Thursday, November 29, 2012

3 ကျော်ရွာရှေ့ရှိ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးသပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဇြိုခွဲရန်ပြင်ဆင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာရှိ သပိတ်စခန်းများ၌ စုဝေးနေသူများအား ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၁၂နာရီတွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့(နိုဝင်ဘာလ ၂၈ရက်နေ့)ည ၇နာရီခွဲ တွင် တစ်ကြိမ်၊၈ နာရီ ၁၀ မိနစ်တစ်ကြိမ်၊ ၈နာရီ ၅၀ မိနစ်တွင် တစ်ကြိမ် ထပ်မံ၍ ကြောငြာခဲ့ကြောင်း သိရသည်။(EMG)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးဝန်းကျင်ရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးကြရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၂၈ ရက်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်က အသိပေးပြောကြားနေစဉ်(Photo.EMG)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ လာရောက် သတင်းယူကြသော မီဒီယာသမားအား ပုဒ်မ (၁၄၄) ဧရိယာအတွင်းသို့ ဝင်ရောက်သတင်းရယူခြင်း မပြုရန် တားမြစ်ချက်အား ကြေညာနေသော ရဲအရာရှိတဦးအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၁၀း၀၅ အချိန်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
မြေထိုးစက်ကြီး များ ကြောင့် ပြိုကျ လု တဲတဲ ဖြစ်နေသည့် သာ့သနာ့ အာဇာနည် လယ်တီ ဆရာတော် ဘုရားကြီး ၏ သိမ်တော်

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ ကျော်ရွာရှေ့ လက်ပန်တောင်း တောင်ထိပ်ကြားတွင် ဖွင့်လှစ်ထားသည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲရန် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှ အသင့် အနေအထားဖြင့် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။

သံဃာတော် အပါး ၃၀ ခန့်မှ လုံခြုံရေးတာဝန်ယူထားသည့် အဆိုပါ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရန် အတွက် နေ့လည် ၃ နာရီ အချိန်မှ စတင်ကာ ဒုတ်၊ ဒိုင်း၊ သေနတ် လက်နက် ကိရိယာ အပြည့်အစုံ ကိုင်ဆောင်ထားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းနေရာကို စတင် ဖြိုခွဲရန် ပြင်ဆင်နေသည်ဟု သိရှိရကြောင်း၊ ၎င်းနေရာတွင် သံဃာအင်အားမှာ အနည်းငယ်သာရှိကြောင်း၊ ၎င်းနေရာကို ဖြိုခွဲနိုင်လျှင် လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး နေထိုင်ခဲ့သည့် နေရာဖြစ်သည့်စီမံကိန်းလုပ်ငန်းခွင်၏အဓိက နေရာကိုအလွယ်တကူ ရောက်ရှိသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ၀ိဇ္ဖာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပြခဲ့သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်သိမ်းခြင်း ခံထားရသည့် ဇီးတောကျေးရွာ စမ်းမြ၀တီ ကျောင်းတိုက်မှ ဆရာတော် ဦးအာလောကမှ “ အကြမ်းဖက် နှိမ်နင်းတာကို ဆရာတော် အနေနဲ့ လုံးဝ လက်မခံနိုင်ဖူး၊ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ဒီလိုနိုင်ငံမျိုးမှာ ဘုရားရဲ့ သားတော်တွေကို ဒီလို အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာခဲ့ မယ်ဆိုရင် အရမ်းကို အရုပ်ဆိုး အကျဉ်းတန်သွားမှာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်ကလည်း တစ်ခါ ဖြစ်ခဲ့တယ်။ သံဃာသွေးတွေ မြေမကျအောင် မြန်မာပြည် တ၀ှမ်းက ဆရာတော် သံဃာတော်တွေ တပည့်တော်တို့နဲ့ အတူ ပူးပေါင်းပြီး လယ်တီ ဘူမိနက်သန်ကို ကာကွယ်ကြပါလို့ လျောက်ထားပါတယ် ဘုရား ” ဟု သတင်းထောက်များကို ပြောပြခဲ့သည်။

သီမောင် (မြန်မာ့ခေတ်)

3 comments:

  1. I couldn't stand to see this. I was there when my father posting was in Monywa in 1972-74... Why do they want to lose our sacred places in Burma????

    ReplyDelete
  2. သမတရုံး ဝန်ကြီး တရုပ်ကြောက် အောင်မင်း ပြောသွားတဲ့အတိုင်း သမတကို ပြန်ပြောပြီး၊ ၇ရက်-၁၀ရက် အတွင်း အဖြေပြန် ပေးလိုက်တာ ပေါ့နော် ။

    ReplyDelete
  3. တရုတ်ကြောက်အစိုးရ ကပြည်သူနဲ့သံဃာကြ ထူးချွန်ပြောင်မြောက်စွာချေမှုန်းသတ်ဖြတ်နိုင်ပေသည်။ဖက်စစ်
    ထက်သာသော အမျိုးယုတ်ဖက်စစ်အစိုးရ

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.