Saturday, February 5, 2011

0 ကိုခိုင်ထူးရေ … စိတ်သာချတော့


နိုင်ငံကျော်အဆိုတော် တေးသံရှင် ခိုင်ထူး၏ ဖခင် ဦးသာထို အသက် (၉၂) နှစ်သည် ၄.၂.၂၀၁၁ (သောကြာနေ့) ည (၇း၃၀) နာရီအချိန်တွင် ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ် နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
      ယနေ့ ၅.၂.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်းအား ကူညီဖေးမ ပံ့ပိုးပေးခဲ့ပါသည်။
      ကွယ်လွန်သွားချိန်နှင့် မီးသင်္ဂြိုလ်ခြင်းအခမ်းအနား ပြုလုပ်ချိန်တွင် အဆိုတော် ခိုင်ထူးသည် နိုင်ငံရပ်ခြားသို့ အများပြည်သူတို့အား တတ်စွမ်းသော ဂီတပညာဖြင့် ဖျော်ဖြေရန် ခရီးလွန်နေသည့် အတွက် ဖခင်၏ နောက်ဆုံးအချိန်အား လိုက်လံပို့ဆောင်ခွင့် မရရှိခဲ့ချေ။ ဖခင်ကြီး ဦးသာထို၏ ရုပ်အလောင်းအား နေအိမ်မှသွားရောက် သယ်ယူသောအခါ ဖခင်ကြီး ဦးသာထို၏ မျက်နှာသည် ပြုံးရောင်သန်း၍ ကြည်လင်ဝင်းပနေသည်ကို တွေ့ရသည်။ ထိုအခါ ပြုံးသေ မဲ့သေဆိုသည့် အကောင်း ဆုံး သေနည်းတရားတော်ကို ဟောကြားခဲ့သော မိုးကုတ်ဆရာတော်ဘုရားကြီးအား အမှတ်ရမိတော့ သည်။ ဤတွင် ဖခင်ကြီး ဦးသာထိုသည် မြင့်မြတ်သောဘုံသို့ ရောက်မည်မှာ မလွဲတော့ပေ။
      ထို့ကြောင့် အဝေးရောက် ကိုခိုင်ထူးအား “ကိုခိုင်ထူးရေ … စိတ်သာချတော့” ဟူ၍သာ အကြောင်းကြားလိုက်ပါတော့သည်။

ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.