
ပုံ။ ဒီနေ့ ရန်ကုန်က လမ်းပေါ်မှာ ကိုအောင်စိုး(၇န်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်) ကို သေနတ်ထောက် ကားပေါ်ဆွဲတင်ဖမ်းတယ်(Photo..Bo Bo htoon)
သူတို့လက်ပံတောင်းတောင်ကို ရောက်ရှိတဲ့ အချိန်မှာ တရုတ်လိုရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကိုတွေ့ရလို့ ဖတ်တတ်တဲ့သူတွေကို မေးကြည့်တဲ့အခါမှာ `တရုတ်အမျိုးသားပိုင်နယ်မြေ´ လို့ ရေးသားထားခြင်း ဖြစ်ကြောင်း အချုပ်အခြာကို ထိပါးစော်ကားလာနေပြီဖြစ်ကြောင်းပြောဆိုသွားပါတယ်။အခုတော့ ကိုအောင်စိုး အဖမ်းခံလိုက်ရပါပြီ
အခု ခင်ဗျားတို့ ဖမ်းချင်နေတဲ့ လူတွေအားလုံးကို စာရင်းလုပ် ...ဖမ်းရမယ့် အကြောင်းအရင်းနဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် တာဝန်အရဖမ်းမယ်ဆိုတာကိုဖမ်းဝရမ်း(အစစ်) ပြပြီး အေးအေးဆေးဆေး သာပြောသူတို့က သိက္ခာရှိရှိ ဥပဒေအရ ရင်ဆိုင် အဖမ်းခံလိမ့်မယ်။ (ဥပဒေအတိုင်း ဖြစ်ပလေ့စေပေါ့ဗျာ။)
ဘာလို့လဲဆိုတော့ .. အဲဒီ လူတွေက အများအတွက် သိက္ခာကို ရင်းပြီး အနစ်နာခံပြီး အလုပ်လုပ်နေကြတာ။ သိက္ခာကို တန်ဖိုးထားတယ်။
ဥပဒေကို တန်ဖိုးထားတယ်။ တရားဥပဒေအတွက် တိုက်ပွဲဝင်နေကြတာ။ တရားဥပဒေမဲ့မှုနဲ့ ခင်ဗျားတို့ကို
တုန့်ပြန်မှာ မဟုတ်ဘူး။
ပြည်သူကို လေးလေးစားစား ဆက်ဆံပါ။ ရာဇဝတ်မှု ကျူးလွန်တဲ့ ရာဇဝတ်သားတွေကိုတောင် လူသားပီပီသသ လေးလေးစားစား ဆက်ဆံရတာ။ ဒီလူတွေက ရာဇဝတ် သမားတွေ မဟုတ်ဘူး။ ခင်ဗျားတို့ အကျိုးအတွက်ပါ ပါဝင်တဲ့ တိုက်ပွဲတွေ ကို ဝင်နေကြတာ။
ဒါ့ကြောင့် လေးလေးစားစား ဆက်ဆံဖို့လိုတယ်။လူရိုင်းတွေရဲ့ အပြုအမူနဲ့ အကြမ်းဖက်ပြီးဖမ်းမယ်ဆိုရင် ....
အဲဒီ အပြုအမူကြောင့် လူမုန်း ပိုများတာပဲ အဖတ်တင်လိမ့်မယ်။
နိုင်ငံကြီးသား ပီသပါ။ ဥပဒေ ဘက်တော်သား ဝန်ထမ်းကောင်း ပီသပါ။ တရားဥပဒေကို လိုက်နာပါ။ ပြည်သူကို လေးစား တန်ဖိုးထားပါ။
အဲဒီ စံတွေ၊ တန်ဖိုးတွေအတိုင်းသာ လိုက်နာ ... ပြည်သူတွေက ဥပဒေ လိုက်နာဖို့ အသင့်ပဲ။
ဒါကြောင့် ခင်ဗျားတို့ ပြည်သူကို အကြမ်းဖက်ပြီး ဖမ်းစရာ မလိုဘူး။
(ကိုထိုက်)

သတင်းအကျဉ်းချုပ် ...
