Saturday, December 1, 2012

0 လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ဒေသဖွံဖြိုးရေးလုပ်ဆောင်ပေးခြင်း မရှိသောကြောင့် ကြံ့/ဖွံ့ပါတီဆားလင်းကြီး လွှတ်တော်အမတ် အားပြစ်တင်ဝေဖန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၂/ပဇတ(နိုင်)၀၀၉၁၄၈
မဲဆန္ဒနယ်
ဆားလင်းကြီး

ယမန်နေ့ အာရုံဦးပိုင်းတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှအကြမ်း ဖက်နှိမ် နှင်းမှုတွင်ပါဝင်ပက်သက်မှု ရှိနေကြောင်းနှင့် ဒေသဖွံဖြိုးရေး များအား လာရာက်လုပ်ကိုင်ခြင်းမရှိသောကြောင့်ဆားလင်းကြီး မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အားဒေသခံများ က ပြစ်တင် ဝေဖန် လိုက်သည်။

ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်သည် အကြမ်းဖက်နှိမ်နင်း ရန် ၅ နာရီ အလိုခန့်တွင် သပိတ် စခန်းများအား လာရောက်၍ ဒုတိယ အကြိမ်အသိပေးခြင်းနှင့်လာရောက်အကူအညီပေးခြင်းဖြစ်ကြောင်းပြောကြားသွားခဲ့ပြီးနောက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒို့ဆားလင်းကြီးမြို့နယ်ကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးသန်းမြင့်အနေနဲ့ လွှတ်တော် အမတ် ဖြစ်သွားတဲ့ နေ့ကစပြီးဆားလင်းကြီးမြို့ နယ်ကို တစ်ခါတစ်ခေါက်မှာ လာရောက်ခြင်း မရှိပါဘူး၊ သူကူညီပေး တယ်ဆိုတာ သူ့စကားပေါ့လေ ၊အစ်မတို့ဒေသခံတွေအနေနဲ့က သူကူညီပေးတယ်ဆိုတဲ့စကားပြောလို့ သာကြားရတယ်၊ဘာတစ်ခုမှသူ့ အကူအညီကိုမရခဲ့တာတော့အမှန်ပါဘဲ” ဟုပင်မသပိတ်စခန်းတွင်အကြမ်း ဖက်နှိမ်နင်းစဉ်
သပိတ်စခန်းတွင်ပါဝင်ခဲ့သူ မဆန်းနွဲ့က ပြောကြားသည်။

၎င်းကပင်“ဒီလက်ပံတောင်းတောင်ကိစ္စကိုကူညီဖြေရှင်းခြင်းလဲမလုပ်ခဲ့ပါဘူး၊ကိုယ့်ဒေသကိုယ့်နယ်မြေမှာဘာတွေဖြစ်နေသလဲဘာတွေလုပ်ပေးသင့် သလဲ၊ဘာတွေဆောင်ရွက်ပေးသင့်သလဲ၊သူလွှတ်တော်အမတ်ဖြစ်စဉ်ကတည်းက လာရောက် ဆွေးနွေးခြင်းမျိုး မလုပ်ခဲ့ပါဘူး ၂၈ ရက်နေ့ည ၁၀ နာရီ တစ်ခေါက်ဘဲ လာရောက် ခဲ့ပါတယ်၊မနက်လင်းရင်တော့အဖြေသိမှာ ပါလို့ ပြောသွားပါတယ်” ဟုထပ်မံပြောကြားသည်။

အဆိုပါကိစ္စနှင့် ဆက်လျဉ်း၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်း ရန်အတွက် ပင်မသပိတ်စခန်းတွင် ပါဝင်ခဲ့သော ဒေါ်အေးဆိုသူက “မနက်လာမယ်ဆိုပြီးမလာခဲ့ပါဘူး၊ သူကူညီပေးမယ်ဆိုပြီးဘာမှလဲအကူအ ညီမရပါဘူး၊အန်တီတို့မှာမျက်ရည်တွေထွက်ပြီး၊ရေပါတ်တွေတိုက်၊ ထွက် ပြေးခဲ့ရတယ်၊ ဘာမှမမြင်ရဘဲနဲ့ထွက်ပြေးခဲ့ရပါတယ် ၊မျက်ရည် ယိုဗုံးတွေ ၊မီးလောင်ဗုံးတွေပစ်ခွဲပြီး နောက်လဲမရောက်လာပါဘူး ခုထဲလဲရောက် မလာခဲ့ပါဘူး၊” ဟုပြောကြားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ၄င်းတို့၏လွှတ်တော် ကိုယ်စားလှယ်ဆက်စပ်မှုရှိ နိုင်ကြောင်းကို“သူရောက် လာတဲ့၂၈ ရက်နေ့ ည ၁၀ နာရီနဲ့မနက်သုံးနာရီမှာ အကြမ်းဖက်ခံရတာတွေ ဆက်စပ်မှုရှိတယ် လို့ထင်ပါတယ်၊ ကူညီမယ်ဆိုပြီး သူပြောခဲ့တယ် ၊ဒါပေမယ့်ရောက်မလာ တဲ့အတွက် သူ့ကိုမသင်္ကာစရာတွေဖြစ်လာပါတယ်” ဟုစွပ်စွဲပြောကြားသည်။

“ဒီတောကလူတွေကိုကူညီချင်လို့လာတာပါ၊ဒီကလူတွေဒုက္ခရောက်မှာစိုးလို့ ဒုတိယအကြိမ် အသိပေးတာပါ၊ မနက်လည်းလာအုံးပါမယ်လို့ပြောသွားပါ တယ်၊ဒုတိယအကြိမ်လာ အသိပေးတာဆိုပေမယ့် ပထမအကြိမ်လာအသိ မပေးဘူးပါဘူး၊ဘာမှပြန်မပြောခဲ့ပါဘူး၊သူပြောတာဘဲနားထောင်ခဲ့တယ်။အဲဒီဦးသန်းမြင့်ကို ဒေသခံအကုန်လုံးကဖြုတ်ချချင်တာဘဲရှိပါတယ်၊ဖြုတ်ချဖို့လဲ ကြိုးစားပါမယ်။ပုလဲနယ်ကဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင် ကကူညီပြီး သူကဘာမှ မကူညီခဲ့တဲ့အတွက်ဖြုတ်ချချင်တာပါ၊ သူကလာပြောတဲ့အခါ မှာတာင် ဒေါနဲ့မာန်နဲ့ လာပြောခဲ့ပါတယ်” ဟု တောကျောင်းကျေးရွာနေ မဖြိုးဆိုသူက ပြောကြားသည်။

ရန်နိုင် (မြန်မာ့ခောတ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.