Thursday, November 29, 2012
4 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။
ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့
0 ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...
Photo..ကိုဝိုင်ဝိုင်ကေ..The messenger journal ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သောမီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ်အက်စစ်ဖြစ်ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေကိုပါလောင်ကြွမ်းနိုင်ခြင်း စသောအစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်းဒဏ်ရာများ အရေပြားလောင်ကြွမ်းဒဏ်ရာများသည် ဖော့စဖား၏ အာနိသင်ကြောင့်ဟုယူဆနိုင်သည်။
သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူးသဖြင့် လူစုခွဲရန်နှင့်အထိကရုန်းနှိမ်နင်းရာတွင်အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်းမရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်မေးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟုမျှော်လင့်ရသည်။ ထို့အပြင် ထိုမီးလောင်ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့်အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများဖြင့် အထူးဂရုပြုစစ်ဆေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်
............................................................... စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။
လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။
အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
1 “တောင်ပျောက်မခံနိုင်ဘူး၊ မစေ့စပ်နိုင်ဘူး” (အံ့မောင်)
စိမ်းလန်းငြိမ်းချမ်းတဲ့ တောင်လုံးတွေကြားကို မြေထိုးစက်၊ မြေတူးစက်၊မြေသယ်ယာဉ်တွေ ၀င်လာတယ်။ လက်ပံတောင်းတောင်ကြီးရဲ့ အသားကိုလှီးကြ ဖဲ့ကြ ခုတ်ကြ ထစ်ကြ ထိုးကြ ဖောက်ကြ လုပ်ပြီး လက်ပံတောင်း တောင်ရဲ့  အူ အသည်းတွေကို နုတ်ယူကြတယ်။ တောင်ကြီးရဲ့ အသားထဲကိုထွင်းဖောက်၊ မိုင်းမြှုပ်ပြီး ဖောက်ခွဲကြတယ်။ လက်ပံတောင်းတောင်ပေါ်ကမိုင်းခွဲသံဟာ မုံရွာတစ်မြို့ လုံး သိမ့်သိမ့်တုန်တယ်။ မိုင် ဆယ်နဲ့ ရာနဲ့ ချီပြီး အသံဆိုးလှိုင်းကြီး ခုန်သွားတယ်။ မီးခိုးလုံးကြီးတွေ တောင်ပေါ်ကိုဝေ့တက်သွားတယ်။ ငြိမ်းချမ်းတဲ့လက်ပံတောင်းတောင်ကြီးဟာ
0 ၀က်မှေး၊ ၀မ်ပေါင်နဲ့ Documentary ပါဝါ -Ko Nyo
“ဒါဘယ်သူ့မြေလဲ…ဒို့မြေ” “ဒါဘယ်သူ့မြေလဲ..ဒို့မြေ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “တရုတ်ကျေးကျွန်၊ အဖြစ်မခံဘူး”။ နေပူကြဲကြဲအောက် ၀မ်ပေါင်ကုမ္ပ္ပဏီရှေ့၊ ဖျင်ကြမ်းလုံခြည်၊ ရာဘာဖိနပ်ပါးနဲ့ ချည်ထည် တပတ်နွမ်း အင်္ကျီတွေဝတ်ပြီး ခမောက်ဆောင်း ထားတဲ့ အသားညိုညို၊ ပိန်ပိန်ပါးပါး အမျိုးသမီးတွေ…။ လက်သီးလက်မောင်းတန်း ကြွေးကြော်သံတွေကို အသံကုန်ဟစ်နေတဲ့မြင်ကွင်း။ အဲဒီ ကင်မရာ ရိုက်ချက်တွေက “နိုင်ငံတော်၊ ၀က်မှေး၊ ၀မ်ပေါင်၊ ကြေးနီ” သတင်းမှတ်တမ်းရဲ့ ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းလို့ ဆိုရမယ်။
