ဒေါ်အောင်ဆန်းစုကြည်၊NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ
ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင်အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။
''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာစားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။
ဦးဇာဂနာ ပြောကြားသောရုပ်သံဖိုင်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။
အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။
''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။
လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။
Messenger journal
Wednesday, October 17, 2012
0 နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အကြောင်း အာလပသလာပ ပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့
0 လက်ပန်တောင်းတောင်တွင် လုံခြုံရေး တာဝန်ကျများနှင့် တွေ့ဆုံခြင်း (ရုပ်/သံ)
“ ဒီမှာ ကြည့်ဗျာ ကျွန်တော်ခြေထောက်မှာ ဝဲတွေ တွေ့လားဗျ။ ကျွန်တော်တို့ မြေကြီးပေါ်မှာ အိပ်ရတာ သုံးလ ကျော်လာတော့ ဝဲစွဲနေကြပြီ”
“ကျွန်တော်တို့ကို ပစ်မိန့်ပေးလည်း ကျွန်တော်တို့ကတော့ မပစ်ပါဘူး ”
“ စစ်တပ်က ဦးပိုင်ကလူတွေရှေ့မှာ ကျွန်တော်တို့ကို မင်းတို့ သောက်သုံးမကျဘူး။ ပစ်သတ်လိုက်ရမလား။ ”
“ကျွန်တော်တို့ကို မင်းတို့ ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့ ရင့်ရင့်သီးသီးခိုင်းတယ်။ မလုပ်ဘူးဆို ရင်လည်း မင်းတို့ ပြုတ်သွားချင်လား။ လနံပတ်ပေးစမ်း..ဘယ်အဆင့်လဲလို့ ဦးပိုင်က ဗိုလ်မှူးမျိုးဆွေ(ငြိမ်း) က အမြဲ ရင့်ရင့်သီးသီးပြောတယ်”
“ ကျွန်တော်ရဲဘက်ဆိုင်ရာ အရာရှိကြီးတွေကလည်း မှာထားတယ်။ မင်းတို့ ပြည်သူနဲ့ အဆင်ပြေအောင်နေ ပြည်သူနဲ့ ထိပ်တိုက်မတွေ့စေနဲ့။ကျွဲနွား ကျောင်းတာလောက်ကတော့ ကျောင်းကြပါစေလို့ မှာထားတယ် ”
“ အရင်တုန်းက ဦးပိုင်က တစ်ရက် သုံးထောင်ပေးတယ်။ အခု နှစ်ထောင်ပဲရတော့တယ်။ အဲဒါတောင် ကြိုပေး တာ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံစိုက်ထားနိုင်ရင် စိုက်၊ မစိုက်နိုင်ရင် ဆိုင်မှာ အကြွေးထားရတယ်။ ပိုက်ဆံပေး ပြန်တော့လည်း မယားငယ်ပေး ပေးတယ်ဗျာ”
“ခဏဆိုပြီး လွှတ်လိုက်တာ ဒီမှာ နေရတာ သုံးလ ကျော်လာပြီ။ နောက်မှာကျန်ခဲ့တဲ့ မိသားစု ဘယ်လိုစား သောက် နေထိုင်နေရလဲ ဆိုတာလည်း မသိရဘူး”
“မင်းတို့ လုံခြုံရေးအတွက် အခုချက်ချင်းထွက်ဆိုလို့ ထွက်လာရတာ။ ဘာကိစ္စမှန်းတောင် မသိရဘူး။ ဒီနေရာ ရောက်မှ ဘာလုပ်ရမလဲ သိတယ် ”
ရဲရင့် တွေ့ဆုံမေးမြန်းသည်။ Yangon chronicle
0 ပါတီလုပ်ငန်းမလုပ်ဆောင်ဘဲ ပါတီဥက္ကဋ္ဌအဖြစ်ရှိနေခြင်းသည်လည်းမေးခွန်းထုတ်ဖွယ်ဖြစ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီညီလာခံယနေ့ညနေ( ၅း၃၀ )အချိန်တွင်ရွေး ချယ်တင်မြှောက်ခံရသူတို့၏အမည်စာရင်းများကို ကြေငြာခဲ့ရာ ပြန်လည်ရွေးချယ်ခံရသူသောဥက္ကဌ၊ဒုတိယဥက္ကဌ ၊အထွေထွေအတွင်းရေးမှူးတို့မှာဥက္ကဌအဖြစ်ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ)၊ဒုတိယဥက္ကဌအဖြစ်သူရဦးရွှေမန်း၊သူရဦးအေးမြင့်၊ဦးဌေးဦး ၊အထွေထွေအတွင်းရေးမှုးအဖြစ်ဦးမောင်မောင်သိမ်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ဦးသိန်းဇော် ၊အတွင်းရေးမှူုးများအဖြစ် ဦးခင်အောင်မြင့်၊ဦးသိန်းဆွေသူရဦးအောင်ကို တို့ဖြစ်ကြသည်။အခြေခံဥပဒေပုဒ်မ၆၄ ဖော်ပြချက်အရပါတီအဖွဲ့အစည်း၏လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရဟုသာဖော်ပြထားခြင်းကြောင့် ပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိနေခြင်းဟု ဆိုလျှင် အဆိုပါ အခြေခံဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည်မဟုတ်ကြောင်းမြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင်အချို့ကပြောသည်။
““ ဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို Mentoin (ဖော်ပြ) လုပ်နေတယ်ဆိုကတည်းက ဥက္ကဋ္ဌတာဝန်ကို သူယူထားတာပဲလေ။ ဘာအလုပ်မှ မလုပ်ရဘူးဆိုရင်ဒီတာဝန်ကိုယူထားဖို့လိုအပ်သလား။ မေးစရာမေးခွန်းတွေရှိတာပေါ့”” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကိုနီကပြောသည်။
၂၀၀၈ခုနှစ်ကအတည်ပြုထားဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်ဒုတိယသမ္မတများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှ စ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဟု ဖော်ပြထားပြီး ပုဒ်မှ ၆၄ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံတော်ပိုင်သတင်းစာများ၊ရုပ်သံများတွင် နိုင်ငံတော်သမ္မတအားပါတီ၏ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားခြင်းနှင့်ယင်းမှာဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိသောကြောင့်ပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်ရှိနေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ နဂိုနားလည်းပြီးဖြစ်သော ဥပဒေတစ်ရပ်အပေါ်နားလည်မှု ရှုပ်ထွေးခဲ့ကြောင်း အထက်တန်းရှေ့နေတစ်ဦးကပြောသည်။
ယင်းနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က““ တစ်ခုသတိထားမိတာက ဦးသိန်းစိန်ကပါတီဥက္ကဋ္ဌအနေနဲ့တက်လာပေမယ့် မိန့်ခွန်းပြောတဲ့အခါ ဦးရွှေမန်းကပြောတယ်ဗျာ။ ဦးရွှေမန်းက အစိုးရရာထူးမယူထားဘူး။ လွှတ်တော်ဥက္ကဋ္ဌရာထူးပဲယူထားတယ်။ သတင်းစာကလည်းဖော်ပြတယ်ဆိုတာက သတင်းစာကိုယ်တိုင်ကလည်း အစိုးရသတင်းစာဆိုတော့ အခုလိုမေးခွန်းတွေပေါ်လာတာပေါ့။ ဦးသိန်းစိန်ကိုဥက္ကဋ္ဌအဖြစ်သူတို့ဆက်ပြီး မှတ်ယူနေသေးတဲ့သဘော။ အဲဒီလိုဆိုရင် ကွန်စတီကျူးရှင်းဘက်ကမြင်ရမယ့်အမြင်က အစိုးရတာဝန်ဆိုတာမဆောင်ရွက်ရတော့ဘူးဗျာ။ တစ်ဖက်ကကြည့်တော့လည်းသူကဥက္ကဋ္ဌအနေနဲ့တက်လာတယ်နုတ်ဆက်တယ်ဆိုပေမယ့် မိန့်ခွန်းပြောတဲ့အခါကျတော့ ဦးရွှေမန်းကပြောတယ်။
အဲဒါက သူတို့ဖက်ကစပြီးသတိထားပြီးဆောင်ရွက်ရမယ့်ကိစ္စ။သူတို့ဖက်ကဒါကိုသတိထားပြီးဆောင်ရွက်တယ်ဆိုရင် ကျွန်တော်တို့ဖက်ကအခြေခံဥပဒေမှာ ဘယ်လိုအဓိပ္ပာယ်ထွက်သလဲဆိုတာ ပြန်စဉ်းစားရမယ့်ကိစ္စလို့မြင်ပါတယ်”” ဟု ၄င်း၏အမြင်ကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏အထွေထွေအတွင်းရေးမှူး ဦးဌေးဦက ပါတီ၏ဥက္ကဋ္ဌအသစ်ပြန်လည်ရွေးချယ်မည်ဟု သတင်းများထွက်ပေါ်လာစဉ်ကတည်းကပင်ပါတီ၏ဥက္ကဋ္ဌသစ်အားပြန်လည်ရွေးချယ်မည်မဟုတ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ဖြေကြားထားခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်များကို ပါတီဒုတိယဥက္ကဋ္ဌကလွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်းဖြေကြားထားခဲ့သည်။
