Friday, November 5, 2010

0 ရွေးကောက်ပွဲ အကြိုကာလယုတ်မာမှုများ

ကြံ့ဖွံ့ပါတီကို ရပ်ကွက် ကော်မရှင် ကူညီ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ကြံ့ဖွံ့ပါတီ၏ အတင်းအဓမ္မ ကြိုတင်မဲ ကောက်ခံမှုများနှင့် ရပ်ကွက် ကော်မရှင်ကပါ ကြံ့ဖွံ့ပါတီကို ကူညီနေခြင်းများအား ကျားဖြူပါတီက ကသာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာတင်မည်ဟု ယင်းမြို့နယ်မှ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးကျော်ညွန့်က ပြောသည်။

မဲရုံစောင့်မည့် ဆရာများ ကြိုတင်မဲပေးရ

ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ တာဝန်ကျမည့် ဆရာ၊ ဆရာမများအားလုံး နိုဝင်ဘာ ၅ ရက်နေ့တွင် ကြိုတင်မဲပေးရန် ပညာရေးမှူးရုံးများက ညွှန်ကြားထားကြောင်း သိရသည်။ ကျောင်းအုပ်များက မိမိကျောင်းမှ မဲရုံစောင့်တာဝန်ကျ ဆရာ၊ ဆရာမ စာရင်းကို ပြုစု၍ တင်ပြရမည်ဖြစ်ပြီး အဆိုပါ စာရင်းသည် ကြံ့ဖွံ့ထောက်ခံမဲ ဖြစ်သွားကာ တဦးချင်း၏ ဆန္ဒများကို ကောက်ခံတော့မည် မဟုတ်ကြောင်း၊ တနိုင်ငံ လုံးတွင် မဲရုံစောင့်မည့် ပညာရေးဝန်ထမ်း ၂ သိန်းကျော် ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး တဦးကပြောသည်။


မဲမပေးရေး စာရွက်များ ကြံ့ဖွံ့သိမ်းယူ

ဘိုကလေးမြို့နယ် NLD က ဖြန့်သော မဲမပေးဘဲ နေထိုင်ခွင့်ရှိသည် ဆိုသည့် စာရွက်များကို ကြံ့ဖွံ့ပါတီဝင်များ က လိုက်လံသိမ်းဆည်းပြီး ခြိမ်းခြောက်နေသည်ဟု သတင်းရရှိသည်။ NLD က ဝေသွားသည့် စာရွက်များကို ကြံ့ဖွံ့က နောက်ကလိုက်သိမ်းကြောင်း၊ ဓာတ်ပုံများရိုက်ယူ ကြောင်း၊ စာရွက်ယူသူများကိုလည်းဒုက္ခရောက်မည် ဆိုကာ ခြိမ်းခြောက်ကြောင်း ဘိုကလေး NLD ဥက္ကဋ္ဌက ပြောသည်။ ယင်းမဲမပေးရေး စာရွက်များ ဖြန့်ဝေမှုကို NLD က ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်

တောင်ဥက္ကလာ ကြိုတင်မဲပေးသူများ လျှို့ဝှက်ခန်းတွင် ပေးခွင့်မရ

တောင်ဥက္ကပမြို့နယ်တွင် ကြိုတင်မဲ သွားပေးကြ သူများသည် လျှို့ဝှက်ခန်းတွင် မဲပေးခွင့် မရကြောင်း သိရသည်။ တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိမိပေးလိုသည့် ကြိုတင်မဲကို သွားတင်ရကြောင်း၊ လျှို့ဝှက်ခန်း မဟုတ်သည့်အတွက် ကြိုတင်မဲပေးသူများမှာ ထိတ်လန့်နေကြပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ကြံ့ဖွံ့ပါတီကို မဲပေးရန် ပုံစံတမျိုးဖြင့် ခြိမ်းခြောက်ခြင်းသာ ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။


ရခိုင် ဒေသတချို့၌ အဓမ္မ ကြိုတင်မဲ ကောက်

ရခိုင်ပြည်နယ် ဒေသတချို့တွင် အဓမ္မ ကြိုတင်မဲ ကောက်ယူမှုများ ရှိနေကြောင်း သိရသည်။ ဖိအားပေးနည်းနှင့် ကြိုတင်မဲ ကောက်ယူကြောင်း၊ ရယက စာရေးများက အိမ်အထိ ကြိုတင်မဲလာယူပြီး ကြံ့ဖွံ့ကို မဲထည့်ရမည်ဟုပြောကြောင်း၊ ထို မဲကို ချိပ်မပိတ်ဘဲ ယူသွားကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ ဂီရိမုန်တိုင်း ဒဏ်ခံဒေသ ၃ ခုတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စာတင်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် လေဘေးဒုက္ခသည်များကို မဲသွားဆွယ်