လူတယောက် ဒါမှမဟုတ် သတ္တ၀ါတကောင်ရဲ့ အဓိက အသက်ရှင်သန်မှုမှာ စားရေး၊ လုံခြုံအောင်နေရေးဆိုတဲ့ အခြေခံအချက် ၂ ခုပဲ ရှိတယ်။အခု ကိစ္စဟာ အဲဒီ ၂ ချက်လုံးကို ထိပါးလာတဲ့ သေရေးရှင်ရေး တိုက်ပွဲနဲ့ တူနေတယ်။ ရွာပေါင်း ၄ ရွာနဲ့ လယ်ဧကပေါင်း ၇၀၀ ကျော် အပါအ၀င် ရွာဦးက ဘုန်းကြီးကျောင်းလေးက အစ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လူသူမသိ ဖျက်ဆီးခံလိုက်ရာက ဒီဇာတ်လမ်းတွေ စလာတာပဲ။ အခုလို မီဒီယာတွေနဲ့ ထိစပ်မှုမရသေးခင် တောင် ၃၃ လုံးဖြိုချ၊ လယ်ဧက ၅ ထောင်ကျော် ဖျက်ဆီးပြီး၊ ရွာပေါင်း ၄၀ ကျော် ရွှေ့ပေးရမယ့် စီမံကိန်းဆိုတာ သူတို့ ကြိုတင် မသိခဲ့ကြဘူး။ သိလိုက်တဲ့ အချိန်မှာတော့ ပေါက်ဆိန်နဲ့ ထွင်းရတော့မယ့် အခြေဆိုက်နေပြီ။
လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်း အကျိုးဆက်ကြောင့် ဇီးတော၊ ဆည်တည်း၊ ၀က်မှေး၊ ကံတော ရွာ ၄ ရွာက တောင်သူ လယ်သမားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒါရိုက်တာ လွင်မှိုင်းနဲ့အဖွဲ့တွေ ကင်မရာ ၆ လုံး ကိုင်ပြီး အဲဒီဒေသမှာ အချိန်ပြည့် နေထိုင် မှတ်တမ်းတင်
1 လက်ပံတောင်းတောင် သပိတ်စခန်းများ ဖယ်ရှား ရန် ဒေသခံအာဏာပိုင်များ ပြင်ဆင်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ဖယ်ရှားရန် အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်လျက်ရှိကြောင်း ထိုဒေသသို့ ရောက်ရှိနေကြောင်း မုံရွာမြို့ဒေသခံ သတင်းထောက် ကိုတိုး(ချင်းတွင်း)က ပြောကြားသည်။
“၀မ်ပေါင် ကုမ္ပဏီရှေ့က အထွေထွေသပိတ်စခန်းကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး အချက်ပေးနေတယ်၊ လုံခြုံရေးစင်မြင့်
1 ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့်
ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ် တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။
“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီး တွေအတွက် ၁၆၉ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သားတစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ငွေရရှိသူများမှာ နိုင်ငံတော်အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေ ပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံ သော စာရင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက်ငါးဦး၊ အိမ်အကူ ငါး ဦး နှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ
3 ကျော်ရွာရှေ့ရှိ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးသပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဇြိုခွဲရန်ပြင်ဆင်
မြေထိုးစက်ကြီး များ ကြောင့် ပြိုကျ လု တဲတဲ ဖြစ်နေသည့် သာ့သနာ့ အာဇာနည် လယ်တီ ဆရာတော် ဘုရားကြီး ၏ သိမ်တော်
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ ကျော်ရွာရှေ့ လက်ပန်တောင်း တောင်ထိပ်ကြားတွင် ဖွင့်လှစ်ထားသည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲရန် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှ အသင့် အနေအထားဖြင့် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
