Sunday, April 10, 2011

1 စောင့်သူ ဖတ်ပြီးတော့ . . .

ကျွန်တော့်အမကြီး အမမေငြိမ်းနဲ့ ညီမလေး ပန်ဒိုရာတို့ ရေးဖွဲ့လိုက်ကြတဲ့ စောင့်သူ ၀တ္တုနဲ့ကဗျာကို ဖတ်လိုက်ရတော့ ဒီဆောင်းပါးကိုရေးချင်စိတ်ပေါ်လာပါတယ်။လောကမှာ ဘယ်အရာများ စိတ်တိုင်းကျစရာ ရှိပါ့မလဲ လို့ စာတွေကဗျာတွေကို ဖတ်ပြီး အတွေးနယ်ချဲ့မိရင်းပါ။တကယ်တော့ကျွန်တော်တို့ကို မစောင့်တဲ့အဓိကအချင်းအရာကတော့ အချိန်ပါ။ ဘယ်မှာရောက်နေနေ၊ ဘာတွေလုပ်နေနေ ၊ မညှာမတာတတိတိ ကုန်ဆုံးသွားတဲ့အရာတွေဟာ အချိန်တွေလို့သာ မြင်မိပါတယ်။
နေ့တနေ့ကုန်ဆုံးသွားတဲ့အခါမှာငါဘာတွေလုပ်မိလဲ၊ငါဘာတွေလုပ်နေသလဲလို့မေးခွန်းထုတ်တတ်လေ့ရှိတဲ့ သူတိုင်း ကိုယ့်ဘ၀ကိုယ်အမြဲစစ်ကြောတတ်လေ့ရှိတဲ့သူတိုင်း ကိုယ့်ကိုယ်အဓိကစိမ်ခေါ်နေတဲ့ ယှဉ်ပြိုင်ဘက်အစစ်ဟာ အချိန် လို့မြင်လာမှာပါပဲ။

တကယ်တော့ ကျွန်တော်တို့မှာ အချိန်လုံလောက်ပါရဲ့လား။ကျွန်တော်ငယ်ငယ်က ဂျပန်မှာအလုပ်သွားလုပ်တဲ့ သူငယ်ချင်းတယောက်ပြောပြတာတွေနားထောင်ပြီး ဂျပန်မှာနေပြီး အလုပ်လုပ်ကြတဲ့သူတွေရဲ့ဘ၀ကောက်ကြောင်းလေးနဲ့ဇာတ်လမ်းလေးတပုဒ်တို့ဖြစ်ပါတယ်။ ဇာတ်နာမည်က အိုဗာစတေး တဲ့ ။ တရားမ၀င်နေထိုင်တယ်လို့သတ်မှတ်ခံရတဲ့ သူတွေရဲ့ဘ၀ ဆိုပါတော့။
သူငယ်ချင်းက သူဖြတ်သန်းလာရတဲ့ အကြောင်းတွေကို ဒီလိုပြောပြတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ချိန်အမီရောက်ဖို့ ပြေးရတော့တာပဲတဲ့။ ရထားပေါ်ကဆင်းတာနဲ့ အလုပ်ကိုပြေး၊အလုပ်ကနေ ရထားဘူတာကိုပြန်ပြေး၊အချိန်နောက်ကျသွားရင် အချိန်မှတ်စက်ထဲနောက်ကျမှ ၀င်သွားရင် ဒီအလုပ်ကမသေချာတော့တာမို့ အချိန်မီဖို့ကအဓိက ။ တကယ့်ငယ်သူငယ်ချင်း အရင်းအချာတယောက်နဲ့ မြေအောက်ဘူတာမှာ ဆုံကြတဲ့အခါ ဘယ်လိုနှုတ်ဆက်ဖြစ်သလဲဆိုတော့ တယောက်နဲ့တယောက်ဟေး လို့လက်ပြပြီး ရထားပေါ်ကိုပြေးတက်ရပါသတဲ့။ ၀မ်းသာဖို့အချိန်မရှိ၊နှုတ်ဆက်ဖို့အချိန်မရှိ၊အလွမ်းသည်ဖို့အချိန်မရှိတဲ့ဘ၀ ပါတဲ့။ တရက်မှာတော့ သူ ရှားရှားပါးပါး ဒေးအော့ဖ်ရပါတယ်။ဒီတော့ သူဘာလုပ်ရင်ကောင်းမလဲ၊ဘာလုပ်ချင်သလဲ လို့ကိုယ့်ကိုယ်ကိုယ်မေးကြည့်တယ်။လျှောက်လည်မယ်၊ဘာစားမယ်၊ညာစားမယ် စသဖြင့်အတွေးတွေစီလိုက်ပြီးနောက်ဆုံးကျတော့ သူအလုပ်ချင်ဆုံးအရာတခုကိုသတိ
ထားမိလိုက်တယ် ။

