ဘာများတတ်နိုင်ဦးပါမည်နည်းဆိုတာ မဟုတ်ပါဘူး ပြည်သူအနေနဲ့ စိတ်ပျက်နေရုံနဲ့မပြီးပါဘူး လုပ်နိုင်တာတွေ တတ်နိုင်တာတွေရှိနေပါတယ်ကျနော်တို့လုပ်နိုင်တဲ့အပိုင်းတွေရှိပါတယ်
၁. ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများ အခု ဆေးဝါးအစားအသောက် လိုအပ်နေမှာသေချာပါတယ် တယောက်တည်းကနေ amount ပမာဏ အများကြီး လှူရမယ်မဆိုလိုပါဘူး တယောက်ကို အနည်းဆုံး ( ၁၀၀၀) လောက်တော့တတ်နိုင် မယ်ထင်ပါတယ်.. အဲလောက် ပမာဏ လေးကနေစလှူနု
ိင်ရင်တောင် မဆိုးပါဘူး...
၂. ပြည်သူတရပ်လုံး မြန်မာလူထုတစုလုံးဟာ လက်ပံတောင်းမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေဖက်မှာအပြည့်အ၀ ရပ်တည်ပေးနေတယ်.. ကိုယ်နဲ့ထပ်တူကိုယ်ချင်းစာပေးနေတယ်ဆိုတာ သိအောင် သူတို့ဖက်ကနေ ရပ်တည်ပေးရင်း စိတ်ဓာတ်ခွန်အားပေးရပါမယ်...
၃. လူကိုယ်တိုင်မသွားရောက်နိုင်သူများဟာ သွားရောက်နေကြတဲ့အဖွဲ့အစည်း အသီးသီးကနေတဆင့် အလှူငွေများ ပစ္စည်းဆေးဝါးများ လှူဖွယ်ပစ္စည်းများကိုလူကြုံပါးထည့်ပေးခြင်းဖြင့် လက်ပံတောင်းပြည်သူများ ရင်ထဲမှာ အော်ငါတို့ချည်းပဲ မဟုတ်ပါလား ပြည်သူတွေငါတို့နဲ့အတူရှိနေပါလားဆိုတဲ့ စိတ်ဓာတ်အင်အားတွေရနိုင်မှာပါ..
ကိုင်းကျနော်တို့အခုပဲ စလုပ်ကြည့်ရအောင်ဗျာ လက်လှမ်းမှီသလောက် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးကိုယ်နိုင်တဲ့ငွေကြေး လှူဖွယ်ပစ္စည်း ပမာဏတွေ လှူဒါန်းကြပါစို့လို့ ပြည်တွင်း ပြည်ပမှာ
ရဟန်းအာဇာနည် လူပုဂိုလ်အာဇာနည် အမျိုးကောင်းသား အမျိုးကောင်းသမီးများကို ကျနော်ကနေပြီး ဤနေရာမှ အနူးညွှတ် လေးလေးစားစား တိုက်တိုက်တွန်းတွန်းနဲ့ပန်ကြားပြောဆိုပါရစေလားဗျာ................
KN@shwe yi ........
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
မှန်ကန်တဲ့အထောက်အပံ့ဖြစ်ပါစေလို ဘယ်အဖွဲ့အစည်းတွေ စတင်လုပ်ဆောင်နေတယ် တင်ပေးမှ လှူဒါန်းနိုင်ဖြစ်ပါတယ်
ReplyDeleteအခုလို နိုးဆော်ပေးတာကို ကျေးဇူးတင်တယ်။