Thursday, September 27, 2012

0 စည်းချက်မပျက်ပါနဲ့ Push and Pull

မကူလို့ လဲအပြစ်ပြောဘူး။ကိုယ်ယုံကြည်စွာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အတိုင်းဆက်လုပ်မယ်။အဓိကတိုင်းပြည်နဲ့ လူထုအတွက်ပဲ။ဆွဲသူနဲ့ တွန်းသူ စည်းချက်ညီဖို့ လိုတာကိုသိသိ ကြီးနဲ့ ငါတို့ လုပ်မှအောင်မြင်မယ်ဆိုတဲ့ မာနကို တိုင်ထိပ်မပို့ စေချင်ဘူး။ စည်းချက်ကိုမဖြတ်ပါနဲ့ ။ခြင်္သေ့  စားလိမ့် မယ်။
ကနေ့ ဗမာပြည်နိုင်ငံရေးမှာ အာဏာရှင်တည်းဟူသော အရာကြီးကို ပျောက်ကွယ်သွားအောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေကြတယ်လို့ ကျွန်တော်ယေဘူယျအားဖြင့် လက်ခံထားပါတယ်။

၂၀၁၀အစိုးရသစ်တက်လာပြီးနောက်မှာအစိုးရရဲ့ ဆန္ဒပေါ်မှာသာတည်နေသောအပြောင်းအလည်းတစ်ချို့ ဖြစ်လာပါတယ်။ဒီနောက်ပိုင်း ဒီမိုကရေဒီ အင်းအားစုတွေ အယူအဆအမျိုးမျိုး နဲ့ ပုံစံပြောင်းပြီးလုပ်လာကြပါတယ်။ တစ်ချို့ က အစိုးရကပြောင်းနေပြီ ဒီအပြောင်းအလဲကို ရှေ့ဆက်နိုင်အောင်အပြစ်တင်တာတွေ ဝေဖန်တာတွေမလုပ်ဘူးအတူပူးပေါင်းဆောင်ရွက်မယ်ဆိုသူတွေလည်းရှိသလို။မဟုတ်သေးဘူးငါတို့ မယုံသေးဘူးငါတို့ လိုချင်တဲ့ အပြောင်းအလဲထိရောက်အောင်ငါတို့ တွန်းအားပေးရမယ်ဆိုတဲ့ သူတွေလည်းရှိလာတယ်။

ကျွန်တော့် အမြင်ကတော့  ဒီသဘောတရားတွေဟာ နည်းနာမတူကွဲပြားတာလို့ ပဲမြင်တယ်။သွားမယ့် ပန်းတိုင် ဦးတည်ချက် ကတော့  တူတယ်ထင်တယ်ဗျာ။ပြောရရင်ဆွဲသူ(Pull)နဲ့  တွန်းသူ(push)ပဲကွာတာပဲ။ အခြေအနေကိုလည်း ဒီအစုနှစ်စုကသူတွေ ကောင်းကောင်းနားလည် သဘောပေါက်ကြမယ်ထင်တယ်။

ဆွဲသူ(ပူးပေါင်းဆောင်ရွက်မယ်)တွေ မှာကြာလာတာနဲ့ အမျှ လုပ်ရကိုင်ရခက်လာတယ်လို့ ထင်တယ်။ဥပမာဗျာ သူတို့ လည်းငြိမ်းချမ်းရေးလိုလားတယ်။ဒါပေမယ့်  သူတို့ လိုလားချက်ဆန္ဒကိုသူတို့ ဘယ်လိုထုတ်ဖော်ခဲ့ သလဲ။ကျွန်တော်မတွေ့ ပါ။ ကြားတော့ကြားတယ်။တခြားသော ကိစ္စများတွင်လည်း သူတို့ အနေနဲ့  ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြရတယ်လို့ မြင်တယ်။အဲဒါကိစ္စမရှိဘူးလေ။ သူတို့  ရွေးချယ်ထားတဲ့ နည်းမှာ ဒီလိုတွေပဲကြုံရမှာပဲ။

ကျွန်တော်ရပ်တည်တဲ့ အပိုင်းဖြစ်တဲ့  တွန်းအားပေးသူများဘက်မှာ အခြအနေတိုင်းမှာ အဆိုင်းမတွ တုန့် ပြန်နိုင်တယ်။ဒါပေမယ့်  ကြာလာတာနဲ့ အမျှကျွန်တော်တို့ မှာလည်း အကာအကွယ်မဲ့ တဲ့ ဥပဒေတွေအောက်မှာ ကြိတ်လှီးခံနေရတယ်။ကိစ္စမရှိဘူး ကျွန်တော်တို့ အသားကျပြီးသားပဲ။

ကျွန်တော် ပြောချင်တာကို အဓိကပြောတော့ မယ်ဗျာ။ ဒီနှစ်စု နားလည်မှုရှိရမယ်။စည်းချက်ညီရမယ်။ဆွဲနေသူတွေကို ကျွန်တော်တို့  ဖောက်ပြန်သွားပြီလို့ မဆိုဘူး။ဒီလိုပဲ ကျွန်တော်တို့ ကိုလည်း ဆူပူလှုံဆော်သူများလို့ မစွပ်စွဲနဲ့ ။မင်းတို့ လုပ်တာ နည်းလမ်းမှားတယ်လို့  မပြောနဲ့ ။အဓိက ငါတို့ တွေဘာလုပ်နေကြလည်းဆိုတာသာမမေ့ ကြဖို့ ပဲ။တွန်းသူတွေ ဒုက္ခရောက်တဲ့ အခါ ကူညီဖို့ အခက်အခဲရှိနေရင် မကူညီပါနဲ့  ကိုယ်လုပ်စရာရှိတာသာဆက်လုပ်ပါ။ကျွန်တော်တို့ နားလည်တယ်။

မကူလို့ လဲအပြစ်ပြောဘူး။ကိုယ်ယုံကြည်စွာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အတိုင်းဆက်လုပ်မယ်။အဓိကတိုင်းပြည်နဲ့ လူထုအတွက်ပဲ။ဆွဲသူနဲ့ တွန်းသူ စည်းချက်ညီဖို့ လိုတာကိုသိသိ ကြီးနဲ့ ငါတို့ လုပ်မှအောင်မြင်မယ်ဆိုတဲ့ မာနကို တိုင်ထိပ်မပို့ စေချင်ဘူး။ စည်းချက်ကိုမဖြတ်ပါနဲ့ ။ခြင်္သေ့  စားလိမ့် မယ်။

(မှတ်ချက်)တွန်းသူလားဆွဲသူလား ဘာမှန်းမသိသူများကိုထည့် မပြောပါ။

အားလုံးကိုလေးစားစွာဖြင့် 

လင်းထက်နိုင်(၂၆.၉.၂၀၁၂)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.