သို့ရာတွင် အောက်တိုဘာလ၁၆ရက်ကပါတီဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌအပါအ၀င်ရာထူးနေရာအချို့အား ပြန်လည်ရွေးချယ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးသိန်စိန်ပင် ပါတီဥက္ကဋ္ဌရာထူးကိုပြန်လည်ရရှိခဲ့သည်။ သိုပေမယ့် ပါတီ ဥက္ကဋ္ဌတာဝန်များကို ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပူးတွဲထမ်းဆောင်မည်ဟုထုတ်ပြန်ပြောဆိုချက်များအရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာလ ၁၄ ရက်ကနေပြည်တော်ရှိ ပါတီရုံးချုပ်တွင်ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ အထွေထွေညီလာခံသို့ပါတီဥက္ကဋ္ဌအဖြစ်တက်ရောက်ခဲ့သလိုပါတီအလံနှင့်ရင်ထိုးတပ်ဆင်ထားခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများအရသိရသည်။
Popular myanmar news journal
0 ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
ယင်း ဆုပေးပွဲမျိုးသည် ဟောလိဝုဒ် အော်စကာဆုပေးပွဲနည်းတူ အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့သည့် ဦးကျော်သူ(ကိုယ်စား) နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ပေးပို့သည့်အတွက် အဝေးမှတဆင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခင်အချိန်ကာလများတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့သား/သူများ၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ အစရှိသည့် အနုပညာရှင် ညီအစ်ကိုမောင်နှမများလာရောက်၍ လုပ်အားပေးခဲ့ကြသလို နောက်နောင်တွင်လည်း အများအကျိုးအတွက် အတူလက်တွဲ၍ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကိစ္စရပ်များအား တက်ကြွစွာဖြင့် ပါဝင်လုပ်အားဒါနပြုဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Tuesday, October 16, 2012
1 လွတ်လပ်ခွင့်၊ မီဒီယာ၊ သတင်းနှင့် ပြည်သူ့ဖျော်ဖြေမှုကဏ္ဍ
အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးကံညွန့်က “လွတ်လပ်ခွင့်ကို တစ်ချို့ကဘယ်လိုဖွင့်ဆိုသလဲတော့မသိဘူး။ ကျွန်တော်တို့ တွေ့နေရတဲ့ အနုပညာဂျာနယ်အချို့မှာတော့ ၀တ်စားဆင်ယင်မှုကို လွတ်လပ်ခွင့်အနေနဲ့ အသုံးချနေတာတွေ့ရတယ်။
သူတို့ဂျာနယ်စောင်ရေလွတ်လပ်တာလားလွတ်ထွက်နေတာလားဆိုတာစာဖတ်သူတွေကိုယ်တိုင်သိကြပါတယ်။ ပြီးတော့အားကစားသတင်းဂျာနယ်တွေမှာ နောက်ပိုင်းပါလာတဲ့ ပွဲကြိုသုံးသပ်ချက်တွေမှာ လောင်းကစားဆိုင်ရာ အသုံးအနှုန်းတွေထည့်သုံးလာတာတွေ့ရတယ်။ ဒီတော့ ဒီဂျာနယ်တွေက အားကစားအားပေးမှာလား? လောင်းကစားအားပေးမှာလား? စဉ်းစားစရာပဲ” ဟု သူ့ရဲ့အမြင်ကို ပြောပြသွားပါတယ်။
နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်များအားကြည့်ရှုသူအဘွားအိုတစ်ဦးက“တစ်ချို့အစီအစဉ်တွေကတော့ကောင်းပါတယ်၊ ဆွေးနွေးခန်းတို့ ဘာတို့ပေါ့။ ပြီးတော့ ဆရာတော်ကြီးတွေရဲ့ တရားခွေလေးတွေလွှင့်ပေးတာကောင်းပါတယ်။ ညပိုင်းအစီအစဉ်တွေမှာတော့ လူငယ်ကြိုက်တွေများတယ်။ လူငယ်တွေကပြောတော့ တိုးတက်တယ်တိုးတက်တယ်နဲ့ အဘွားမြင်တာတော့ မိန်းကလေးတွေဝတ်တာ တိုတက်လာတာပဲတွေ့တယ်၊ ယဉ်ကျေးမှုအတွက် စိုးရိမ်စရာပဲ” ဟု ဝေဖန်သွားပါတယ်။ ကိုမျိုးညီညီကဝေဖန်ပြောဆိုရာမှာ” ယခင်ဝန်ကြီးဦးကျော်ဆန်းနဲ့ အခု ဦးအောင်ကြည်အပြောင်းအလဲမှာ ဘာသွားတွေ့လဲဆိုတော့၊ ရေကူးဝတ်စုံနဲ့ ကြေငြာကို သွားတွေ့မိတယ်။ ပြီးတော့ တီဗီအစီအစဉ်တွေကြေငြာတဲ့ Presenter အမျိုးသမီးတွေရဲ့ ဘောင်းဘီတိုတိုကပ်ကပ်တွေ တွေ့လာရတယ်။ ကျွန်တော် အဲဒီတီဗီအစီအစဉ်တွေရဲ့ တာဝန်ရှိသူတွေကိုမေးချင်တယ် “ဒါမီဒီယာပြောင်းလဲမှုလား”လို့၊ ကျွန်တော်တို့ မျှော်လင့်နေတာက မီဒီယာလွတ်လပ်ခွင့်နဲ့ အတူ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘောထောက်ပြဝေဖန်နိုင်တဲ့ အစီအစဉ်မျိုးတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူငယ်ပိုင်း အမေးအဖြေကဏ္ဍတွေ စတဲ့ အရင်ကမရှိခဲ့တဲ့ အစီအစဉ်မျိုးတွေကို ထုတ်လွှင့်စေချင်တာ။