ဝန်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများကို သွားကာ ကူညီမှုမပေးဘဲ ရွေးကောက်ပွဲ၌ မဲ မည်သို့ ပေးရမည်ကိုသာ ပြောဆို၍ ပြန်သွားကြောင်း ဒေသခံများက ပြောသည်။ ဝန်ကြီးချုပ်သည် စေတနာရှင်များနှင့် NGO များ လှူဒါန်းထားသည့် ပစ္စည်းတချို့ကို သက်ဆိုင်ဒေသ အာဏာပိုင် များထံ လွှဲပေးပြီး တဆင့်ပြန်ပေးရန် ညွန်ကြားခဲ့ပြီး အာဏာပိုင်များက ကြံ့ဖွံ့ကိုမဲပေးမှသာ ပစ္စည်းများ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီး ၀န်ထမ်းများလည်း ကြိုတင်မဲပေးရမည်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရ၀န်ထမ်းများ အားလုံး မယက ရုံး၌ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကြိုတင်မဲပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ၀န်ထမ်းတွေကမှာ ကြိုတင်မဲအတွက် လျှောက်လွှာ စာရွက်ဖြည့်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ၀န်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်း အများစုရှိပြီး ကြံ့ဖွံ့ပါတီကိုပဲ မဲပေးရမည် ဖြစ်ကြောင်း သိရသည်။


၂၄ နာရီဈေးများတွင် ကြိုတင်မဲကောက်မည်

သီရိမင်္ဂလာဈေးနှင့် ဗဟိုစံပြ ငါးဈေးကဲ့သို့ ၂၄ နာရီ ဈေးကြီးများရှိ ဈေးသူ ဈေးသားများ အားလုံး နိုဝင်ဘာ ၅ ရက်နေ့တွင် ကြိုတင်မဲ ပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မဲရုံ တည်ဆောက် ပေးမည် မဟုတ်ဘဲ ဈေးအာဏာပိုင်များမှ တဆင့် ဈေးဆိုင်ရှင်များနှင့် ၀န်ထမ်းများ စာရင်းကို ကောက်ယူ သည့်နည်း အသုံးပြုမည် ဖြစ်ရာ တဦးချင်းစီ၏ ဆန္ဒကို ဖော်ပြခွင့် မရသကဲ့သို့ ကြံ့ဖွံ့ပါတီ အတွက် ထောက်ခံသည့် မဲများသာ ဖြစ်သွားမည်ဟု ယူဆကြောင်း သီရိမင်္ဂလာဈေး တာဝန်ခံ တဦးက ပြောသည်။

မဲမပေးရေး စာရွက်များ ကြံ့ဖွံ့သိမ်းယူ

ဘိုကလေးမြို့နယ် NLD က ဖြန့်သော မဲမပေးဘဲ နေထိုင်ခွင့်ရှိသည် ဆိုသည့် စာရွက်များကို ကြံ့ဖွံ့ပါတီဝင်များ က လိုက်လံသိမ်းဆည်းပြီး ခြိမ်းခြောက်နေသည်ဟု သတင်းရရှိသည်။ NLD က ဝေသွားသည့် စာရွက်များကို ကြံ့ဖွံ့က နောက်ကလိုက်သိမ်းကြောင်း၊ ဓာတ်ပုံများရိုက်ယူ ကြောင်း၊ စာရွက်ယူသူများကိုလည်းဒုက္ခရောက်မည် ဆိုကာ ခြိမ်းခြောက်ကြောင်း ဘိုကလေး NLD ဥက္ကဋ္ဌက ပြောသည်။ ယင်းမဲမပေးရေး စာရွက်များ ဖြန့်ဝေမှုကို NLD က ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

စစ်ဆေးရုံ ၀န်ထမ်းများ ကြိုတင်မဲထည့်ပြီး

ရန်ကုန်မြို့ရှိ စစ်ဆေးရုံ အမှတ် ၁ နှင့် အမှတ် ၂ တို့မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအားလုံး နိုဝင်ဘာ ၁ ရက် နေ့က ကြိုတင်မဲထည့်ခဲ့ရသည်ဟု စစ်ဆေးရုံ အမှတ် ၂ မှ အရာရှိငယ်တဦးက ပြောသည်။ လျှို့ဝှက်မဲပေးသည့် ပုံစံမဟုတ်ဘဲ သက်ဆိုင်ရာ အရာရှိများရှေ့တွင်ပင် ကြံ့ ဖွံ့ပါတီကို မဲထည့်ခဲ့ရကြောင်း ၎င်းကပြော သည်။ စစ်ဆေးရုံဝင်းအတွင်း နေထိုင်သူများက မိသားစုလိုက် ကြံ့ ဖွံ့ပါတီကို ကြိုတင်မဲထည့် ခဲ့ရသည်ဟုလည်း ဆိုသည်။

္စ္စဧရာဝတီသတင်းတိုများမှ ကောက်နုတ်ဖော်ပြပါသည်.

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.