Monday, September 24, 2012

0 အစ္စလာမ်ကိုစော်ကားသည့်ရုပ်ရှင်ရိုက်ကူးသူအားသတ်ဖြတ်နိုင်ပါက ဆုငွေချီးမြှင့်မည်ဟု ပါကစ္စတန်ဝန်ကြီးကြေညာ။

 ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင်ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက် အီဂျစ်လူမျိုး အ သက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoulaအားသတ်ဖြတ်နိုင်သူအားဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟုသတင်းစာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။

Bilourမှအယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်အမျိုးဘာသာအတွက်ဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။
 မြင့်မြတ်သည့်ပရော့ဖိတ်ကို စော်ကားသူအားသတ်ဖြတ်နိုင်သူကို ပေးအပ်မည့်ဆုငွေဒေါ်လာတသိန်းသည်မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။
မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည်သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီးပါကစ္စတန်အစိုးရရဲ့သဘောထားမဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ  Raja Pervez Ashrafမှ အေအက်ပီသတင်းဌာနသို့ တရားဝင် ကြားခဲ့သည်။

ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က " ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ ဘာသာရေးလှုပ်ရှားရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး"လို့မီးရထားဝန်ကြီးBilourအား မေးခွန်းထုတ်လိုက်ပြီး Bilour ၏ကြေညာချက်မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း အယ်ဂျာဇီးယား သတင်း ဌာနရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊ ပရောဖိတ်အားစော်ကားသူကိုအပစ်ပေးကြဖို့ပြည်သူတွေအစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက်အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော်တိုက်တွန်းလိုက်သည်။

aung pan

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.