အခုတော့ အဲဒီလိုမဟုတ်ဘူး။ လူငယ်တွေကို ယဉ်ကျေးမှုချောက်ကမ်းပါးကို တွန်းပို့နိုင်တဲ့ အစီအစဉ်မျိုးတွေ အများဆုံးပြသလာတယ်။ စင်ပေါ်မှာ ၀တ်ချင်တိုင်းဝတ် ကဲချင်တိုင်းကဲနေတာကို အောက်က ဒိုင်လူကြီး အနုပညာရှင်တွေက ညီလေးကကောင်းပါတယ်၊ ညီမလေးတို့က မဆိုးပါဘူး လုပ်နေတဲ့အစီအစဉ်တွေများလာတယ်။ ရုပ်ရှင်၊ဗီဒီယိုပိုင်းမှာလဲ လန်းချင်တိုင်းလန်းနေကြတယ်။ မြန်မာ့ရုပ်ရှင်ဗီဒီယိုကြေငြာက ရေကူးဝတ်စုံနဲ့ မဟုတ်ရင်ခေတ်မမီတော့သလိုဖြစ်လာတယ်။
သရုပ်ဆောင်ပညာက အနုပညာလား? ရေကူးဝတ်စုံကအနုပညာလားလို့ မေးရမလိုဖြစ်နေပြီ။ အပြောင်းအလဲတစ်ခုမှာ ဒီရလဒ်တွေကို အစကတည်းက ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ရလဒ်တွေက အပေါင်းရလဒ်ထက် ဆုတ်ယုတ်မှုကပိုများနေတာတော့ တာဝန်ရှိသူတွေသိဖို့လိုမယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း အသိရှိဖို့လိုတယ်။ ကိုယ့်အစီအစဉ်၊ ကိုယ့်အနုပညာကို ကြည့်နေတဲ့ ပရိတ်သတ်အတွက် အားဆေးမဖြစ်ရင်တောင် အဆိပ်ခွက်တော့ မဖြစ်ကြစေချင်ဘူး။ အချိန်မီမပြင်ဆင်နိုင်ရင် မျိုးဆက်သစ်ညီငယ်ညီမငယ်တွေအတွက် အရမ်းအန္တရာယ်ကြီးတယ်။ အခုတောင် တစ်ချို့မှုခင်းသတင်းတွေမှာ လူငယ်ပိုင်းပြဿနာကြောင့် အရွယ်မတိုင်ခင် ဘ၀နွမ်းကြရသူတွေအကြောင်း တော်တော်များများတွေ့လာရပြီ။”ဟု ၄င်းအမြင်ကို ပြောဆိုသွားပါတယ်
By: People Development for Knowledge
1 “တော်တော်ပျံ တော်တော်ဝဲတဲ့ သမ္မတလူချောအဖွဲ့ ” (ဦးဝင်းတင်)
ဘာတဲ့။ သမ္မတကြီးဦးသိန်းစိန်က နောက်တစ်ဆက်ဆိုလား။နောက်တစ်သက်ဆိုလား သမ္မတလုပ်ဦးမှာဆို။ ဟုတ်လား။ ဖြစ်ရပြန်ပြီတစ်မျိုး။ဟိုတစ်ခါ ပြောသံကြားခဲ့ရတာကတော့ တစ်သက်တမ်းကျွတ်ရင် “ဂွတ်ဘိုင်”
ပြီဆို။ ဘာတွေလဲဗျာ။ ရာဇပလ္လင်မှ တင်မနွေးသေးဘူး။ နောက်တစ်ရေးကုလားထိုင်စကား ပြောလာကြပြန်ပလား။
သမ္မတလူချောအဖွဲ့ ကတော့ ပေါ်ပြူလာသမ္မတကြီး၊ လူထုအသည်းကျော်သမ္မတကြီး၊ ဖေးဘရိတ်သမ္မတကြီးဆိုတဲ့ ကရောင်းရိုက်သံ၊ ဗိန်းမောင်းတိုက်သံပေးနေကြမှာပေါ့။ သတင်းတွေ တေး၊ သတင်းတွေ မွေး၊ သတင်းတွေ ကျွေး၊သတင်းတွေ နွှေး၊ သတင်းတွေ ပေးနေကြမှာပေါ့။ အဲဒါတွေလုပ်တဲ့အခါမှာချောဆွဲခိုင်းတာမျိုးတွေ ရှိဆိုလား။ အငှားလိုက်ခိုင်းတာမျိုးတွေ ရှိဆိုလား။
သမ္မတ၀ိုင်းတော်သားတွေက ခြေအလှုပ်သား။ ခြေလှုပ်တယ်ဆိုတာခြေများတာ ပြောတာပါ။ ခြေများတယ်ဆိုတာကလည်း အကွက်များတာပြောတာပါ။ အကွက်များတယ်ဆိုတာလည်း အလှည့်များတယ် ပြောတာပါ။ဟောကွယ် ပြောရင်းဖြေရင်း ရှုပ်ကုန်ပြီ။ အေးလေ။ လုပ်တာတွေ မရှင်းတော့ပြောတာဖြေတာတွေလည်း ရှုပ်ကုန်တော့တာပေါ့။ ဟာ.. ဒီလိုလည်း
မဟုတ်သေးပါဘူး။ ကျုပ်ဆိုလိုတာက သမ္မတလူချောအဖွဲ့ က အာချောင်ချောင်။အဲ.. ဟုတ်ပါဘူး။ အာသွက်သွက်၊ လျှာသွက်သွက် ချက်ချက်ချာချာ ယန္တယားလူတွေမဟုတ်လား။ စက်ပစ္စည်းတွေလို လည်တာပတ်တာပေါ့။
ပြည်တော်ပြန်တွေကိစ္စလည်း သူတို့ ဘဲ။ ငြိမ်းချမ်းရေးကိစ္စလည်း သူတို့ ဘဲ။ရင်းနှီးမြှပ်နှံမှုကိစ္စလည်း သူတို့ ဘဲ။ စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စလည်းသူတို့ ဘဲ။ တော်တော်ပျံ တော်တော်ဝဲတဲ့ ပုဂ္ဂိုလ်တွေဘဲဗျာ။
အာဏာကို ကာကွယ်စောင့်ရှောက်သူဆိုတဲ့ အာဏာအေးဂျင့်တွေ၊အာဏာကြိုးကိုင်တွေ၊ အာဏာဒရ၀မ်တွေကသာ သမ္မတဆိုတဲ့ နိုင်ငံ့ဦးသျှောင်ကြီး ရုပ်လုံးပေါ်အောင်၊ အသက်ဝင်အောင်၊ခြေလှုပ် ပါးစပ်လှုပ်ခတ်အောင် လုပ်နေတာမျိုးကို ပြည်သူမကြိုက်ရင်၊ပြည်သူလက်မခံရင်၊ ပြည်သူငြင်းပယ်ရင်၊ ပြည်သူဖျက်သိမ်းချင်ရင်၂၀၀၈ ဖွဲ့ စည်းပုံအခြေခံကြီးကို ပြင်ပြောင်းအောင် ကြိုးစားကြဖို့ ဘဲရှိတယ်။
