Saturday, October 10, 2009

0 သမ္မတ အိုဘားမား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ


မနေ့ကညနေပိုင်းမှာ သတင်းလောက တခုလုံးကို တုန်လှုပ်သွားစေတဲ့ သတင်းကတော့ အမေရိကန် သမတ အိုဘာမား (Barak Obama) က ဒီနှစ် ၂၀ဝ၉ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးရှရှိသွားတယ်ဆိုတဲ့ သတင်းပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုကို သမ္မတအဖြစ်နဲ့ လုပ်ကိုင်နေရင်း အိုဘာမားအပါအဝင် ၃ ယောက်သာ ရဘူးပါတယ်။ ၁၉၀၆ ခုနှစ်က သီအိုဒို ရုစဗဲလ် (1906- Theodore Roosevelt)နဲ့ ၁၉၁၉ ဝူဒရို ဝိလ်ဆင် (1919- Thomas Woodrow Wilson) တို့ ၂ ယောက်သာ ရခဲ့ဘူးပါတယ်။ သမတ ဂျင်မီကာတာကတော့ သူအနားယူပြီးမှာ ၂၀ဝ၂ ခုနှစ်မှာ ရခဲ့တာပါ။
သမ္မတအဖြစ်နဲ့ လုပ်ကိုင်နေရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသွားသော(2009- Barack Obama),(1906- Theodore Roosevelt),(1919- Thomas Woodrow Wilson)

သမတ အိုဘာမားကို ဘာလို့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ချီးမြှင့်ရလဲ ဆိုရင် အချိန်တိုလေးအတွင်းမှာ ကမ္ဘာကြီးတခုလုံးကို လှုပ်ကိုင်သွားနိုင်အောင် လုပ်မှုနဲ့ သူနိုင်ငံသားတွေကို ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ ရနိုင်မဲ့ အနာဂါတ်လမ်းကို ပေးနိုင်မှု တို့ကြောင့်ပဲလို ဆိုပါတယ်။

တကယ်တော့ သမတ အိုဘားမားဟာ သူ သမတ ဖြစ်လာချိန်လေးအတွင်းမှာ ကမ္ဘာကြီးကို နျူကလီယားစစ်လက်နက်တွေ မရှိတဲ့ ကမ္ဘာကြီးဖြစ်ချင်လိုတဲ့ သူ့ရဲ့အမြင် သူ့ရဲ့လုပ်ရပ်တွေ၊ ၂၁ ရာစု ရဲ့ ခေတ်သစ် နိုင်ငံတကာ ဆက်ဆံရေး နိုင်ငံရေး ဖန်တီးမှုတွေ ကလည်း တစိတ်တပိုင်းပါပဲ။

ဒါအပြင် Globle warming အတွက် နိုင်ငံတကာပါဝင်လှုပ်ရှားမှုမှာ စူပါပါဝါ နိုင်ငံတနိုင်ငံအနေနဲ့ ပြန်လည်ဝင်ရောက်လာမှု၊ အီရတ်နိုင်ငံမှ ရှိတဲ့ အမေရိကန် စစ်တပ်တွေကို ပြန်လည်ရုတ်သိမ်းမှုတို့ကလည်း တစိတ်တပိုင်းပေါ့။ ဒါအပြင် နိုင်ငံရေး အနေနဲ့ အရေးပါတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေကို အိမ်ဖြုတော်ကို ခေါ်ဆောင်ပြီး ဆွေးနွေးစေခဲ့ပါတယ်။ တကယ်တော့ အဲဒီ ဒေသတွေမှာ ငြိမ်းချမ်းရေးတော့ မရသေးပါဘူး။ အခုလို သမတ အိုဘာမားကို နိုဘယ်ဆု ချီးမြှင်လိုက်ခြင်းဟာ နောက်ပိုင်း သူ့အတွက် ငြိမ်းချမ်းရေးအတွက် ပိုမို လုပ်ဆောင်နိုင်ဖို့ အားပေးအားမြှောက် ပြုလုပ်လိုက်ခြင်းတခုပါပဲ။