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြတောင်းဆိုသူ သံဃာတော်များအပေါ် အာဏာပိုင်များမှ ဓါတုလက်နက်များ အသုံးပြု၍ အကြမ်းဖက်နှိမ်နှင်းလိုက် ခြင်းမှာ မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပါ မပေါ်ပေါက်ခဲ့ဘူးသော အကြမ်းဖက်မှုမျိုး ဖြစ်ကြောင်း ပညာရှင်များက တညီတညွတ်တည်း ကောက်ချက်ချပြောကြားလိုက်သည်။
အဆိုပါ သုံးသပ်ပြောကြားချက်ကို ဒီဇင်ဘာလ ၂ရက်နေ့က တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်၏ လက်ပံတောင်းတောင် အကြမ်းဖက်မှု စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ မီးလောင်ဗုံးလို့ခေါ်တဲ့ ဒီလို ဓါတုလက်နက်ကို သပိတ်ဖြိုခွဲတဲ့နေရာမှာ သုံးတယ်ဆိုတာ ကမ္ဘာမှာ ကျနော်တို့နိုင်ငံက ပထမဆုံးပါပဲ “ ဟု ဓါတုဗေဒပညာရှင် စာရေးဆရာဒေါက်တာခင်မောင်ညို က ယင်း

သတင်းအကျဉ်းချုပ် ...
(25 Nov 2012 ရက်စွဲပါ Associated Press မှ Christopher Bodeen ရေးသားသော “ China’s role in Southeast Asia questioned ကိုဘာသာပြန်ဆိုသည်)
တရုတ်နိုင်ငံအတွက် တစ်ချိန်က ချစ်ကြည်ရင်းနှီးခဲ့သော အရှေ့တောင်အာရှသည် အဆင်မပြေသော အချိန်ရောက်နေပြီ ဖြစ်ပါသည်။ အငြင်းပွားနေသောကျွန်းများနှင့် ပတ်သက်၍ တရုတ်အပေါ်စိတ်ဆိုးမှုများ၊ တစ်ချိန်က စိတ်ချရသော မဟာမိတ်မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ လမ်းကြောင်းလျှောက်နေမှုများ၊ ဒေသတွင်း အမေရိကန်၏စိတ်ဝင်စားမှု အသစ်တစ်ဖန် ဖြစ်လာမှုများရှိနေပါသည်။
Beijing အတွက်အခြေအနေများ ပြောင်းနေပြီဆိုသည်ကို ပြီးခဲ့သည့်အပတ်က ကမ္ဘောဒီးယားတွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများ တွေ့ဆုံမှုကို ရှုမြင်ခြင်းဖြင့် သိနိုင်ပါသည်။ မကြာမီ ရာထူးမှ ဖယ်ပေးရတော့မည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပျော့ပြောင်းသည့် အသွင်ရှိ သော်လည်း တောင်တရုတ်ပင်လယ်ကျွန်းများကိစ္စတွင် ပြတ်ပြတ်သားသားတင်ပြလာမှုများကို ကြုံတွေ့လာရပါသည်။ ကမ္ဘောဒီးယားက အဆိုပါ အငြင်း ပွားမှုတွင် အမေရိကန်ကို ရည်ညွှန်းသော အခြားနိုင်ငံတစ်ခုခေါ်သွင်း မလာရန်အကြံပြုမှုကို ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ဗီယက်နမ်တို့က စိတ်ဆိုးစွာ တုန့်ပြန် ခဲ့ကြပါသည်။
တစ်ချိန်တည်းမှပင် Barack Obama သည်မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်သောအမေရိကန် သမ္မတတစ်ဦးအဖြစ် မိမိကိုယ်ကို ယုံကြည် မှုရှိသော ဖော်ရွေသော အမေရိကန်အဖြစ်ပြသခဲ့ပြီး တင်းမာမှုများ လျှော့ချရန်ပြောဆိုခဲ့သည်။
Beijing သည်၎င်း၏ပါဝါကြီးထွားလာရေးအတွက်ရုန်းကန်လျှက်ရှိပါသည်။ သို့သော် အမေရိကန်ကလည်း ဒေသတွင်းတွင် တရုတ်လွှမ်းမိုးမှုရှိနေခြင်းအား ငြင်းဆန်ခဲ့ပြီး အခြားတိုင်းပြည်များ

သတင်းအကျဉ်းချုပ် ...