ကျုပ်ယူဆချက်အရ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဒီလိုမြင်တယ်ဗျာ။ တရားဥပဒေစိုးမိုးရေးဆိုတာ မတရားတဲ့ဥပဒေမစိုးမိုးရေးဘဲဖြစ်တယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာကြီးခြောက်ပြစ်ကင်း အခြေခံဥပဒေမဟုတ်ဘူးခင်ဗျ။ လုံးဝမဟုတ်ဘူး။
အဲဒီအခြေခံဥပဒေကြီးထဲမှာ စစ်အာဏာရှင်စနစ် ကင်ဆာရောဂါမြစ်ပွားကလာပ်စည်းတွေ တွယ်နေတုန်းဖြစ်တယ်။ ပြည်တွင်းစစ် အဆုတ်ရောဂါပိုးတွေ တန်းလန်းရှင်နေတုန်းဖြစ်တယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ခေါစာကျွေးမယ့် လူမှုကိုယ်ခံအားနည်း အေအိုင်ဒီအက်စ်ရောဂါဇစ်မြစ်တွေ စွဲကပ်နေတုန်းဖြစ်တယ်။
ဦးဝင်းတင်
0 ဗုဒ္ဒရုပ်ပွားတော်တစ်ဆူကိုဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ပြုလှူဒါန်း
၂၀၀၄ခုနှစ် သုဝဏ္ဏအား ကစားရုံတွင် ကျင်းပခဲ့သော နတ် ရေကန်ရွှေစောင်းဆုချီးမြှင့်ပွဲတွင် ဆုငါးသောင်းကျပ်စီကိုစုပေါင်း၍ နှစ်ကျိပ်ရှစ်ဆူဘုရားများတည်ထား ကိုးကွယ်ကာ အမိမြန်မာပြည်၏ အထင်ရှားဆုံးသော ပုဂ်္ဂိုလ်များ အား ကိုယ်ရေးအတ္တပတ်္တိ၊ကဗ္ဗည်း ကျောက်စာထိုးပြီး တစ်ဆူစီဂုဏ် ပြုချီးမြှင့်ပူဇော်ရန်စီစဉ်ခဲ့ကြသည်။ ဤဘဒ္ဒကမ္ဘာတွင်ပွင့်ခဲ့ပြီးသော မြတ်ဗုဒ္ဓဘုရား(၄)ဆူရည်စူးတည် ထားပြီး ဗိုလ်ချုပ်အောင်ဆန်း၊ဦး နုနှင့်ဦးသန့်တို့အတွက်ရည်စူးချီး မြှင့်ပူဇော်ခဲ့ပြီး ကျန်တစ်ဆူမှာ ထိုက်တန်စွာချီးမြှင့်ပေးရမည့် ပုဂ်္ဂိုလ်ကိုရွေးချယ်နေရင်း(၄)နှစ် မျှကြာမြင့်ခဲ့သည်။
ယခုအခါ၂၀၁၂ခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတကာဆု(၁၀၀)ကျော်ရထားပြီးသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်လွှတ်တော်မှအရပ်သားများကိုချီးမြှင့်သည့် အမြင့်ဆုံးရွှေတံဆိပ်ဆုကို ရရှိပြီး နောက် ကျန်ရှိနေသော ဗုဒ္ဓရုပ် ပွားတော်တစ်ဆူကိုရရှိပြီးနောက် ကျန်ရှိနေသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြုချီးမြှင့်လှူဒါန်းရန် ရွှေစောင်းဆုရှင်များအားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်တွင် ကဗ္ဗည်းကျောက်စာထိုးပေးရန် အတွက် ဆရာကြီးတက္ကသိုလ် ခင်မောင်ဇော်မှဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးသမိုင်းကို အတိုချုံး၍အောက်ပါအတိုင်းပြု စုရေးပေးထားသည်။
““အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အဂ္ဂမဟာ သီရိသုဓမ္မဒေါ်ခင်ကြည်တို့မှ ၁၉၄၅-ခုနှစ်၊ရန်ကုန်တွင်မွေးဖွားသည်။အင်္ဂလိပ်မက်သက်ဒက်စ် အထက်တန်းကျောင်း(အထက-၁ ဒဂုံ)တွင် ပညာသင်ကြားခဲ့ပြီး အောက်စဖို့တက္ကသိုလ်မှဘီအေ ဘွဲ့ရခဲ့သည်။ကုလသမဂ္ဂဌာချုပ် တွင် ခေတ္တအမှုထမ်းခဲ့ပြီး မိုက် ကယ်အဲရစ်နှင့်အိမ်ထောင်ကျကာ သား(၂)ဦးထွန်းကားခဲ့သည်။၁၉၈၈-အရေးအခင်းတွင်လူထု ခေါင်းဆောင်အဖြစ်တင်မြှောက် ခံရကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၈၉ခုနှစ် ဇူလိုင်လမှ ၂၀၁၀ခု နှစ် နိုဝင်ဘာလအထိ(၂၁)နှစ်မျှ နေအိမ်အကျယ်ချုပ်ခံခဲ့ရသည်။ ၁၉၉၁ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံရသည်။ ၂၀၁၂ခုနှစ် ဧပြီ လ(၁)ရက်နေ့တွင် ကော့မှူးမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည်။အနှစ်(၂၀)ကျော်ကာလအတွင်း ကမ္ဘာအရပ်ရပ်မှ ချီးမြှင့်သော ဆုပေါင်း(၁၀၀)ကျော်ရခဲ့သည်။
ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်သည် ဗြိတိန်လွှတ်တော် နှစ်ရပ်ပေါင်းတွင် ဘုရင်မကြီးမှ လွဲ၍ ပထမဦးဆုံးမိန့်ခွန်းပြောခွင့် ရသော အမျိုးသမီးဖြစ်ကာ အမေရိကန်ကွန်ကရက်လွှတ်တော် ၏ အရပ်သားအမြင့်ဆုံးရွှေတံဆိပ် ဆုကိုရရှိခဲ့သည့် အမိမြန်မာပြည် ၏ အထင်ရှားဆုံးနိုင်ငံခေါင်းဆောင် အမျိုးသမီးဖြစ်သည်””ဟု ပါရှိ ကြောင်းသိရှိရသည်။
နတ်ရေကန်နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်း ဆုရရှိသော ပုဂ်္ဂိုလ်တစ်ချို့မှာ ဆရာကြီးဦးသုခ (ရုပ်ရှင်)၊ဆရာကြီးဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)၊ဆရာကြီးဦးစံငြိမ်း(SSC-ဆေးရုံ၊ဗဟန်း)၊ဦး ဇော်ဝိတ်(ကာယဗလ)၊ဒေါက်တာ မောင်မောင်ခ(တက္ကသိုလ်ပါချုပ်)၊ ဒေါက်တာမင်းတင်မွန်(နိုင်ငံတကာ အဘိဓမ္မာ)၊ဦးမောင်မောင်စိုးတင့် (သံအမတ်ကြီး-အင်ဂျီအို)၊ဒေါ် မေရှင်(ဂီတ)၊ဒေါ်စောမုံညှင်း(စာ ပေ)၊ဒေါ်တင်တင်စိန်(ကမ်္ဘာလှည့်)၊ ဒေါက်တာရီရီလှ(မိခင်နှင့်ကလေး)၊ ဦးဂိုအင်ကာ(မွန်ဘိုင်းရွှေတိဂုံ) စ သည့် ပုဂ်္ဂိုလ်(၂၈)ဦးပါဝင်ကြောင်း သိရှိရသည်။
့Hot new weekly သတင်းဂျာနယ်
0 မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် ပံ့ပိုးကူညီရန်လို
(Yomiuri Shinbun မှ ၁၄ Oct 2012 ရက်စွဲပါ “Myanmar reforms need whole hearted support” သတင်းဆောင်းပါး ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ ဦးတည်ပြောင်းလဲကြိုးပမ်းမှုများကို အားပေးရန် စနစ် တစ်ခုတည်ဆောက်နေသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း ၏ အစီအစဉ် ကို အားလုံး က ကြိုဆို ထောက်ခံကြသည်။ မြန်မာနိုင်ငံသည် ယင်း၏ နိုင်ငံရေး၊စီးပွားရေး ပြောင်းလဲကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အတွက် အကူအညီများလိုအပ်နေပါသည်။
ကမ္ဘာ့ဘဏ် ၊ ADB စသော နိုင်ငံတကာ ငွေကြေးအဖွဲ့များ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ စုပေါင်း၍ မြန်မာနိုင်ငံ ဆိုင်ရာ အစည်းအဝေး ကို တိုကျိုတွင် ကြာသာပတေး နေ့က ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံက ပေးရန် အခြေအနေများကို ဇန်န၀ါရီလ တွင် အပြီးသတ်ရှင်းလင်းကာ နှစ်ပေါင်း ၂၀ကျော် ပြတ်တောက်နေသော ဖွံ့ဖြိုးရေးချေးငွေ ပြန်ပေးရန် မြီရှင် နိုင်ငံများက သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံမှ အများဆုံး ရရန်ရှိသော အကြီးဆုံးကြွေးမြီရှင် ဂျပန်နိုင်ငံက မြန်မာတို့ ပေးရမည့် ကြွေးဟောင်းဆပ်နိုင်အောင် ကူညီပေးရန် ဂျပန်နိုင်ငံ က ဆုံးဖြတ်ထားသည်။
မြန်မာတို့နှင့် ဆက်ဆံရေး တိုးတက်ရန် လိုလားခဲ့သော ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအ၀ိုင်း က အင်တိုက်အားတိုက် ကူညီအားပေးနိုင်စေရန် လမ်းဖွင့်သွားအောင် ယခုလို စတင်အားထုတ်ခဲ့ခြင်း သည် အရေးပါသော ခြေလှမ်းတစ်ခုပင်ဖြစ်သည်။
တပ်မတော် အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများကို တုန့်ပြန်အရေးယူသည့် အနေဖြင့် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ထားခဲ့ကြသောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံဖြစ်ကာ အိမ်နီးချင်း အာဆီယံနိုင်ငံများ၏ နောက်တွင်အဝေးကြီး ပြတ်ကျန် နေရစ်ခဲ့သည်။
ကြီးကြီးမားမား အလားအလာ မည်သို့ပင်ဖြစ်စေ၊ မြန်မာအာဏာပိုင်များသည် ၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ ၂၀၁၁ နွေဦးတွင် တပ်မတော် အစိုးရကို ဖျက်သိမ်း၍ အရပ်ဖက်အစိုးရသစ်ထံ အာဏာတရားဝင်လွှဲပြောင်းခဲ့သည်။ ထို့နောက် ပိုင်းတွင် သမ္မတ သစ်ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ဒီမိုကရေစီ ပြောင်းလဲရေးကို အရှိန်မြှင့်ခဲ့သည်။
