Thursday, November 15, 2012
0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဂန္ဒီ နဲ့ နေရူး တို့ ရဲ့ ဂူဗီမာန်ကို သွားရောက်ဂါရ၀ပြု (ရုပ်-သံ)
0 မပြီးသေးသော မြန်မာ့ ဒီမိုကရေစီအရေးအား အိန္ဒိယပြည်သူများ ဆက်ကူရန် ဒေါ်စုပြော
India နိုင်ငံရဲ့ နိုင်ငံရေး ပဲ့ကိုင်ရှင်ကြီး ဆိုနီရာ ဂန္ဒီနဲ့အတူ နေရူးမိန့်ခွန်းပွဲ မှာ
ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တုန်းက ရေးသားထုတ်ဝေခဲ့တဲ့ Burma and India ဆိုတဲ့စာအုပ်ကို ဒီနေ့ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်ပါတယ်။ နေရူးမိန့်ခွန်းဟောပွဲမှာ ပွဲဦးထွက် မိတ်ဆက်တင်ပြသွား။ နယူးဒေလီ (မဇ္ဈိမ)။ ။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
“အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။
ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့ နေရူးအထိမ်းအမှတ်အဖွဲ့နှင့် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီရာဂန္ဓီ၊ ကွန်ရက်ပါတီ အတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့ အပါအဝင် အစိုးရဝန်ကြီးများ အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်တွင် ဂျဝါဟာလာ နေရူးနှင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ ဆက်စပ်နေ မှု၊ ဒေါ်အောင်ဆန်းစုကြည် ၁၆ နှစ်သမီးအရွယ်က နေရူးအား နယူးဒေလီဘူတာရုံတွင် ပထမဆုံး တွေ့ဆုံခဲ့ပုံ တို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။
ထို့ပြင် နေရူး၏ ဇနီး ကမလာ မမာမကျန်းဖြစ်နေစဉ်က နေရူးမှာ အင်္ဂလိပ် ကိုလိုနီသမားတို့၏ အကျဉ်းထောင်တွင်း ကျရောက်နေရပြီး ခေတ္တလာတွေ့စဉ် ဇနီးကပင် ၎င်းအား ပြန်လည်အားပေးကာ လွတ်လပ်ရေးတိုက်ပွဲအား ဆက်စေခဲ့ခြင်းကို ပြောပြသွားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်တွင် ကျခံနေရစဉ် ခင်ပွန်း မိုက်ကယ်အဲရစ် ကင်ဆာဝေဒနာ ခံစားခဲ့ရခြင်းနှင့် နှိုင်းချင့် ကိုယ်ချင့်ကာ စဉ်းစားဖွယ်ဖြစ်သည်။
ထို့ပြင် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးခဲ့သူ အိန္ဒိယနိုင်ငံသားများလည်း တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံသား ၁ဝဝ ကျော်လည်း လာရောက်နားထောင်ခွင့်ရခဲ့။
Photo..ခွန်ဒီးယမ် Facebook
Wednesday, November 14, 2012
0 ဂန္ဒီအထိမ်းအမှတ် ဂူဗိမ္မာန်၌ တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ)
0
တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား-
ဘာသာပြန်-မျိုးသန့်
တရုပ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား။။။
တရုပ်နိုင်ငံကို နောင်တက်လာမည့်
မဟာအင်အားကြီးနိုင်ငံတခုအဖြစ် ကမ္ဘာ့မီဒီယာတွေကပြောဆိုနေကြတယ်။
