Friday, December 9, 2011

0 ထောင်တွင်းက ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုဇော်လင်းထွန်းရဲ့ ရက်လည်ဆွမ်းကျွေး အခမ်းအနား


ထောင်တွင်းက ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုဇော်လင်းထွန်းရဲ့ ရက်လည်ဆွမ်းကျွေး အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆွမ်းကျွေးကို ကျောင်းသားလူငယ်တွေ၊ ရန်ကုန်မြို့က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ကျောက်တံခါး မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ လာရောက်ခဲ့ကြ...ပါသည်။
ကိုဇော်လင်းထွန်းဟာ ဗကသ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်က ဗကသ ပြန်လည်ဖွဲ့စည်းရေး အတွက် ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ မတရားအသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတွေအရ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရစဉ် ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် ဆေးစစ်ရာမှ အသည်း ကင်ဆာ ရောဂါနဲ့ ၃ လမှ ၆ လအထိသာ အသက်ရှင်သန်ခွင့်ရတော့မယ် ဆိုတော့မှ အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတာ ခံခဲ့ရသူ ဖြစ်ပါတယ်။
ကိုဇော်လင်းထွန်းဟာ ထောင်တွင်းကနေ ရရှိခဲ့တဲ့ အသည်းကင်ဆာရောဂါနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
Burma VJ Media Network

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.