ယင်းသို့သိသိသာသာပြောင်းလဲ သွားမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းကချီးကျူးခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ချေးငွေ များပြန်ရမည့် ကတိက၀တ်များကို ဆွတ်ခူးနိုင်ခဲ့သည်။
လူဦးရေ သန်း၆၀ နှင့် အတူ သယံဇာတ ကြွယ်ဝလွန်းသော အာရှ၏ နောက်ဆုံးပေါ် ဈေးကွက်သစ် မြန်မာနိုင်ငံသည် စီးပွားရေး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမည် ဟူသော မျှော်လင့်ချက်များ တိုးပွားလာသည်။
ADB ဥက္ကဌ ဟာရုဟိကို ကိုရိုဒါက “မြန်မာနိုင်ငံသည် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများကို ထိထိရောက်ရောက် တိုးတက်မှု ရှိအောင် လုပ်ဆောင်နိုင် ပါက အခြားအာဆီယံ နိုင်ငံများကို ၅နှစ်မှ ၁၀နှစ်အတွင်း လိုက်မှီနိုင်သည်” ဟု သုံးသပ်ပြောကြားသည်။ မြန်မာစီးပွားရေး ဖွံ့ဖြိုးမှု သည် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများထံမှ ငွေကြေးအကူအညီ နှင့် ရင်းနှီးမြုပ်နှံ မှုများဒ ကျားကန် ပံ့ပိုးပေးမှုဖြင့် အရှိန်မြင့်လာဖွယ်ရှိပါသည်။
အခြေခံ အဆောက်အဦး စနစ် တည်ဆောက်ခြင်းသည် သော့ချက်
မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများမှာ လျှပ်စစ်ဓါတ်အား၊ ကားလမ်း၊ ရထားလမ်း ၊ စသော အခြေခံ အဆောက်အဦးစနစ် ဆိုးဝါးနိမ့် ကျခြင်း၊ ပညာရေး ကျန်းမာရေး နှင့် အခြားလူမှု ၀န်ဆောင်မှုများ မလုံလောက်ခြင်း တို့ပင်ဖြစ်သည်။ ဂျပန်နိုင်ငံက မြန်မာသို့ ပေးမည့် ချေးငွေများကို အခြေခံ အဆောက်အဦးစနစ် ဖွံ့ဖြိုးစေရေးအတွက် နည်းပညာနှင့် ရုပ်ဝတ္ထု ပစ္စများ ဖြည့်ဆည်ပေးရာတွင် အသုံးပြုရန် ရည်မှန်းထားသည်။
ဂျပန်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင် စီမံကိန်းများ စတင်နေကြပြီး ဖြစ်သည်။ မြန်မာ့အထူးစီးပွားရေးဇုံများ ဖွံ့ဖြိုး လာစေရန် ယင်းကုမ္ပဏီများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားသည်။
ဂျပန်ကုမ္ပဏီ များအတွက် မြန်မာနိုင်ငံသည် ထုတ်လုပ်မှု အခြေစိုက်နေရာသစ် ဖြစ်လာရန် အလားအလာ ကောင်းနေသည်။ ထို့အတွက် လူထုနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းဖို့လိုသည်။ မြန်မာနိုင်ငံသည် ယင်း၏ အဓိကစီးပွားဖက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာမှု ရှိသော်လည်း ဘီဂျင်း၏ သြဇာဖြန့်ကျက်မှုကို စိုးရိမ်ပူပန် နေပုံရ သည်။
ဤအခြေအနေတွင် မြန်မာနိုင်ငံ အပေါ် ဂျပန်တို့၏ အင်တိုက်အားတိုက် ကူညီပံ့ပိုးမှုများက ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးစားနေသော တရုတ် နိုင်ငံကို ဘရိတ်အုပ် ပေးနိုင်ဖွယ်ရှိကြောင်း တစေ့တစောင်း တင်ပြလိုက်ပါသည်။
Yangon chronicle
0 ကချင်စစ်ဘေးဒုက္ခသည်များကို လက်ဝှေ့ထိုးပြီး လှူဒါန်းရန်ဆုံးဖြတ်ထားသော မြန်မာပြည်ဖွားကချင်တိုင်းရင်းသား အောင်လအင်ဆန်းက ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့
0 OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း ကြေငြာ
Source: http://www.ministryofinformation.gov.mm/index.php
ဂုဏ်ယူပါတယ် မျိုးချစ် ညီအစ်ကို မောင်နှမ အပေါင်းတို့ .........။အောင်မြင်စွာနဲ့  အဆုံးသတ်နိုင်ခဲ့ကြပါပြီ..။
ပြည်တွင်းအားသည် ပြည်သူ့ မှာသာ ရှိတယ် ဆိုတာကို ဒီနေ့ လှုပ်ရှားမှု့ က လက်တွေ့ ပြလိုက်တာပဲ ......မျိုးချစ်မောင်နှမ အပေါင်းတို့ ။......အရမ်းဂုဏ်ယူပါတယ်....။