ခုခေတ်မှာတော့ အိုဗာစတေး ခေတ်ထက် ရဖျူဂျီ ဒုက္ခသည်ခေတ် လို့ခေါ်ရမယ်ထင်ပါရဲ့..ပြည်ပမှာ လူတန်းစေ့၊ လူတယောက်ရဲ့အခွင့်အရေးကို အပြည့်အ၀ရပြီးစောင့်နေကြတဲ့သူတွေထက် နိစ္စဓူဝ အမျိုးမျိုး ဖိနှိပ်ချုပ်ခြယ်မှုတွေမတရားနှိပ်ကွပ်မှုတွေနဲ့ နေကြတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ စောင့်နေကြမှုက  ပိုနာကျင်စရာများကောင်းနေမလားလို့.ရေမလာတာလည်း ဒုက္ခ၊ မီးမလာတာလည်းဒုက္ခ၊ ပိုက်ဆံရှာလို့မလွယ်တာလည်း ဒုက္ခ၊ အနိုင်ကျင့်သမျှခံနေရတာလည်း ဒုက္ခ ၊ မြန်မာပြည်မှာ သန်း ၅၀ စလုံး ဒုက္ခသည်တွေဖြစ်ပါတယ်။
`ငိုချင်တယ်´ တဲ့။
ဒါနဲ့ အဲဒီတနေ့လုံး ငို ဖြစ်ပါသတဲ့။ ငိုတာမှအားရပါးရကိုငို၊တ၀ကြီးကိုငိုလိုက်တယ်။ငိုလို့ကောင်းလိုက်တာမှကွာ တဲ့။
သူတို့တွေမှာ နေဖို့၊စားဖို့၊အိပ်ဖို့ အချိန်က အရမ်းကိုနည်းပါတယ်။ အဲဒီလို နည်းပါးလှတဲ့အချိန်တွေကိုမှ `ပိုနေ´ တယ်၊အိုဗာစတေး လုပ်တယ်လို့သတ်မှတ်ပြီးအရေးယူခံရတာဟာ နာကျင်စရာအကောင်းဆုံးပါ။ ကျွန်တော် အိုဗာစတေးကို ရေးတော့ ကျွန်တော့်ဇာတ်ကောင်ကို ထွက်ပြေးရင်း ကားအက်ဆီဒင့်ဖြစ်ပြီး သေဆုံးပေးခဲ့တယ်။ လူတယောက်ရဲ့ဘ၀ဟာ ပိုနေလို့ရပါ့မလားဗျာ။ ယုတ်စွအဆုံးအနာရောဂါကင်းတောင် သူ့သက်တမ်းပြည့်ရင် သေဆုံးရစမြဲပါ။ ဒါပေမယ့် အချုပ်အခြာအာဏာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ပြဋ္ဌာန်းထားတဲ့ ဥပဒေကြောင်းအရတော့ ပိုနေ တယ်လို့သတ်မှတ်ပြီး ကမ္ဘာအရပ်ရပ်မှာ အရေးတွေ ယူနေဆဲပါပဲ။

ခုခေတ်မှာတော့ အိုဗာစတေး ခေတ်ထက် ရဖျူဂျီ ဒုက္ခသည်ခေတ် လို့ခေါ်ရမယ်ထင်ပါရဲ့။ စောင့်သူ ထဲကဇာတ်ကောင်တွေဟာ ကမ္ဘာအနှံ့ ခြေဆန့်ပြီးစောင့်နေကြလိုက်တာ။ ဒါပေမယ့် ဒုက္ခသည် လို့ခေါ်ခံရတဲ့သူတွေအတွက် ကျွန်တော်မေးခွန်းလေးတခုမေးချင်ပါသေးတယ် ။  Buddha တရားတော်အရ ဒုက္ခကင်းတဲ့သတ္တ၀ါကော ရှိလို့လား။