တရုပ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှေ့အကျဆုံးသော ယဉ်ကျေးမှုပေါ်ထွန်းလာခဲ့သည့်
နိုင်ငံတွေအနက်က တခုဖြစ်ပါတယ်။ လူဦးရေက အဆမတန် များပြားနေပြီး၊
ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနေတယ်။
တရုပ်နိုင်ငံအကြောင်းကို မီဒီယာတွေကပြောဆိုနေဒါတွေနဲ့
ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်ပါက လုံးဝ မတူညီ ကြီးမားစွာ
ကွာခြားနေဒါကို တွေ့ရှိရမှာဖြစ်တယ်။
တရုပ်နိုင်ငံ၏ အား ဟာ စီးပွားရေုးုဖြစ်တယ်လို့
လူအများကထင်နေကြတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးလျင် တရုပ်စီးပွားရေးဟာ
ဒုတိယလိုက်နေဒါကိုတွေ့ရှိရမှာဖြစ်တယ်။ ဒါပေမယ့် တရုပ်နိုင်ငံ၏
အမျိုးသားတစ်ဦးချင်းဝင်ငွေဟာ ဂျပန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုတို့ နဲ့
နှိုင်းယှဉ်လိုက်လျင် (၁၀) ဆကျော်လောက် လျော့နည်းနေဒါကို
တွေ့ရှိရမှာဖြစ်ပြီး၊ လူနေမှု့ အဆင့်အတန်းကို ကြည့်လိုက်လျင် နိုင်ငံ၏ (၈၅) ရာခိုင်းနှုန်းရှိသော ပြည်သူတွေ၏ လူနေမှု့ အဆင့်အတန်းက
များစွာ နိမ့်ကျစွာ နေထိုင်နေရတုန်းပါပဲ။ ဒီအချက်က အာဖရိကရှိ
နိုင်ငံတွေနဲ့ လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏
ထက်ဝက်ကျော်မှာ ကျေးလက်ဒေသတွေမှာ နေနေကြရတုန်းဖြစ်တယ်။ အများစုက
အခြေခံကျသော လိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိမှု၊
ကျမ္မာရေးစောင့်ရှောက်မှု (သို့မဟုတ်) အခြေခံပညာသင်ကြားနိုင်မှုများ
မရှိကြပါဘူး။
မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀) မှ (၂၀၃၀) အတွင်းကို တွက်ဆကြည့် ပါက နှစ်စဉ် (၁) ရာခိုင်နှုန်းလောက်ပဲ တိုးတက်နေတယ်။ ဒီနှုန်းဖြင့် ဆက်သွားပါက တရုပ်နိုင်ငံအနေဖြင့် နောက်ထပ် ဆယ်စုနှစ်ပေါင်း အနည်းဆုံး (၃) ခုလောက်ကြာသည့်အခါမှ့
နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ
အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်း နိမ့်ကျမှုတွေက
နိုင်ငံ၏ စီးပွားရေးကို များစွာ သက်ရောက်စေပါတယ်။ အကြောင်းက
ပြည်တွင်းစားသုံးမှုနှုန်းက သိပ်ကို ကျဆင်းနေသောကြောင့် ပြည်ပသို့
ကုန်များတင်ပို့နိုင်ရေးကိုသာ အားထားနေရတယ်။ ပြည်ပသို့ တင်ပို့သည့်
စီးပွားရေးလုပ်ငန်းများအပေါ်မှာသာ မှီခိုနေရသော အချက်က တရုပ်နိုင်ငံအတွက်
အဓိကအချက်တရပ်ဖြစ်၍ လာတယ်။
အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့
ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့်
ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးကို
0 ကွန်ပျူတာ ကိုင် ပြီး အင်တာနက် အသုံး ပြု တယ် ဆိုတာ နဲ့  ကြိုက် တဲ့ ပုဒ်မ နဲ့  အရေးယူ လို့  ရတဲ့ဆက်သွယ်ရေး ဥပဒေ