ယနေ့ ညနေ (၅း၁၅)မိနစ် အချိန်တွင် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်သူ (၂)ဦးဖြစ်ကြသော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရားအနီး ရွှေဂုံတိုင် ဗံဒါပင်မှတ်တိုင်တွင် ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖမ်းဆီးခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ပြောကြားသည်။
“ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီးသက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင်ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့
ခြင်း ဖြစ်သည်။
“ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး
ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”ဟု လည်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုခဲ့ရာ ဆန္ဒပြသူများဘက်မှ “အမေစုကို ယုံတယ် ခင်ဗျားတို့ကို မယုံတာ”ဟု ပြန်လည်ပြောကြားပြီး ရဲနှင့် ဆန္ဒပြသူများ နှစ်ဖက်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။
မြန်မာ့ခေတ်

သတင်းအကျဉ်းချုပ် ...
ယမန်နေ့က အာဏာပိုင်များ၏ တောင်းပန်ခြင်းခံခဲ့ရသောသံဃာတော်ကြီးများသည်၎င်းတို့အနေဖြင့် အကျိုးအကြောင်းမသိရဘဲ ပင့်ဖိတ်ခံရခြင်းဖြစ်ပြီး အဆိုပါ ကစ္စနှင့်ဆက်လျဉ်း၍ သံဃာတော်များအကြား လှုပ်ခတ်မှုများရှိနေ
ကြောင်း ပဇ္ဇောတာရုံကျောင်းတိုက်ထံမှသိရသည်။
မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ပက်သက်၍အာဏာပိုင်များက သံဃာတော်ကြီးများကို ပင့်ဖိတ်၍တောင်းပန်ခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စနှင့် ပက်သက်၍သံဃာတော်ကြီးများအနေဖြင့် ပင့်ဖိတ်သည့်အကြောင်းအရင်းများ ကို ပြောကြား၍ ပင့်ဖိတ်ခဲ့ခြင်းမဟုတ်ကြောင်းကို ပဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် နီးစပ်သူတစ်ဦး
ကဆိုသည်။
"ဒီအကြောင်းကိုသိရင်လိုက်မသွားဘူး၊သြ၀ါဒခံယူပွဲမှာလည်း ၀ိနည်းလွတ်အောင်မနည်းပြောခဲ့ရတယ်၊ ဒီကိစ္စနဲ့ပါတ်သက်လို့အတော်စိတ်မကောင်းဖြစ်ရတယ်" ဟု ပဇ္ဇောတာရုံကျောင်းတိုက်မှ လက်ထောက်ဆရာတော်ကြီး ဦးဇောတိပါလ ကမိန့်ကြားခဲ့ကြောင်း အဆိုပါနီးစပ်သူကပြောသည်။၊
"ဒါတွေနဲ့ပက်သက်လို့လိုက်သွားမိတဲ့ ဆရာတော်တွေ စိတ်မကောင်းဖြစ်နေတယ်၊ဘာမှမပြောဘဲနဲ့ပင့်ဖိတ်သွားတာ၊ အင်တာနက်မှာလှူဒါန်းတဲ့ပုံတွေကြောင့်လည်းသံဃာတော်တွေကြားထဲမှာ လှုပ်ခက်မှုဖြစ်နေတယ်" ဟု

သတင်းအကျဉ်းချုပ် ...
