Friday, November 19, 2010

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့တောင်ဒဂုံရှိHIV/AIDSဝေဒနာရှင်များအားအာဏာပိုင်များမှခြိမ်းခြောက်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ တောင်ဒဂုံရှိ HIV/AIDSဝေဒနာရှင်များအား အာဏာပိုင်များမှလာမည့် ၂၅ရက်နေ့အထိသာ ဧည့်စာရင်းလက်ခံမည် ဖြစ်ပြီး.. ထိုသတ်မှတ်ရက် ကျော်လွန်ပါက.. ဧည့်စာရင်းတိုင်ကြားခြင်းအား လက်ခံမည် မဟုတ်ကြောင်းနှင့် ဆက်လက်နေထိုင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရပါတယ်..။

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)အမှတ်၁၈(ခ)ရပ်ကွက်၊ကမ္ဘောဇ၂လမ်း၊အမှတ်(၃၇၆)တွင် နေထိုင်နေကြသောHIV/AIDSဝေဒနာရှင်များအားဧည့်စာရင်းထပ်မံထုတ်ပေးတော့မည်မဟုတ်ကြောင်း ၊HIV/AIDSဝေဒနာရှင်များအားကူညီပေးနေတဲ့ဦးစူပါ(ခေါ်)ဦးထင်အောင်ကိုရပ်ကွက်အာဏာပိုင်များက ခေါ်ယူတွေ့ဆုံပြောကြားကြောင်းသိရှိရပါတယ်။

သတင်းပေးပို့သောဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

1 comment:

  1. မဖြစ်သင်.ပါဘူးဗျာ....လူသားချင်းစာနာလို. ပြုစုပေးတာပဲ....ဘာလိုသေးလို.လဲကွာ...သူတို.မိသားစုတွေဖြစ်မှ နားလည်မယ်.ကောင်တွေ...

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.