အင်တာနက်သုံးစွဲသူတွေ ၊ သတင်းအချက်အလက် ဆောင်ရွက်သူတွေ ကို ဥပဒေ ထဲမှာ ပို့သူရော အပြင် လက်ခံသူကို "မမှန်ကန်သော သတင်းအချက်အလက် လက်ခံခြင်း" ဆိုရင် ၃နှစ်ကနေ ၅နစ် လို့ အရေးယူမယ် ပြောတာ လူကြီးမင်းတို့ ထုတ်တဲ့ ဥပဒေ ဆိုတော့ ပြန်လည် မေးကြည့်ချင်တာ လေး ရှိပါတယ်။ (ပြည်သူ အထိပ်တလန့်ဖြစ်မှာ ၊အကျိုး နစ်နာမှာ ကို ရှေးရှုတယ်လို့ ပြောမှာ ကို လက်ခံပါတယ်) အဲတာကြောင့် မေးချင်တာပါ။
မည်သည့် မြန်နှုန်း ဆိုလျှင် အသုံးပြုခ မည်မျှ ကျသင့်သည်လို့အင်တာနက် အသုံးပြုရာမှာ သတ်မှတ်ထားပါတယ်။ ပိုက်ဆံ တစ်ပြား မှ မလျှော့ပဲ မြန်နှုန်းးတွေ သတ်မှတ်ထားသည့် အတိုင်း မရှိတာ မရတာ တွေဟာ သုံးစွဲသူတွေ အပေါ်က ဂတိမတည်ပဲ ငွေကြေး ကို လိမ်လည်ရယူတာ ဖြစ်တဲ့ အတွက် မည်သူက အရေးယူပေးပါမည် လည်း သိချင်ပါတယ်။
နလပိန်းတုန်း စကားနဲ့ လူကြီးမင်း တို့ကို နမူနာ ပေးရရင် ဈေးထဲ မှာ ကြက်သား တစ်ပိဿာ လေးထောင်ကျပ် ဆိုပြီး ရောင်းတဲ့ အခါ လေးထောင်ပေးတဲ့ သူကို ၂၅ကျပ်သား ပဲ ထည့် ပေးရင် လက်ခံပါသလား။ (အလေးခိုးတယ် ဆိုပြီး အရေးယူပါတယ်)။
ယခုလဲ သုံးစွဲသူများထံမှ မြန်နှုန်းများ ခိုးယူနေပါတယ်။ ဘယ်လောက်နှေးနှေး၊ လျော့ကျကျ တစ်ပြားမှ မလျှော့ပါဘူး ။
တန်ဘိုး သတ်မှတ်ထားတဲ့ မြန်နှုန်းတွေ တန်ဘိုးနှင့်အညီ (ပြုပြင်ချိန်နှင့်သဘာဝဘေးမှ အပ) ကြေငြာထားသည့် အတိုင်း စံနှုန်းပြည့် ဆောင်ရွက်ပေးပါဦးလို့ တိုက်တွန်းအပ်ပါတယ်။
ဖြစ်ပါတယ်လို့ ပြောပြီး မဖြစ်တာလည်း လိမ်တာပါ ။
မဖြစ်တာကို ဖြစ်ပါတယ် ပြောတာလဲ လိမ်တာပါ။
အဲတော့ သတင်းမမှန်ကန်တဲ့သူ နဲ့ ဒီမြန်နှုန်းကဒီကြေး ဆိုတဲ့ (၂)ခုလုံး က တူတူပါပဲ ... ထပ်ပြောရရင် ....
ဖြစ်ပါတယ်လို့ ပြောပြီး မဖြစ်တာလည်း လိမ်တာပါ ။
မဖြစ်တာကို ဖြစ်ပါတယ် ပြောတာလဲ လိမ်တာပါ။
လေးစားလျက်-
ကိုဝိုင်ဝိုင်ကေ
၀၉ ၄၀ ၂၅၅ ၄၀ ၁၅
0 အာရှအပေါ် အမေရိကန်၏ အာရုံပြုမှုအတွက် အိုဘားမား ပဲ့ကိုင်
US Campaign for Burma မှ အောင်ဒင်ကမူ Obama အား မြန်မာနိုင်ငံသို့ မသွားရန် တိုက်တွန်းခဲ့သည်။ ၎င်းက မြန်မာနိုင်ငံလွှတ်တော်တွင် စစ်တပ်က အကြီးအမှူးဖြစ်ဆဲ ဖြစ်ပြီး၊ Obama ၏ သွားရောက်လည်ပတ်မှုက ဤအချက်ကို ပိုမိုအားကောင်း စေမည်ဟု ပြောခဲ့သည်။(11 November 2012 ရက်စွဲပါ The Australian မှ Shaun Tandon ရေးသားသော Obama steers US towards focus on Asia ကို ဘာသာပြန်သည်)
