Saturday, March 27, 2010

0 ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ လူသားချင်းဆိုင်ရာထောက်ပံ့မှုများလုံးဝရပ်ဆိုင်းဖို့ စဉ်းစားနေကြောင်းထုတ်ပြန်


ဒီနှစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ (၂၀၁၀)ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ချခံထားခြင်းခံရသော
ဒေါ်အောင်ဆန်းစုကြည် အား ပါဝင်ခွင့်မရအောင်ပြုလုပ်ထားခြင်းနှင့်ပတ်သတ်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okadaမှ မြန်မာနိုင်ငံအားလူသားချင်းဆိုင်ရာအထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာထောက်ပံ့ငွေများ
ရပ်ဆိုင်းဖို့စဉ်းစားနေတယ်လို့ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရမှ ဒီလ(၈)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကို ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေထဲမှာ
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရနိုင်တာဂျပန်အစိုးရမှထောက်ပြပြောဆိုနေပါတယ်။ ပါဝင်ခွင့်ရအောင် ပြန်လည်စဉ်းစားစေလိုကြောင်းပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkadaမှ(၂၆)ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်အောင်ဆန်းစုကြည်ဟာ (၂၀၁၀)ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာသိတဲ့အတွက် တော်တော်လေး
ဝမ်းနည်းကြောင်းပြောဆိုသွားခဲ့ပါတယ်။

အဲဒီနေ့မှာဘဲ ဂျပန်နိုင်ငံရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလှမင်းအား ၎င်းကိစ္စနှင့်ပတ်သတ်၍ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်မရှိလျှင် ဂျပန်အစိုးရမှ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာသံအမတ်ဦးလှမင်းကလည်း ဂျပန်နိုင်ငံက ထောက်ပံ့မှုဖြတ်တောက်ဖို့ စဉ်းစားနေတဲ့ကိစ္စကို နအဖစစ်အစိုးရကို အကြောင်းပြန်လိုက်မှာ ဖြစ်ကြောင်းပြောဆိုတယ်လို့ သိရပါတယ်။
သတင်း ။ ။ tbs news (japan)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.