ကြေးနီတောင် စီမံကိန်း ရပ်တန့်ရေးတွင် အကြမ်းဖက်နှိမ်နင်းခဲ့သည့် အတွက် မန္တလေးမြို့ရှိ သံဃာအင်အား (၂၀၀)ကျော် ဒီမိုကရေစီသံချပ်များတိုင်ပြီး (2-12-2012) နေ့လည် (၁း၀၀)အချိန် ဘုရားကြီး အရှေ့မုဓ်မှ ၃၈ လမ်း ၃၈လမ်းမှ ၇၈လမ်းမှ တောင်သို့ ထိုမှတဆင့် ဘုရားကြီးသို့ပြန်ဝင်ပြီး အေးချမ်းစွာဆန္ဒထုတ်ဖေါ် ကြကြောင်း။
မန္တလေးမြို့ရှိ သံဃာအင်အား (၂၀၀)ကျော် ရွတ်ဆိုကြသော ဒီမိုကရေစီ သံချပ်
(သတင်းဓါတ်ပုံ - ချစ်ကို) ,မန်းရတနာပုံ, မြန်မာ့ခောတ်

သတင်းအကျဉ်းချုပ် ...
ဦးပိုင်အစ
၁။ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ
ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်
(The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ်
အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့်
ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း
တပ်မတော်ကတည်ထောင်ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။
ဦးပိုင်စနစ်
၂။ "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော
လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင် သည့်
လက်ဝါးကြီးအုပ်စနစ်ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည်
အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင် ဆိုင်သော
ကုမ္ပဏီများနှင့်ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို
ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက်လုပ်ကိုင်သောကုမ္ပဏီများမှာမူ
ဤအခွင့်ထူးကို မခံစားရချေ။
ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော
လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့်
ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင်
အစုရှယ် ယာဝင်များက ဒါရိုက်တာရွေးချယ်ခွင့်မည်သို့ရှိကြောင်း ရှင်းအောင်
မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။
ရည်ရွယ်ချက်
၃။ တရားဝင်ဖော်ပြထားသော ရည်ရွယ်ချက် (၄) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) တပ်မတော်သားများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ခ) စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီးသားသမီးများ သက်သာချောင်ချိရေး။
(ဂ) ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(ဃ) နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။
အမှန်တွင်မူ ဦးပိုင်လီမိတက်ကို န၀တ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့်
ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှ
ချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ်
ရေး စသည်တို့ အလိုလိုပါဝင်ပြီးဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘ၀ကို