အမေရိကန်သမ္မတBarackObamaသည် အင်္ဂါနေ့ ရွေးကောက်ပွဲပြီးကတည်း က နိုင်ငံခြားခရီးစဉ် အဖြစ် မြန်မာနိုင်ငံမှ ပြုပြင် ပြောင်းလဲမှုများကိုအားပေးရန် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်ကို စီစဉ်လျက်ရှိသည်။ ၎င်း၏ ပထမဆုံးလွှတ်ခဲ့သောအဖွဲ့သည် အဓိကအောင်မြင်မှု ရခဲ့သည်ဟု ရှုမြင်ခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကာကွယ်ရေးဝန်ကြီး Leon Panetta တို့သည်လည်း ယခုလ အာရှသို့ သွားကြမည့် ဖြစ်သည်။ အားလုံးက အချိန်ကိုက်ဖြစ်နေပြီး၊ အိုဘားမားသည် ကမ္ဘောဒီးယားတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတက်မည်ဖြစ်ရာ၊ ပညာရှင်များက အားကောင်းသော လက္ခဏာဟု ရှုမြင်ကြသည်။
“ထပြီး လုပ်လိုက်တာဟာ စကားလုံးတွေထက် အသံပိုကျယ်ကျယ်ထွက်ပါတယ်။ အခုခရီးစဉ်ဟာ Obama ရဲ့ ဒုတိယသက်တမ်းမှာ အာရှအပေါ်မှာ ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားတယ်ဆိုတာ အကျယ်ကြီး အော်ပြောလိုက်သလိုပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနမှ Ernie Bower က ပြောသည်။ ယခုခရီးစဉ်သည် ဗီယက်နမ်စစ်ပြီးကတည်းက အမေရိကန်သမ္မတတစ်ဦးအနေဖြင့် အရှေ့တောင်အာရှသို့ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
Obama သည် သူ၏ကလေးဘဝအချိန်အချို့ အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် ၎င်းတက်လာစဉ်က အရှေ့တောင်အာရှကို ပို၍ အလေးပေးရန်ကတိပြုခဲ့သည်။ ယခင်သမ္မတ George W Bush လက်ထက်က အီရတ်နှင့် အာဖကန်နစ္စတန်တွင်သာ စစ်ပွဲဆင်နွှဲနေခဲ့ပြီး စွမ်းအားအပြည့်ရှိပြီး အမေရိကန်နှင့် အလွမ်းသင့်သော အာရှဒေသကို လစ်လျှူရှူထားခဲ့သည်။
“ဒါပေမယ့် ဆီးရီးယားအရေးကိစ္စမျိုးကတော့ ဝေးဝေးမနေပါဘူး။ အမေရိကန်ဟာ ၂၀၁၄ မှာ စစ်ပွဲဆင်နွှဲခြင်းပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အာဖကန်က တပ်တွေ ရုတ်သိမ်းတော့မှာပါ။ ဒါဟာ အစိုးရရဲ့ ဒုတိယ သက်တမ်း အစီအစဉ်မှာ အာရှဟာ နေရာရလာမယ်လို့ အဓိပ္ပါယ်ကောက်ယူသင့်ပါတယ်” ဟု Centre for American Progress မှ အကြီးတန်းဖဲလိုး Nina Hachigian က ပြောကြားခဲ့သည်။
Obama သည် အစပိုင်းတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အာရုံပြုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ဆုံးဖြတ်ချက်မှာ အရှေ့တောင်အာရှဒေသတွင် အမေရိကန်စစ်တပ်၏ကဏ္ဍကို မြှင့်တင်ရန်ပြင်ဆင်ခဲ့သည်။ အမေရိကန်၏ မဟာမိတ်ဂျပန်ကလည်း Beijing သည် နယ်မြေအငြင်းပွားမှုများတွင် ပိုမိုရန်လိုလာကြောင်း စွပ်စွဲခဲ့သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲသည် တရုတ်၏ ဆယ်စုနှစ်တစ်ခုတွင် တစ်ခါသာ ပြုလုပ်သော ခေါင်းဆောင်ပိုင်းပြောင်းလဲမှု မစတင်မှီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဟူကျင်တောင်နေရာကို ဆက်ခံရန်ရှိသည့် Xi Jinping သည် Obama အစိုးရနှင့် အဆင့်မြင့်ပုဂ္ဂိုလ်အဆင့် အစည်းအဝေးများစွာ တွေ့ဆုံပြီး ဖြစ်၍ ရင်းနှီးသူ ဖြစ်သည်။
