Sunday, September 23, 2012

5 ဒေါ်အောင်ဆန်းစုကြည်နှင့်နယူးယောက် မြန်မာများတွေ့ဆုံပွဲတွင်တွေ့ရသော ဒီပဲယင်း အရေးအခင်းမှ သူရဲကောင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်တွင် တွေ့ဆုံပွဲကို လက်သီးဆုတ်ပြီး ဝင်လာသူက ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။

ဒီပဲယင်းမှာအရိုက်ခံရပြီး ပျောက်နေလို့မိသားစုကဆွမ်းတောင်သွတ်လိုက်ပါတယ်။ နောက်မှ ထောင်ထဲကနေ ပြန်လွတ်လာတယ်။ အခု ဆန်ဖရန်စစ်စကို ရောက်နေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ဝါရှင်တန် မိသားစုနဲ့တွေ့ဆုံပွဲအပြီး သူ့ကို မိုက်ကလိုဖုန်းနဲ့ ကိုတိုးလွင်ရှေ့ကိုလာပါ ဆိုပြီး ကျေးဇူးတင်စကား ဆိုတယ်။ ဘလက်လစ် ဖျက်တဲ့အထဲ ပါမပါ မေးရှာပါတယ်။ ကိုတိုးလွင်ဟာ တကယ့် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

Zaw win Facebook

5 comments:

  1. 19-7-1947 အဲဒီနေ့မှာ ကိုတိုးလွင်လိုလူတစ်ယောက်သာ ဖခင်ဗိုလ်ချုပ်အနားမှာရှိခဲ့မယ်ဆိုရင် တိုင်းပြည်သည်လည်း ယခုကဲ့သို့ ဆင်းရဲနွံ တွင်း သက်ဆင်းရလိမ့်မည်မဟုတ်ပေ။

    ReplyDelete
  2. အမေစုကို ကယ်လိုက်ခြင်းဟာ ဆင်းရဲသားမြန်မာပြည်သူတစ်ရပ်လုံးကို ကယ်လိုက်ခြင်းနဲ့ အတူတူပါဘဲ။
    လေးစားဂုဏ်ပြုပါတယ်။ နေရဲနီ

    ReplyDelete
  3. Thank you very Ko Toe Lwin. You are great.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.