သံဃာတော် အပါး ၃၀ ခန့်မှ လုံခြုံရေးတာဝန်ယူထားသည့် အဆိုပါ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရန် အတွက် နေ့လည် ၃ နာရီ အချိန်မှ စတင်ကာ ဒုတ်၊ ဒိုင်း၊ သေနတ် လက်နက် ကိရိယာ အပြည့်အစုံ ကိုင်ဆောင်ထားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းနေရာကို စတင် ဖြိုခွဲရန် ပြင်ဆင်နေသည်ဟု သိရှိရကြောင်း၊ ၎င်းနေရာတွင် သံဃာအင်အားမှာ အနည်းငယ်သာရှိကြောင်း၊ ၎င်းနေရာကို ဖြိုခွဲနိုင်လျှင် လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး နေထိုင်ခဲ့သည့် နေရာဖြစ်သည့်စီမံကိန်းလုပ်ငန်းခွင်၏အဓိက နေရာကိုအလွယ်တကူ ရောက်ရှိသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ၀ိဇ္ဖာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပြခဲ့သည်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်သိမ်းခြင်း ခံထားရသည့် ဇီးတောကျေးရွာ စမ်းမြ၀တီ ကျောင်းတိုက်မှ ဆရာတော် ဦးအာလောကမှ “ အကြမ်းဖက် နှိမ်နင်းတာကို ဆရာတော် အနေနဲ့ လုံးဝ လက်မခံနိုင်ဖူး၊ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ဒီလိုနိုင်ငံမျိုးမှာ ဘုရားရဲ့ သားတော်တွေကို ဒီလို အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာခဲ့ မယ်ဆိုရင် အရမ်းကို အရုပ်ဆိုး အကျဉ်းတန်သွားမှာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်ကလည်း တစ်ခါ ဖြစ်ခဲ့တယ်။ သံဃာသွေးတွေ မြေမကျအောင် မြန်မာပြည် တ၀ှမ်းက ဆရာတော် သံဃာတော်တွေ တပည့်တော်တို့နဲ့ အတူ ပူးပေါင်းပြီး လယ်တီ ဘူမိနက်သန်ကို ကာကွယ်ကြပါလို့ လျောက်ထားပါတယ် ဘုရား ” ဟု သတင်းထောက်များကို ပြောပြခဲ့သည်။
သီမောင် (မြန်မာ့ခေတ်)
Wednesday, November 28, 2012
1 2013 Kyaw Thu’s First Breakout Calendar (အယူသီးမှုကို ချိုးဖောက်မည့် 2013 ကျော်သူ့ ပြက္ခဒိန်)
အတိတ်ကဖြစ်ရပ်သည် ယခုပစ္စုပ္ပန်တွင် (တာ)သွားခြင်း (၀ါ) သမိုင်းမှတ်တိုင်ထူခဲ့ ခြင်းတို့ ကိုယူခဲ့ ရပြန်သည်။ ထိုသို့သော အတိတ်မှဖြစ်ရပ်များ၊ အတိတ်မှအာဇာနည်ကြီးများ၊ အတိတ်မှပညာရှင်ကြီးများ၊ အတိတ်မှစာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင်သည်ကြီးများ၊ အတိတ်မှ နိုင်ငံ့အာဇာနည်ကြီးများ၊ နိုင်ငံရေး သမားကြီးများ၏ ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ကြသည့် နောက်ဆုံးနေ့ရက်များကို ယခုပစ္စုပ္ပန်တွင် အမှတ်တရရှိနေစေရန်၊ ဂုဏ်ပြုပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ယခု Kyaw Thu First Breakout 2013 Calendar အား ကျွန်တော်ထုက်ဝေ လိုက်ပါတော့သည်။ ဆရာတော်ကြီးများ၏ သြဝါဒအဆိုအမိန့် စကားရပ်များ၊ တိုင်းပြည်ခေါင်းဆောင် လူမှုရေးသမား များ၏ လက်စွဲဆောင်ပုဒ်များဖြင့် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ရုပ်ရှင်သရုပ်ဆောင်မင်းသား/ ဒါရိုက်တာ ကျော်သူ (ခ) လူမှုရေးသမားကျော်သူ၏ ဘဝဖြတ်သန်းမှု ပေးဆပ်မှုပုံရိပ်လွှာများဖြင့် ဖော်ကျူး ရိုက်နှိပ်ထားသော (17 x 25) လက်မဆိုဒ် ၂ဝ၁၃ ခုနှစ် ပြက္ခဒိန်ဖြစ်လေသည်။
