လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲဖျက်ဆီးမှုအပေါ်
အထက်မြန်မာပြည်သံဃာတော်များ၏ သဘောထားကြေညာချက်
၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ (၂၉)ရက်နေ့၊ နံနက် (၃း၀၀)နာရီ အချိန်ခန့်မှ စ
တင်၍ ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ မီးလောင်ဗုံးများ၊ မီသတ်ပိုက်များ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွဲဖျက်ဆီးခဲ့သည်။
၂။ ထိုသို့ ဖြိုခွဲဖျက်ဆီးမှုများကြောင့် သံဃာတော်များနှင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရခြင်း (အချို့ပြင်းပြင်းထန်ထန်)၊ အဖမ်းအဆီးခံရခြင်းများရှိခဲ့သည်။
၃။ ယခုလုပ်ရပ်သည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သော ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဆိုသည့် မိန့်ခွန်းကိုလည်းကောင်း၊ လွှတ်တော်မှဆုံးဖြတ်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်ဟူသည့် အချက်ကိုလည်းကောင်း လုံးဝဥပေက္ခာပြု စော်ကားကျူးလွန်ရာရောက်သည်။
၎။ ၎င်းအပြင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပါသည်ဆိုသော အစိုးရတစ်ရပ်အနေဖြင့် အတိတ်က စစ်အာဏာရှင် အစိုးရများ လုပ်ဆောင်ခဲ့သလို နောက်ကြောင်းပြန် လုပ်ဆောင်ချက်သဘောမျိုး သက်ရောက်နေဟု ထင်မြင်သည်။
၅။ သို့ပါ၍ အထက်မြန်မာပြည် သံဃာတော်များမှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ် တောင်းဆိုလိုက်သည်။
(က) လက်ပံတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်းစွာ အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို အပြင်းအထန် ရှုတ်ချသည်။
(ခ) ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရမည်။
(ဂ) အကြမ်းဖက်ဖြိုခွင်းမှုခဲ့မှုနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော ပြည်ထောင်စုအစိုးရမှသံဃာတော်များနှင့်ပြည်သူများ ကျေနပ် လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ ဖြေရှင်းပေးရမည်။
(ဃ) အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့်ပြည်သူများကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်စုံတစ်ရာနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရမည်။
(င) ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရမည်။
အထက်မြန်မာပြည်
သံဃာတော်များ
၃၀.၁၁.၂၀၁၂
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်