တရုတ်သည် Obama ၏ ရီပက်ဗလစ်ကင်ပြိုင်ဘက် Mitt Romney ကို ဝေဖန်ခဲ့သည်။ Romney က လက်ရှိ သမ္မတသည် လူ့အခွင့်အရေးကိစ္စများ၊ Beijing ၏ ငွေကြေးတန်ဖိုးနည်းနေမှုအပါအဝင် ကုန်သွယ်ရေး လုပ်နည်းလုပ်ဟန်များ ၌ ပျော့ပြောင်းလွန်းကြောင်း စွပ်စွဲခဲ့သည်။
Obama အနိုင်ရပြီးနောက် တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက အမေရိကန်အစိုးရအား တရုတ်အပေါ်ထားရှိသော မူဝါဒအား ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။ ၎င်းက အကြမ်းဖက်ဝါဒ၊ ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးရုတ်တရက် ပြောင်းလဲမှုတို့ကဲ့သို့သော တူညီသော စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
သို့သော် ရှေးရိုးဆန်သော Heritage Foundation ၏ အာရှလေ့လာရေးဗဟိုမှ ဒါရိုက်တာ Walter Lohman က ပြောကြားရာတွင် အမေရိကန် ရွေးကောက်ပွဲနှင့် တရုတ်နိုင်ငံ၏ ခေါင်းဆောင်အပြောင်းအလဲသည် ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှစ်နိုင်ငံကြား ဆက်ဆံရေး ဒိုင်းနမစ်မှာ ပြောင်းမသွားနိုင်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံတွင် အမျိုးသားရေးဝါဒကြီးထွားလာခြင်း၊ စစ်တပ်ကြီးထွားလာခြင်းနှင့် နယ်မြေတောင်းဆိုမှုများတွင် ပို၍ရန်လိုလာခြင်းတို့ကို အမေရိကန်တို့ ရင်ဆိုင်နေရကြောင်း Lohman က ပြောသည်။
“လူကြိုက်များအောင် မဲဆွယ်နေတာမဟုတ်ပါဘူး”ဟု Lohman က အမေရိကန်က တရုတ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရမှု အကြောင်းကို ပြောသည်။
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့အရင်က ကောင်းခဲ့တဲ့ နေ့ရက်တွေကို ပြန်ရောက်မယ်လို့ အဓိပ္ပါယ်မကောက်သင့်ပါဘူး။ ကျွန်တော်ထင်တယ် တရုတ်နဲ့ ကြမ်းတမ်းတဲ့ လမ်းကိုရေရှည်လျှောက်ရမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။
မေးခွန်းထုတ်ရမယ့်အချက်မှာ Obama ၏ နောက်ထပ်သက်တမ်းသည် အာရှမူဝါဒအပေါ် အဘယ်သို့သော သက်ရောက်မှုများရှိမည်ဆိုသည့် အချက်ဖြစ်သည်။ ကလင်တန်သည် အာရှကိုဦးစားပေးအဖြစ် သတ်မှတ်ထားသည်။ သို့သော် သူကလည်း သူ၏ စွမ်းအားပြည့်တက်ကြွသော ထိပ်တန်းအာရှ သံတမန် Kurt Campbell နှင့်အတူ အနားယူရန် စီစဉ်နေသည်။
Obama သည် မြန်မာနိုင်ငံခရီးစဉ်တွင် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံရန် စီစဉ်ထားရာ လွန်ခဲ့သည့်လေးနှစ် ၎င်းအိမ်ဖြူတော်သို့ ရောက်ခါစက ထိုကိစ္စကို စဉ်းစားမိမည် မဟုတ်ပေ။
ဝါရှင်တန်မှ တာဝန်ရှိသူများကမူ မြန်မာနိုင်ငံကို Obama ၏ မူဝါဒအောင်မြင်မှုတစ်ခုအဖြစ် ညွှန်ပြကြသည်။ ၎င်း၏ မိန့်ခွန်းတွင် ပြောခဲ့ရာ တိုးတက်မှုရရန် အမေရိကန်၏ ရန်သူများအပေါ် လက်ကမ်းမည်ဖြစ်ကြောင်းဆိုခဲ့သည်။ ရီပက်ဗလင်ကင်များကမူ Obama သည် အီရန်နှင့် ဆီးရီးယားကို စကားပြောရန် ကြိုးစားခဲ့ခြင်းကို ဝေဖန်ခဲ့သည်။