ပြည်ပမှာ လူတန်းစေ့၊ လူတယောက်ရဲ့အခွင့်အရေးကို အပြည့်အ၀ရပြီးစောင့်နေကြတဲ့သူတွေထက် နိစ္စဓူဝ အမျိုးမျိုး ဖိနှိပ်ချုပ်ခြယ်မှုတွေမတရားနှိပ်ကွပ်မှုတွေနဲ့ နေကြတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ စောင့်နေကြမှုက  ပိုနာကျင်စရာများကောင်းနေမလားလို့ ။ အိမ်ကိုလွမ်းလို့၊အမေကိုလွမ်းလို့ ခံစားရတဲ့အလွမ်းတွေကနာကျင်စရာကောင်းသလို ၊ အမေအနားမှာရှိရဲ့ အမေ့နားမှာသာသာယာယာနေခွင့်မရတဲ့ဘ၀၊အိမ်ရှိပါရဲ့နဲ့ အိမ်မှာနေထိုင်ခွင့်မရှိတဲ့ဘ၀တွေ အများကြီးပါ။
ပြောရမယ်ဆိုရင် မြန်မာပြည်မှာလေ ရေမလာတာလည်း ဒုက္ခ၊ မီးမလာတာလည်းဒုက္ခ၊ ပိုက်ဆံရှာလို့မလွယ်တာလည်း ဒုက္ခ၊ အနိုင်ကျင့်သမျှခံနေရတာလည်း ဒုက္ခ ၊ မြန်မာပြည်မှာ သန်း ၅၀ စလုံး ဒုက္ခသည်တွေဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေထဲ အနုပညာသမားဆိုတဲ့ကောင်တွေရဲ့ ဒုက္ခက တပူပေါ်နှစ်ပူဆင့်တယ်လို့တောင် ထင်မိပါသေးဗျာ။ ကိုယ်ဖန်တီးချင်တိုင်း ဖန်တီးခွင့်မရတဲ့ဒုက္ခလေ။ အဲဒီအထဲမှာမှ ဗီဒီယိုဒါရိုက်တာလုပ်ရတဲ့ဒုက္ခများ ထပ်လောင်းပြောလိုက်ချင်ပါသေးရဲ့။
လာထား တို့ အာဘွားတို့ နာမည်မျိုးတွေမှ ပရိတ်သတ်ကြိုက်ကြပါတယ်ဆိုတဲ့ ခေတ်ကာလကြီးမှာ ဘာအနုပညာမှ ဘာမှလုပ်လို့မရပြန်ဘူး။ အနုပညာသမားဆိုတဲ့သူတွေထဲ ၈ ရက်နဲ့အပြီး ရိုက်မှ ဗီဒီယိုအနုပညာကဖြစ်လေရဲ့။
အဲဒီအနုပညာတွေထဲ  ငိုမဲ့မဲ့ ဖိနပ်မပါတဲ့ကလေးတွေအကြောင်းရုံးကနေ အိမ်ကို တမ်းတမ်းမတ်မတ် မပြန်နိုင်ပဲ ညနေဘက်အဆိုင်းစည်ပင်မှာတံမြက်စည်းဝင်လှည်းတဲ့ စာရေးကြီးတယောက်အကြောင်း မပါဘူး။
ဘာမှန်းမသိတဲ့ကားကြီးတွေပေါ်ကဘယ်လိုလူတွေကမွေးပြီးဘယ်လိုအလုပ်တွေလုပ်ပြီးချမ်းသာနေမှန်းမသိတဲ့ မင်းသားနဲ့မင်းသမီးကမျက်မှန်အမည်းကြီးတွေကိုယ်စီနဲ့ ကားပေါ်ကဆင်း၊ဟန်းဖုန်းကိုယ်စီကိုင်ပြီး
ဘုဘောက်ကြ၊အယုတ္တအနတ္တ အောက်လုံးတွေနဲ့အချီအချရန်ဖြစ်၊ အဖေကအဖေကာရိုက်တာမရှိ၊အမေက အမေကာရိုက်တာမရှိ၊ အဲဒါမျိုးမှ အနုပညာ ဖြစ်နေတဲ့တိုင်းပြည်မှာ နေရတဲ့ အနုပညာသမားတယောက်ရဲ့ ဒုက္ခ။ အဲဒါမျိုးကို မဖန်တီးတတ်ရင် အောက်သွားပြီ တုံးသွားပြီလို့အသတ်မှတ်ခံရတဲ့ဒုက္ခ ။ မလုပ်စားတတ်ဘူးလို့ သတ်မှတ်ခံရတဲ့ဒုက္ခ က လျော့မယ်နည်းမယ်မထင်ဘူး။ ရေးချင်တာတွေအများကြီး၊ရိုက်ချင်တာတွေအများကြီး ဒီဘ၀တော့၊ဒီတသက်တော့ ဒီမိုကရေစီလည်းမရနိုင်၊ ငါလည်း ဒါတွေဖန်တီးနိုင်တော့မယ် မထင်ပါဘူး လို့သာ ဒီပရက်ရှင်က ၀င်သထက်ဝင်လာတယ်။

