောက်နေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ဝါရှင်တန် မိသားစုနဲ့တွေ့ဆုံပွဲအပြီး သူ့ကို မိုက်ကလိုဖုန်းနဲ့ ကိုတိုးလွင်ရှေ့ကိုလာပါ ဆိုပြီး ကျေးဇူးတင်စကား ဆိုတယ်။ ဘလက်လစ် ဖျက်တဲ့အထဲ ပါမပါ မေးရှာပါတယ်။ ကိုတိုးလွင်ဟာ တကယ့် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

Zaw win Facebook

1 CNN မှ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး


  • CNN  ။            ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို  သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီးမတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။ ကျမ အရမ်းကျေးဇူးးတင် သဘောကျပါတယ် ။ ဒါပေမယ့် တခါတလေ  နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။
  • CNN  ။            ။ အဲဒါ ဘာကြောင့်များလဲ ။
  • ဒေါ်အောင်ဆန်းစုကြည်။            ။  အလွန်အကျွံ အာရုံစိုက်ခံရရင် ဘယ်သူမှ နေတတ်မှာ မဟုတ်ဘူးလေ ။
  • CNN  ။            ။  ဒါပေမယ့် ဒေါ်စုလုပ်ခဲ့တာတွေဟာ တကယ့်ကို ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတွေ ရှိခဲ့တယ်လေ ။ ဘယ်အရာကများ အကြီးကျယ်ဆုံး အောင်မြင်မှုလို့ ဒေါ်စု ထင်သလဲ ။  အားလုံးကို ပြန်ပြီး အနှစ်ချုပ်ရရင် ဘယ်လိုလုပ်ရပ်ကြောင့်  ဒီလိုဆုတွေရတာလို့ ထင်ပါသလဲ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ ဘယ်ဟာက အကြီးကျယ်ဆုံးအောင်မြင်မှုတွေရလဲဆိုတာ ပြောဖို့ စောနေပါသေးတယ် ။ ဒီဆုတွေကို ရတာက ကျမတိုင်းပြည်က ပြည်သူ ပြည်သားတွေ ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကြိုးစားပေးခဲ့လို့ လို့ ထင်တာပါဘဲ ။

  • CNN ။           ။  ပန်းတိုင်ရောက်ဖို့ ခရီးကတော့ လိုသေးတာပေါ့လေ  ။ ဒါပေမယ့် အခုအခြေအနေက အရင်နဲ့ အတော်ကွာတာ သိသာပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကထိ  ဒေါ်စုအနေနဲ့ ဒီနေရာမှာ ဒီလိုထိုင်ပြီး အင်တာဗျူးတွေ ဖြေနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်လား ။ အခု ဒေါ်စုအနေနဲ့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းတော့မလား ။ အထူးသဖြင့် မြန်မာ့ ပြည်တွင်းထုတ်ကုန်တွေအပေါ် ချထားတဲ့ ပိတ်ဆို့မှု  export sanction ကို ပယ်ဖျက်ဖို့ တိုက်တွန်းမလားဆိုတာ သိပါရစေ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။  အမေရိကန်ကို သွင်းတဲ့ မြန်မာ့ထုတ်ကုန်တွေအတွက် ပြောတာလား ။
  • CNN  ။            ။  ဟုတ်ပါတယ် ။ 
  • ဖြေ ။           ။ ဟုတ်ကဲ့ ။  ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ် ။ လုံးဝကြီး

