Friday, September 28, 2012

0 ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဂျာနယ်တစ်စောင်ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာလောကတွင် သတင်းများထွက်ပေါ်လျက်ရှိသည်။

ယခင်စစ်ထောက်လှမ်ရေးဗိုလ်မှူးဟောင်းတစ်ဦးကိုဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံ၍ စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

"သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်ယူနိုင်မလားမေးတယ်"ဟု ၎င်းက ဆိုသည်။

ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းအသိုင်းအဝိုင်းတွင်ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းမှာ ခေတ်စားလျက်ရှိကြောင်း ကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။

လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ ပိုင်ရှင်များကို တရားဝင် ထုတ်ဖော်ရန် ဆိုသည့်အချက်ကို ထည့်သွင်း ရန် မီဒီယာဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများက ထောက်ပြဆွေးနွေးခဲ့ကြသည်။

ယခုလက်ရှိတွင်ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်း၏sweetviewsဂျာနယ်၊ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးအထောက်အပံ့နှင့် ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်ရှိသည်ကို တွေ့ရသည်။

SWEET (Yangon chronicle)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.