Wednesday, October 7, 2009

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား Paris city hallမှာ ချိတ်ဆွဲဂုဏ်ပြု


အဖမ်းဆီးခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအားဒီကနေ့ ပြင်သစ်နိုင်ငံရှိ နံမည်ကျော်Paris city hallမှာ ချိတ်ဆွဲဂုဏ်ပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် တိတ်ဆိတ်သောတောင်းဆိုဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ရှည်လများ ခါးဆီးခံခဲ့ရသူ တယောက်ပါ။ စစ်အစိုးရရဲ့ တဖက်သတ် ဥပဒေမဲ့ ဖမ်းဆီးမှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ဆန္ဒ မရှိဘူးဆိုတာ စစ်အစိုးရဘက်က ပြသလိုက်တာပါ။ “

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.