ဒီမိုကရေစီ များ တကယ်ရမယ်ဆိုရင်တောင် အဲဒီလိုအနုပညာတွေကို မြိန်မြိန်ယှက်ယှက်နှစ်သက်နေကြတဲ့ အများစုကြီး ဘယ်လိုများရွေ့လျားသွားကြပါမှာလိမ့်လို့ ရင်လေးရပါတယ်။
ညနေခင်း ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊အနော်ရထာလမ်း၊တရုတ်တန်းနဲ့ ပုဇွန်တောင်မြို့နယ်၊တာမွေကျောက်မြောင်းနဲ့ တောင်ဥက္ကလာ၊မြောက်ဥက္ကလာမကျန် ဆင်ခြေဖုံး တောင်ဒဂုံမြောက်ဒဂုံလှိုင်သာယာတွေမှာပါ အစည်ကားဆုံးအရာကိုပြပါဆို ဘီယာဆိုင်တွေပါပဲ။ ယောက်ျားတွေနဲ့အပြိုင် ဆိုင်မှာ ၀ံ့ဝံ့ထည်ထည်ထိုင်နေတဲ့ မြန်မာမတွေဟာ ဒါကိုပဲ ခေတ်မီတယ်၊ဒါကိုပဲဒီမိုကရေစီအောက်မေ့နေကြပုံပါ။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ဒါတွေမရှိခဲ့ဘူး။ကျွန်တော့်အမတွေအဒေါ်တွေများလေ သိပ်ရှက်တတ်ကြသဗျ။ လမ်းထိပ်မှာ လဘက်ရည်ဆိုင်ရှိရင်တောင် ကွေ့ပြီးရှောင်ပြီးဈေးသွားကြပါတယ်လို့ပြောတဲ့ကျွန်တော့်ကို ခေတ်နောက်ပြန်ဆွဲနေတဲ့ ငတုံးလို့သဘောထားကြတယ်။ခုများတော့ ပေါင်ရင်းလောက်ပဲ ရှိတဲ့ ဘောင်းဘီတိုတွေကို (ကန်တော့ပါရဲ့) ဖင်ကြားညှပ်ဝတ်ပြီးဘီယာဆိုင်
ရှေ့အပြောင်းပြောင်းအပြန်ပြန် လျှောက်လိုက်ဝင်ထိုင်လိုက်တောင်လုပ်နေတယ်။
ပိုက်ဆံရှိတဲ့သူကလည်း ရှိသလို၊မရှိတဲ့သူကလည်း မရှိသလို မြန်မာစာပေလောကသားတွေနဲ့ အနုပညာသမားများရဲ့ မူးယစ်သောက်စားမှုက တန်းတူညီမျှအခွင့်အရေးကိုလက်ကိုင်စွဲထားလေရဲ့။
နေရာတိုင်းမှာ အရက်ဆိုင်ဘီယာဆိုင်ရှိတယ်။ ၃၇လမ်းထိပ်လောက်ကနေ ဟိုးပုဇွန်တောင် ဗိုလ်ချုပ်လမ်းမကြီးတလျှောက် အရက်ဆိုင်ကင်းတဲ့ပလက်ဖေါင်းမရှိသလောက်ပါပဲ။ သိပ်ကိုတန်ဖိုးရှိတဲ့ ဦးနှောက်ကြီးတွေလေ ည ၈ နာရီလောက်ကနေ နောက်နေ့မနက် ၆ နာရီ ၇ နာရီ တခါတလေများ ၈ နာရီအထိ လူစိတ်ကင်းမဲ့နေလေရဲ့ ။တွက်ကြည့်ရင် ၁၁ နာရီ ၁၂ နာရီ နေ့တနေ့ရဲ့တ၀က်တိတိ။