US Campaign for Burma မှ အောင်ဒင်ကမူ Obama အား မြန်မာနိုင်ငံသို့ မသွားရန် တိုက်တွန်းခဲ့သည်။ ၎င်းက မြန်မာနိုင်ငံလွှတ်တော်တွင် စစ်တပ်က အကြီးအမှူးဖြစ်ဆဲ ဖြစ်ပြီး၊ Obama ၏ သွားရောက်လည်ပတ်မှုက ဤအချက်ကို ပိုမိုအားကောင်း စေမည်ဟု ပြောခဲ့သည်။
Lohman ကမူ အာရှတွင် အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်ထိုင်းနိုင်ငံသို့ Obama သွားရောက်ရန် ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။ Bush သည် ထိုင်းနိုင်ငံသို့ နှစ်ကြိမ်သွားရောက်ခဲ့ရာ တစ်ကြိမ်မှာ ဒေသတွင်း ထိပ်သီး အစည်းအဝေးတက်ရန် ဖြစ်ပြီး ၂၀၀၈ ခုနှစ်ခရီးစဉ်မှာ မြန်မာနိုင်ငံနှင့် Beijing အိုလံပစ်ကိစ္စ ဖြစ်သည်။ သမ္မတ Bill Cliton သည် 1996 တွင် ထိုင်းနိုင်ငံ သို့သွားရောက်ခဲ့သည်။
"အိုဘားမားအနေနဲ့ အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံကို မသွားဘဲ ထိုင်းနဲ့ဆက်ဆံရေး မပြေပြစ်တဲ့ ကမ္ဘောဒီးယားကို သွားရောက်မယ့် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်"ဟု Lohman က ပြောသည်။
Yangon chronicle
0 ဒီမိုကရေစီနိုင်ငံတော်နှင့် လူထုခံစားမှု (အောင်မိုးဝင်း)
၂၀၁၂ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီရွေးကောက်ပွဲမှာလည်း၊ နိုင်ငံတကာဆက်ဆံရေုးကို ပြန်လည်တည့်မတ်ချင်တဲ့၊ လူလတ်တန်းစားတွေရဲ့ ရှင်သန်မှုကို ပိုမိုမြင့်တင်ချင်တဲ့ ဒီမိုကရက်တစ်ပါတီကပဲ အနိုင်ရခဲ့ပြန်ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေကို ကြည့်ပြီး အမေရိကန်ပြည်သူတွေ ထင်မြင်ယူဆခဲ့ကြတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အဲ့ဒီ ခေါင်းဆောင်တွေအပေါ်မှာ အကဲဖြတ်လေ့လာလေ့ရှိတဲ့ သူတို့ရဲ့နိုင်ငံရေးအတွေးအခေါ်တွေက ဘယ်လိုဖြစ်နိုင်ပါသလဲ။
ဒီမိုကရက်တစ်နိုင်ငံတခုကို တည်ဆောက်တဲ့အခါမှာ လူမှုတရားမျှတရေး ဆိုတဲ့အချက်ကို မဖြစ်မနေစဉ်းစားရမဲ့ အချက်တခုဖြစ်တယ်။လူမှုတရားမျှတရေးကိုဘယ်လိုအစီအစဉ်နဲ့ဖေါ်ဆောင်ကြမှာလဲဆိုတဲ့အချက်ကလည်း ခေါင်းဆောင်အသီးသီးကို အဓိကမေးခွန်းထုတ်တဲ့အရာတခုဖြစ်တယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ အရွေးချယ်ခံမယ့်သမ္မတအသီးသီးဟာ သူတို့ရဲ့ ပြည်တွင်းရေးရာမူဝါဒတွေကို ပြည်သူတွေရှေ့မှာ
0 နိုင်ငံကျော်ကာတွန်းဇာတ်ကောင် မြိုင်ရာဇာတွတ်ပီက သူကံမကောင်းသေးကြောင်းပြောကြား
