Friday, February 4, 2011

0 တိုင်းရင်းသားအဖွဲ့များအားလုံး စုပေါင်းညီညွတ်စွာ နအဖအာဏာရှင်ကို တိုက်ထုတ်ဖို့ဗိုလ်မှူးချုပ် စောလှဘွယ် ၏ အမှာစကား

၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ DKBA ဗိုလ်မှူးချုပ် စောလှဘွယ် ၏ အမှာစကား

ဒီမိုကရေစီစနစ်သာလျင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုနဲ့ တန်းတူမှုကို အာမခံချက်ပေးနိုင်တယ်၊ ဒီမိုကရေစီရဖို့ က ကျနော်တို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေက တက်ညီလက်ညီ တပြိုင်တည်း ဒီစစ်အာာရှင်စနစ်ကို တိုက်မှရမယ်၊ ဟိုတပေါက် ဒီတပေါက် လုပ်လို့မဖြစ်ဘူး၊ ညီညီညွတ်ညွတ် လုပ်မှရမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ထောက်ခံတယ်၊ ကျနော်တို့ထောက်ခံတယ်ဆိုတာ တိုက်ပွဲနဲ့ အသက်နဲ့ရင်းပြီး ထောက် ခံတာဖြစ်တယ်၊ တိုက်ပွဲပုံစံမတူပေမယ့် စိတ်တူကိုယ်တူ တထပ်တည်းပဲ၊ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်း တွေနဲ့ ပြည်တွင်းအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ပြန်စုစည်းမှရမယ်၊ ဘယ်နည်းနဲ့ဘဲတိုက်တိုက် ဒီစစ်အာရှင်စနစ်က တိုက်မှရမယ်၊ ဒါကြောင့် ကျနော်တို့တိုက်ပွဲဝင်တဲ့ အင်အားစုအားလုံးစုစည်းညီညွတ်ဖို့လိုတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲကိုဘဲ တာဝန်ပေးလို့မဖြစ်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေကလည်း အပြည့်အဝ ကိုယ်တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဝိုင်းရံပံ့ပိုးပေးရမယ်။

နောက်ပြီး နိုင်ငံတကာမှရှိကြတဲ့ ကျနော်တို့ အင်အားစုတွေကလည်း အဲ့ဒီနိုင်ငံတွေမှရှိနေတဲ့ နအဖ သံရုံးတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး အပြင်းအထန် ဆန္ဒပြကြဖို့လိုပါတယ်။

အဲဒီလို ဘက်ပေါင်းစုံက တက်ညီလက်ညီ လုပ်ရင် ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ။ လွတ်လပ်မှုနဲ့ တန်းတူမှုအခွင့်အရေးတွေ အမြန်ဆုံးရ မှာသေချာတယ်လို့ ကျနော်ယုံကြည်တယ်၊

ဗိုလ်မှူးချုပ် စောလှဘွယ်


DKBAနှင့်ပူးပေါင်းတိုက်ပွဲဝင်နေသောABSDFကျောင်းသားများအားတွေ့မြင်ရစဉ်

ပေးပို့သော ကိုဇော်သူရအားကျေးဇူးတင်ရှိပါသည်.

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.