Wednesday, November 3, 2010

0 အာဏာရူးမင်းရူးသန်းရွှေရဲ့ မင်းပဲကျင့်..ငါမကျင့်တဲ့မင်းကျင့်တရား

တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်သူတို့လိုက်နာကျင့်သုံးအပ်သည့် မင်းကျင့်တရား၁၀ပါးရှိပါတယ်

(၁)-ဒါန = စွန့်ကြဲ ပေးကမ်း ခြင်း

(၂)-သီလ = သီလ စောင့်တည်ခြင်း

(၃)-ပရိစာဂ= လခ ရိက္ခာ လုံလောက်အောင် ပေးခြင်း

(၄)-အဇ္ဇဝ= ဖြောင့်မတ် ရိုးသား စွာကျင့်ခြင်း

(၅)-မဒ္ဒဝ= စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ခြင်း

(၆)-တပ= ခြိုးခြံ ချွေတာခြင်း

(၇)-အကောမ= အမျက်ဒေါသ မထွက်အောင် စောင့်ဆည်းခြင်း

(၈)-အဝိဟိံ= မညှင်းဆဲ မနှိပ်စက်ခြင်း

(၉)-ခန္တီ= သီးခံ ခွင့်လွှတ်ခြင်း

(၁၀)-အဝိရောဓန= တိုင်းသူ ပြည်သား တို့ရဲ့ ဆန္ဒ ကို မဆန့်ကျင်ခြင်းတို့ဖြစ်ပါတယ်

ကဲ..ဒါဆိုလက်ရှိကျွန်တော်တို့ခေါင်းချောင်ကြီး..အဲ..ခေါင်းဆောင်ကြီးရဲ့အရည်အချင်းတွေနဲ့ဘယ်လောက်တောင်ကွဲလွဲ
အဲ..ကိုက်ညီမှုရှိသလဲဆိုတာဆင်ခြင်သုံးသပ်ကြည့်လိုက်တောအခါ...

(၁)-ဒါန=စွန့်ကြဲပေးကမ်းခြင်း...ကတော့ပက်စက်သလားမမေးနဲ့ဗျို့....
သူ့မိသားစုအသိုင်းအ၀ိုင်းတွေကြိီးပွားချမ်းသာနေကြတာကိုပဲကြည့်
ကျုပ်တို့ပြည်သူတွေကတော့ချွင်းချက်ပေါ့

(၂)-သီလ=သီလစောင့်တည်ခြင်း....သီလကတော့လုံခြုံမလုံခြုံတော့မသိဘူး.. ခုဆိုအ၀ီစိဆိုတဲ့တိုင်းပြည်ကြီးမှာကြိုပွိုင့်တောင်ရထားဘီဗျ

(၃)-ပရိစာဂ=လခရိက္ခာလုံလောက်အောင်ပေးခြင်း..ပေးပါ့ဗျာ..
သူတို့အကြီးအကဲတွေပိုလျှံနေတာသာကြည့်...
အဲ..အောက်ခြေ၀န်ထမ်းတွေကတော့ချွင်းချက်ပေါ့နော့

(၄)-အဇ္ဇဝ= ဖြောင့်မတ် ရိုးသား စွာကျင့်ခြင်း..ဖြောင့်မတ်ရိုးသားစွာကျင့်လားတော့မသိ..
သူတို့အစီစဉ်တွေ
ဖျက်မဲ့မောင့်ဆိုရင်တော့အရိုးအသားနာအောင်ကျင့်ပေးတော့တာပါပဲဗျာ

(၅)-မဒ္ဒဝ= စိတ်နှလုံး နူးညံ့သိမ်မွေ့အောင် ကျင့်ခြင်း...စိတ်နှလုံးကတော့နူးညံ့ပါ့ဗျာ..လမ်းပေါ်ကသသံဃာတော်တွေကို
ထောင်ထဲပြောင်းရွေ့သတင်းသုံးခိုင်းတာပဲကြည့်

(၆)-တပ=ခြိုးခြံချွေတာခြင်း..အင်း..ခြိုးခြံချွေတာပါတယ်ဗျာ.. မီးပေးတဲ့အချိန်တွေ.အင်တာနက်လိုင်းတွေဖြတ်တောက်ပီးတော့ကိုအဲ..သူတို့အိမ်တွေကတော့ချွင်းချက်ပေါ့

(၇)-အကောမ= အမျက်ဒေါသ မထွက်အောင် စောင့်ဆည်းခြင်း..
အမျက်ဒေါသထွက်မထွက်တော့သိဘူးဗျို့.

စိတ်ဆိုးရင်တော့သံဃာတွေဘာတွေနားမလည်ဘူး.အကုန်ဆွဲစိတာပဲ

(၈)-အဝိဟိံ= မညှင်းဆဲ မနှိပ်စက်ခြင်း..မညှင်းဆဲမနှိပ်စက်ပါဘူး..ဘုန်းကြီးခေါင်းရိုက်ခွဲရုံလောက်ပေါ့

(၉)-ခန္တီ= သီးခံ ခွင့်လွှတ်ခြင်း..ဘယ်လောက်သီးခံခွင့်လွှတ်သလဲဆိုရင်..
သူ့မြေးလေးကြိုက်သလိုထင်ရာစိုင်းနေတာသာကြည့်တော့


(၁၀)-အဝိရောဓန=တိုင်းသူပြည်သားတို့ရဲ့ဆန္ဒကို မဆန့်ကျင်ခြင်း..ဟဲ..ဟဲ..ဟဲ.ဒါကတော့အထွေအထူးပြောနေစရာမလိုတော့ပါဘူးဗျာ

အားလုံးအသိပါပဲ 
ဖိုးသကြား

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.