Friday, November 30, 2012

4 လက်ပံတန်းတောင် ကြေးနီးမိုင်း ရပ်တန့် ရေး သပိတ် ဖြိုခွဲ မှု တွင် အဓိက တာဝန် ရှိသူများဒီမေးခွန်းတွေ အရင်ဖြေကြည့်ပေးပါ..

မီးလောင်ဗုံး မသုံးပါဘူး။ မီးခိုးဗုံးပဲ သုံးပါတယ်။ နိုင်ငံတကာ အထိကရုဏ်းနှိမ်နှင်းရေး စည်းကမ်းနဲ့ အညီ လုပ်ဆောင်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောသွားတယ်။ အင်အားကို လိုတာထက် ပိုမသုံးပါဘူးလို့ ပြောတယ်။

မီးလောင်ဗုံး သုံး၊ မသုံး အထိ မငြင်းသေးဘူးထားဦး။ အဲဒီ စကားတွေထဲမှာပဲ အင်အားသုံး နှိမ်နှင်းတယ်ဆိုတာကို ဝန်ခံထားတယ်။ ဒီတော့ ပြောစရာရှိလာတယ်။

၁။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူဟာတွေထဲမှာ ... မနက် အာရုဏ်လင်းချိန် လူသူ အိပ်ကောင်းတုန်း ကာလမှာ အိပ်နေတဲ့ ဆန္ဒပြသူတွေကို ဝင်ရောက် တိုက်ခိုက်ရမယ်လို့ ပါလား။

၂။ နိုင်ငံတကာ အထိကရုန်း နှိမ်နှင်းရေး ဗျူဟာမှာ ... လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကို ... ဗုံးတွေသုံးပြီး ဖြိုခွဲရမယ်လို့ ပါလား။

၃။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူးဟာ ဆိုကတည်းက စကားလုံးထဲမှာ "အထိကရုဏ်း နှိမ်နှင်းရေး" ဆိုတာ တိတိကျကျ ပါနေပြီ။ ခင်ဗျားတို့ ဝင်ပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ အချိန်မှာ အထိကရုဏ်းတွေ ဖြစ်နေလို့လား။ ဆန္ဒပြနေသူတွေက ဘယ်အချိန်တုန်းက အထိကရုဏ်း ဖြစ်အောင် လုပ်ခဲ့ပါသလဲ။

၎။ ဥပဒေအရ ဖယ်ရှားရမယ် အရေးယူရမယ်ဆိုတိုင်း ... ခင်ဗျားတို့ကို ဥပဒေက ပြည်သူတွေအပေါ် အကြမ်းဖက်ခွင့် အခွင့်အရေး ပေးထားပြီးပြီလား။ ခင်ဗျားတို့က လက်နက်ရှိတိုင်း .. အလက်နက်မဲ့တွေကို ဥပဒေအရ ဆိုတဲ့ စကား တစ်လုံးလောက် သုံးပြီး လူတွေအပေါ် လုပ်ချင်တိုင်း လုပ်ခွင့်ရှိလား။ ဥပဒေအရ ဆန္ဒပြသူတွေကို ဖယ်ခိုင်းမယ်ဆိုရင်တောင် ...အခုလို ဗုံးတွေ သုံးစရာ လိုသလား။ အထိကရုဏ်း နှိမ်နှင်းရေး တပ်တွေ လိုအပ်လို့လား။ အခြားနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလား။

ဒီမေးခွန်းတွေ အရင်ဖြေကြည့်ပါဦး။

ကိုထိုက်

4 comments:

  1. ရှေ့က ဖုန်းနောက်ကပေါ်...

    ReplyDelete
  2. ဒီ တသက် ဗမာဖြစ်ရတာ ရှက်တဗျို့ ၊ လူးကြီးတွေ ညာသမျှ လူငယ်တွေ ခံခဲ့ရတာ မနည်းတော့ဘူး။
    ဘ၀ဆက်တိုင်း အစိုးရ အယုတ်တမာ၊ ကလိန်ကညစ် အုပ်ချုပ်သူ၊ အောက်တန်းစား ဖေါ်လံဖါးအရာရှိ တွေနဲ့
    မတွေ့ ဆုံရပါစေကြောင်း ဆုတောင်းနေမိတယ်ဗျာ။ ဆင်ကောင်ကြီး မြင်နေတာကို ဆိတ်ပါလို့ ပြောနေကြတာ ၀တ်ခဲ့ဘူးတဲ့
    ပုခုံးပေါ်က အပွင့်တွေနဲ့ ယူနီဖေါင်း စစ်ဝတ်စုံကိုလည်း အားနာပါအုံးဗျာ။
    တရုတ်စီးပွားရေးကို ကာကွယ်ဘို့ထက် ဘာမှ မစဉ်းစားကြတော့တာက အမျိုးသား သစ္စာဖေါက်တွေမိုလို့။

    ReplyDelete
  3. ဟေ့ကောင်အောင်မင်းတရုတ်ကြောက်လို့ထွက်တဲ့ရှူရှူးဒို့ပြည်သူတွေစိုကုန်မယ်မင်းဒီလောက်ကြောက်နေရရင်မင်းနှမတွေကိုပေးထားလိုက်ကွာကျေးဇူးဆပ်ရာလည်းရောက်တာပေါ့ကွာ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.