သို့သော် ကာတွန်း ထဲကအတိုင်း ယနေ့အထိ တွက်ပီ ကံမကောင်းသေးကြောင်း ၎င်း ကိုယ်တိုင်ဖွင့်ဟ ပြောကြားသည်။ မြိုင်ရာဇာတွက်ပီသည်တိုင်း ပြည်အတွက် သက်စွန့်ဆံဖျား စစ်တိုက်ခဲ့သော စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကာ တိုက်ပွဲတွင် ရရှိခဲ့ သော ဒဏ်ရာများကြောင့် စစ် တပ်မှ ထွက်ပြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ၌ နေထိုင်လျက် လယ်ယာလုပ်ကိုင် နေခဲ့ရာ ၎င်းယာမြေများအား သိမ်းဆည်းခံရသဖြင့် မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီး ညောင်ပင် မှတ်တိုင် မိုင်တိုင်အမှတ် (၆/၇) အနီးတွင် မြိုင်ရာဇာ တွက်ပီ အမည်ဖြင့် လိုင်စင်ရ ထန်းရည် ဆိုင် ဖွင့်လှစ်ရောင်းချ အသက် မွေးလျက်ရှိသည်။ သူ၏ ဘ၀ အတွေ့အကြုံများကို အခြေခံ၍ ဆရာဆွေမင်း (ဓနုဖြူ)က မြိုင်ရာ ဇာတွက်ပီကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ မြိုင်ရာဇာတွက်ပီ၏
0 လုပ်ငန်းတစ်ဝက် ပြီးမြောက်မှုကြောင့် ပြုပြင်ရေးသမားများကို ချီးမြှောက်မည့် အိုဘားမား၏ မြန်မာခရီး
မြန်မာနိုင်ငံသို့ ဘားရက်အိုဘားမားသွားရန် စီစဉ်နေသော ခရီးသည် မြန်မာအုပ်ချုပ်သူများအား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ဝက် ပြီးမြောက်ခြင်းအတွက် ချီးမြှောက်ရန် စွန့်စားလိုက်ခြင်းပင် ဖြစ်သည်။ ယခုခရီးစဉ်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို မျှမျှတတ အသိအမှတ်ပြုခြင်း ဖြစ်ပြီး၊ အာရှသို့ ရွေ့လာသော အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကမဟာမိတ်တစ်ဦးကို မွေးမြူတော့မည် ဖြစ်သည်။ သို့သော်လည်း တရုတ်ခေါင်းဆောင်သစ်များအား မုချမသွေ ရန်လိုလာစေမည် ဖြစ်သည့်အပြင်၊ ခက်ခဲသော အပြောင်းအလဲများ ပြုလုပ်ရန်လိုအပ်နေဆဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု လျော့သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ အိုဘားမားသည် မြန်မာရောက် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာကာ အနည်းငယ် စုတ်ပြဲနေသော ကော်ဇောနီခင်းကြိုဆိုမှုကို မြင်တွေ့ရဖွယ် ရှိသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က နေပြည်တော်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာလည်ပြီး နောက်ပိုင်း ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့သည်လည်း ထိုလမ်းအတိုင်း ရောက်လာခဲ့ကြသည်။
အိုဘားမား၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ အထီးကျန်နေထိုင်မှုကို အဆုံးသတ်ပေးသည့် သမိုင်းဝင်အပြောင်းအလဲ နှင့် အံကိုက်ပင် ဖြစ်သည်။ မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ
0 တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို Miss တန်ဆောင်တိုင်မယ်ရွေးပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပမည်
NLD အမှတ်တံဆိပ် နှင့် တွေ့မြင်ရသည့် ယခုနှစ်တန်ဆောင်တိုင်ညမီးကြီး ပြိုင်ပွဲ ၀င် မည့် မီးပုံးပျံ ၊မှိုင်းဖြူခံနေသည်ကို တွေ့ရစဉ်..