ဒီနေ့ လှုပ်ရှားမှု့ ဟာဆိုရင်ပြည်တွင်း ပြည်ပ မျိုးချစ် မောင်နှမတွေ အားလုံး သံဃာ ၊ လူထု ၊ ကျောင်းသား ရယ်ဟု စုစည်း ညီညွတ်မှု့ ကို ပြသနိုင်ခဲ့တဲ့ အောင်ပွဲ တစ်ခုပါ....မျိုးချစ် မောင်နှမအပေါင်းတို့  ။..အရမ်းဂုဏ်ယူပါတယ်..။
ဒါဟာ အမျိုးသားရေး လှုပ်ရှားမှု့  အောင်ပွဲ တစ်ခုပါ...... မျိုးချစ်မောင်နှမ အပေါင်းတို့ ..။ အရမ်းဂုဏ်ယူပါတယ်...။
မျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ် ၊ လူမျိုး ၊ ဘာသာ ၊သာသနာ ကို ချစ်တဲ့ စိတ်တွေကို ကမ္ဘာသိ သိမ့်သိမ့်တုန်အောင် ပြသနိုင်ခဲ့တဲ့ အောင်ပွဲ တစ်ခုပါ....မျိုးချစ်မောင်နှမ အပေါင်းတို့ ..။အရမ်းဂုဏ်ယူပါတယ်...။
OIC ကို ကမ္ဘာသိ မောင်းထုတ်တဲ့ ညီညွတ်မှု့ ရဲ့  အောင်ပွဲ တစ်ခုပါ... .မျိုးချစ်မောင်နှမတို့ .။အရမ်း ဂုဏ်ယူပါတယ်..။
တို့ လူမျိုး ၊ တို့ ဘာသာ ၊ တို့ သာသနာ နဲ့  တို့ အနာဂတ်မျိုးဆက်တွေအတွက် တို့ အသက်ရှင်နေသရွေ့ ၊ တို့ တွေ တတ်စွမ်းသရွေ့ ၊ တို့ တွေ တတ်နိုင်သရွေ့  ၊ တို့ တွေ ကိုယ်တိုင် အကောင်းဆုံး ကာကွယ် စောင့်ရှောက်သွားရမယ် ..မျိုးချစ်မောင်နှမအပေါင်းတို့ ...။
တို့ ခေတ်ကြီးကို တို့ တွေ ကိုယ်တိုင် ပြုပြင်စရာတွေကို ပြုပြင်ရမယ် ၊ မွမ်းမံစရာတွေ ကို မွန်းမံရမယ် ၊ တည်ဆောက်စရာတွေကို အတူတူ တည်ဆောက်ကြပါစို့ လို့  အမျိုးသားရေး အသိထပ်လောင်းလို့ ပေးလိုက်ပါရစေ....မျိုးချစ်မောင်နှမအပေါင်းတို့ ..။
ဘစည် ....
Monday, October 15, 2012
0 ခွပ်ဒေါင်းမျိုးဆက်သစ် ညီအကိုများ တွေ့ဆုံပွဲနှင့် ကိုမင်းကိုနိုင်၏ နှစ်(၅၀) ပြည့်ရွှေရတု မွေးနေ့ အခမ်းအနား(ရုပ်/သံ) ဓာတ်ပုံ
ရှေးဦးစွာ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အခမ်းအနားကို သာသနာ့အောင်စည်ကျောင်း နာယက ဆရာတော် အရှင်သြဘာသ မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခွပ်ဒေါင်းမျိုးဆက်သစ် ညီအကိုများမှ ငြိမ်းချမ်းရေး တေးသီချင်းများသီဆိုခြင်း၊ ကဗျာများ ရွတ်ဖတ်ခြင်း၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဆရာမြတ်ကိုကိုမှ အမှတ်တရစကားပြောခြင်း၊ အဆိုတော် ထက်အောင်ရှိုင်းနှင့် ခွပ်ဒေါင်းမျိုးဆက် ညီအကိုများမှ ကိုမင်းကိုနိုင် နှစ်(၅၀) ပြည့် ရွှေရတုမွေးနေ့အတွက် သီချင်းများသီဆိုခြင်း၊ ကဗျာများ ရွတ်ဖတ်ခြင်းများကို ပြုလုပ်၍ အခမ်းအနားကို ဒေသစံတော်ချိန် ညနေ (၃.၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းရေးသားသူ=ကိုကိုမြတ်မင်းသွေး
< A , ,D , ,A , ,E , , >
တေးဆို ..ထက်အောင်ရှိုင်း
A
လူတိုင်းကိုယ်စီသိသင့်တာ ငြိမ်းချမ်းရေးရဲ့လမ်းခရီးမှာ တက်တက်ကြွကြွ လိုက်ကြပါ
တဦးတယောက်လောက်နဲ့ အလုပ်မဖြစ်ပါ ဒို့တိုင်းဒို့ပြည် ကောင်းကျိုးပါ ..
A
အငိုမျက်ရည်တွေသနားပါ စွန်လွှတ်သူတွေကို ငဲ့ညှာ ကြောက်စိတ်တွေကိုဖယ်လိုက်ပါ
E
ဆင်ခြင်ကာ အမှန်တရားဘက်ကို လိုက်ကြပါ ..
A
မယိုင်လဲအောင်ကွယ်ငါဒို့ပြည် ဆုံးရှုံးမဲ့အရေး မတွေးသင့်ပေ အမုန်းတရားတွေကိုဖယ်ထားပါ
E
အတ္တတွေကိုလျှောချကာ စောင့်ထိန်းကြပါ မျှတစွာ ..
A
တချိန်သောအခါတွင် ဒို့တိုင်းပြည် စိမ်းလန်းစိုပြည် အလှဖြိုးဝေ တွဲလက်တွေကိုခိုင်မြဲစွာ
E
ဒို့မောင်နှမတွေ ဆေးကြောကြပါစိတ်ထားတွေ ..
A D A D
ငါ့ရဲ့စိတ်ဓာတ်ညံ့ဖျင်းခဲ့ရင် တိုင်းလည်းညံ့မယ် ပြည်လည်းညံ့မယ် အမျိုးလည်းညံ့မယ်
A D A _ E _
သွေးလည်းညံ့မယ် အကြောက်တရားတွေကိုပြန်ပြင်ပြော
A E < A , ,D , ,A , ,E , , > 4