ဒီနည်းအတိုင်း ဘ၀ကိုနေမယ်ဆို အသက်ရဲ့ သုံးပုံတပုံဟာ လူစိတ်ကင်းမဲ့စွာနဲ့ ရှင်သန်နေထိုင်ကြပေါ့။
ပြောမယ်ဆိုရင်လည်း ကိုယ်က အများနဲ့တယောက်။အဲဒီအရက်ဝိုင်းတွေကနေ ငါသိငါတတ်ငါလုပ်နေတာ တိုင်းပြည်အတွက်ဘယ်လောက်အကျိုးများတယ်လို့ အော်ဟစ်ငြင်းခုန်သံတွေလည်း ညစဉ်ထွက်တတ်ပါရဲ့။
`မသောက်တတ်ဘူး´ ဆိုတာ အံ့သြစရာကြီးကိုဖြစ်ခံရ၊ဟားစရာ ရယ်စရာကြီးကိုအဖြစ်ခံရတသက်လုံး Buddha ဘာသာအဖေအမေကနေမွေးလာပြီး အခြေခံသီလဖြစ်တဲ့ ငါးပါးသီလကျိုးတာကိုပဲ မရှက်မကြောက်၊ သိမ်ငယ်စိတ်အလျင်းမရှိပဲ ဟားနေလိုက်ကြတာ။အနောက်ပြန်တွေက ပိုဆိုးပါတယ်။ ဘာသာတရားကို မယဉ်ကျေးသေးသောသူတွေအတွက် သာလိုအပ်တဲ့အရာလို့သတ်မှတ်ထားကြပါသတဲ့။ ဒါ့ထက်မက နက်ရှိုင်းတဲ့၊ဒါ့ထက်မက လေးနက်ငြိမ်းချမ်းတည်ငြိမ်မှုကို ပေးစွမ်းနိုင်တဲ့ အရာဆိုတာ သိသိနဲ့ အဲဒီလူ့အဖွဲ့အစည်းမှာ ၀င်မဆန့်မှာစိုးလို့ ရောထွေးလုံးချာလိုက်ကြပြန်တယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ လူဖြစ်လာတာချင်းအတူတူ သဒ္ဒါစိတ်အခြေခံခြင်းမှာကွာတယ် တဲ့။ ဘုရားကို ကြည်ညိုရကောင်းမှန်းသိတာ၊တရားကိုတရားစစ်တရားမှန်ခွဲခြားသိတာ၊သံဃာကို ကိုးကွယ်ဆည်းကပ်ရကောင်းမှန်းသိတာ သဒ္ဒါစိတ်ကြောင့်တဲ့။

အပြင်က ဒုက္ခတွေကို ကြားရတော့ မခံချင်စိတ်နဲ့ အထဲက ဒုက္ခတွေကို ရေးလိုက်ပါသဗျာ ။
ကြိုက်ချင်ကြိုက်မကြိုက်ချင်နေ ကျွန်တော်က နိုင်ငံရေးသမားလည်းမဟုတ်၊ ရွေးကောက်ပွဲနဲ့ လည်းလားလားမှမဆိုင်တဲ့ ကောင်ဆိုတော့ ပြောလိုက်ပါဦးမယ်။ အဲဒါတွေမှ ဒီမိုကရေစီ ဆိုရင်လေ ကျွန်တော် ၈၈ တုန်းက ၂၁ နှစ်သားအာရ်အိုင်တီကျောင်းသားလေးဘ၀မှာထောင်အကျခံတောင်းခဲ့ တိုက်ပွဲဝင်ခဲ့တာ ဒီလိုတွေနေဖို့၊ဒီလိုတွေဖြစ်ဖို့မဟုတ်ဘူးဗျ။ ရင်နာလွန်းလို့ပါ။

အသိဥာဏ်ပညာလူ့အဖွဲ့အစည်းတရပ်ဖြစ်ချင်လွန်းလို့ `စာနာစိတ်´နဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ချင်လွန်းလို့ပါဗျာ။  အဲဒီလို တန်ဖိုးမဲ့တဲ့လူ့အဖွဲ့အစည်းဖြစ်ချင်လို့မဟုတ်ရပါဘူး။
ကျွန်တော် လက်ဝဲ၀ါဒီ၊မာ့ခ်စ်ဝါဒီမဟုတ်ပေမယ့် အရင်းရှင်စနစ်ရဲ့ အလျှံပယ်စားသုံးမှု ကို မယုံကြည်မလက်ခံပါဘူး။ အဲဒါကနေ ကျွန်တော်တို့ကိုပေးတာ ကမ္ဘာကိုပေးတာ အပျက်အစီး(damage) တွေပါ။