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
တောင်ကြီးမြို့၏တန်ဆောင်တိုင်ပွဲတော်အားနိုဝင်ဘာ ၂၁ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့ထိ ၊ကျောင်းကြီး စုရပ်၊ အနောက်မြို့ပတ်လမ်းရှိ၊ အဝေရာမီးပုံးပျံ ကွင်း တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်
ကြောင်း ပွဲကျင်းပရေးကော်မတီဝင် များ ၏ တွေ့ဆုံဆွေးနွေးပွဲက သိရသည်။
တန်ဆောင်တိုင်ပွဲတော်တွင် ယခင်နှစ်များက ထည့်သွင်းကျင်း ပခြင်းမရှိဖူးသော Miss တန်ဆောင်တိုင် မယ်ရွေးပွဲအား ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း ယင်းအတွက် လည်း ဆက်သွယ်ထားသည့်ကုမဏ္ဍီများ ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ၀င်တစ်ဦးက ပြောသည်။
ထို့ပြင် တန်ဆောင်တိုင်မီးပုံးပျံ ဓာတ်ပုံပြိုင်ပွဲ မသိုးသင်္ကန်း ရက်ပြိုင်ပွဲ၊ ခြင်းလုံး ခတ်ပြိုင်ပွဲ၊မီးပဒေသာလည့် လည် ပူဇော်ပွဲ၊မြို့လုံးကျွတ် ကထိန်အစရှိသည့် အစီစဉ်များစွာပါဝင်မည် ဖြစ်ကြောင်း ယင်းကပြောသည်။
မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ်၊ညမီးကြီး၊စိန်နားပန်အစရှိသဖြင့် ပါဝင်ပြီး ဆုကြေးများကိုလည်းအမျိုး အစားလိုက်ထိုက်တန် စွာချီးမြင့်ပေး မည် ဖြစ်ကြောင်း မီးပုံးပျံ ဒိုင်အဖွဲ့ ၀င်တစ်ဦးက ပြောသည်။
မီးပုံးပျံပြိုင်ပွဲ ကွင်းအတွင်း လောင်းကစား ၀ိုင်းများကို ခွင့်ပြုပေးမည် မဟုတ်ကြောင်း၊ မီးပုံးပျံကွင်းဖွင့်ပွဲ အခမ်းအနားအားလည်း စည်ကားစွာ မီးရှုး မီးပန်းများပစ်ဖောက်ကာဖွင့်လစ်မည်ဖြစ်ကြောင်းပွဲကျင်းပရေးေ က်ာမတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
photo from john chit nyein
0 ၂၅ နှစ်အကြာ အိန္ဒိယမြေသို့ အလည်အပတ် ရောက်လာပြန်သော ဒေါ်အောင်ဆန်းစုကြည်
ဖြစ်သည်။
အိန္ဒိယနိုင်ငံ တာဝန်ရှိသူများနှင့် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Mr Ranjan Mathai ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့သည်။
မြန်မာ့အတိုက်အခံ မိသားစုများက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လှိုက်လှဲစွာ ကြိုဆိုပါသည် ဆိုသည့် စာတမ်းပါ ပိုစတာများ ကိုင်ဆောင်ကာ ကြိုဆိုကြသည်။
လေဆိပ်တွင် စောင့်ဆိုင်းနေသော မဇ္ဈိမ မြန်မာပိုင်း အယ်ဒီတာ ကိုပေါက်က “လွန်ခဲ့တဲ့ ၃ မိနစ်ကပဲ လေဆိပ်ကို
ရောက်တယ်။ အခု Hotel palace ကိုထွက်သွားကြပြီ၊ အင်္ကျီအပြာ၊ ထမီ အပြာ ဝမ်း ဆက်၊ ဆင်စွယ်ရောင် ကုတ်အကျီ င်္ဝတ်ထားတယ်။ လာရောက်ကြိုဆိုသူများက အမေစု ကျန်းမာပါစေ လို့ အော် ကြတော့ အမေစုက လက်ပြသွားတယ်၊ ပြုံးပြနှုတ်ဆက်တယ်။ Very very important လေဆိပ် အပေါက် ကနေ ထွက်လာလာချင်း ကားပေါ်ကိုတန်းဝင်သွားတယ်။ မာစီးဒီးကား အနက်ရောင်၊ သတင်းထောက်တွေ ကမေးခွန်းတွေ ဝိုင်းမေးကြ တယ်။ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ထုံးစံ မြန်မာထုံးစံ ယဉ်ကျေးမှု