0 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် လူမှုအဖွဲ့အစည်း ၂၀ မှ အဖွဲ့ခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ အဖွဲ့ခေါင်းဆောင်များကဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရသည့်အကြောင်းအရင်းနှင့်ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၂ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုဦး ဆောင်ပြုလုပ်ခဲ့သူ မဇွန်စီက''အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် တောင်းဆိုကြဖို့ လိုအပ်နေပြီဆိုတဲ့စိတ်နဲ့ ကျွန်မတို့အနေနဲ့ ဒီအခမ်းအနားကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲခဲ့ကြတာပါ။ ဒီလိုအခမ်းအနားတွေကို နိုင်ငံတကာမှာလည်း ပြုလုပ်နေကြသလို ကျွန်မတို့နိုင်ငံ က တာဝန်ရှိသူများလည်း ဒီလိုအခမ်းအနားတွေ တက်ရောက်ဖို့ နိုင်ငံခြားကို သွားနေကြပါတယ်။ ဘယ်နိုင်ငံသားမဆို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ပါဝင်ခွင့်ရှိပါတယ်။ မနေ့က ကျွန်မတို့ ငြိမ်းချမ်းရေးတောင်းဆိုဖို့ လမ်းလျှောက်တဲ့အခါမှာ အချို့ကနိုင်ငံရေးကို ဖက်ရှင်လိုမျိုး မလုပ်ပါနဲ့လို့ ပြောကြပါတယ်။ ဒီလိုပြောတာကို ကျွန်မတို့အနေနဲ့ လက်ခံပါတယ်။ သတင်းစာတွေ ဂျာနယ်တွေကိုကြည့်လိုက်ရင် နိုင်ငံရေးကိုဖက်ရှင်အဖြစ် လုပ်နေတာ ဘယ်သူတွေလဲဆိုတာ အကုန်လုံးပဲ သိကြမှာ ပါ။ ကျွန်မတို့က နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုတာပါ''ဟု ပြောပြခဲ့ပါသည်။
လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ အဖွဲ့ခေါင်းဆောင်များက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းနှင့် ဆန္ဒဖော်ထုတ်ခွင့် လျောက်ထားခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည်တို့ကို ရှင်းလင်းနေစဉ်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုဦးဆောင်ပြုလုပ်ခဲ့သူ ကိုမိုးသွေးကလည်း''အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကို လူတွေပိုပြီး သဘောပေါက်လာအောင် ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတက်လာအောင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုအခမ်းအနား ကျင်းပခဲ့တာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ သက်ဆိုင်ရာအာဏာပိုင်တွေကို လက်ရှိတည်ဆဲဥပဒေတွေနဲ့အညီ ဥပဒေတွေကို လေး စားစွာနဲ့ ပြီးခဲ့တဲ့ ၁၃ရက်နေ့ကတည်းက ခွင့်ပြုမိန့်ရဖို့ လျှောက်ထားခဲ့ပါတယ်။ ဒီလိုလျှောက်ထားတဲ့အခါမှာ အကြောင်းအမျိုးမျိုးပြပြီး နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို အချိန်ဆွဲခဲ့တယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းကို သွားလျှောက်တဲ့အခါမှာ ဆိုရင်လည်း စနေ၊ တနင်္ဂနွေဆိုရင် လက်မခံဘူးလို့ ပြောတယ်။ ကျောက်တံတားမြို့နယ်မှူးကတော့ ရဲစခန်းဆိုတာ ၂၄ နာရီဖွင့်တာဖြစ်တယ် စနေ၊ တနင်္ဂနွေမရှိဘူးဆိုပြီး ပြောခဲ့တယ်။ ဆိုလိုတာက ကျွန်တော်တို့က တရားဥပဒေကို လေးစားတဲ့အနေနဲ့ ဥပဒေအတိုင်း လျှောက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ကျောက်တံတားမြို့နယ်က လက်ခံခဲ့ပေမယ့် ၁၈ရက်နေ့မှာ အကြောင်းပြန်တာက ခွင့်မပြုနိုင်ဘူးဆိုတဲ့ အကြောင်းကြားစာ ရပါတယ်''ဟု ပြောပြခဲ့ပါသည်။

''အယူခံဝင်လိုက ၀င်နိုင်တယ်လို့ ပြောပေမယ့် ကျွန်တော်တို့ ပြုလုပ်ချင်တဲ့နေ့မှာ ခွင့်ပြုချက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ရွှေ့ပစ်လို့ မရပါဘူး။ ဆိုလိုချင်တာက ဒီဥပဒေ ကို ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍန်က လူတွေလွတ်လွတ်လပ်လပ် စီတန်းလှည်လည်ခွင့် ပုံစံပေါက်မနေပဲ စီတန်းစွာ ငြိမ်းချမ်းလှည့်လှည်တာကို ကန့်သတ်ဖို့ ပိတ်ပင်ဖို့ ဖိနှိပ်ချုပ်ချယ်ဖို့ လုပ်နေတဲ့ပုံစံကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ပြည်သူတွေက ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း ဖော်ကျူးတဲ့ စီတန်းလှည့်လည်တဲ့ အခမ်းအနားလေးဖြစ်တဲ့အတွက် ဒါသည်ကျွန်တော်တို့ ဥပဒေချိုးဖောက်ရာ မရောက်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ဆက်လက်လုပ်ဆောင်ခဲ့ တာပါ''ဟု ကိုမိုးသွေးက ထပ်မံပြောပြခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက စက်တင်ဘာ ၂၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်သည့် ခေါင်းဆောင်များအား သက်ဆိုင်ရာရဲ စခန်းများမှ ရဲစခန်းသို့ ဆင့်ခေါ်မှုများပြုလုပ်၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ကိုဂျော်ဂွန်း၏ ပြောကြားချက်အရ သိရသည်။

