Thursday, March 25, 2010

0 အဖွဲ့ချုပ်သတင်း ပြည်တွင်းမီဒီယာ ဖော်ပြခွင့်ရ

အံ့ဘုန်းမြတ် (ဒီဗီဘီ)
အချိန်အတော်ကြာအောင် ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့် မရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းတွေကို မတ်လ ၂၃ ရက်နေ့ထုတ် ENVOY JOURNAL (အန့်ဘွိုင်းဂျာနယ်) မျက်နှာဖုံးနဲ့ ရန်ကုန်တိုမ်းဂျာနယ်အတွင်း စာမျက်နှာတွေမှာ ဖော်ပြလာတာတွေ တွေ့ရပါတယ်။ ဖော်ပြတဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖအစိုးရ ရွေးကောက်ဝင်ရေး မ၀င်ရေးနဲ့ပတ်သက်ပြီး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်မယ်ဆိုတဲ့ အကြောင်းကို အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဓာတ်ပုံနဲ့တကွ ဖော်ပြလာတာ ဖြစ်ပါတယ်လို့ ပြည်တွင်းက သတင်းဂျာနယ်အယ်ဒီတာ တဦးက ခုလိုပြောပြပါတယ်။

“ဒီနေ့ထွက် အင်ဘွိုင်းမှာ အဖုံးကြီးတောင် အနီကြီးနဲ့ တကယ့်ကို အန်အယ်လ်ဒီ အရောင်ကြီးသိတယ်မဟုတ်လား အနီခံမှာအဖြူနဲ့ရေးထားတာ ၂၉ ရက် နေ့မှာ အဖွဲ့ချုပ်က အဆုံးအဖြတ်လုပ်မယ်ဆိုတဲ့ကိစ္စ အဲဒါကို သူတို့ထည့်ထားတယ်။ ဦးဥာဏ်ဝင်းပုံကို စာမျက်နှာသုံးမှာ သုံးထားတယ်။ ဒါက အခါတိုင်းထက် စာရင် ထူးခြားမှုပေါ့။ ဘာဖြစ်လို့လည်းဆိုရင် အခါတိုင်းဆိုရင် အဖွဲ့ချုပ်အကြောင်းကို ရေးလို့မရဘူး။ ဒါပေမဲ့ ဒီမှာပေးထားတယ်။ ဘယ်လိုကြောင့် လည်းတော့ မသိဘူး။”

ENVOY JOURNAL (အန့်ဘွီုင်းဂျာနယ်) ဟာ ရုပ်ရှင်ဒါရိုက်တာ ဇင်ယော်မောင်မောင် ထုတ်ဝေတဲ့ သတင်းဂျာနယ်တစောင်ဖြစ်ပြီး ရန်ကုန်တိုမ်းဂျာနယ်ကတော့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ နီးစပ်သူ ကိုကို (စက်မှုတက္ကသိုလ်) ထုတ်ဝေနေတဲ့ ဂျာနယ်တစောင်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အဖွဲ့ချုပ်ရုံးတွေ ပြန်လည်ဖွင့်လှစ်ရတဲ့ သတင်းတွေကိုတော့ သတင်းဂျာနယ်အတော်များများမှာ ဖော်ပြဖို့ စာပေစီစစ်ရေးကို တင်ပြခဲ့ ကြပေမယ့်လည်း ဖော်ပြခွင့် မရရှိခဲ့ပါဘူး။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.