တကယ်တော့ လည်း ဒီနည်းလမ်းက အမှန်ပဲလေ။ ပြိးခဲ့တဲ့ သမတ ဘုရှ်ကာလအတွင်းမှာ စစ်ပွဲတွေ ရန်ဆောင်မှုတွေ ပဋိပက္ခတွေ နဲ့ ရန်သူတွေ များနေတဲ့ အမေရိက ဟာ သမတ အိုဘားမား တက်လာလာခြင်း လုပ်ဆောင်လိုက်တာကတော့ အီရန်နဲ့ စကားပြောမယ် ဆိုတဲ့ ရဲတင်းတဲ့ လုပ်ရပ်တခုပါပဲ။ ကမ္ဘာမှာ တင်းမာပါတယ်ဆိုတဲ့ အီရန်တို့လို နိုင်ငံတွေတောင် မင်းတင်းရင် ငါလည်းတင်းမယ်ဆိုတဲ့ စိတ်မမွေးပဲ စားပွဲပေါ်ကနေ အဖြေရှာဖို့ သူကြိုးစာတာပါ။

အဲဒီအထဲက တခုတည်းသော နောက်ထပ် အောင်မြင်မှု့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာတွေပါ ဆက်သွယ်တဲ့ လုပ်ငန်းတွေ၊ အကျဉ်းသားတွေ ကိုတောင် လွတ်ပေးတဲ့ အခြေအနေတွေက သမတဟောင်း ကလင်တန် လုပ်တယ်ပဲ ဆိုဆို သမတ အိုဘားမားရဲ့ လမ်းညွန်ချက်ကတော့ ရှိတာပဲပေါ့။

ဒါအပြင် အမေရိကကို အမြဲရန်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံကိုလည်း သံတမန်ရေးရာကိစ္စတွေပါ ဆွေးနွေးလာတဲ့ အထိ ဖြစ်လာတာလဲ သမတအိုဘားမားရဲ့ စွဲဆောင်မှု တခုပါပဲ။

ဒါပေမဲ့လည်း သမတ အိုဘားမားမှာ လုပ်ကိုင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ သူ့အနေနဲ့ အပေါ်က ပြောတဲ့ လုပ်ငန်းတွေမှာ အောင်မြင်ပြီးလားဆိုရင် မအောင်မြင်သေးပါဘူး။ ကြိုးစားနေဆဲ့ပါပဲ။ လှမ်းနေဆဲပါပဲ။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတကာဆက်ဆံရေး မူဝါဒတွေကို သိသိသာသာ ပြောင်းလဲသွားတာပါပဲ။

ဆက်လက်ပြီးတော့လည်း သမတအိုဘားမားအနေနဲ့ အာဖကန်နစ္စတန်မှာ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်ရအုန်းမှာပါ။ အကြမ်းဖက် သောင်းကျန်မှုတွေကိုလည်း သူဖြေရှင်းရအုန်းမှာပါ။ ထို့အတူပဲ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ပတ်သက်ပြီး အမေရိကန် အနေနဲ့ ဒီထက်ပိုပြီး ပါဝင် လုပ်ကိုင်ဆောင်ရွက်ရအုန်းမှာပါ။ နိုင်ငံတကာ ဆက်ဆံရေးတွေ မှာအောင်မြင်သလို ပြည်တွင်းမှာလည်း အဆိုးဝါးဆုံး စီးပွားရေး ချွတ်ခြုံကျမှုက လွတ်မြှောက်လာပြီဆိုပေမဲ့။ တိုးတက် အောင်မြင်တဲ့အထိ မရှိသေးပါဘူး။ ဘတ်ဂျက်လိုငွေ ပြမှုတွေ ကို နည်းနိုင်သမျှ နည်းအောင် လုပ်ကိုင်ရအုန်းမယ်။ အလုပ်လက်မဲ့ ပြသနာတွေ ကင်းအောင်လဲ လုပ်ရအုန်းမှာပါ။

ဘာတွေပဲ ပြောပြော ကမ္ဘာသမိုင်းမှာ ပထမဦးဆုံး လူမည်း သမတ အဖြစ် သမိုင်းဝင်ခဲ့တဲ့ သမတ အိုဘားမားဟာ အခုဆိုရင် တတိယမြှောက် အမေရိကန် သမတ အဖြစ် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရရှိသွားပါပြီ။

"ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာတလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန်နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။"

"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"

သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရခဲ့ကြသူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ သမ္မတက မနေ့တုန်းကပဲ မှတ်ချက်ပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ထိုအတူပဲ မြန်မာပြည်ကြီးမှာလည်း အဆင်ပြေ ချောမွေ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာအောင် သမတ အိုဘားမား လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်

မောင်ခြိမ့်
ကိုးကား; Yahoo News
The Sydney Morning Herald News
The Reuters News
Wikipedia

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.