ကိုဂျော်ဂွန်းက''ဒီနေ့ နှစ်နာရီလောက်မှာ စမ်းချောင်းရဲစခန်းက ကျွန်တော့်ဆီကို ဖုန်းဆက်ပါတယ်။ စခန်းမှာ ဆွေးနွေးစရာရှိတယ် ချက်ချင်းလာပါလို့ ဖုန်းဆက်ပါတယ်။ စမ်းချောင်းစရဲစခန်းကိုရောက်တော့ မြို့နယ်မှူးက အထက်ကနေ တရား စွဲဆိုဖို့အတွက် ညွန်ကြားတဲ့အတွက် ပုဒ်မ ၁၈ အရ အရေးယူမှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ အာမခံပေးမယ့်သူနှစ်ဦးရှိရင် စခန်းကနေ ပြန်လွှတ်ပေးမယ်လို့လည်း သိရတယ်။ အခုကျွန်တော်ကတော့ အာမခံ ရရှိနေပါပြီ။ ကျန်တဲ့အဖွဲ့ဝင်တွေ အာမခံရရှိရေးအတွက်လည်း ကူညီဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပါတယ်''ဟု ပြောပြခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးများမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်သူများအဖွဲ့သို့'' မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် ဒုတိယသမ္မတ(၁) ဦးဆောင်သည့်အဖွဲ့မှ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ခွင့်ပြုချက်မရှိဘဲ ယခုကဲ့သို့ လှည့်လည်စီတန်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဥပဒေအရ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကိုဂျော်ဂွန်း၏ ပြောကြားချက်အရ သိရသည်။


http://news-eleven.com

0 ဒီ့ထက် ရှင်းတဲ့ သဘောထားတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး

 မြန်မာပြည်သူတွေက စစ်ပွဲတွေအားလုံး ရပ်စဲပြီး ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားချင်လွန်းလို့ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) မှာ ဆန္ဒဖော်ထုတ် စီတန်းလမ်းလျှောက်ကြတယ်။ အင်းလျားကန်ဘောင်မှာ ငြိမ်းချမ်းရေးကျောက်တိုင်ကို အမှတ်တရ စိုက်ထူကြတယ်။ ဘယ်လောက်လှတဲ့ ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတ်ကူးစိတ်သန်းလဲ။ မြန်မာပြည်ကြီးကို ဘယ်လောက် ချစ်မြတ်နိုးကြတယ် ဆိုတာကို အလိုက်တသိ ပြသလိုက်ကြတာပါပဲ။

အဲဒီလုပ်ရပ်ကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်စစ်အစိုးရက အကြိုက်မတွေ့ သဘောမတူတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲမယ်လို့ အသံဟစ်တယ်။ လုပ်လည်းလုပ်ဆောင်နေတယ်။ အမှတ်တရ စိုက်ထူးထားတဲ့ ငြိမ်းချမ်းရေးကျောက်တိုင်ကို နယ်မြေခံ အာဏာပိုင်တွေ လာပြီး ဖယ်ရှားဖျက်ဆီးတယ်ဆိုတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူး … ဆိုတဲ့ သူတို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲပေါ့။ ဒီထက်ရှင်းတဲ့ လုပ်ရပ် ဘာရှိဦးမလဲ။ ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ။