အသေခံပဲစားဘ၀မှ မြှင့်တင် မည့်ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။
ချုပ်ပြောရလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ်
မိသားစုများ၏ ရာသက်ပန်အကျိုးစီးပွားအတွက်
တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့်

သတင်းအကျဉ်းချုပ် ...
တန်ဆောင်တိုင်လပြည့်နေ့ညမှာဆိုရင်တော့ ဆေးပေါင်းခတဲ့ညဆိုပေမဲ့ သွေးပေါင်းခတဲ့ ည ဖြစ်သွားတဲ့အတွက် အင်မတန်မှ ၀မ်းလည်း နည်းတယ်။
ဒီလိုလက်နက်မျိုး၊ နောင် မသုံးစေချင်ဘူး၊ မီးသတ်ပိုက်နဲ့ ထိုးထားလို့ရွှဲရွှဲစိုနေတဲ့ စောင်ကိုတောင် တချက်ထဲနဲ့ လောင်သွားတဲ့ အဆင့်ဆိုတော့ ဘယ်လောက် ပြင်းထန်တယ် ဆိုတာကို ခန့်မှန်းလို့ရပါတယ်။
မီးလောင်တဲ့ တတိယအဆင့် ဒါဏ်ရာ.. ကြွက်သားတွေပါ လောင်သွားတဲ့ အဆင့်ဆိုတော့ ကြားထဲမှာ ရောဂါပိုးတခုခု ၀င်လာမှာကို အရမ်း စိုးရိမ်မိပါတယ်။
ေ သြ း ေ ပ ါ င်း ခ တဲ့ ....... ည
_____________________________
-----တွေးမိတိုင်း
-----တွေးတိုင်းရယ် ရင်မှာနာ
-----ရိုင်းခဲ့ပါပေါ့ ရွှေမြန်မာတွေ
-----နေတစ်ရာ ပမာညီမျှခြင်းသို့
-----လပြည့်ဝန်း တန်ဆောင်တိုင်မှာ
-----မြိုင်ဆိုင်ခဲ့တာ နက္ခတ် မဟုတ်တဲ့
-----လက်နက် ... သံတွေ။
-----မိုးထက်ညံ ယမ်းမှုန်တွေနဲ့
-----မျက်ရည်ယို ဗုံးတွေ ဆိုတာကြောင့်
-----ဘုန်းဘုရားတွေ သွေးမြေခ
-----သင်္ကန်းတော်တွေ ချွေးတွေခပါလို့
-----တန်ဆောင်တိုင် ဒီဆောင်းတစ်ညတော့
-----မယ်ဇလီရယ် ဆေးပေါင်း မခနိုင်အောင်
-----သွေးချောင်း ... ကျပြီ။
-----ကမ္ဘာမှာ မြန်မာ
-----ဘာသာမှာ ဗုဒ္ဓရယ်လို့
-----လက်မကြီးတွေက တထောင်ထောင်
-----ဘယ်ခွေးဟောင်ဟောင် ဘယ်ကောင်ကိုက်ကိုက်
-----လက်ကိုပိုက် ခေါင်းမော့ပြုံးခဲ့လဲ
-----ငါးခုံးမ တစ်ကောင်ရှုပ်တာကြောင့်
-----ပုတ်တော့မယ့် ... လှေ။
-----သံကို ဖျက်တာ သံချေးပေးမို့
-----မြေမြိုလို့ လူမျိုး မပျောက်
-----လူမျိုလို့ လူမျိုးပျောက်တော့မယ်
-----သောက်ရှက်မဲ့ မြန်မာတွေရယ်
-----မျက်နာကို မပြရဲလောက်အောင်
-----တောက်..ခတ်ကာ မျက်ရည် ဝိုင်းမိတယ်
-----တွေးတိုင်း ... ရင်နာ။
-----လွန်လေပြီဗျာ
-----ကျွံလေသည့် ဤခြေထောက်
-----ဲကြမ်းပြင်ပေါ် ပြန်ရောက်ချင် ရောက်မယ်
-----ကြမ်းပေါက်အရာ ကျန်ခဲ့သမျှတော့
-----နှမ်းတစ်ထောက်စာ ဖြစ်လင့်ကစား
-----အမှန်လွန် အမှားတွေ ရယ်ကြောင့်
-----သွားပြီ ... မြန်မာ။
-----ကွဲပြန်ပြီပေါ့ နွားတစ်ရာ
-----ကျားအလာသာ စောင့်နေကြပေတော့
-----ကပ်ဆိုက်တဲ့ မြန်မာတွေရယ်
-----ဘယ်ဘထွေး အဖေခေါ်လို့
-----ဘယ်ခေတ်ကိုနော် ချီတက်ဦးမလဲ
-----အိမ်ကြက်တွေ အိုးမဲသုတ်နေသရွေ့တော့
-----မြုပ်ဦးမယ့် ... လှေ။
နွေဦးမောင်မောင် ( မြန်မာပြည်တစ်ဝှမ်း အေးချမ်းပါစေ )

သတင်းအကျဉ်းချုပ် ...