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်လူမျိုးများအတွက် သိမ်းဆည်းထားသင့်သော တိုင်းပြည်နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်ကြီးများ၏ နောက် ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွါသွားသော နေ့ရက်များကို လက်လှမ်းမှီသလောက် မှတ်သားဖော်ကျုးထား၍ ထူးခြားသည့် ပြက္ခဒိန်လည်းဖြစ်သည်။ သို့သော် ကျွန်တော်၏ ပြက္ခဒိန်တွင် ရက်ရာဇာ၊ ပြဿဒါးနေ့ ဟူ၍ မပါရှိပေ။ “ကုလိုလ်လုပ်သည့်နေ့သည်ကား … ရက်ရာဇာ။ အကုသိုလ်လုပ်သည့် နေ့သည်ကား … ပြဿဒါး” မဟုတ်ပါလား။
အယူသီးခြင်းကို လက်မခံသူများ၊ အယူသီးမှုကို ချိုးဖောက်မည့်သူများအနေဖြင့် မှာကြားလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) တယ်လီဖုန်း - ၅၈ဝ၁၃၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ၊ ဝ၉ ၇၃ဝ ၃၁၁၈၂ (သို့) အီးမေးလ် info@ffssyangon.org သို့တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ရရှိသည့် အကျိုး အမြတ်များအား လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ပါ၍ 2013 Year Kyaw Thu’s First Breakout Calendar အားဝယ်ယူအားပေးခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
ယင်းပြက္ခဒိန်၌ ဖော်ပြထားရှိသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်ကြီးများ၏ ကမ္ဘာမြေမှ နောက်ဆုံး ထွက်ခွာသွားကြသော နေ့ရက်များအားအချိန်ပေး၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့ကြသော ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ)၊ ကိုမျိုး(မြန်မာစာ)၊ ဦးချစ်သန်းမြင့်၊ အလင်းဆက်(IR)၊ ကိုကျော်ဝဏ္ဏ (မာကျူရီ)၊ ပန်းချီမင်းကျော်ခိုင်(NewYork)၊ ဦးစန်းအောင်(USA)၊ မင်းခန့်ကျော်(A.M.S)၊ ကျော်ဟိန်း (F.F.S.S)၊ ဇွဲမဟိဏ်ခ(F.F.S.S)၊ ရောဘတ်အောင်(F.F.S.S)၊ ဇာနည်ထက်(F.F.S.S)၊ ဝေယျာအောင်မြင့် (F.F.S.S) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။
ကိုကျော်သူ
0 ပထ၀ီမဟုတ်တော့ပါ၊ သမိုင်းဖြစ်သွားခဲ့ပြီ
ပူးပေါင်းကြံစည် ပါပမိတ္တ၀ိသမလောဘသားတစု
နှိပ်စက်မှုကြောင့်
မြစ်ချောင်းအင်းအိုင် ၊ လျှိုမြောင်ဂနိုင် ၊
တောအသွယ် သွယ် ၊ တောင်အထပ်ထပ်
ဝန်ကာပတ်လို့တည်ရှိပါတဲ့ အိုဘယ့်မြန်မာပြည်
သြော် အခုတော့ သမိုင်းဖြစ်လို့သွားလေပြီ ........................
နောင်တခေတ်မှာ ကျန်ရစ်မယ့်မျိုးဆက်ကလေးတွေ
ပြောပြရရင်ရင်နာလှပါသလေ
ဒီတော ဒီတောင် ဒီရေ ဒီမြေ
ငါတို့မျိုးဆက်တွေအတွက် ပုံပြင်ဖြစ်ခဲ့ပြီလေ...
4 အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု
ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုတာကြည့်ခြင်းအားဖြင့် ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လို့ ယနေ့မှစ၍ ခေါ်ဝေါ်လို့ရပြီ..ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများ အတွက် ထောက်ပံ့ကြေးတောင်းခံမှု ကို ပြည်ထောင်စုလွှတ်တော် မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
2 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ
သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