ဟုတ်တော့ ဟုတ်ပါတယ်လေ။ အာဏာရှင်စစ်အုပ်စုကို အရေခွံလဲထားတဲ့ ဦးသိန်းစိန်နဲ့တကွ အစိုးရမင်းများနဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေက ငြိမ်းချမ်းရေးကို ဘယ်ကြိုက်ကြပါ့မလဲ။ ပြည်တွင်းစစ်ကို အရင်းတည် အောင်သေအောင်သား စားပြီး နှစ်ပေါင်း ၅၀ ကိုယ်ကျိုးစီးပွားရှာခဲ့ကြသူတွေဆိုတော့ ပြည်တွင်းစစ် မရပ်ချင်တဲ့ သူတို့ရဲ့သဘောထားကို အပြစ်တင်ရင် အပြစ်တင်တဲ့သူသာ မှားပါပေတယ် ဖြစ်တော့မပေါ့။ နောက်ပြီး ပြည်တွင်းစစ်ကို ရပ်ဆိုင်းအောင် လုပ်လိုက်ရင် ရှေ့နေသားအဖ ဥပမာလို တမလွန်က အာဏာရှင် ဗိုလ်နေ၀င်းက ဗိုလ်သန်းရွှေနဲ့ အပေါင်းအပါတွေကို “မိုက်ပါ့ကွာ၊ မင်းတို့ကို ငါ ကျွေးမွေးစောင့်ရှောက် ပြုစုပျိုးထောင်ခဲ့တာ အဲဒီပြည်တွင်းစစ်နဲ့ကွ” လို့ အပြစ်တင်ခံရမှာ စိုးလို့နေမှာပေါ့။

အဲဒီတော့ ‘သမ္မတကြီး’ ‘သမ္မတကြီး’ နဲ့ နှုတ်ဖျားက မချချင်သူတွေ၊ ဒေါက်တာသိန်းစိန် (မိတ်အင်ချိုင်းနား) ကို ယုံမှတ်ပြီး ပုံအပ်ချင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေ သတိသာထားကြပေတော့။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားတဲ့ လုပ်ရပ်ကို ကြည့်ရင် ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားဟာ ဒီ့ထက် ရှင်းတာတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး ဆိုသလို ဖြစ်နေပြီမို့ပါ။

အဲဒီတော့ လိုအပ်တဲ့ တိုက်ပွဲတွေ ဆက်မ၀င်ချင်တော့ဘဲ ပူးပေါင်းဆောင်ရွက်ချင်သူတွေ၊ ပူးသတ်ချင်သူတွေ ပူးပေါင်းကြပါ။ ပူးသတ်ကြပါ။ နောင်မှ ရူးမတတ် မခံစားကြရပါစေနဲ့ ...။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁၂း၅၂ နာရီ
၂၃-၀-၂၀၁၂

1 Newyorkမြို့ Queens Collegeတွင် ကျင်းပပြုလုပ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာမိသားစုများ၏အမေးအဖြေများ-၂၂.၉.၂၀၁၂ (အသံဖိုင်)

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဟု စာရေးဆရာကြီး မောင်စွမ်းရည်မှ တိုင်တည်ပေးကာအခမ်းအနားရုတ်သိမ်း(Newyorkမြို့ Queens College)

0 ငြိမ်းချမ်းရေးကျောက်တိုင် ဖယ်ရှားခြင်းအား အဖွဲ့အသီးသီးမှ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၂၁ရက်နေ့ ညနေ ၄နာရီတွင် ပြည်သူ့သဘောဆန္ဒနှင့်အညီ အင်းယားကန်ဘောင်၌ စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် အား သက်ဆိုင်ရာမြို့နယ်စည်ပင်နှင့် အာဏာပိုင်အချို့မှ ဖယ်ရှားဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါနေ့၌ ပါဝင်လှုပ်ရှားခဲ့ကြသည့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းအချို့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြ ကြောင်း သိရှိရသည်။

"ဒီကျောက်တိုင်က ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ထားတာပါ။ ဒီကျောက်တိုင်ကို စပြီးစိုက်ထူကတည်းက ဖျက်ဆီးတဲ့သူဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူလို့ အသိအမှတ်ပြုထားတာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဒါကို စိုက်ထူတာပါ။ အဲဒါကို ဖျက်ဆီးတယ်ဆိုတော့ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ"ဟု အဆိုပါငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖြူရောင်တွဲလက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့နောက် ယင်းသို့ ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ Peace Network အဖွဲ့မှလည်း ယင်းလုပ်ရပ်သည် ပြည် သူများ၏ နှလုံးသားအား အတင်းဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ၎င်းတို့အဖွဲ့အနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားတစ်ရပ် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင်အား စက်တင်ဘာလ ၂၁ရက်နေ့၌ ပြည်လမ်း အင်းယားကန်ဘောင်၌ စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းကျောက်တိုင်မစိုက်ထူမီ မနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့များ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ခန့် မှ စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Yangon chronicle

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.