Photo..Aung nay myo
၁.၁၂.၂၀၁၂ ရက်နေ့၊ နေ့လည် (၂း၃၀) တွင် မုံရွာမြို့၊ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်းထွန်းဓမ္မဗိမာန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သံဃာတော်များ၏ သြ၀ါဒ ခံယူပွဲတစ်ရပ်ဟုဆိုကာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
ထိုပွဲကို စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယုမှ သံဃာတော်များကို လျှောက်ထားရာတွင် မိမိတို့ ရဲတပ်ဖွဲ့အနေဖြင့် သပိ
တ် မဖြိုခင် ကြိုတင်သတိပေးပြီးသည့်နောက် ၂၇ နာရီအထိ အချိန်ကို ပိုပေးပြီး စောင့်ဆိုင်းခဲ့ကြောင်း၊ ဆန္ဒပြသည့် တောင်သူလယ်သမားများသည် သံဃာတော်များ၏ အရိပ်ကို ခိုကာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် မဖြစ်မနေ ဖြိုခွင်းရကြောင်း၊ မဖြိုခွင်းခင် ၀န်ကြီးဦးအောင်မင်းကိုယ်တိုင် နိုင်ငံတော်၏ လုပ်ငန်းရပ်ဆိုင်းရပါက နစ်နာဆုံးရှုံးရမည့် ငွေပမာဏကို အသိပေး ဖျောင်းဖျခဲ့ပြီး ဖြစ်ကြောင်း၊ မလိုက်နာဘဲနှင့် ဆက်လက်၍ ဆန္ဒပြမှု ပြုလုပ်ခဲ့သဖြင့် ယခုကဲ့သို့ အဖြစ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ထိုပွဲသို့ မုံရွာမြို့ရှိ မဟာဇောတိကရာမကျောင်းတိုက်မှ ပင့်ဖိတ်ထားသော သံဃာတော် (၃) ပါးမှာ လုံးဝ ကြွရောက်ခဲ့ခြင်း မရှိပါ။ မုံရွာမြို့မှ ကျောင်းတိုက်များဖြစ်သော အရှေ့လေးထပ်ကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်၊ ၀ိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ဓမ္မပါရဂူကျောင်းတိုက်၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ အာသောကရုံကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက်၊ ရွှေသိမ်တော်ကျောင်းတိုက်၊ ဘုရားလှကျောင်းတိုက်၊ ဥက္ကံတောရကျောင်းတိုက်တို့မှ ဆရာတော်များသာ တက်ရောက်ခဲ့ကြပါသည်။
ဒီပွဲကို တက်ရောက်သတင်းယူခဲ့သော DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်က မေးမြန်းခဲ့သည့်အပေါ် စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယုမှထိုကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားစရာမရှိကြောင်း ပြောဆိုပါသည်။ ဖြေကြားခွင့်မရှိတာလား/မဖြေကြားချင်တာလားဟု ဆက် မေးမြန်းရာ ဖြေစရာကို မရှိတာပါဟု ပြောသွားခဲ့ပါသည်။
ိသတင်း..Dvb

သတင်းအကျဉ်းချုပ် ...
တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခတဲ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်းအား ဖြိုခွဲနှိမ်နင်းမှုတွင် လယ်တီဆရာတော်ကြီး၏ သမိုင်းဝင်သိမ်တော်ကြီးအား ကာကွယ်စောင့် ရှောက်ခဲ့သော ဘုရား၏သားတော် ရဟန်းသံဃာတော်များအနက် ထိခိုက်ဒဏ်ရာရရှိ မီးလောင်ကျွမ်းခဲ့ သော သံဃာတော်များအား လိုအပ်သောဆေးဝါးများ ကူညီထောက်ပံ့နိုင်ရန်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ဦးဆောင်သောအဖွဲ့သည် ၃ဝ.၁၁.၂ဝ၁၂ ရက်နေ့ တွင်ထွက်ခွာခဲ့ရာ မန္တလေးမြို့သို့ နံနက် (၉း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။
ကြိုတင်ရောက်ရှိနေသော နာရေးကူညီမှု အသင်း(ရန်ကုန်) အဖွဲ့သားများနှင့် ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ မိုးမေတ္တာ ပရဟိတ လူငယ် သွေးလှူအဖွဲ့တို့သည် လေဆိပ်သို့လာရောက် ကြိုဆိုခဲ့ကြပြီး မုံရွာမြို့သို့ ထွက်ခွာခဲ့ရာ နေ့လည် (၁၁းဝဝ) နာရီအချိန်တွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ကြသည်။ မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေကြသော ရဟန်း သံဃာတော်များအတွက် ဆေးဝါးများလှူဒါန်းနိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များအား မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် သွားရောက်၍ အားပေးစကားပြောကြားပြီး သံဃာတော်တစ်ပါးလျှင်

သတင်းအကျဉ်းချုပ် ...