Sunday, December 11, 2011

0 နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး လွှတ်ပေးဖို့တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေတကိုယ်တော်ဆန္ဒပြ


လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပညာသင်ကြားပို့ချခွင့်ပါမစ်ကို ပြန်လည်ချပေးဖို့ တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ တကိုယ်တော်ဆန္ဒပြ တောင်းဆိုသွားခဲ့ပါတယ်။

လူ့အခွင့်အရေးတကယ်ပေးဆိုတဲ့ စာတမ်းကိုကိုင်ဆောင်ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူပဲ တွံတေးမြို့ ဈေးကြီးအနီးမှာ အခုလိုဆန္ဒပြ တောင်းဆိုသွားခဲ့တာပါ။

ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့၂၀၀၅ ခုနှစ်က ကျောင်းသားတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တွံတေးမြို့မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့အပြင် စာသင်ကြားခွင့်ပါမစ်ကိုလည်း ပိတ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် ကမ္ဘာ့ ကျောင်းဆရာများနေ့နဲ့ နိုဝင်ဘာလ ၂၀ ရက် အမျိုးသားအောင်ပွဲနေ့ တွေမှာလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါသေးတယ်ခင်ဗျာ။
Burma Vj medianetwork

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.