ဒီလထုတ် စံပယ်ဖြူမှာ Asian Fortune ထဲက ဆွီဒင်ပညာရှင် ဟယ်လင်နာနော်ဘတ်ခ်ျဟော့ခ်ျ Helena Norberg Hodge ရဲ့အင်တာဗျူးကိုဖတ်မှ ငါ့လိုခံစားနေရတဲ့သူတွေ ကမ္ဘာအ၀ှမ်းရှိနေပါသေးလား လို့ စိတ်နည်းနည်းအေးရပါတယ်။
မိသားစုတွေဟာ အပြိုင်အဆိုင်သုံးကြတယ်။မိသားစုတွင်းမှာကို ပြိုင်ဆိုင်မှုတွေရှိလာတယ် ဒီလိုနည်းနဲ့ လူတွေဟာ အတ္တအကျိုးစီးပွားကိုပဲရှေ့ရှုပြီး ကိုယ်ကျင့်တရားတွေပျက်ပြားလာရတယ်တဲ့။
ဂလိုဘယ်လ်လိုက်ဇေးရှင်းတလမ်းမောင်းဖြစ်နေတဲ့အားနည်းချက်၊ အလျှံပယ်စားသုံးမှုစနစ်ရဲ့ နောက်ဆက်တွဲ လူတွေရဲ့ ကိုယ်ကျင့်တရားတွေပျက်ပြားတာ၊ မီဒီယာတွေကြောင့် အဆိပ်အတောက် သင့်မှုတွေကို ဆွေးနွေးထားတာ သိပ်ကိုအားရစရာပါ။ သဘောကျတာက သူစံပြုတဲ့ပုဂ္ဂိုလ်တွေက ဂန္ဒီ နဲ့ Buddha ပါ။ ကမ္ဘာကြီးလွဲနေတယ် လို့မြင်တဲ့ ပညာရှင်တယောက်ပါ။
မူရင်းဖြစ်ဖြစ်၊ဘာသာပြန်ဖြစ်ဖြစ် ဖတ်ကြည့်ကြစေချင်ပါတယ်။
အမတို့  စောင့်သူ  တွေဖတ်ရတော့ စိတ်ပျက်ရ ၊ စိတ်မကောင်းဖြစ်ရသလို ၊ ဒုက္ခသည်တွေအမျိုးမျိုး အကြောင်းကိုလည်း ချိန်ထိုးစဉ်းစားကြည့်ရင်း စာတွေချရေးဖြစ်ပြန်တယ်။
အင်း သက်ပြင်းတွေအကြိမ်ကြိမ်ချ ပြီး ဒုက္ခ ဒုက္ခ လို့ညည်းရင်း ကိုယ့်ကိုယ်ကိုယ် လည်းဆင်ခြင်မိပြန်တယ် ။
အဲဒီ ဒုက္ခသည်တွေ အဲဒီ စောင့်နေကြတဲ့သူတွေထဲ`သိ´ တလုံး ပိုတဲ့သူတွေရဲ့  ဒုက္ခ က ပိုကြီးမယ်ထင်ပါရဲ့ဗျာ . . .။

ချစ်ခင်စွာ
ချိုတူးဇော်

1 comment:

  1.ုကိုချိုတူးဇော်ရေးတာသိပ်မှန်ပါတယ်။ တကယ်.ဒုက္ခသယ်တွေဆိုရင်ပြည်ပကိုမထွက်နှိုင်ပါဘူး။ အထူးသဖြင်.မလေးရှားပေါ့၊ ထိုင်းလောက်ကတော့ထားပါတော့၊ အခုတော့မလေးရှားမှာဒုက္ခသည်လုပ်ပြီးပြည်ပထွက်ကြတာတရားဝင်လာပြီးအလုပ်လုပ်နေတဲ့သူတွေတောင်အားကျ၇တယ်။အခွန်လည်းဆောင်စရာမလိုleviလည်းပေးစရာမလို လစာကျတော့လည်းတူတူ တချို.ဆိုလစာတော်တော်ကောင်းတဲ့နေရာတွေတောင်ရကြတာပါ။ ဒါကြောင့်ဒုက္ခသည်ဆိုပြီးသနားဘို့.မလိုပါဘူး။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.