Thursday, February 3, 2011

0 ယိုင်နေသလား၊ ချက်ချင်းပြန်မတ်။ လဲသွားသလား၊ အခုပြန်ထ။ ရပ်မနေနဲ့ရှေ့ဆက် လျှောက်စမ်းပါ။


"တွန်းအား"
ယိုင်နေသလား၊ ချက်ချင်းပြန်မတ်။ လဲသွားသလား၊ အခုပြန်ထ။ ရပ်မနေနဲ့ရှေ့ဆက်
လျှောက်စမ်းပါ။
တင်မြင့် (ခရမ်း)
“တွန်းအား” မသန်စွမ်းသူများ ရန်ပုံငွေ မတည်ရေး အနုပညာ လှုပ်ရှားမှု ပွဲတော်ဖိတ်ကြားလွှာ ကျောဖုံးတွင် ဖော်ပြ ထားသော ကဗျာလေး ကိုဖတ်ရင်း ကျွန်တော့် ရင်၌မသန်စွမ်း သူများ အတွက် အကြင်နာမိုး များ ရွာသွန်းဖြိုး နေမိပါသည်။
အဆိုပါ ရန်ပုံ ငွေပွဲတော်ကို အောင်နိုင် ဆန်း (Nightingale) နှင့် နိုင်ဇော်(Lazy Club) တို့၏ ပံ့ပိုး ကူညီမှု၊ မြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်း သူများအသင်းကြီး (မကသ) ၏ ဦးဆောင် စီစဉ်မှု ဖြင့် ဇန်န၀ါရီ ၂၇ ရက် ညနေ ပိုင်းကရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရှိ ယုဇန ဂါးဒင်း ဟိုတယ်၌ ကျင်းပ ခဲ့သည့် ဖျော်ဖြေမှုတွင် နာမည်ကျော် စတီ ရီယို တေးသံရှင် များနှင့် အတူ မသန်စွမ်း သူများ အနုပညာလှုပ်ရှားမှု အဖွဲ့ (သံစဉ်ပန်း) တို့၏ တေးဂီတ ဖျော်ဖြေမှု၊ တစ်ခန်းရပ် ပြဇာတ်တို့ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းသူ များ အသင်းကြီး သည် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင် များနှင့် ဆက်သွယ်၍ လည်းကောင်း၊ အသင်း အစီအစဉ်ဖြင့် ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်း များ ဆောင်ရွက်၍ လည်းကောင်း ကိုယ်အင်္ဂါမသန်စွမ်း သူများအား ပံ့ပိုး ထောက်ပံ့ ကူညီ လျက် ရှိကြောင်း သိရသည်။

ယင်းသို့ ပံ့ပိုး ကူညီလျက် ရှိရာတွင် မသန် စွမ်း သူများ သွားလာ လှုပ်ရှားမှုလွယ်ကူအ ဆင်ပြေ ရန် အထောက်အကူ ပစ္စည်းများ ပေး အပ်သည့် အပြင် မသန်စွမ်း သူများ ဘ၀တစ်သက်တာ ရပ်တည် နိုင်ရေး အသက်မွေး ၀မ်း ကျောင်းမှု သင်တန်း များဖွင့်လှစ်နိုင် ရန်Japan Grass Root Grant Assistance က မှော်ဘီ မြို့နယ်၊ တပ်ကြီးကုန်း ကျေးရွာ တွင်သင်တန်းကျောင်း ဆောက်လုပ် လှူဒါန်း ပေးမည် ဖြစ်ကြောင်း သိရသည်။

အသင်းကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး ခြောက်နှစ်တာ ကာလ အတွင်းကျပ်သန်း ၈၅ ဒသမ ၈၆၄ ခန့်  ပံ့ပိုး ကူညီ ခဲ့ကြောင်း သိရသည်။ အသေး စား ငွေချေးမှုအစီအစဉ် ကျပ် ၉ ဒသမ ၂၈ သန်း၊ ပညာရေး ထောက်ပံ့မှု ကျပ် ၁ ဒသမ ၄၂ သန်း၊ ကျန်းမာရေးထောက်ပံ့မှု ကျပ် ၂ ဒသမ ၂၂ သန်း၊ သဘာဝ ဘေး အန္တရာယ် ထောက်ပံ့ နိုင်မှုကျပ် ၄ ဒသမ ၅၂သန်း၊ အထွေထွေ ထောက်ပံ့မှု ကျပ် ၅ ဒသမ ၈၀ သန်း၊ သင်တန်း မျိုးစုံ တက် ရောက်မှု ၆၃၁ဦး၊ ဒူးအောက် ခြေတု ၁၃၂ ချောင်း၊ သုံးဘီးတပ် ကုလားထိုင်၊ လေးဘီး တပ် ကုလားထိုင်၂၉၇ စီး၊ စတီးလက် ထောက်၊ စတီး ချိုင်းထောက်၊ walking aid၊ stick ၂၀၉ ချောင်း၊နားကြား ကိရိယာ ၁၀ စုံ၊ အခြား (ခြေဖ၀ါး၊ ဘယ်/ ညာ၊ ဒူးပတ်ကြိုး၊ ချိုင်းထောက် အစွပ်)၂၉၂ ခု တို့ ဖြစ်ကြောင်း သိရသည်။
ယနေ့ ကမ္ဘာတွင် လူဦးရေ သန်းပေါင်း ၈,၀၀၀ ခန့်ရှိသည့် အနက် မသန်စွမ်း သူဦး ရေ ၁၀ရာခိုင်နှုန်း ရှိကြောင်း၊ မြန်မာနိုင်ငံ တွင် လူဦးရေ ၏ ၂ ဒသမ ၃၂ ရာခိုင်နှုန်း (၁ဒသမ ၃ သန်း) မသန်စွမ်း သူရှိ ကြောင်း သိရသည်။ ဘ၀ကံ အကြောင်း မလှသည့် မသန်စွမ်းသူများ အား လူသားချင်း ကိုယ် ချင်း စာနာ စိတ်ဖြင့် အကြင်နာ မိုးရွာ သွန်းဖြိုးကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။
မော်ကျွန်းစိုးမြင့်
forward mail မှတဆင့်ရရှိပါသည်။ ။ 

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.